တချိန်က ဆောင်းရာသီ အပိုင်း ၄
အလုပ်ခွင်မှာ ကိုယ့်ကို သင်ပေးတဲ့ ဆရာတွေက တချိန်သင်ခါနီး တခါ စာအုပ်ပြန်လှန်ပြီး မေ့မေ့သွားလို့ ပြန်လေ့လာနေချိန်မှာ.. သင်တန်းသားတွေနဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဆရာမ ပေါက်စကလေးကတော့ ဘာစာမှလည်း ပြန်မကြည့် အားရင် ရွယ်တူ သူငယ်ချင်းတွေနဲ့ စကားပြော လေပေါနေရင်း အချိန်ကုန်.. သင်တန်းသားတွေ မသိလို့ မေးရင် အချက်ကျကျ ဖြေပေးတာနဲ့ နောက် သင်တန်းက ကျောင်းသားတွေ ဆရာစာသင်တာ နားမထောင်တော့ဘဲ ဆရာမ ပေါက်စ ကို ဒါဘယ်လိုလဲ ဘာလဲ နဲ့ ဝိုင်းမေးကြတယ်။ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသား ဖြစ်လေတော့ မနာလိုမှု ဝန်တိုမှု ရှိကြတယ် ဆိုတာ ထိုအချိန်က အသက်အရွယ်နဲ့ နေလာခဲ့တဲ့ ပတ်ဝန်းကျင်မှာ အံဩစရာ မထင်ထားတဲ့ အရာပေါ့။ ဆရာတွေ ဆရာမတွေ သိပ်မကြည်တော့ဘူး။ နောက်တချက်ကတော့ အားရင် အချင်းချင်း စကားပြောတာ စာမကြည့်ဘဲ နေတာ အပြစ် တခု ဖြစ်လာသလို ဖြစ်လာတယ်။ စာနဲ့ ပတ်သတ်လို့ ထောက်လို့က မရ ဖြစ်ပြန်တော့.. စည်းကမ်းချက် တခု ထုတ်လိုက်ပါတယ်။ အလုပ်ချိန်မှာ စကားမပြောရ။ ကျောင်းသားတွေ မေးတဲ့ မေးခွန်းကို ဖြေတာက လွဲရင် အပိုစကား လုံးဝ မပြောရဘူး။ စကားမပြောရတော့ အချင်းချင်း ထမင်းစားတော့ မလား မုန့်သွားစားတော့ မလား ပြောဖို့တောင် တော်တော် ခက်နေပြီ။ မျက်စိဒေါက်ထောက် ဝိုင်းကြည့်ကြတယ်။ ဆူး ကို သင်တန်းသားတွေ အားကိုးတကြီး မေးယုံတင်မကဘူး အလုပ်တူတူ ဝင်လုပ်တဲ့ အစမ်းခန့် အချင်းချင်းကလည်း ဟဲ့ လုပ်ပါအုန်း.. ဒါဘယ်လို လုပ်မလဲ.. ဒီလို နဲ့ မျက်နှာတော့ တော်တော် ပွင့်ခဲ့တယ်။ ဆရာတွေ ဆရာမတွေ မကြည်လင်တဲ့ အကြည့်နဲ့ မျက်မုန်းကျိုးတာ စခံရနေပြီ။ စိတ်ကလည်း ကိုယ်မှန်ရင် ဘာမဆို လုပ်ရဲတယ်ဆိုတဲ့ စိတ်ကလေး ရှိနေတော့ ဘာကိစ္စဖြစ်ဖြစ် ထိပ်တိုက်တွေ့မှုတွေ ကြုံရပြန်ကော။ သူငယ်ချင်း အချင်းချင်း စာတိုစာစ နဲ့ တယောက်နဲ့ တယောက် ပစ်ပြီး ပေးကြတယ်။ ငါ အပြင်သွားမလို့ နင်ဘာမှာ အုန်းမလဲ.. ထမင်းစားသွားမယ်။ ဘာညာပေါ့.. ပြသနာက.. ထိုစာအတို အစတွေ အိတ်ထဲ အကုန် စုထည့်ထားတာ အိမ်မှာ အိတ်ကို တိတ်တိတ်လေး စစ်တဲ့ လူနဲ့ တွေ့တော့ ဘဲရနေပြီ ထင်ခံရလို့ စိတ်က ညစ်ခဲ့ရပြန်ကော။ အလုပ်မှာလည်း စကားမပြောရသလို စကားပြောလိုက်ရင် အတင်းတွေ အဖျင်းတွေ တိုက်ခိုက်မှုတွေ ဖြစ်နေတော့.. အိမ်မှာလည်း စကားတခွန်းမှ အိမ်သားတွေ ကို မပြောတော့ဘူး။ အလုပ်က ပြန်ရောက်ရင် ည ၈နာရီ စားပြီးတာနဲ့ တန်းအိပ်တော့တာဘဲ။
4 comments
weiwei
December 8, 2010 at 6:28 pm
အခုတော့ ည ၂ နာရီခွဲတဲ့အထိ စောင့်ပြီး အားပေးနေတယ်နော် …. 🙂
ဇာတ်ရှိန်တက်လာပြီ …
နေ ဘုန်းလျံ
December 8, 2010 at 7:09 pm
ဟုတ်ပခင်ဗျာ ကျွန်တော်လည်း အခုအထိမအိပ်ရသေးဘူးနော်
ဆူး
December 8, 2010 at 7:12 pm
အိပ်မှ ဖြစ်တော့မယ် နောက်ကျနေပြီ ဒါလေး ရေးနေတာနဲ့.. မနက် မထနိုင်ရင် အလုပ် မသွားနိုင်လို့ အလုပ်ပြုတ်လို့ ထပ်ငိုနေရအုန်းမယ်။
အာဖျံ ကွီး
December 9, 2010 at 6:22 am
တစ်ချိန်တုန်းကဆောင်းရာသီဆိုတော့ ~~~
ရှေ.ပို.စ်လဲမမှီ နောက်ပို.စ်လဲအကုန်လုံးမဖတ်တဲ့ အာဖျံကွီးတစ်ယောက် ~~~
အရင်တုန်းကဆောင်းရာသီဆိုရင် အရမ်းချမ်းတရ်။ အခုမချမ်းတော့ဘူး၊ ၊ ၊ ဆိုတဲ့အကြောင်းတွေရေးထားတာမှတ်လို. ~~~
(အခုက ဆောင်းရာသီရောက်နေပေမဲ့လဲ ပူလို. air con ပဲအားကိုးနေရတုန်းဆိုတော့ ခေါင်းစဉ်မြင်တာနဲ.ကို ဇွတ်ခန်.မှန်းနေတာ
ဆော်ရီး … မဆူးရေ) 🙂 🙂 🙂