မြန်မာအမျိုးသမီးတဦးအား အဓမ္မ ပြုကျင့်သူ မိပြီ

kaiDecember 16, 20105min30814

Sex offender accused of daytime rape

ALBANY – A convicted rapist is charged with the same crime 21 years after his last one, police said.

It was a crime that shocked the city just over a week ago. At the time, the vague description of the suspect was that he was wearing a “brown sweatshirt.” Now, police say the prime suspect in this case lived just a few blocks away and had only been out of prison for six months.

Keith Dare, 38, is a Level-3 registered sex offender who is now charged with the rape of a 21-year old woman from Myanmar.

On November 29th, a man knocked on the door of her basement apartment just after she returned from the market. When she answered, he forced his way in, stuffed a rag in her mouth and dragged her to a bedroom, threatening to kill her and her son and then robbing her. It was 9:30 in the morning.
Police say Dare is that man.

DNA evidence led police and the U.S. Marshal’s to make the arrest around 10:00AM Wednesday morning outside his apartment on Osborne St. Neighbors didn’t want to talk with NewsChannel 13 when we stopped by Wednesday evening and said no one else was home.

Dare was in the system because back on June 6, 1989, the then 17-year old forced his way into a South End apartment, raping and robbing a 74-year old woman, threatening to kill her if she didn’t do what he said. It was also 9:30 in the morning.

“I remember the case very well,” said attorney Paul DerOhannessian, who was an Albany County Assistant District Attorney in the Sex Crimes Unit then. DNA and a line up led to a plea bargain of 7-21 years. The woman didn’t want a trial, he said.

“He seemed very detached from reality,” DerOhannessian said about his dealings with Dare. “I think that’s going to be required in many situations where people commit very heinous crimes. There has to be a detachment from their conscience, there has to be a detachment from what they are doing.”

Dare was released from prison on June 4 after serving the maximum. He was out without supervision, which is standard.

DerOhannessian says the act then, and the case now, is done without common sense, hard to understand, treat and correct.

“One thing we know is certainly incarcerating and warehousing, all it does is making sure that person doesn’t reoffend while they’re incarcerated,” DerOhannessian said. “It does nothing to insure that they won’t reoffend when they get out.”

“It had to be a really scary situation for her,” said Det. James Miller of the Albany Police Dept. “Today, hopefully gives her some relief. I’m sure it’s traumatic for her and hopefully she is getting the support she needs to get through this.”

Detectives are currently looking at open cases to see if Dare is connected to any other crime, including this past Sunday morning’s rape of a UAlbany student who was walking home on Quail Street around 3:30AM.

The President of the New York State Alliance of Sex Offender Service Providers, who works with probation and parole, says numbers show that between 12%-24% will be reconvicted within 10 years. He says if offenders are reintegrated into society the risk of offending goes down.

“We really need employers to give them that first break,” said Dr. Richard Hamill. “Now, this is a tough economic time for employers to do that, but I really hope more employers understand that it really enhances community safety for them to give that chance to these folks.”

Since 2007, prisons have offered programs for rehabilitation, however, sex offenders can simply choose not to take them.
Source: http://wnyt.com/article/stories/S1873082.shtml?cat=300
===================================================
http://www.ktimes.org/ မှဆက်စပ်သတင်း…
အမေရိကန်မှ ကရင်နီအမျိုးသမီးတဦး အဓမ္မ ပြုကျင့်ခံရ
ရေးသားသူ – အောလို
ဗုဒ္ဓဟူးနေ့, 15 ဒီဇင်ဘာလ 2010 21:53

