အကြော်တဲက မြင်ကွင်းတခု
လမ်းထိပ်က အကြော်သည် အကြော်ကြော်နေတဲ့ မြင်ကွင်းကတော့ တကယ်ကို အသည်းယားဖို့ ကောင်းလိုက်တာ.. မန်းကြော် မကြော်ခင် နယ်ပြီးသား အရောင်ဖျော့တော့တော့ကို တရုတ်ငံပြာရည် အနောက် ထည့်လိုက်တယ်။ နယ်လိုက်တယ်.. နယ်ပြီးတော့ ဘေးမှာ ရှိတဲ့ ရေပုံးထဲ လက်နှိုက်ဆေးလိုက်တယ်။ ပြီးတော့.. နောက်တအိုး ပဲကပ်ကြော် ဇွန်းကြီးနဲ့ မွှေကြည့်လိုက်တယ် ပြစ်နေတယ်.. လက်နှစ်ဆေးလိုက်တဲ့ ရေပုံးကြီးထဲက ရေကို ပဲကပ်ကြော် မုန့်နှစ်ရည် ဇွန်းကြီးနဲ့ နှစ်ခပ်ပြီး ပဲကပ်ကြော် အနှစ်ရေထဲ ထည့်လိုက်တယ်။ ပြီးတော့ လက်ကို အနီးအနားမှာ ရှိတဲ့ မဲချိတ်နေတဲ့ အဝတ်နဲ့ သုတ်.. ဟော.. မီးဖို့ မီး ပြင်းအား ချိန်ဖို့.. ထင်းချောင်းတွေ ဆွဲထုတ်.. ပြီးတော့ မီးဖိုထဲထည့်.. ပြီးတော့ ယောင်းမကိုင် ကြော်ရန် အသင့်ပြင် ပြီးတော့ မန်းကြော် အနှစ်ကို ဆုတ်နယ်ပြီး ကြော်.. ဒီလိုနဲ့ နောက်တအိုး.. ကြက်သွန်ကြော်.. ရေလိုက စောစောက ပြောတဲ့ ရေပုံး လက်နိုက်ဆေးတဲ့ ပုံးထဲက ရေကို ခပ်ထည့်.. ကြက်သွန်ကြော် ဖြစ်.. ထင်းချောင်းတွေ မီးစွဲလို့ ကုန်ခါနီးတော့ ထင်းချောင်းတွေ သွားဆွဲ.. တခြားတော့ မသိဘူး.. ဆီနဲ့ ကြော်လို့သာ အပူရှိန်နဲ့ ရောဂါပိုးတွေ ကျက်ပြီးသာ သေချင်သေမယ်.. မသေလို့ကတော့ ထင်းချောင်း လျှာနဲ့ လျက်ရသလို.. လက်ဆေးရေ ခပ်သောက်ရ သလိုများ ဖြစ်နေမလားလို့.. မန်းကြော်မြင်တော့ အနားက အကြော်တဲက မြင်ကွင်းကို သရုပ်ဖော်တင်ပြလိုက်ပါတယ်။
တခါကလည်း ကြားမိသေးတယ်.. အသိ တယောက် အဲဒီ ဆိုင်က ပဲကပ်ကြော် ကောင်းလွန်းလို့ နိုင်ငံခြားပို့တယ် ကြားတော့ သွားဝယ်ပါတယ်။ အကြော်မရသေးလို့ စောင့်နေချိန်မှာ ကြွတ်ကြွတ်အိတ်ကလေး ကျသွားတာ မြင်လိုက်တယ်.. စိတ်ထဲမှာတော့.. လေနဲ့ လွင့်တဲ့ အိတ် လှမ်းဆွဲလို့ မမှီလို့ ကျသွားတယ် ထင်နေတာ.. နောက် ဂျာနယ်ဖတ်မှ.. ဒီလို ကိုး.. ဆိုပြီး နားလည်သွားခဲ့တယ်။
ပြောလို့သာ ပြောတာ အဲဒီ ဆိုင်က အကြော် သူများ ထက် ပိုဈေးကြီးတယ်။
30 comments
weiwei
December 11, 2010 at 4:07 pm
တချို့ အကြော်ရောင်းတဲ့ ကုလားမတွေကတော့ ထမီနဲ့ပဲ လက်သုတ်လိုက်တာပဲ … 😛
