Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကံအလုပ် Kamma

past

ကံအလုပ်

ကံဆိုတာ အတိတ်အလုပ်နဲ့ ပစ္စုပ္ပန်အလုပ် နှစ်ခု ပေါင်းတာလို့ သိသူများက ပြောပါတယ်။ ပို သိသူများကတော့ ကံသည် အတိတ်၊ ညဏ်နှင့် ဝီရိယသည် ပစ္စုပ္ပန်လို့ ထပ်မံ ခွဲခြားပေးပါတယ်။ ကံကို ရှုမြင်သုံးသပ်တဲ့အခါ ပစ္စုပ္ပန်နဲ့အတိတ် အစွန်းနှစ်ဖက် ကွဲသွားပါတယ်။ ပစ္စုပ္ပန်အစွန်းက လူအုပ်ထဲကို အထုပ်တထုပ် လှမ်းပစ်ထည့်လိုက်ရင် တဦးမဟုတ်တဦး ထိမှာပဲ၊ ဘာကြောင့်မှမဟုတ်။ ပစ္စုပ္ပန်ဖြစ်တဲ့ ပြုသူနဲ့အပြုခံရသူ နှစ်ဖက်ရှိရင် တခုခုတော့ ဖြစ်တယ်လို့ ပြောပါတယ်။ အစွန်းမရောက်သူကြတော့ အတိတ်ကံ ရှိဖို့ပဲလိုတယ်၊ ညဏ်နဲ့ဝီရိယရှိရင် ဖြစ်ပြီလို့ စွဲယူပါတယ်။ ကံ ညဏ် ဝီရိယသည် ဆတူ သက်ရောက်လို့ အားများရာဖက် လိုက်ခြင်းသဘောပါ။ အတိတ်ကံ အစွန်းရောက်များက အတိတ်က အလုပ်သည် လက်ရှိမှာ အရာရာကို လွှမ်းမိုးတယ်လို့ မှတ်ယူပြီး၊ အစွန်းမရောက်သူကတော့ သူမရှိရင် ရှေ့ဆက်တက် မရလို့ ယုံကြည်ကြပါတယ်။
အများစုသော လောက အောင်မြင်ရေးနီတိရေးသူ၊ ငယ်ရွယ်သူ၊ လက်ရှိအောင်မြင်ကြီးပွားနေ သူများက လုပ်ရင်ဖြစ်တယ် စိတ်ထားနဲ့ အတိတ်ကံကို ပစ်ပယ်ဖို့ ကြိုးစားပါတယ်။ တရားဓမ္မသမား၊ သက်လတ်သက်ကြီး၊ လုပ်တိုင်းမဖြစ်ကြသူများကတော့ ကံသာအမိ ကံသာအဖ၊ ကံမရှိ ညဏ်ရှိတိုင်းမွဲ ဆိုတဲ့လက်သုံး စကားနဲ့ ဖြေပါတယ်။ ဘာရယ်လို့ တိတိကျကျ မတွေ့ရတော့ အချိန်ကြာလာတဲ့အခါ လိုရာဆွဲသုံး စကားတခု ဖြစ်လာပါတယ်။ ဗုဒ္ဓဘာသာဂိုဏ်းကွဲ အများစုမှာတော့ အတိတ်ကံကို စာတွေ့၊ ကိုယ်တွေ့များနဲ့ အခိုင်အမာ ဆိုပါတယ်။
ကိုယ်တိုင်လည်း ရင့်ကြက်လာတာနဲ့အမျှ ထင်သလိုမဖြစ် မထင်သလို ဖြစ်တာတွေ ကြုံပေါင်း များလာတော့ ကံကိုအလေးအနက် စဉ်းစားလာပါတယ်။ ခံခဲ့ရတာတွေပြန် ကြည့်လိုက်တော့ အားပါးပါး မနည်းမနောပါလား။ ဘဝဆိုတာ ဖြစ်ချင်သလို ဖြစ်နေတာ၊ လူအုပ်ထဲကို ခဲပစ်လိုက်သလို ထိချင်တဲ့သူ ထိတာ ဘာဆန်းလဲဆိုတဲ့ စိတ်ရိုင်းစိတ်မိုက်တွေ ပေါ်လာပါတယ်။ ကိုယ်ရတာတွေ၊ သူများ မဖြစ်တာ၊ ကိုယ့်ထက်ပို ဖြစ်ထိုက်သူတွေကိုကျော်ပြီး ဖြစ်ခဲ့တာတွေ ရှိပြန်တော့ ကံဆိုတာ ဒါပဲထင်ပါရဲ့လို့ ဆင်ခြင်မိ ပြန်ပါတယ်။
အချို့က ကံနဲ့ပတ်သက်လို့ ကျုပ်အခု ဒန်ပေါက်စားနေတာကံလား၊ ဆိုဒါသောက်တာကံလား လို့စောဒက တက်ပါတယ်။ စားသောက်နေတာ ကံမဟုတ်၊ စားစဉ်သောက်စဉ် ပြုလိုက်တဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုများသည် ကံဖြစ်သွားပါတယ်။ စားသောက်ဖို့ လုံလောက်တဲ့ငွေကြေး၊ ကျန်းမာရေး၊ အခြေအနေ စတာတွေဟာ အတိတ်ကပေးတဲ့ ရပိုင်ခွင့်တွေပါ။ အတိတ်ကံဆိုတာကို ကျဉ်းမြောင်းစွာ ဘောင်မခတ်ဘဲ လိမ္မာသလို စီမံကွပ်ကဲ နိုင်ပါတယ်။ လုပ်တိုင်း ရုပ်ဝတ္ထုဆန်ဆန် ရလဒ်ထွက်မယ်လို့ ယူဆ၍မရ။ စိတ်ကြောင့်ဖြစ်ရတဲ့ ကာယကံ၊ ဝစီကံ ဒုစရိုက်တွေကို တားဆီးနိုင်ပြီး အတိတ်ကြောင့် ပစ္စုပ္ပန်ဆင်းရဲမှု၊ ပစ္စုပ္ပန်ကြောင့် အနာဂတ် ဒုက္ခဆင်းရဲများကို ပယ်သတ်ပြီး ချမ်းသာစွာ ရှေ့ခရီးဆက်ဖို့ လမ်းပွင့်ပါတယ်။ ဆင်းရဲချမ်းသာဆိုတာ ရုပ်ဝေဒနာအပေါ် ခံစားသတ်မှတ်တဲ့ သိမှုနာမ်နဲ့ဆိုင်လို့ စိတ် ထားတတ်ရင် အတိတ်ကံကို ခံနိုင်ရည်ရှိ၊ သက်သာရာရှာနိုင်၊ ပြင်လို့ရတယ်လို့ ဆိုလိုပါတယ်။
ဘုရားဟော အထောက်အထားတွေ ရှာကြည့်တော့ အတိတ်ကံသည် အဓိက ဆိုတာတွေကို များစွာ သွားတွေ့ပါတယ်။ ထင်ရှားတဲ့ တခုကတော့ ကံသာအမိ ကံသာအဖ အရာရာသည် ကံအတိုင်း ဆိုတဲ့ စာပိုဒ်ပါတဲ့ အဘိဏှသုတ်ပါ။ နောက်တခုက သဒိတ္ထမင်းသား ဘုရားလောင်းတော်ကို မွေးတော့ မင်းဆရာ အာဠာဝီရသေ့ကြီး (အမည်မှားလျင်ခွင့်လွှတ်ပါ) ငိုတယ်၊ သူ့မှာ ဘုရားပွင့်တဲ့အခါ ဖူးရဖို့ အတိတ်ကံမပါ လွဲရမှာ မိုလို့ပါ။
ညဏ်နဲ့ဝီရီယအတွက် ပိဋကတ်တော်ကျမ်းဂန်များမှာ ထင်ရှားတဲ့ ဖြစ်ရပ်နှစ်ခု တွေ့ပါတယ်။ ဘုရားဒေသစာရီကြွချီတော့ လမ်းမှာတွေ့တဲ့ သူတောင်းစားအို လင်မယားသည် အတိတ်ပါရမီ ရှိခဲ့လို့ အရွယ်မနှောင်းခင် တရားကျင့်ခဲ့ရင် အရိယာ အဆင့်ဆင့်ဖြစ်တယ်၊ စီးပွားရှာလျင် သူဌေးအဆင့်ဆင့် ဖြစ်ခွင့်ရှိတယ်။ အခုတော့ အချီးအနှီးလို့ မိန့်ပါတယ်။ နောက်တခုက သူဌေးကြီးတဥိးရဲ့ သားသည် လုပ်ဖွယ်ကိစ္စရှိလို့ ဘုရားကို ရှိခိုးရုံသာရှိခိုးပြီး တရားမနာဘူး။ သူ့မှာ သောတာပန်ဖြစ်ဖို့ ပါရမီရှိပေမဲ့ ညဏ်မဖြစ်ဘဲ ကံသာဖြစ်သွားပါတယ်။ အရိယာဖြစ်ခွင့်ဆိုတာ အလွန်အားကြီးတဲ့ အတိတ်ကံ တခုပါ။ ကံရှိပေမဲ့လည်း ညဏ်နဲ့ဝီရိယ မသုံးတတ်တော့ လွဲရပါတယ်။
အထက်မှာ ဆွေးနွေးခဲ့တဲ့ သာဓကတွေမှာ ပစ္စုပ္ပန်ညဏ်၊ ဝီရိယရှိတိုင်းလည်း မရ၊ အတိတ်ကံ ရှိတိုင်းလည်း မဖြစ်ဆိုတာ တွေ့ရပါတယ်။ သုံးခုပေါင်းမှ ဖြစ်တယ် ဆိုပြန်တော့လည်း ဘုရာဟောများ၊ ထင်ရှားတဲ့ ဆရာတော်များ၊ ရဟနာ္တ ပုဂ္ဂိုလ်ထူးများရဲ့ စကားတွေမှာ အတိတ်ကံကို အဓိက အားပြု အကြောင်းအကျိုး ပြဆိုကြောင်း တွေ့ရမှာပါ။ သိနိုင်ဖို့ အဘိညဉ်တန်ခိုး မရှိလို့ သဒ္ဒါတရား ရှေ့ထား လက်ခံတာကလွဲရင် တခုတည်းသောလမ်းက သမထ၊ ဝိပဿနာ တရားကို ကိုယ်တိုင် ကျင့်ကြံတာပဲ ရှိပါတယ်။ အားထုတ်လို့ သမထ နမိတ်အာရုံ၊ ဒါမှမဟုတ် စိတ်ရဲ့ပြောင်းလဲလာမှုကို ခံစားမိပြီဆိုရင် စိတ်ရဲ့အလုပ် စိတ်၏စွမ်းအင်ကို လက်ခံရကောင်းမှန်း သိလာပါသည်။ သမာဓိ (သို့) ပညာကြောင့် အတိတ်ကံသည် ဘာလဲ၊ ဘာကြောင့် မေးခွန်းတွေကို ဆိုလိုရင်း နားလည်လာပါမယ်။ လက်တွေ့မပါ ဝေဖန်ပိုင်းခြားနေရုံနဲ့ ကတော့ တွေးလေဝေးလေ ဖြစ်ဖို့သာရှိကြောင်းပါ။

