တချိန်က ဆောင်းရာသီ အပိုင်း ၅

ဆူးDecember 8, 20101min1301

အိမ်သားတွေကလည်း နဲနဲတော့ ထူးဆန်းလာကြတယ်။ စကားလုံးဝ မပြောတော့တဲ့ အနေ အထားဆိုတော့.. မေးတယ် စကားနဲလှချည်လား စကားပြောလေ ဆိုတော့.. ဘာပြောရမှန်းကို မသိဘူး။ အလုပ်ပင်ပန်းလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ နေလိုက်ရတယ်။ အလုပ်မှာ စိတ်ဖိစီးမှုတွေ ကြားထဲက သတိရစရာ အဖြစ်တခု ရှိခဲ့သေးတယ်။
မနက် မိုးလင်း အလုပ်ထ သွားတော့ ဘစ်ကားနဲ့ သွားရင် ၅း၄၅ အိမ်က ထွက်ရတယ် အိမ်နားက လူကြီးက သမီး ဘယ်သွားမလို့လဲတဲ့.. မနက် အစောကြီး အထုတ်တွေနဲ့ သွားတော့.. ဟိုမေး ဒိမေးနဲ့.. အလုပ်သွားမလို့.. အလုပ် နေရာ ပြောပြမှ အေးအေး သွားသွားတဲ့.. ယောကျားနောက် ခိုးရာ လိုက်မယ် ထင်နေပုံရတယ်။ စစ်လား ဆေးလား လုပ်နေတယ်။ အလုပ်ကို ရောက်တော့ သော့ကိုင် မရောက်သေးတော့ အခန်းပေါက်ဝမှာ မတ်တက်ကလေးတွေ ရပ်နေကြရတာပေါ့။ မှတ်မှတ်ရရ အခန်းအပြင်မှာ မတ်တပ်ရပ်နေတုန်း သူငယ်ချင်းတွေနဲ့ အပြန်အလှန် စကားပြောရင် ပါးစပ်ထဲက အငွေ့တွေ ထွက်လာတာ သတိထားမိတယ်။ အခု နောက်ပိုင်း ဆောင်းတွင်း ရန်ကုန်မှာ မနက်ပိုင်း ပါးစပ်ထဲက အငွေ့ထွက်တဲ့ အထိ ကို မအေးဘူးလို့ ထင်မိတယ်။ ရာသီ ဥတုကလည်း အေးအေးနဲ့.. သူငယ်ချင်းတွေနဲ့ စကားပြောရင်း.. ဆူး နဲ့ နောက် ယောကျားလေး နှစ်ယောက်ပေါ့.. အဲဒီနေ့က သူတို့နဲ့ ရပ်ပြီး ပြောနေပေမဲ့ သူတို့က ဝရံတာ ကဲ့သို့ အုတ်တန်းကလေး တခုမှာ နှစ်ယောက် တက်ထိုင်နေကြတယ်။ တယောက်က ပြောတယ် ငါအခု အနောက်က သစ်ပင်ကို မှီထားတယ် မင်း ဘယ်လို တွန်းတွန်း ငါပြုတ်မကျဘူး။ နောက်တယောက်က ဘာမှ မပြောဘဲ အလစ်မှာ တွန်းလိုက်တာ.. တန်းပေါ်မှာ ခြေထောက် နှစ်ချောင်းဘဲ ချိတ်နေပြီး ပက်လက်လန်ကျသွားတယ်။ အနောက်ကို ဇောက်ထိုးမကျရအောင် သွားဆွဲမလို့ လုပ်တော့.. နှစ်ယောက်လုံး ဝိုင်းအော်ကြတယ်.. မလာနဲ့.. မလာနဲ့.. ဟဲ့ ဘာဇြစ်လို့လဲ.. ပြုတ်ကျသွားမှာ စိုလို့.. ဒီကောင် ပုဆိုးကျွှတ်နေပြီ။ ဘယ်ကို ပြေးရမှန်းကို မသိတော့ဘူး အားနာတာရော မျက်နှာ ပူတာကော.. ဒီလိုနဲ့.. ခြေထောက်က ချိတ်ရက် တန်းလန်းကြီးမှာ.. ပုဆိုုးကို အရင်ဝတ် ပြီး ဆွဲတင်ပြီး သူတို့ နှစ်ယောက် ဆူး အနား ရောက်လာကြတယ်။ ဟဲဟဲ.. ငါတို့ ဘာမှ မဖြစ်ဘူး။ ဟိုမှာ အခန်း တံခါးပွင့်ပြီ လာ အခန်းထဲ ဝင်ကြမယ်။ ဝဇီပိတ် စကြတာပေါ့ ဆိုပြီး လုပ်ငန်းခွင် ဝင်ခဲ့ကြတယ်။

One comment

  • weiwei

    December 8, 2010 at 6:53 pm

    ဆရာမ ဆူးတစ်ယောက် ဈာန်ဝင်နေပုံပေါ်တယ် … 🙂

Leave a Reply