ချက်တင်အချစ်

snowDecember 11, 20104min2185

<!– /* Font Definitions */ @font-face {font-family:Calibri; panose-1:2 15 5 2 2 2 4 3 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:-520092929 1073786111 9 0 415 0;} @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627400839 -2147483648 8 0 66047 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-unhide:no; mso-style-qformat:yes; mso-style-parent:””; margin-top:0in; margin-right:0in; margin-bottom:10.0pt; margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:Calibri; mso-fareast-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} .MsoChpDefault {mso-style-type:export-only; mso-default-props:yes; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:Calibri; mso-fareast-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} .MsoPapDefault {mso-style-type:export-only; margin-bottom:10.0pt; line-height:115%;} @page Section1 {size:8.5in 11.0in; margin:1.0in 1.0in 1.0in 1.0in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

အွန်လိုင်းမှာ ချက်တင်ထိုင်ရင်း ချစ်မိလို့ ခံစားနေရသော အွန်လိုင်းမှ ညီမလေးသို့

အွန်လိုင်းမှာ ခင်မင်ပြီး ချက်တင်ချက်ရင်း သံယောဇဉ်တွယ်မိကြတဲ့သူတွေ အများကြီး

ရှိပါတယ်၊ တကယ်တမ်းကျတော့ အချစ်ကို လွယ်လွယ်နဲ့သတ်မှတ်မိလို့ပါ၊

သေသေချာချာ စဉ်းစားမယ်ဆိုရင် အချစ်ဆိုတာ အရမ်းကို လေးနက်ပါတယ၊်

လူတွေဟာ တယောက်နဲ့တယောက် စကားပြောတာများရင် ပိုရင်းနှီးကြတယ်လေ၊

အဲလိုပဲ ချက်တင်မှာချက်တာလဲ စကားပြောသလိုပဲမို့ အပြင်မှာထက် ခင်မင်ဖို့

ပိုလွယ်တဲ့အနေအထားပေါ့၊ အပြင်မှာဆို အဲလိုစကားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး၊

ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေဆိုရင်သာ အမြဲတွေ့ပြီး စကားပြောဖြစ်မှာလေ၊

တခြားလူ သူစိမ်းတွေ အနေနဲ့ကတော့ အပြင်မှာ တွေ့ပြီးစကားမပြောဖြစ်ဘူး

အွန်လိုင်းမှာတော့ အမြဲတမ်း စကားပြောဖို့ လွယ်တယ်၊ အပြင်မှာထက် အကြောင်းအရာ

ပိုစုံအောင်ပြောဖြစ်တယ်၊ ကိုယ့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းလိုပဲ စိတ်ညစ်တာကအစ

