” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းသုံး)

” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းသုံး)

ကျနော်တို့ လူလားမြောက်တဲ့ အရွယ်ရောက် တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်နေတဲ့ခေတ်ပေါ့။
ကိုးတန်းလောက်ရောက်တယ်ဆိုတာနဲ့ နွေရာသီကျောင်းပိတ်ရက်ရောက်ရင် လူကြီးအသိရှိတဲ့သူ ဒါမှမဟုတ်
လမ်းစဉ်လူငယ်အဖွဲ့ဝင်ထားတဲ့ သူများက မြို့နယ်ကောင်စီရုံးတို့ ပါတီယူနစ်ရုုံးတို့ ကိုယ်မိဘနဲ့ ဆက်စပ်ပါတ်သက်နေတဲ့ ရုံးတွေမှာလုပ်အားပေးဝင်လုပ်ကြရပါတယ်။
ဒီလိုအစိုးရအလုပ်မလုပ်ချင်သူများကတော့ အပြင်လုပ်ငန်းလေးတွေမှာ ပညာသင်အဖြစ်နဲ့ဝင်လုပ်တာလဲရှိပါတယ်။
ကျနော်တို့ငယ်ငယ်က မန်းလေးမှာ အခုခေတ်ကလေးများလို အတတ်ပညာသင်ယူစရာ သင်တန်းတွေကလဲ မရှိသလောက်ပါ။
ကျနော်မှတ်မိသလောက်ဆိုရင် နန်းတွင်းရေကူးကန် ထွန်းလှရေကူးကန်မှာ ရေကူးသင်မလား?
အဆားဟိ တို့ ကင်ပိုအောင်မြင့်တို့ဆီမှာ ကရာတေး ကိုယ်ခံပညာသွားသင်မလား ?
အောင်ကလပ်မှာ ကြက်တောင်သွားရိုက်မလား ?
ဘုရင့်ကျောင်းမှာ လက်ရေးတိုနဲ့လက်နှိပ်စက်သွားသင်မလား?
အင်္ဂလိပ်စကားပြောသွားသင်မလား ?
လုပ်နိုင်တာ ဒါအကုန်ပါဘဲ။
ကျနော်တို့ခေတ်မှာကို အလုပ်တစ်ခုရဘို့ မလွယ်တော့ ပါဘူး။
အဲဒီခေတ်က အစိုးရရုံးတစ်ခုခုမှအောက်တန်းစာရေးတစ်နေရာရဘို့ ဆိုတာတောင်မှ “ပလာစာတာ “ (ခ) “အကပ် “ရှိမှရပါတယ်။
ဘွဲ့ရလို့ အလုပ်လျှောက်မယ်ဆိုပြန်ရင်လဲ ရေးဖြေတွေ လူတွေ့ဆိုတာတွေကို ကျော်လွန်နိုင်မှသာ အလုပ်ရပါတယ်။
ကျောင်းဆရာလုပ်မယ်ဆိုရင်လဲ တောရွာကကျောင်းလေးတွေမှာဆွဲခန့်ခေါ်တဲ့ဆရာသွားလုပ်ချင်ရင်လုပ်။
မြို့ပေါ်ကကျောင်းမှာ လုပ်ချင်တယ်ဆိုရင်တော့ (TTC)လို့အတိုကောက်ခေါ်တဲ့ဆရာအတတ်သင် သိပ္ပံ
ကအောင်လက်မှတ်ရမှ ကျောင်းဆရာ ဆရာမအလုပ်ကိုရနိုင်ပါတော့တယ်။
ဒါပေမယ့်မန်းလေးသူ မန်းလေးသားအများစုကတော့ ဈေးချိုတော်ထဲက ဆိုင်တွေ မှာအရောင်းအဝယ်သင်ကြတာများပါတယ်။
ကျနော်ဆယ်တန်းအောင်တဲ့နှစ်မှာ အခုလူငယ်တွေအများစုတက်ရောက်သင်ကြားနေတဲ့ အဝေးသင်တက္ကသိုလ်ဖြစ်လာမယ့်
တက္ကသို်လ်စာပေးစာယူသင်တန်းဆိုတာ ကို ပထမဆုံးစဖွင့်ပါတယ်။
အဲတော့ သာမန်မိဘနှစ်ပါးကပေါက်ဖွားလာတဲ့ကျနော်တစ်ယောက်ဆယ်တန်းအောင်တော့ အမှတ်ကလဲ မကောင်း ။
ဒီတော့ အလုပ်အလွယ်တကူရနိုင်တဲ့ ဆေးကျောင်းတို့ စက်မူ့တို့ တိမွေးကု တို့ စိုက်ပျုးိရေးတို့ လို အသက်မွေးဝမ်းကျောင်း (institute)ကိုမတက်ရတဲ့အတူတူ
စာပေးစာယူတက်ရင်းအလုပ်လုပ်မယ်လို့ ဆုံးဖြတ်လို်က်ပါတယ်။
အဲဒီတုံးက DSA ခေါ်တဲ့စစ်တက္ကသိုလ် MC ခေါ်တဲ့ ဆေးကျောင်း RIT ခေါ်တဲ့စက်မူ့တက္ကသို်လ်တို့ BED ခေါ်တဲ့ ပညာရေးတက္ကသိုလ်တို့ ECO လို့ခေါ်တဲ့ စီးပွားရေးတက္ကသိုလ်တို့ ဘူမိဗေဒတို့ စိုက်ပျိုးရေးတို့ က ဆင်းရင် အလုပ်အဆင်သင့်ဖြစ်တာများပါတယ်။
သူတို့လို့ ဘွဲ့ရတွေက(DSA ခေါ်တဲ့စစ်တက္ကသိုလကလွဲလို့ပေါ့်) ကျောင်းဆင်းရင် ဝန်ထမ်းလေ့ကျင့်ရွေးချယ်ရေးအဖွဲ့က ခေါ်တဲ့စာမေးပွဲဝင်ဖြေ အောင်ရင်ဖောင်ကြီးတက်
ပြီးတာနဲ့ ပြန်တမ်းဝင်အရာရှိတန်းဖြစ်ပါတယ်။