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (Albany)မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီအမျိုးသမီးတဦးအား ယခုလ ၂ ရက်နေ့က အမည်မသိ အမေရိကန်နိုင်ငံသား လူမည်းတဦးမှ အဓမ္မ ပြုကျင့်ခဲ့ကြောင်း အာလ်ဘာနင်မြို့၌ နေထိုင်သူ ကရင်နီအမျိုးသားတဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမေရိကန်သို့ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်သော ၎င်းကရင်နီအမျိုးသမီးတဦးသည် ကလေးနှစ်ယောက် ရှိပြီဖြစ်ပြီး ၎င်းယောင်္ကျားက အလုပ်သွားရောက်လုပ်ကိုင်နေစဉ် ထိုအမေရိကန်နိုင်ငံသား လူမည်းတဦးမှ သူမ နေထိုင်ရာ တိုက်ခန်းထဲ၌ ဝင်ရောက်ကာ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

“သူ့ယောင်္ကျားက အလုပ်သွားလုပ်နေတဲ့ အချိန်မှာ အဲဒီလူမည်း တယောက်လာ လာပြီး တံခါး ခေါက်တယ်တဲ့။ နောက်ပြီး သူ့ကလေးက တံခါးကို သွားဖွင့်လိုက်တာ။ တံခါးဖွင့်တဲ့ အချိန်မှာ အဲဒီ လူမည်းက ဝင်လာပြီး သူ့မျက်နှာကို ရိုက်တယ်။ နောက်ပြီး မုဒိန်းကျင့်တယ်တဲ့” ဟု အထက်ပါ ကရင်နီအမျိုးသားတဦးက ပြောသည်။

ထိုလူမည်းတဦးသည် ကရင်နီအမျိုးသမီးတဦးအား မတရား ပြုကျင့်ခဲ့သည့်အပြင် ပိုက်ဆံများကို ထပ်မံတောင်းယူပြီး အမျိုးသမီး နေထိုင်သည့် တိုက်ခန်းထဲမှ ထွက်သွားခဲ့ကြောင်း ဆိုသည်။
Ref: http://www.ktimes.org/

14 comments

  • weiwei

    December 16, 2010 at 9:01 am

    ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပါပဲလား …

  • ဆူး

    December 16, 2010 at 3:16 pm

    အမဲတွေက အကျင့် မကောင်းဘူး.. အလုပ်လုပ်ချင်စိတ်မရှိဘူး။ ရိုက်လုတယ် ဖျက်လုတယ် လမ်းတွေပေါ်မှာ နေကြတယ်.. ကလေးတွေ အများကြီး ဆက်တိုက်မွေးပြီး ကလေးစရိတ်ထောက်ပံ့ကြေး ရအောင် ယူနေတဲ့ အိမ်ယာမဲ့တွေ လုပ်နေကြကြောင်း နေတဲ့ လူတွေ ဆီက ကြားဘူးတာ.. လက်တွေ့မှာလည်း ဟုတ်နေလို့ နဲ့တူတယ်။

  • kai

    December 16, 2010 at 5:58 pm

    မဟုတ်ပါဘူး..ဆရာမဆူးရယ်..
    လူမျိုုးတမျိုးလုံးတော့..သိမ်းကြုံးမဆိုလိုက်ပါနဲ့..။
    သဘောပြည့်တဲ့…အမဲတွေတပုံကြီး..
    အားကစားသမားတွေ..။အဆိုတော်တွေ..။ပါမောက္ခတွေ..
    သမ္မတတောင်ပါသေး…။ 🙂

  • etone

    December 17, 2010 at 2:35 am

    အကျင့်မကောင်းတာ လွန်လွန်းတယ် ဟိုမှာတယောက်ဒီမှာတယောက် နဲ့ ။
    ထောင်ထဲကိုလည်း ဝင်လို်က်ထွက်လိုက်နဲ့ … မှတ်သားလောက်အောင် နေခိုင်းသင့်တာ ။

