Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Facebook လုံခြုံရေးနှင့်ပတ်သတ်၍ သိသင့်သည့်မေးခွန်းငါးခု

minhtettharDecember 7, 20101min2030

သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။

ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမဝင်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q – Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A – အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q – ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A – ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိ ုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q – Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A – Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q – ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A – သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ဝင်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q – ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A – အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့ဩပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အဝအတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

Ref: Understanding what Facebook apps reall Know (FAQ)