ဆူး
December 11, 2010 at 4:09 pm
ထမီ က နဲနဲ တော်တယ် ပြောရအုန်းမလား.. လက်နှီးစုပ်က ဒယ်အိုးကိုင်လည်း လက်ခု လုပ်တာဘဲလေ.. ဒယ်အိုးတို့ ဘာတို့ကိုင်မယ်ဆို ထမီက ချွှတ်ကိုင်လို့မှ အဆင်မပြေတာ
a_lin_say_ta_mum@googlegroups.com
December 11, 2010 at 4:16 pm
အဲ့ဒီအကြော် စားလို့ကောင်းလားဟင်
ဆူး
December 11, 2010 at 4:22 pm
ဝယ်ချင်ရင်တောင် တန်းစီရတယ် ကြော်ပြီးသား မရလို့.. ဈေးသည် မျက်နှာ ခပ်တင်းတင်းဘဲ.. စောင့်အုန်း.. အရှေ့မှာ အော်ဒါ အခု ၅ဝ ရှိတယ် ၃၀ဝ ရှိတယ်.. ပြီးမှ ရမယ်။ ဝယ်ရတာ မျက်နှာငယ်တယ်.. ဒါဆို နောက်မှ ပြန်လာမယ် ဆိုပြီး ထွက်လာခဲ့ရတယ်။
a_lin_say_ta_mum@googlegroups.com
December 11, 2010 at 4:30 pm
ဝယ်စားကြည့်ပြီးလို့ကောင်းရင်ပြောအုံးနော်
maungmoenyo
December 12, 2010 at 2:33 am
လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်ကပေါ့…….။ ငယ်တုံးကသံချောင်းအစူးခံရဘူးတဲ့ကလေးတယောက်ကဂျပန်ဖိနပ်အစုတ်ကိုချွတ်၊တံတွေးနဲ့ဆွတ်ပြီးအနာကိုနောက်ပြန်(၃)ချက်ရိုက်လိုက်တယ်။ နောက်လေးငါးရက်နေတော့လုံးဝပျောက်သွားတယ်ဆိုဘဲ။
အဲ့ဒီကလေးနောင်ကြီးလာတော့..ခွဲစိပ်ဆရာဝန်ကြီးတောင်ဖြစ်သွားသတဲ့…..
bigcat
December 12, 2010 at 5:58 am
အဲဒီဆြာဝန်ကြီးက အစွမ်းထက်လှတဲ့ သူ့ပါးစပ်ကြီးနဲ့ လူနာတွေကို နင့်နေအောင်တော့ မတောင်းဘူးလို့ ထင်ပါတယ်။ ဟုတ်တယ်နော်.. နော်။ သူကဦးမိုးညိုဆိုရင်တော့ ဘွာတေး၊ ဒေါ်ဆူးခိုင်းလို့ ကိုယ်စား ပြောရတာပါ။
ကြယ်လေး
December 12, 2010 at 3:38 am
ကိုယ့်ဖာသာဆိုရင်တော့ မြေကြီးပေါ်ကျသွားတဲ့မုန့်လဲ ဖုန်ခါပြီးကောက်စား ရင်စားမှာပဲ
အနည် ပါတဲ့ ရေလဲ သောက်ရင်သောက်မှာပဲ
တန်ရာတန်ကျေးပေး ရရင်တော့ ထိုက်တန်တဲ့ ဝန်စောင်မှူ့ ရတာပဲ လိုချင်တယ်
ငွေ ရဖို့ မသမာတဲ့နည်းလမ်းနဲ့ ရှာ တဲ့ သူ တွေ အားမပေး
moethidasoe
December 12, 2010 at 5:59 am
ကြယ်ကြယ် .. စိတ်လျှော့ .. အစားအစား ကောင်းတယ် စားချင်တယ် ဆိုရင် .. စားဖိုဆောင်ကို မကြည့်ပါနဲ့ တဲ့ .. နို့မဟုတ်ရင် စားချင်စိတ် ပျောက်သွားမယ် တဲ့ ..