  • bigcat

    December 17, 2010 at 5:49 am

    လွန်ခဲ့တဲ့ ၁ဝကျော်လောက်က နယူယောက်မှာ မြန်မာအမျိုးသမီးငယ်တဦး ရှော့ပင်းမောလ်တခုကနေ ဈေးဝယ်အပြီး ကားပတ်ကင်ထားတဲ့နေရာမှာ လူတစုရဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရတယ်တဲ့။ သူအိမ်ပြန်ရောက်တော့ အဖြစ်အပျက်ကို စာတစောင်ရေးထားခဲ့ပြီး သတ်သေသွားခဲ့တယ်တဲ့။ စာထဲမှာ သူ့ကို လူမဲတစုက လုပ်ခဲ့တာလို့ရေးထားတယ်။ ရဲက ရေးထားတဲ့အတိုင်း အချိန်နဲ့နေရာကို တိုက်ကြည့်ပြီး အတည်ပြုနိုင်ခဲ့တယ်တဲ့။ ဒါပေမဲ့ တရားခံတွေကိုတော့ မမိဘူးဆိုလားပဲ။

  • bigcat

    December 17, 2010 at 5:50 am

    လွန်ခဲ့တဲ့ ၁ဝနှစ် ကျော်လောက်က နယူယောက်မှာ မြန်မာအမျိုးသမီးငယ်တဦး ရှော့ပင်းမောလ်တခုကနေ ဈေးဝယ်အပြီး ကားပတ်ကင်ထားတဲ့နေရာမှာ လူတစုရဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရတယ်တဲ့။ သူအိမ်ပြန်ရောက်တော့ အဖြစ်အပျက်ကို စာတစောင်ရေးထားခဲ့ပြီး သတ်သေသွားခဲ့တယ်တဲ့။ စာထဲမှာ သူ့ကို လူမဲတစုက လုပ်ခဲ့တာလို့ရေးထားတယ်။ ရဲက ရေးထားတဲ့အတိုင်း အချိန်နဲ့နေရာကို တိုက်ကြည့်ပြီး အတည်ပြုနိုင်ခဲ့တယ်တဲ့။ ဒါပေမဲ့ တရားခံတွေကိုတော့ မမိဘူးဆိုလားပဲ။

  • weiwei

    December 17, 2010 at 6:21 am

    ကောင်းတဲ့သူလဲရှိသလို ဆိုးတဲ့လူလဲရှိမှာပေါ့ … အမဲအများစုကတော့ မကောင်းဘူးလို့ထင်တာပဲ …
    သူတို့မှာတော်တာတစ်ခုတော့ရှိတယ် … အဲဒါကတော့ ခပ်တည်တည်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ရုပ်တွေနဲ့ … မှင်ကောင်းတယ်ပြောရမှာပေါ့ …

    တရုတ်မတွေကတော့ အမဲ ကပ္ပလီတွေကို ကြိုက်မှကြိုက်ပဲ … ….:P

  • ဆူး

    December 17, 2010 at 7:00 am

    လောကမှာ လူဆိုးနဲ့ လူကောင်း အရေအတွက်ကွာသလို ကောင်းတဲ့ လူက အဖတ်မပါတဲ့ ဟင်းရည်ကို ဇကာနဲ့ စစ်လို့ ပါတဲ့ အရေအတွက်က အူးခိုင်ပြောတဲ့ လူတော်လူကောင်းတွေ ဖြစ်နေမလားဘဲ။ သမ္မတ ပါတာတော့ အမှန်ဘဲ.. တခြား အားကစားသမား ဘာညာကွိကွတွေကတော့ နောက်ကြောင်းနဲ့ စိတ်ဓါတ်အရင်းခံတွေ ဘယ်သူမှတော့ သိနိုင်မယ် မထင်.. မသိလို့ စွပ်ပြောတယ်ဘဲ သဘောထားလိုက်ပါ။

  • လင်းဝေကျော်

    December 17, 2010 at 8:52 am

    မနေ့က CNN က ပြတဲ့ လိုင်ဘေးရီးယားမှာ rape case တွေများတဲ့အကြောင်း ကြည့်ရတယ်။ ဘယ်လောက်များသလဲဆိုရင် billboard ထောင်ပြီး STOP RAPE လို့ပုံနဲ့တကွ အသိပေးသလို REAL MAN NOT RAPE လို့လည်း ယောကျာင်္းကောင်းစိတ်ဝင်လာအောင် လုပ်ထားတာတွေ တွေ့ရတယ်။