11 comments

  • weiwei

    December 12, 2010 at 6:40 am

    ယခုဘဝမှာ သမထ ဝိပသနာကို အားထုတ်ဖို့ အကြောင်းတိုက်ဆိုင်လာတယ် …. အားလဲ အားထုတ်ဖြစ်တယ် .. အားထုတ်သလောက်လဲ တရားထူး ရပြီဆိုရင်တော့ အဲဒါက အတိတ်ကံပဲပေါ့ … အတိတ်က ဘဝအဆက်ဆက် ထပ်ခါတလဲလဲပြုခဲ့တဲ့ကောင်းမှုကံနဲ့မှ ကံရဲ့သတ္တိကို နားလည်နိုင်တာမဟုတ်လား …
    ဒီအတိုင်း စာဖတ်ပြီး နားလည်တယ် … ဘုရားဟောခဲ့တာမှန်တယ်ဆိုပြီး လက်ခံတာကတော့ ပညာအစစ်မဖြစ်လို့ မှတ်ကျောက်တင်ခံနိုင်မယ်လို့ မထင်ပါ …
    ဦးကြီးကြောင်ရေးသလိုပဲ သမထ ဝိပသနာတစ်ခုခု အားထုတ်ပြီး ပညာအသိနဲ့ လက်ခံနိုင်ကြပါစေလို့ ထပ်လောင်းပြီး ဆန္ဒပြုချင်ပါတယ် …

  • kai

    December 12, 2010 at 8:00 am

    ကံ၊စိတ်၊ဥတု၊အဟာရတဲ့..။
    ကံက… ၄ပုံတပုံပဲ.။
    ကံကို မှ..အစိတ်စိတ်..တရားတွေမှာခွဲပြထားတယ်..။
    သချာင်္ရဲ့..တွက်ကိန်း.ဖက်တိုရီရယ်နဲ့ချကြည့်ရင်… ဘာကိုမှမခန့်မှန်းလောက်နိုင်အောင်ဖြစ်နိုင်ချေတွေများလွန်းလှပါတယ်..။

    ဆိုတော့..။
    ကိုယ်ကလည်းဘာမှလုပ်မရ..သူကလည်းဖြစ်ချင်ရာဖြစ်လာမဲ့.ကံလောကမှာ..
    ဘုရားလက်ထက်က..ဇတ်လမ်းဥပမာတခုဖြစ်တဲ့..
    ဘယ်ကလာသလဲ..မသိပါဘုရား..။
    ဘယ်ကိုသွားမှာလည်း…မသိပါဘုရား..
    သိပါသလား..သိပါတယ်ဘုရား..
    ဆိုတဲ့အတိုင်းယူတာက…ကောင်းမယ်ထင်မိပါတယ်ခင်ဗျ..။

    ပြောချင်တာက…လုပ်ချင်တာကို… ပစ္စုပ္ပန်တည့်တည့်မှာ…ညဏ်နဲ့ချင့်ချိန်ပြီး… လုပ်သင့်တာကိုလုပ်ဖို့ပါပဲ.. 🙂

  • weiwei

    December 12, 2010 at 8:05 am

    ကံ၊စိတ်၊ဥတု၊အဟာရ ဆိုတာ ရုပ်ဖြစ်ပေါ်လာမှု အကြောင်းရင်းတွေကိုပြောတာပါ …
    ရုပ်မှာ .. ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်နဲ့ အာဟာရရုပ်ဆိုပြီး ခွဲခြားပြထားတာပါ …

    အသိဉာဏ်နဲ့ မသက်ဆိုင်ပါဘူး ..
    ကံရဲ့အကြောင်းကို နားလည်နိုင်တဲ့အသိဉာဏ်ရဖို့ကတော့ သီလ၊ သမာဓိ၊ ပညာ ၃ ပါး မပြည့်စုံပဲ မည်သို့မှ မသိနိုင်ပါကြောင်း …..

  • kai

    December 12, 2010 at 9:02 am

    ဆရာမမဝေရယ်..။
    ဝိပဿနာ အနေနဲ့ပဲကြည့်ကြမယ်ဆိုပါစို့..။
    ရုပ်၂၈ပါး ထဲ ဝိပဿနာရှုရမယ့်နိပ္ဖန္နရုပ်၁၈ပါးကကံ၊စိတ်၊ဥတု၊အာဟာရကြောင့့်ဖြစ်တာလေ..။
    ဘယ်လိုလုပ်မသက်ဆိုင်လို့ရမလည်း..။