ဒါကြောင့် .. စားချင်ရင် ဘယ်လို လုပ်သလဲ ဆိုတာ မကြည့်တော့ဘူး .. ကြိုက်ရင် စားမယ် ..
(ကိုယ်ဖြစ် ကိုယ်ခံတဲ့)
kai
December 12, 2010 at 8:08 am
စဉ်းစားမိတာပါ..။
ယူအက်စ်မှာ … စားသောက်စရာတခုခုကို … ဈေးကွက်ကအရမ်းတောင်းဆိုလာရင်… စက်နဲ့ထုတ်ဖို့တွေးခေါ်စဉ်းစားကြတယ်..။ ဥပမာ..ဟမ်ဘာဂါတို့..။ကွတ်ကီးတို့..။ ဒိုးနပ်တို့ပေါ့..။ အနောက်တိုင်းသားတွေဆို..သေချာပေါက်ကို..လုပ်ကြတယ်..။
မြန်မာတွေများ… အကြော်ကို…စက်နဲ့ထုတ်ဖို့..ယောင်လို့စဉ်းစားကြပုံမပေါ်..။ တရက်တရက်..ဘုးသီးကြော်တမျိုးထဲကို..မဟာရန်ကုန်မှာ… အခု ၁သိန်းအသာလေးစားကြမှာသေချာတယ်..။
စက်ဈေးနဲ့ဒီဇိုင်းခလည်း မများလောက်ပါဘူး..။ စင်္ကာပူမှာတောင်. .. စက်ဒီဇိုင်းထုတ်တဲ့အလုပ်နေရာ..မြန်မာအင်ဂျင်နီယာတွေ..ထောင်နဲ့ချီလုပ်နေကြတာ..
ဒါက..လူမျိုးစိတ်ဓါတ်နဲ့များ…ဆိုင်သလားတော့မသိ..။
weiwei
December 12, 2010 at 8:51 am
အကြော်ဆိုတာကို ပူပူလေးပဲစားချင်ကြတာမဟုတ်လား ..
KFC တို့ မက်ဒေါနယ်တို့က ကြက်ကြော် အာလူးကြော်ကြော်သလို စက်နဲ့ များများကြော်ပြီး ရောင်းရင်တော့ ဖြစ်နိုင်ပါတယ် … ဒါပေမယ့် ဆိုင်ခန်းရယ်၊ စက်ရယ်နဲ့ အရင်းအနှီးများများနဲ့ ဘယ်လုပ်နိုင်မလဲ … လမ်းထိပ်မှာ တဲလေးထိုးပြီး ဆူးပြောတဲ့မြင်ကွင်းလေးအတိုင်းကြော်တာကတော့ ရိုးရာမပျက် .. အရသာမပျက် .. အရင်းလဲမများ .. လူတိုင်း နေရာတိုင်းလဲ ဝယ်စားနိုင်တာပေါ့ …
kai
December 12, 2010 at 9:32 am
အဲဒါလေ…နည်းနည်းဆာဗေးလုပ်ဖို့ကောင်းတယ်..။
အခုသိချင်တာက… အကြော်တခု ဘယ်လောက်လဲရယ်..။ ရန်ကုန်လူဦးရေဘယ်လောက်က ..တရက်..အကြော်တွေဘယ်နှခုလောက် စားကြမလဲရယ်ပါပဲ.။
အဲဒီမှာ .. လည်ပါတ်ငွေတန်ဖိုးထွက်လာမယ်..။ အဲဒီငွေကို .. ၃နှစ်စာထားလိုက်..။
အဲဒါရဲ့….. ၅ပုံပုံ..တပုံဟာ.. အဲဒီစက်ကိုရင်းနှီးမတည်လို့ရမဲ့ငွေပဲ..။
စကားမစပ်..အောက်ကဗီဒီယိုကလစ်လေး..ကြည့်လို့ရသူတွေကြည့်ကြစေချင်ပါတယ်..။
အကြော်နဲ့နီးစပ်တဲ့..ဒိုးနပ်ကြော်တဲ့….စက်အကြောင်း…
http://science.discovery.com/videos/how-its-made-donuts.html