  • kai

    December 17, 2010 at 9:40 am

    ကျုပ်နားလည်သလောက်တော့ .. RAPEအမှုကမြန်မာပြည်က ..ကမ္ဘာအတိုင်းအတာနဲ့ကြည့်ရင်… အများဆုံးတနိုင်ငံလို့ထင်တာပါပဲ..။
    ထတော့မခုန်လိုက်နဲ့ဦး…။ ဝိကီလိခ်က ပြောတာမဟုတ်ဘူးဗျ..။ အတွေ့အကြုံတွေအရ ပြောတာ..။

    လမ်းပန်းဆက်သွယ်ရေးညံ့ပြီး .. တိုင်ရတောရခက်တဲ့ တောနယ်တွေမှာ.. အဲဒီလို ကာမအနိုင်ကျင့်ယူတာတွေက ..မကြားချင်အဆုံးပဲ..။ သွားတိုင်တော့လည်း ..တိုင်နေတဲ့သူတွေကိုယ်တိုင်က ..သမ, လွတ်လိုက်တာရှိသေး..။
    ပြည့်တန်ဆာတွေတောင် … ခဏခဏ RAPEအလုပ်ခံရတဲ့တိုင်းပြည်ပါ..။

    တချို ့က ..အဲဒီကိစ္စကို မတရားအကျင့်ခံရတယ်လို့တောင် သိကြတာမဟုတ်ဘူး..။
    နောက်..တိုင်းရင်းသားနယ်တွေမှာ.. သူပုန်တွေ..။ စစ်သားတွေရဲ့ .. သားကောင်က အမျိုးသမီးတွေပဲ..။

    ဆက်ပြောရင်… ရင်လေးလွန်းလို ့… ဒီလောက်နဲ့ပဲ..ရပ်ပါရစေ..။
    ကျန်တာ ကိုယ့်တိုင်နဖူးပေါ်လက်တင်..ဟုတ်မဟုတ်… စဉ်းစားကြည့်ပေါ့…နော..။

  • weiwei

    December 17, 2010 at 10:12 am

    ကိုခိုင်ပြောတာ ဟုတ်ပါတယ် ..

    တရုတ်ပြည်မှာတော့ အဲဒီလိုအမှု အနဲဆုံးလို့ထင်တယ် … ကျွန်မကြားဖူးတာတော့ မုဒိမ်းမှုက သေဒါဏ်ဆိုပဲ … သေချာတော့မသိဘူး … အသိတစ်ယောက်ကပြောဖူးတာ … ဘယ်အချိန်အပြင်ထွက်ထွက် အဲဒီအတွက် မစိုးရိမ်နဲ့တဲ့ …

  • ဆူး

    December 17, 2010 at 1:05 pm

    တရုတ်ပြည်က ဘေးကင်းတယ် လို့ မဝေ ပြောမှဘဲ တရုတ်ပြည်ကို စရောက်တုန်း ယောင်လည်လည်နဲ့ ဂိုက်ကပြောတယ် အပြင်မထွက်နဲ့ အန ္တရာယ်များတယ် ဘာညာကွိကွ ခြိမ်းခြောက်လို့.. ဟိုတယ်ရောက်တာနဲ့ တခါတည်း ဒိုင်ပင် ထိုးအိပ်လိုက်တာဘဲ.. အဲဒီတုန်းကလည်း သိပ်ပြီး မသိသေတာပါတယ်။ ဂိုက်က တခုခုဖြစ်ရင် လာမရှင်းရအောင် ခြိမ်းခြောက်တာမှန်း နောက်မှ သိတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 17, 2010 at 3:37 pm

