မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ့ရပုံ
(29/11/2010) နေ.ကမဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရား မျက်လုံးတော်ပွင့်သည်ကို မေလ်မှ ပေးပို့ထားတာလေးကို ကြည်ညိုရအောင် မျှဝေခြင်းဖြစ်ပါတယ် ဘုရားရှင်တော်
သပ္ပါယ်စွာ ကြည်ညိုဖွယ်ရာ ဖူးမျှော်ကြစို့လား ။
ဒါကတော့ ဓါတ်ပုံလှဲ့စားချက်လည်းဖြစ်နိုင်သလို တစ်ကယ်အမှန်ထူးခြားဆန်းကျယ်တာလဲဖြစ်နိုင်ပါတယ်
ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ပုံတော်ကိုပုံတော်အတိုင်းပဲ ဖူးစေချင်ပါတယ်။
13 comments
Cuper
December 14, 2010 at 7:16 am
thanks
search123
December 14, 2010 at 8:35 am
ထူးခြားတဲ့ ပုံတော်ကို တင်ပေးတဲ့ အတွက် ကျေးဇူးပါ။
etone
December 14, 2010 at 8:39 am
nwl ကနေ နွယ်ပင်ပြောင်းလိုက်တာကိုး … ။ ပုံကလေ ဖိုတိုရှော့လိုထင်ပါတယ် မေးလ်ထဲမှာရတာ နှစ်ခါရှိပါပြီ ။
နွယ်ပင်
December 14, 2010 at 9:36 am
ဟုတ်ပ အီးတုံးရယ် nwl ဆိုပြီး ဘာမှန်းမသိ အတိုကောက်ကြီး ဖြစ်နေတယ်ဆိုပြီး မသိကြတော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ပေးထားတဲ့ နာမယ်လေး သတိရတာနဲ့ ပြောင်းလိုက်တာပါ . (ရစ်တက်လွန်းလို့တဲ့လေ) ပုံကဖိုတိုရှော့လို့တော့ ထင်တာပဲလေ ဒါပေမဲ့ ဟုတ်မဟုတ် မသိတော့ ဒီအတိုင်းလေးရေးပြီးတင်လိုက်တာပါ …
kai
December 14, 2010 at 8:45 am
အဲဒါမျိုး ..သဒ္ဒါလွန်ပြီး ..ကွန့်ရင်းလုပ်ရင်းလုပ်ရင်း.. နောင်၄-၅-၁ဝနှစ်ကျတော့ အမှန်ဖြစ်သွားရော..။
မသိတဲ့..တောသူတောင်သားတွေကတော့ ..မစဉ်းစားနိုင်ကြတော့ပဲ..တန်းထိုင်ကတော့ကြတာပေါ့..။
ဒီလိုနဲ့.. ဗုဒ္ဓဘာသာ သာသနာလည်း … တခြားဘာသာဝင်တွေအထင်သေးစရာဖြစ်လေရော..။
R Ga
December 14, 2010 at 8:54 am
သေချာတာကတော့ ဘုရားပွဲတွေမှာ ဒီပုံလေးတွေကို ပလတ်စတစ် လောင်းပြီးရောင်းကျဦးမှာပဲ..။
နွယ်ပင်
December 14, 2010 at 9:38 am
အင်း အခုလောက်ဆိုရောက်နေလောက်ပြီထင်တယ် ကိုအာဂရေ ….
paukpauk
December 14, 2010 at 12:35 pm
မလုပ်သင့်ကြပါဘူး။
ဘာသာရေးမှေးမှိန်အောင်။
nyimalay
December 14, 2010 at 1:26 pm
ဟုတ်ပါတယ် ဓါတ်ပုံလှည့်စားချက်ဖြစ်ပါတယ် မေလ်းထဲရောက်လာတာ 3 ခါလောက်ရှိပါပြီ……..စကားမစပ် မမအီးတုံးက အသက်ဘယ်လောက်လည်းလို့မေးတာမဖြေချင်လို့မဖြေတာလားဟင် 🙂
etone
December 15, 2010 at 2:18 am
မဟုတ်ရပါဘူး nyimalayရေ … အီးတုံးကို ဘယ်တုံးက အသက်မေးတာလဲ မှတ်တောင်မမှတ်မိတော့ဘူး ။ အသက်က 25 ပြည့်တော့မယ် … ရက်ပိုင်းလိုသေးတယ် ။ရှူး…တိုးတိုး… အသက်ကြီးလာတာ ဘယ်သူမှမသိစေနဲ့နော် ။
unclegyi1974
December 14, 2010 at 2:42 pm
photoshop ကြီးပါ သေချာပါတယ်
မန်းသားကိုပေါက်ကဒီလိုသတင်းမျိုးသေချာရင်
ရှေ့ဆုံးကတင်မှာပေါ့
ဟုတ်တယ်ဟုတ်ကိုပေါက်
နောက်တခုပြောချင်တာကဘယ်သူလုပ်တာလဲ
မသိဘူးပေါ့လေပညာသင်ရင်းလက်စမ်းထားတာ
လည်းဖြစ်နိုင်တာဘဲ ဒါပေမဲ့မလုပ်သင့်ဘူးဆိုတာ
တော့ပြောချင်ပါတယ် ဘာသာခြားတွေပြောစရာ
ဖြစ်တာပေါ့
pan pan
December 15, 2010 at 2:53 am
ပညာသင်ရင်းလက်စမ်းထားတာဆိုရင်တော့ တခြားပုံနဲ့ စမ်းတာပိုကောင်းတာပေ့ါ။ ခုတော့..
koyinmaung
December 16, 2010 at 9:56 pm
အီတုံက၂၅ကနှစ်ပြည့်ဘို့တရက်လိုဆိုတော့ ဒေါ်ဝေနဲ့ဆို၁ဝလေါက်ငယ်ပါသေးတယ်ကွယ်။။