intro
December 12, 2010 at 1:05 pm
ကျွန်တော့်အမြင်တော့ အကြော်လုပ်တဲ့စက် ဆိုတာ ဒီမှာတော့ သိတ်ဖြစ်လာနိုင်မယ်လို့ မထင်ဘူး၊ အမှန် ပြောရရင် ကျွန်တော်တို့ မြန်မာတွေဟာ စနစ်တစ်ခုမှာ နေသားကျနေတာ တော်တော် ကြာပါပြီ… အကြော်ရောင်းစားတယ်ဆိုတာ… ဆင်းရဲသား၊ လူလတ်တန်းစား တွေမှာသာ လုပ်စားကြတာပါ… ပိုက်ဆံ ရှိတဲ့လူတွေက ဒီထက် ပိုပြီး သက်သာတဲ့၊ သူတို့ အဆင့်ရှိတယ်လို့ ထင်တဲ့ လုပ်ငန်းတွေမှာပဲ ကျင်လည်ကြတာ၊ (အနည်းစုလဲ ရှိချင်ရှိမှာပါ) ဒါကြောင့် အကြော်သည် ဆိုတဲ့အထဲမှာ ပိုက်ဆံချမ်းသာတဲ့လူက မပါသလောက်ပဲ၊ မရှိလို့ အကြော်ရောင်းစားပါတယ်ဆိုမှ အကြော်လုပ်တဲ့စက်ကို တီထွင်ဖို့တော့ စိတ်ကူးရှိမှာ မဟုတ်ဘူး၊ တစ်ယောက်ယောက်က တီထွင်ပေးလို့ တော်တော်ကြီးကို အဆင်ပြေကြတယ် ဆိုရင်တောင် ပိုက်ဆံနဲ့ရင်းပြီး ဝယ်မယ့်လူထက် စရိတ်နည်းနည်းနဲ့ လူ့အစွမ်းအစ များများ သုံးပြီး ရောင်းမယ့် လူတွေပဲ များမယ်လို့ ထင်မိပါတယ်…
ဆူး
December 12, 2010 at 1:39 pm
အကြော်အကြောင်း ပြောမယ်ဆိုရင်.. မြန်မာနိုင်ငံမှာ အကြီးစား အကြော်ဖိုတွေ ရှိပါတယ်။ မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကပ်ကြော် (ပဲကြော်) လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံ တဝှမ်းက လူတွေ မနက် အိပ်ယာနိုးတာနဲ့ မျက်နှာသစ်ပြီး ဗိုက်အဆာပြေ စားဖို့ မုန့်ဟင်းခါးဆိုင် တန်းသွားကြတာဘဲ။ မုန့်ဟင်းခါးဆိုင် ဘယ်နှစ်ဆိုင် ရှိသလဲ အရင်ဆုံး လိုက်စစ်တမ်းကောက်.. ထို့နောက် အိမ်မှာ ဟင်းမချက်ဘဲ ဖြစ်သလို အကြော်နဲ့ ထမင်း စားတဲ့ မိသားစု ဘယ်နှစ်စု ရှိမလဲ.. အကြော် ကြော်ရင်း ချမ်းသာတဲ့ လူတွေ အများကြီးပါ။ ဒါနဲ့ ဆူး ပြောတဲ့ ပဲကပ်ကြော် က တခု ကို ၁၅ဝကျပ်ပါ။ အကြီးစား အကြော်ဖိုတွေက ထွက်တဲ့ ပဲကပ်ကြော်တွေက မုန့်ဖတ် ဆိုင်တွေမှာတောင် ၅ဝနဲ့ ရောင်းပါတယ်။ မုန့်ဟင်းခါး အသုတ်နဲ့ အုန့်နို့ခေါက်ဆွဲ ဆိုင်တွေမှာ စားသုံးသူအနေနဲ့ကတော့ ၁၀ဝ ပေးပြီး ဝယ်စားရပါတယ်။
ဆူး
December 12, 2010 at 1:49 pm