    (RAPEအမှုကမြန်မာပြည်က ..ကမ္ဘာအတိုင်းအတာနဲ့ကြည့်ရင်… အများဆုံးတနိုင်ငံလို့ထင်တာပါပဲ)
    အများဆုံးမဟုတ်တောင် သတင်းမပျံ ့ဘဲပျောက်ကွယ်သွားတာတွေကတော့ တော်တော်များမယ်။
    (ပြည့်တန်ဆာတွေတောင် … ခဏခဏ RAPEအလုပ်ခံရတဲ့တိုင်းပြည်ပါ..)
    အဲ့ဒါကတော့ဟတ်တယ်
    တစ်ခါတစ်လေဆို ရွာမှာ ပွဲလမ်းသဘင်တွေ ဖြစ်ရင် အကြံဖန်ကောင်မတွေ လာတယ်ဗျ
    ကျွန်တော်တို ့ကငယ်သေးတော့ ချောင်းတာနဲ ့ဘဲ ကျေနပ်ရသပေါ့ဗျာ
    အဲ့သည်အခါမှာ လုံခြုံရေး ပြည်သူ ့စစ်တွေ စစ်သားတွေဆိုတာ ပွဲခင်းထဲဗုံးကျရင် သူတို ့မသေဘူးဗျ
    မသေဆို ခြုံထဲမှာ တိုက်ပွဲတက်နေတာကိုး
    (နောက်..တိုင်းရင်းသားနယ်တွေမှာ.. သူပုန်တွေ..။ စစ်သားတွေရဲ့ .. သားကောင်က အမျိုးသမီးတွေပဲ..)
    ဗမာစစ်သားတွေကဘဲ အဲ့သည်လိုလုပ်တာ သူပုန်တွေကတော့ အဲ့သည်လိုလုံးဝမလုပ်ဘူး ကိုယ်တွေ ့ဘူးတဲ့သပုန်ကိုပြောတာပါ
    တစ်ခြားတပုံတွေ နှစ်ပုံတွေတော့တိဝူး
    နယ်တွေမှာဆို အမဲရောင်နယ်မြေတွေပေါ့ အဲ့ဒါမျိုးလုပ်တဲ့ကောင်ကို သိလို ့ကတော့
    စစ်တပ်ကိုသွားတိုင် ဝက်တစ်ကောင်ပေးလိုက်ရင် အမှု ့ပိတ်ပေးတယ်
    နယ်အခေါ်မှာတော့ တောကိုသွားတိုင်တယ်ခေါ်တယ်
    သူပုန်တွေကို သွားတိုင်လိုက်ရင် အဲ့သည်ကောင် မသေခြင်ရင် လွှတ်အောင်ပြေးဘဲ လုံးဝခွင့်မလွှတ်ဘူး မျက်နှာမလိုက်ဘူး
    အဲ့သည်ကိစ္စတွေမှ မဟုတ်ဘူး တစ်ခြားမတရားတဲ့ကိစ္စတွေဆိုရင်လည်း
    ပြည်နယ်အဆင့်ထိလာဘ်ထိုးပြီး အနိုင်ရထားတဲ့အမှုဖြစ်ပါစေ ကိုယ်ကမှန်လို ့ကတော့
    သူပုန်ကိုသွားတိုင် အမှန်တိုင်းဖြစ်စေရမယ်
    မြင်ဘူးတဲ့သပုန်အကြောင်းကိုပြောတာနော်

  • yuyu

    December 18, 2010 at 5:20 am

    ဘယ်နေရာမှာပဲ ဖြစ်ဖြစ်အဲလိုမျိုးတွေ မဖြစ်ပါစေနဲ့ ကြောက်ဖို့ကောင်းလိုက်တာ
    မြန်မာလူမျိုးအချင်းချင်းမှ နှမချင်းကိုယ်ချင်းမစာနာတတ်ရင် လူမျိုးခြားကပိုဆိုးမှာနော်
    မိန်းကလေးများသတိနဲ့စား၊ သတိနဲ့ သွား၊ သတိနဲ့ ဝတ်စားဆင်ယင်တတ်ပါစေ

Leave a Reply