    ထားပါတော့…။
    မန်းလိုက်တာရဲ့…ဆိုလိုချင်ရင်းက…
    ဆိပ်လူးမြားမှန်တဲ့အခါမှာ..ဘယ်သူလွှတ်သလဲ..ဘယ်ကလာသလဲ…
    ဘယ်နယ်ကလည်း..အလယ်ကလူလား..စကားဝဲသလား.. လိုက်မတွေးမိပဲ..အဆိပ်ပြေအောင် ပစ္စုပ္ပန်တည့်တည့်မှာတွေးတောကြံဆကျင့်ကြံလုပ်ကြဖို့ပါပဲ..။
    ကြောင်ကြီးရဲ့ပို့စ်ကို ဖြည့်တွေးဆွေးနွေးတာပါ..။

  • weiwei

    December 12, 2010 at 9:08 am

    ကံဆိုတဲ့ စကားလုံးတစ်လုံးကို ရှင်းအောင်ရေးဖို့က ၁ဝ ဖိုးမန်းရုံနဲ့ ဘယ်လိုမှ မပြည့်စုံနိုင်လို့ မည်သို့ပဲတွေးတွေး တွေးသူရဲ့ အသိဉာဏ်အတိုင်း အမှန်ဖြစ်တယ်လို့ပဲ ဖြည့်စွက်ချင်ပါတယ် …

  • kai

    December 12, 2010 at 9:16 am

    ဟုတ်ပါတယ်…။
    ခရစ်ယန်၊ အစ္စလမ်ဘာသာတွေမှာတေ့ာ.. ကံဆိုတဲ့စကားလုံးရဲ့ အနှစ်သာရသဘောတရားကို … ထာဝရဘုရားသခင်ရဲ့အလိုတော်အတိုင်း ဆိုပြီး..တကြောင်းထဲနဲ့ဖြတ်ပါတယ်..။ ကမ္ဘာ့လူဦးရေ သန်း ၄၀၀၀+က ဒီလိုပဲယုံကြတယ်လို့ … တွက်မိပါတယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 12, 2010 at 2:14 pm

    အင်း…………….
    အင်းးးး
    အင်း……………….
    ဒီလိုလူတွေနဲ ့ဆုံတွေ ့ရသည်ကပင် ကျွန်ုပ်၏ကံပေတည်း
    တော်တော်လည်း ပြောရဲဆိုရဲရှိကြလေကုန်၏တကား။