ဦးလေး ခိုင်ရေ မြန်မာပြည်က လူတွေ ကို အထင်မသေးပါနဲ့.. စက်တွေနဲ့ မုန့်လုပ်နေကြတာ.. လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက် ပြောရမလဲ ဆိုတော့ မြန်မာပြည် လွတ်လပ်ရေး ရခါစကတည်းကပါ။ ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး လုပ်တာပါ။ သံထည် အစစ်တွေနဲ့ လုပ်တာပါ။ မြင်ဘူးတာကတော့ မုန့်မွေစက်တွေ ဘာတွေ ဒယ်အိုးအကြီးကြီးတွေထဲမှာ.. ဒလက်အကြီးစားကြီးတွေနဲ့ မွေနေတာ.. မုန့်ဖုတ်တာကတော့ ထင်းမီးနဲ့ ထိုးတာဘဲ.. ဒါပေမဲ့ သီးသန့် ထွင်ထားတဲ့ မီးဖို ပုံစံမျိုး..မီးအပူချိန် ညီမျှဖို့ကတော့ ပညာပေါ့လေ..
bigcat
December 12, 2010 at 2:27 pm
မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာတွေနဲ့ ညူကလီးယားဗုံး ထွင်မဲ့အစား အကြော်ကျော်တဲ့ စက်ထွင်မယ်ဆိုရင် တကယ်ဖြစ်မှာ။ ရုရှားက အင်ဂျင်နီယာ စစ်ဗိုလ်များ လက်တွေ့အလုပ်ဖြစ်မဲ့ဟာကို အချိန်မနှောင်းခင် ပြောင်းဖို့စဉ်းစားသင့်တယ်။ ဘွဲ့ကတော့ B.E, ME, PHD (vegie fries) ပေါ့နော်။
weiwei
December 12, 2010 at 2:30 pm
ဆင်းရဲလို့ အရင်းမတတ်နိုင်လု့ိမှ အကြော်ရောင်းစားရတဲ့သူတွေကို ထမင်းငတ်အောင် ဝိုင်းမနေကြပါလား ….
unclegyi1974
December 12, 2010 at 2:37 pm
ကိုခိုင်ရေ ပေးတဲ့အကြံကကောင်းပါတယ်
ဒါပေသိ မြန်မာမှာအကြော်ရောင်းတာလမ်းဘေး
ရောင်းတဲ့အဆင့်ပါ ဆိုင်ခန်းငှါးပြီး စားပွဲနဲ့ကုလား
ထိုင်နဲ့ရောင်းတဲ့အဆင့်မရှိပါဘူး
ဆိုလိုတာကအရင်းနဲတဲ့လူတွေလုပ်တာပါ
အရင်းမရှိပါဘူးဆိုမှစက်တွေနဲ့ဘယ်ကြော်နိုင်ပါ
မလဲ
ကိုခိုင်အကြံကိုကြိုက်ပြီ မာစတာကြီးကငွေရင်း
များများနဲ့စက်တွေဆင်ပြီးဈေးကွက်ထဲဝင်လာရင်
လမ်းဘေးကြော်နေတဲ့လူတွေဈေးကွက်ပျောက်
ပြီးထမင်းငတ်ကုန်ပါအုန်းမယ်ဗျာ
မလုပ်ပါနဲ့
fatty
December 12, 2010 at 3:16 pm
Kai က ကျနော့ post တခုမှာလည်း နိုင်ငံခြားထွက်ကုန်လို့ စောင့်ရှောက်သူမဲ့ တဲ့ အဖိုးအဖွားတွေကို
private ဘိုးဘွား ရိပ်သာ လုပ်ဖို့အကြံပေးဖူးတယ် ။ အခုလည်းအကြော်စက် လုပ်ဖို့ idea ရတယ် …
ဘုန်းကြီးစာလဲ ရတယ်ဆိုတော့ …..