ပြောဖြစ်တယ်၊ ပင်ပန်းတာလဲပြောဖြစ်တယ၊် ပျော်နေတာလဲပြောဖြစ်တယ် ၊တနေ့တနေ့

အဲလိုပြောဖို့ အချိန်တွေကို မျှော်မိတယ်၊ ဒါကိုအချစ်လို့လွယ်လွယ်နဲ့

မသတ်မှတ်စေချင်ဘူး ဘာလို့လဲဆိုတော့ လူဆိုတာ ကိုယ်စိတ်ပျော်တာကို လုပ်နေရရင်

အမြဲပဲ လုပ်ချင်နေမိတာလေ တချို့ရှိတယ် ဂိမ်းကစားတာကို နေ့စဉ် တနေကုန်

ကစားနေတဲ့သူတွေရှိတယ၊် ဒါဟာလဲ ဂိမ်းဆော့ရတာကို စွဲလမ်းလို့ အမြဲပဲ

ဂိမ်းဆော့ချင်မိတာလေ၊ အဲဒါကတော့ အရာဝတ္ထုနဲ့ကစားရတာဆိုတော့

အချစ်လို့သတ်မှတ်လို့မရဘူးပေါ့၊ လူတော်တော်များများလဲ ကိုးရီးယားကားကြည့်တာကို

စွဲကြတယ်လေ၊ နေ့စဉ်မပျက်မကွက် ကြည့်တယ်၊ တနေကုန်ကြည့်နိုင်ရင် ကြည့်တယ်၊

ကိုးရီးယား မင်းသားမင်းသမီးအကြောင်းများ ပြောရရင် ထမင်းမေ့ဟင်းမေ့

သဲသဲလှုပ်တတ်ကြတာပဲ၊ အဲဒီမင်းသားမင်းသမီးတွေကိုကော

ချစ်တယ်လို့ သတ်မှတ်လို့ရပါ့မလား ၊

ချက်တင်ကတော့လူ လူချင်းပက်သက်ရတာဆိုတော့ နေ့စဉ်ချက်ချင်တာကို

အချစ်လို့သတ်မှတ်မိကြတာပါပဲ၊ အဲလိုခံစားမှုကို အချစ်လို့သတ်မှတ်လို့မရဘူး၊

အချစ်ဆိုတာက အဲဒီအချစ်ကြောင့်အရာရာအားလုံးကို စွန့်လွှတ်နိုင်သလား၊

ဖြစ်လာမယ့်ပြဿနာတွေကို ရင်ဆိုင်နိုင်သလား၊ တကယ်ပဲ အဲဒီလူကို

တစ်သက်လုံးလက်တွဲသွားနိုင်လား၊ ယုံကြည်နိုင်သလား၊ သေသေချာချာစဉ်းစားရမယ်၊

အဲလိုတွေမှ မလုပ်နိုင်ရင် ဒါကိုအချစ်လို့သတ်မှတ်လို့မရဘူး၊

စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲမှာတော့ အလုပ်ဆိုသည်မှာ ဘယ်လိုပင်ပန်းနွမ်းပါစေ၊

ဘယ်လောက်တောင်ချွေးထွက်ပါစေ၊ ရွေ့လျားမှုတကယ်မရှိရင်၊

အချည်းနှီးသာလျှင်ဖြစ်မယ်၊ အလုပ်လို့မမည်ပါတဲ့၊ အချစ်ဆိုတာလဲဒီလိုပါပဲ

ကိုယ့်ဘက်က ဘာကိုမှ မစွန့်လွှတ်နိုင်ပဲ၊ မစွန့်စားနိုင်ပဲ၊ နီးစပ်အောင်မလုပ်နိုင်ပဲ၊

ပြဿနာကို ရင်မဆိုင်နိုင်ပဲနဲ့တော့ အချစ်လို့လွယ်လွယ်နဲ့မသတ်မှတ်လိုက်ပါနဲ့၊

အချစ်လို့သတ်မှတ်လိုက်တာနဲ့ကိုယ့်ရင်ထဲကို အလိုမကျမှုတွေနဲ့

ကိုယ့်ကိုယ်ကိုထောင်ချမိလိမ့်မယ် စိတ်ဆင်းရဲရလိမ့်မယ်၊ ဒါဟာ ချက်တင်စွဲလမ်းမှုပါပဲ

အချစ်မဟုတ်ပါဘူး ကိုယ့်စိတ်ကို ပြောင်းလဲသတ်မှတ်လိုက်ရင်

ခံစားတာလျော့သွားပါလိမ့်မယ်၊ အဓိက ကတော့ လူတစ်ယောက်ရဲ့စိတ်ကို

ကိုယ်သတ်မှတ်ပြီးနာမည်ပေးလိုက်တာက ခံစားမှုကိုပါ တမျိုးပြောင်းသွားပါတယ၊်

အချစ်လို့ သတ်မှတ်ပြီး ခံစားနေရတဲ့ညီမလေး ခံစားမှုကို သတ်မှတ်တာပြောင်းလိုက်ရင်

ခံစားရသက်သာမှာပါ သက်သာပါစေလို့လဲ မျှော်လင့်ပါတယ် အချစ်မဟုတ်ဘူးလို့သာ

ရဲရဲကြီး သတ်မှတ်လိုက်ပါ ချက်တင်စွဲလမ်းမှုကြောင့် ပျော်ရွှင်မှု သာယာမှု ဖြစ်တာပါ

(ရေတစ်ဝက်ရှိတဲ့ဖန်ခွက်ကိုမြင်လိုက်တာနဲ့ ရေက တစ်ဝက်ပဲရှိတယ်လို့ သတ်မှတ်ပြီး

စိတ်ဓာတ်ကျနေတဲ့သူထက် ရေ တစ်ဝက်ပြည့်နေတယ်လို့မြင်လိုက်တဲ့သူက

ပိုစိတ်ချမ်းသာမှုရမှာပါ)

(ခွက်ကလေးတခွက်ကျကွဲရင်တောင် တချို့ကတော့

နမိတ်ပြတယ်လို့သတ်မှတ်ကြသလို တချို့က ကျိန်းကြေတယ်လို့လဲ သတ်မှတ်ကြတယ်

လူတွေရဲ့စိတ်ကို သတ်မှတ်ခြင်းက ပိုကြီးစိုးပြီး ပိုခံစားစေပါတယ်)