  • ဆူး

    December 12, 2010 at 2:57 pm

    အတိတ်ကံ ယခု လက်ရှိ ပြုလုပ်နေတဲ့ ကံ နှစ်ခုကို အရင် ဆွေးနွေးရအောင်.. နောက်ဖြစ်လာမဲ့ ကံကတော့ အတိတ်နဲ့ ယခု လုပ်ရပ်ပေါ်မူတည်နေတဲ့ အတွက်ဖြစ်ပါတယ်။ ရဟနာ္တဖြစ်မဲ့ လူမို့ တရားအားထုတ်တယ် ဆိုတာ ခဏ ဘေးဖယ်ထား ကြရအောင်.. ပြောရင်း မရှုပ်ရလေအောင်..
    ကံ စိတ် ဥတု အာဟာရ
    ကံ သည် လေးပုံ တစ်ပုံ မျှသာ ဖြစ်သည်။
    လေးပုံ တစ်ပုံ ရဲ့ ကံထဲမှာ အတိတ် အကျိုးပေးနဲ့ ယခုလက်ရှိ လုပ်နေတဲ့ အကျိုးပေး ပေါင်းစပ်ပါဝင်နေပါတယ်။
    စိတ်
    လူသတ်ချင်တာလည်း စိတ်ပါဘဲ.. မေတ္တာထားတာလည်း စိတ်ဖြစ်နေပါတယ်။ စိတ်ကလည်း ကံကို ဖြစ်အောင် လုပ်ပေးပြန်ပါကော.
    ဥတု
    ရာသီဥတုကို ပြောချင်း ဖြစ်ပါတယ်။ လူတွေ အတွက်ကတော့ ဥတု ဆိုတာကြီးကို မလွဲ မသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အေးလွန်းတော့လည်း လေးလံ ထိုင်းမှိုင်း အတိတ်ကံ ရှိပေမဲ့ အလုပ်လုပ်ချင် စိတ်မရှိ.. မဖြစ်မြောက်နိုင်ဘူး။
    ပူလွန်းတော့လည်း ချွှေးတလုံးလုံးနဲ့ မောပန်းနွမ်းနယ်နေလို့ အလုပ် မလုပ်ဖြစ်ဘူး.. အတိတ်ကံ ရှိပေမဲ့ ထိုလူ မအောင်မြင်ဘူး။
    ရာသီ ဥတု သာယာတော့လည်း သာယာလို့ပါ ဆိုပြီး ပျင်းရိခြင်း ၆ပါးကို တခုခုနဲ့ ငြိနေလို့ကတော့ အတိတ်ကံ ဘယ်လောက် ကြီးကြီး ယခုလက်ရှိလုပ်နေတဲ့ ကံက သိမ်ဖျင်းစေတာပါ။
    အာဟာရ
    ရသာ ၆ပါး မျှတအောင် စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာ ဇီဝ သမ မျှတ မှု ရရှိနိုင်ပါမယ်။ အချို စားလွန်းလို့ ဆီးချိုဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ယခုဘဝ အလုပ် ဖြစ်တဲ့ ကံကို ထိခိုက်စေပါတယ်။ ဥပမာ ဆေးရုံတက်ရရင် ငွေကုန်မယ် စုမိဆောင်းမိတာတောင် ပြောင်သွားနိုင်တယ်။ အတိတ်က ကြီးပွားကံ ပါသော်ငြား အဟာရ မျှတအောင် မထောက်ပံလို့ ရုပ် ပျက်စီးပြီး ကြီးပွားမှု ကိန်းမဆိုက်နိုင်ဘဲ ငေးမှိုင်နေရပါမယ်။ ထိုနည်း တူစွာ အဆီတွေ စားလွန်းတော့ အသဲ ရောဂါ ဖြစ်ပြန်ကော.. ဒီထဲမှာ တခု ထူးခြားတာက.. သွေးတိုးရောဂါဘဲ.. အစားအသောက်က လူကို ဥပါဒ် ဖြစ်စေသလို စိတ်ကြောင့်လည်း ဖြစ်စေ ပြန်ကော.. ဒေါသကြီးတဲ့ လူ သွေးတိုးတယ် လူတိုင်း သိပါတယ်။ အဟာရ မျှ တအောင် မစားလို့ ရောဂါထူပြော နိုင်သလို စိတ်ကြောင့်လည်း ရောဂါတွေ ဖြစ်နိုင်ပါတယ်။