ဘယ်နှစ်ဝါ ရခဲ့ပြီးမှ MBA တက်ခဲ့တာလဲလို့။ ဆူးတို့တော့ကြိတ်ပြီး ကြံနေလောက်ပြီ …။
KoNyeinChan
December 12, 2010 at 3:25 pm
ဖတ်ဖူးတာလေးပြောပြမယ်.. တစ်နေ ့သောအခါ ဘိုးတော်ဘုရားက ဦးပေါ်ဦးကို “ဟဲ့ ပေါ်ဦး.. လောကမှာ ဘယ်အရာက အသန် ့ဆုံးလဲ” တဲ့ ဦးပေါ်ဦးဖြေလိုက်တာက “မှန်လှပါ.. မမြင်ရတဲ့အရာ က အသန် ့ဆုံးပါ” တဲ့…. သန် ့ရှင်းပါတယ်ဆိုတဲ့ဆိုင်လည်း အနည်းနဲ ့အများ ညစ်ပတ်မှုတော့ ရှိမှာဘဲ.. တစ်ခါတလေ ကိုယ်တိုင်ချက်ပြုတ်တဲ့အခါမှာလည်း အလျင်လိုတာ က တစ်ကြောင်း၊ အလွယ်လုပ်ချင်တာက တစ်ကြောင်းကြောင့် ညစ်ပတ်တာတွေရှိခဲ့ပါတယ်.. ကိုယ်တွေ ့ ဟီး ဟီး:D
စကားဆက်ရင်း ထပ်ကွန် ့လိုက်ဦးမယ်.. မြန်မာပြည်မှာတုန်းက ဟင်းချက်တဲ့အခါ အပေါ့ အငန်သိချင်လို ့မြည်းရင် ချက်တဲ့ဇွန်းနဲ ့ ပါးစပ်ထဲ ထည့်ပြီး မြည်းကြတယ်.. ဒီမှာက လက်ဖဝါးပေါ် ဟင်းအစက်ချပြီး လျက်ကြတယ်.. အတုယူစရာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ..
kai
December 12, 2010 at 11:37 pm
အီတလီ၊ပြင်သစ်၊ ဂျပန် တကယ့်ပရိုစားဖိုမှုးတွေက … ပန်းကန်ပြားသေးသေးလေးနဲ့ ဟင်းကိုခတ်ပြီး မြည်းကြတယ်..။
ပြီးရင် အဲဒီပန်းကန်လေးကို ဆေးဖို့ထားလိုက်တာပဲ..။
ဆူး
December 12, 2010 at 3:35 pm
ဆူး တို့ကတော့ ဘတ်ချလာ ဘွဲ့ကို ဘာလချာ ဖြစ်အောင် ယူထားတာ.. လက်မှတ်ရတဲ့ ပညာတွေ သိပ်မတတ်ဘူး။
ဆူး
December 12, 2010 at 3:40 pm
ကိုငြိမ်းချမ်းရေ.. လက်ဖဝါးပေါ် အစက်ချတော့ ဟင်းပူပူတောင် ပါးစပ်ထဲ ထည့်ရင် မှုတ်ပြီးမှ ရွတ်ဆို မြည်းရတာ.. လက်ဖဝါးတော့ သနား စရာဘဲ.. ဒါနဲ့ အလျှင်လိုပြီး လက်မဆေးမိဘဲ အစက်ချရင်တော့ ဟင်းကို ငံတယ်လို့ ဆုံးဖြတ်မိနို်င်တယ်နော်..