(ဒီချက်တင်အချစ်ကိုရေးဖြစ်တာက ညီမလေးတယောက် သူ ချစ်မိတဲ့အချစ်အတွက်

မစွန့်စားနိုင်လို့ သူ့ကို စိတ်သက်သာအောင် ရေးမိတာပါ တကယ်တမ်းကျတော့

အချစ်ဆိုတာ သိပ်ကို နူးညံ့သိမ်မွေ့ ပါတယ် ငယ်ငယ်ကသင်ခဲ့တဲ့ မျက်မမြင်ပုဏ္ဍား

၆ယောက် က ဆင်ကို စမ်းပြီး အဖြေထုတ်သလိုပါပဲ အချစ်ကို

အဓိပ္ပာယ်အမျိုးမျိုးဖွင့်လို့ရပါတယ်  ချစ်တယ်ဆိုတာသေချာရင်တော့ သူကလဲ ကိုယ့်ကို

တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူကို တသက်တာလုံး လက်တွဲနိုင်အောင် ကြိုးစားရမယ်

ယုံကြည်ရမယ် ဘာအခက်အခဲပဲရှိရှိ ရင်ဆိုင်နိုင်ရမယ်    ဒါကတော့ ကျမရဲ့ ခံယူချက်ပါ

လူတိုင်းတော့ခံယူချက်ချင်းမတူနိုင်ပါဘူး  )

5 comments

  • ဆူး

    December 12, 2010 at 4:45 pm

    ကောင်းပါသည်။ ချက်တင်းနဲ့ အချိန်ကုန်နေတဲ့ မိန်းကလေးငယ်များ ဖတ်သင့်ပါသည်။ ချက် နေယုံနဲ့ ဘဝကြီး မပြီးပြည့်စုံနိင်ပါဘူး။ အသက်ရှင်ဖို့ ရေသောက်ရသလို ဘဝအတွက် အသိပညာ ရှာသင့်ပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိင်ကြပါစေ။

  • manawphyulay

    December 13, 2010 at 2:54 am

    မှန်တာပေါ့ အွန်လိုင်းမှ မဟုတ်ပါဘူး။ ခုတွေ့မြင်နေရတာတွေဟာ အပြင်မှာလည်း လွယ်လွယ်တွေ့ လွယ်လွယ်ချစ် ကွဲကြ ကွာကြနဲ့ အချစ်ဆိုတာ ကစားစရာလို သဘောထားနေကြသလားတောင် ထင်မြင်မိပါတယ်။ ဘယ်မှာဲ တွေ့တွေ့ အရာရာ နားလည်မှု ပေးနိုင်ပြီး တကယ်မြတ်နိုးမှုအပြည့်နဲ့ လက်တွဲရဲမှသာ အချစ်စစ်အချစ်မှန် လို့ မနော မြင်တာပါပဲ။

  • etone

    December 13, 2010 at 7:42 am

    ဟုတ်ပါတယ် အချို့သော မိန်းကလေးများ တစ်ထွာတစ်မိုက်ဉာဏ်လေးနဲ့ ယောကျာင်္းလိမ်များပြောသောစကားကို အယုံလွယ်ကာ ဘဝပျက်ရတာတွေကြားခဲ့ဖူးတယ် …။ ချက်တင် အချစ်ကို ဘယ်လိုမှ မယုံကြည် ပါကြောင်း ။

  • လင်းဝေကျော်

    December 13, 2010 at 7:44 am

    ချက်တင်ဆိုတာ ချက်ရုံပါပဲကွယ်။
    ချက်ပြီး ချစ်တာကိုတော့ အားမပေးချင်ပါဘူး။
    အပြင်မှာ တကယ်မြင်တွေ့လေ့လာစမ်းစစ်ပြီးမှသာ ချစ်ဖို့စဉ်းစားကြပါ
    မိန်းကလေးတို့..။

  • thethtet87

    December 18, 2010 at 8:12 am

    ကျွန်တော်ထင်တာကတော့။ချက်တင်ထဲမှာလူတောင်သေသေချာချာမမြင်ရဘဲ
    ဘယ်လို့လုပ်အိမ်ထောင်ရေးကိစ္စကိုစဉ်းစားမလဲနော်။ကျွန်တော်အိမ်ထောင်မကျ
    ခင်ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်(၈)နှစ်ကျော်ကြိုက်ခဲ့တာ။ဒါတောင်အခုငြင်း
    ရခုန်ရ၊ရန်ဖြစ်ရတုန်း။တစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းလို၊မောင်နှမလို၊
    အိမ်ထောင်ဖက်လိုနေခဲ့တာတောင်ညှိနှိုင်းယူရတာတွေအများကြီးဘဲ။သိပ်တော့
    မလွယ်ဘူးထင်တယ်။အင်းလေ အခုကလူှုယ်တွေကကိုယ့်ထက်တော့ဉာဏ်
    ကောင်းပါတယ်။သူအရပ်နဲ့သူ့ဇာတ်ကတော့ဟန်ကျမှာပါ။ကျွန်တော်တို့တွေ
    စိတ်ပူနေလို့နေမှာပါ။

Leave a Reply