    သေချာ ပြန်သုံးသပ်ကြည့်တော့ လူတယောက် အတိတ်ကံ အကျိုးပေးကြောင့် ဒေါသကြီးပြီး သွေးတက်နေသလော.. အဟာရကြောင်း သွေးတက်သလော..
    အတိတ်ကံမှာလည်း ကံသတ္တိရှိသလို ယခုလက်ရှိကံမှာလည်း သတ္တိရှိပြန်ကော..
    လူတယောက် သွေးတက်လွန်ပြီး ဦးနှောက်သွေးကြောပိတ်ဆို့ လေဖြတ်သွားမယ် ဆိုရင်တော့.. ယခုကံ အကျိုးပေးလို့ တက်အပ်မပြောနိုင်သလို အတိတ်ကံ အထောက်အပံ့ ပါနေလေမလား.. အဟာရ မျှတအောင် မစားသုံးခြင်းက အတိတ်ကံ အကျိုးပေး ဖြစ်နေမလား။ ဥပမာ အားဖြင့် ဘုန်းကြီး တပါး ဆိုပါတော့ အဟာရ မျှတအောင် စားချင်ပါရဲ့ ကပ်တဲ့ ဒကာက ဒညင်းသီး ငပိ ဒူးရင်းသီး အုန်းသီးတွေဘဲ နေ့တိုင်းကပ်နေမယ်။ ဘယ်လောက် ဒဏ်ခံနိုင်မလဲ.. ရွေးချယ်ပိုင်ခွင့်မရှိပြန်ဘူး။ လူဖြစ်ပြန်တော့လည်း ရွှေးချယ် စားသုံးပိုင်ခွင့် ရှိပါရဲ့.. စိတ်ကို မနိုင်တော့ ဒညင်းသီး အလုံး ၂၅ တထိုင်တည်း ပြုတ်စားပြီး ဆေးရုံမှာ လေဖြတ်ပြီး မလှုပ်နိုင်လို့ ရောက်သွားပါ၏။ ဦးနှောက်မပါဘူး လို့ မထင်နဲ့.. သိတာက သိတာဘဲ.. စိတ်က တောင်းဆိုတော့.. စိတ်ကို မနိုင်တော့ စားမိသွားတာ..
    စိတ်ဆိုတာကလည်း အတိတ်ကံ တောင်းဆိုမှုကို လိုက်သွားတတ်ပေမဲ့ ဉာဏ်နဲ့ ထိန်းကွပ်ပေးရင် ယခုကံ ကောင်းနိုင်ပါတယ်။
    ဥပမာ နဲ့ ထပ်ပြောရရင်.. ဆိတ်ကလေး ခေါင်းပြတ်သေမဲ့ကံ ရှိပါ၏။ ဆိတ်က ခေါင်းဖြတ်မဲ့လူကို ကြည့်ပြီး ရီတယ်။ ငါအခုလို သေတာ နောက်ဆုံးဘဲ မင်းကတော့ အစ ဆိုတော့.. သတ်မဲ့လူ အတိတ်ကံ စေ့ဆော်မှုကို ကျော်လွန်ပြီး ဉာဏ်နဲ့ တားမြစ် လွတ်ပေးလိုက်တယ်။ အတိတ်ကံ ပါတဲ့ ဆိတ်ကလေး ခေါင်းဖြတ်မဲ့သူ မရှိလေတော့.. လွတ်ပြီမထင်နဲ့ တောင်စောင်းမှာ သစ်ရွက်စားရင် ကျောက်တုံး ပြုတ်ကျ ခေါင်းပြတ်သေတယ်လို့ ဖတ်မိဘူးပါ၏။