KoNyeinChan
December 12, 2010 at 3:50 pm
ဒေါ်ဆူး က လည်း Reply လုပ်လိုက်တာ မြန်ရော “ဇွတ်”…..
ကိုယ့်ရဲ ့Comment လေး မပေါ်သေးပါလား ကြည့်နေရင်းနဲ ့သူ ့ Reply ကြီးပေါ်လာတယ်.. ကျွန်တော်ဆိုလိုတာက အတုယူစရာကောင်းတာကို ပြောတာပါ..
ထမင်း ဟင်း ချက်ခါနီးရင် လက်တော့ဆေးမှာပေါ့လို ့..
မမြည်းခင်လည်း မန်းမှုတ် ဦးမှာပေါ့လို ့.. ဇွတ်
ခင်ဗျားရဲ ့ Post မှာ Comment တွေ အတော်များတာဘဲ…. အားပေးပါတယ်ဗျာ
ဆူး
December 12, 2010 at 4:13 pm
ဦးဦး ချမ်းရေ.. (((တစ်ခါတလေ ကိုယ်တိုင်ချက်ပြုတ်တဲ့အခါမှာလည်း အလျင်လိုတာ က တစ်ကြောင်း၊ အလွယ်လုပ်ချင်တာက တစ်ကြောင်းကြောင့် ညစ်ပတ်တာတွေရှိခဲ့ပါတယ်.. ကိုယ်တွေ ့ ဟီး ဟီး:D))) အဲဒီ စာလေးနဲ့ လက်ဖဝါးပေါ် တင်မြည်းတာနဲ့ ပေါင်းစပ် ဖတ်လိုက်တာလေ.. ငန်ငံ လေးပေါ့.. အပို မပြောပါဘူး.. စာထဲက အကြောင်းအရာကို ဖော်ထုတ်တာပါ။ တိုက်ဆိုင်ရင် ခွင့်လွတ်နော်.. ဆူး ပြောတာ တခုမှ မပါဘူး
tell U later
December 12, 2010 at 4:05 pm
ကလေးတွေ ကျောင်းဖွင့်တဲ့နေ့တိုင်း မနက်စာကို အကြော်နဲ့ပဲ စားဖြစ်ခဲ့ပါတယ်
အကြော်ဆီထဲ ပလတ်စတစ်တွေထည့် ရေသန့်ဗူးခွံတွေထည့်တယ်ကြားတော့ တော်တော်လန့်သွားတယ် ကိုယ်စားတဲ့ဆိုင်ကတော့ မလုပ်လောက်ပါဘူးလို့ အောက်မေ့ရတာပါပဲ အကြော်ခံဆီကလဲ စားအုန်းဆီထက် ပိုပြီး ကျန်းမာရေးကို ထိခိုက်တယ်ဆိုတော့ အိမ်မှာ တခုခုကြော်ပြီးရင် ပြန်မသုံးဖြစ်အောင်လုပ်ရတယ်
naywoonni
December 12, 2010 at 4:55 pm
ဟင်းးး မိုးတွင်းမီးခိုးလုံးရိုက်ပြီး နွင်းဆိုပြီး နှပ်ညှပ်တာမတွေ့ဖူးသေးလို့
တစ်ခါကလည်း ကလေး ဟိုဟာ ကုန်းပေးပြီး လက်မဆေးပဲ အကြော်ဆက်ကြော်နေတာ
မတွေ့ဖူးသေးလို့
ပြီးတော့ လ္ဘက်ရည်ဆိုင်တွေ ရောက်ရင် မုန့်လုပ်တဲ့နေရာ မကြည့်ပါနဲ့
စားချင်စိတ်ကုန်သွားမယ်
ဆူး
December 12, 2010 at 5:10 pm
လက်ဖက်ရည်ဆိုင်က ချတဲ့ မုန့် လက်ဖက်ရည် သောက်ရင်း မုန့်ကလေး ကောက်ဝါး.. စားတဲ့ လူတော့ မသိခဲ့ပါ.. သူမစားခင် ထိုမုန့်ကို တခြား စားပွဲမှာ ယင်ကောင်တွေ အားရပါးရ တွယ်ထားတယ် ဆိုတာကို.. သိရင်တော့ စားချင်မှာ မဟုတ်တော့ဘူး
etone
December 13, 2010 at 4:21 am
အင်း အီးတုံးလည်း အဲ့ဒီဆိုင်အကြောင်းသိတယ် ။ အကြော်သာရောင်းစားတာ သူက ရွှေရောင်းတဲ့ မျက်နှာနဲ့ … မဆူးပြောတဲ့ ညစ်ထေးနေတဲ့ လက်နှီးစုတ်ကတော့သူတိုရဲ့ တစ်ခုတည်းသော လက်သုတ်ဝတ်ပေါ့ ။ ဈေးကတော့ အပြင်ဆိုင်တွေထက်ပိုကြီးတယ် ရောင်းလာတာကလည်း နှစ်အတော်ကြာပြီကိုးအနည်းဆုံး ဆယ်နှစ်ကျော်ပြီ ။ သူ့ အကြော်ကို နိုင်ငံခြားပို့ဖို့အရင်ကြော်တယ် …။ ပြီးမှ လာဝယ်တဲ့လူကိုရောင်းတာ … နိုင်ငံခြားဆိုတာ ဘယ်နိုင်ငံလဲ အစ်တော့မှ ထွက်လာတာ စလုံးကိုပို့တာပါတဲ့… ။ အစကတော့ အကြော်ဆိုတာ နောက်ရက်ထားရင် ပျော့သွားတယ် စလုံးပို့တာသိပ်မယုံဘူးပေါ့။… နောက်မှ ကော်တွေကြော်ထည့်ပြီးခံအောင်လုပ်မှန်းသိရတယ်… ဒါတောင်စားတဲ့လူကလည်း စားနေတုန်းပါ .. ပြောမဲ့သာပြောရတာ သူ့ဟာက အရသာရှိတယ် ။ လက်ဆေးရေလေးထည့်ထားလို့လားမသိဘူး အဟီး 😀 😀 မုန့်ဟင်းခါးဆိုင်တွေမှာ အဲ့ဒီအကြော်မသုံးနိုင်ပါဘူး … ဘာလို့လဲဆိုတော့ အခြား ဆိုင်တွေထက် ဈေးကြီးတာကို း အကြော်တန်ဖိုးတင် တစ်ခု ၁၅ဝ ပါတဲ့… ။ ဒီရပ်ကွက်မှာ အကြော်ဆိုင်ဆိုလို့ ဒီတစ်ခုပဲရှိတယ် ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက မစားဖြစ်တော့ပေမဲ့ ဆိုင်ရှေ့တော့ အနံ့ခံ ဖြတ်လျှောက်နေတုံးပဲ ။
ဆူး
December 13, 2010 at 7:43 am
တော်လိုက်တဲ့ အီးတုံးလေး.. ဂွက်ကနည်းဆို ကွက်တိဘဲ.. အကြော်ကို ဈေးကြီးနဲ့ ရောင်းတာ အမှန်ဆို တိုက်နဲ့ ကားနဲ့တောင် ဖြစ်သင့်နေပြီ.. ၂ လုံး ၃ လုံး ဆက်တိုက်သုံးတော့.. ဟန်တလုံး ပန်တလုံးနဲ့ အကြော်ကြော်နေရတာ..