  • antimoe

    December 12, 2010 at 3:11 pm

    အနုတ်ကိုအနုတ်နဲ့ပေါင်းရင် အနုတ်တွေပဲ ပွားပါတယ်။
    အနုတ်ကို အပေါင်းဖြစ်စေဖို့ရာ အနုတ်နဲ.မြှောက်ရပါတယ်။
    ဆိုလိုတာက ဆန့်ကျင်ဖက်လားရာသို့ ယခင်ထက်အဆပိုသွားဖို့ပါ။
    ဆိုးတဲ့ကံတွေအကျိုးပေးလာပြီဆိုရင် ကောင်းတာတွေအဆပို အားထုတ်ဖို့လိုပါတယ်။
    ကံ၊ ကံရဲ့အကျိုးကို ယုံကြည်ပြီး အလုပ်လုပ်တဲ့အတွက် ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ အကျိုးရှိမှာပါ။

  • bigcat

    December 12, 2010 at 6:32 pm

    ကံကိုပြင်တယ်ဆိုတာ စိတ်ထားတတ်ရင် ရနိုင်ပါတယ်။ ရုပ်ဝတ္ထုဆန်ဆန် ဆင်းရဲနေတာကို ချမ်းသာဖို့၊ မကျန်းမာရာမှ နေကောင်းလာဖို့ ဆိုတာကတော့ ရသူလည်းရှိ မရသူလည်းရှိပါတယ်။ ရသူတွေကြတော့ ဘယ်နည်းဘယ်ပုံလုပ်ရင် ကံဆိုတာ ပြင်လို့ရတယ်၊ မရသူတွေကြတော့ရော ဘာကြောင့်ပါလဲ။ ဒီလိုဆို အတိတ်ကံဖက်ကို လှည့်ဖို့ပဲရှိပါတယ်။
    ကံဆိုတာ ပြင်ဖို့ခက်ပါတယ် ပြောသလောက်မလွယ်ပါ။ စိတ်ထားတတ်ရင်တော့ ဖြစ်ပါသည်။ လောကဓံအဆိုးကို ပြောင်းလဲခြင်းသင်္ခါရ ပစ္စုပ္ပန်ဆတ်ဆတ်လေးလို့ စိတ်ပြောင်းခံနိုင်ရင် ဖြစ်ခြင်းပျက်ခြင်း တူသွားလို့ ခံနို်င်ရှိပါသည်။ အတိတ်ကံကြောင့် အဆိုးကြုံပေမဲ့ မခံစားရတော့။ အကောင်းကြုံလို့လည်း အကုသိုလ် မဖြစ်တော့။ ဒါလက်တွေ့အကျဆုံးလို့ ထင်ပါသည်။ စာလိုတော့ လူတိုင်းသိပါသည်။ တကယ်တမ်းတွေ့တော့ အလေ့အကျင့် မလုပ်ထားရင် ဘယ်တော့မှမရ။ စိတ်ထားတတ်ဖို့ အလေ့အကျင့် လုပ်ခြင်းကို တရားမှတ်သည်ဟု ပြောနိုင်ပါသည်။

  • maungmoenyo

    December 13, 2010 at 1:12 am

    ကံလို့ဆိုကြရာမှာ…..ဖြစ်ဖြစ်သမျှ၊တည်တည်သမျှအရာအားလုံးရဲ့စက္ကန့်မလပ်ပြောင်းလဲနေတဲ့ “ဖြစ်ပျက်”ရဲ့တရားကြောင်းအရ ကံကိုအချိန်နဲ့သတ်မှတ်ရာမှာ…အတိတ်ဆိုတာ..လွန်ခဲ့တဲ့စက္ကန့်ပိုင်းကဖြစ်သွားပြီးခဲ့တဲ့ဟာကိုလဲဆိုလိုကြောင်းသတိပြုကြပါ…။ အတိတ်ဆိုတာလွန်လေပြီးခဲ့သောဘဝအသချေင်္အသချင်္ာကစပြီးခုလက်ရှိဘဝရဲ့ ပြီးခဲ့တဲ့စက္ကန့်ပိုင်းအထိအကြုံးဝင်ပါတယ်။ အကျိုးပေးသန်ရာသန်ရာပေါ်မှာမူတည်ပြီးပြန်အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ခုဘဝမှာမကောင်းမှု(သို့)ကောင်းမှုလုပ်လို့နောက်ဘဝအထိစောင့်ပြီးအကျိုးပေးမယ်လို့မထင်လိုက်ပါနဲ့။
    ရုပ်(၂၈)ပါးမှာပါတဲ့ မဟာဘုတ်ဓါတ်ကြီး(၄)ပါးနဲ့၊ ဥပါဒါရုပ်(၂၄)ပါးကလွှမ်းခြုံထားတဲ့ ဝဏ္ဏ၊ဂန္ဓ၊ရသ၊ဩဇာ နဲ့အာဟာရတို့ပါတဲ့ရုပ်အပြားများ (အနိပ္ဖန္န နှင့်နိပ္ဖန္န လို့ခေါ်တဲ့အကျိုးမပြီးစေသော နှင့်အကျိုးပြီးစေသောရုပ်ကြီးများ) ကစီမံခံရပါတယ်။ စိတ်အပြား(၈၉)ပါးရုပ်ပေါ်မှီပြီးအညမညဖြစ်စဉ်သဘောအရ ဖြစ်တယ်၊ တည်တယ်၊ ချုပ်ပါတယ်။ စိတ်၊စေတသိက်၊ရုပ် နဲ့ နိဗ္ဗာန် တို့ရဲ့ ပရမတ်သဘောကိုလိုက်ကြသိကြရပါတယ်။ အချုပ်ပြော၇ရင်၊ ကံအကျိုးဆက်ဟာဘဝကူးတဲ့အထိစောင့်စရာမလိုယုံမကအရင်စက္ကန့်ကလုပ်တဲ့အလုပ်ကိုနောက်စက္ကန့်မှာအကျိုမပြုဘူးလို့မဆိုနိုင်ကြောင်းပါ။

Leave a Reply