ကျန်တဲ့ရိုးရိုးဘွဲ့ရများကတော့ ဆွဲခန့်ကျောင်းဆရာလုပ်ချင်လုပ် ရုံးတွေမှ အောက်တန်းစာရေးဝင်လျှောက် ဒါမှမဟုတ်ရင် အပြင်လုပ်ငန်းကဆိုင်တွေ
ပွဲရုံတွေမှာစာရေးဝင်လုပ်ချင်လုပ် မလုပ်ရင်တော့ “လည်ရာပြန်စားရေးဝန်ကြီး”လုပ်ပေ့ါ။
“လည်ရာပြန်စားရေးဝန်ကြီး”ဆိုတာကလျှောက်လည်လိုက် ပြန်လာပြီးစားလိုက်လုပ်နေပြီး အလုပ်မလုပ်ဘဲနေတဲ့သူတွေကိုကျနော့်အဖွားကပေးထားတဲ့နာမယ်လေးပါ။
အဲတော့ကျနော်လည်းကျောင်းပြီးလည်းအလုပ်ရှာရမယ့်အတူတူ အလုပ်လုပ်ရင်းကျောင်းတက်မယ်ဆိုပြီးစာပေးစာယူပဲတက်လိုက်ပါတယ်။
ထုံးစံအတိုင်းအလုပ်မရခင်မှာ ရုံးတစ်ရုံးမှာလုပ်အားပေးဝင်လုပ်ရပါတယ်။လခမရဘူး ဒါပေမယ့် ဝန်ထမ်းတွေအတွက်ပေးတဲ့ခွဲတမ်းတွေရရင် ကျနော်အတွက်ထဲ့ပေးပါတယ်။
နောက်ပြီး အပိုဝင်ငွေလေးများရှိရင်လဲ အထိုက်အလျောက်ခွဲပေးတာကတော့ ရှိသပေါ့။
ဒါနဲ့ဘဲ ကျနော်လုပ်အားပေးတာ 3လလောက်အရောက်မှာ ကျနော်အလုပ်ရဘို့ အခွင့်အလမ်းပေါ်လာပါတယ်။

One comment

  • thethtet87

    December 18, 2010 at 7:17 am

    ကျွန်တော်ကတော့အဲဒီခေတ်ကိုမမှီလိုက်ပါဘူး။ဒါပေမဲ့အကိုရာအခုခေတ်ကအလုပ်
    အကိုင်အခွင့်အလမ်းပိုများတယ်ဆိုပေးမဲ့။ကြိုးစားချင်စိတ်လိုက်လည်းရှိအုန်းမှ
    အကိုလည်းတွေ့နေတာဘဲလူငယ်အများကြီး။ကျွန်တော်တို့တုန်းကအိမ်ကမတတ်
    နိုင်လို့ကွန်ပြူတာကိုပြူတင်ပေါက်ကကြည့်ပြီးဘယ်လိုရိုက်ရလည်းခိုးမှတ်ထားရတာ။
    ဒါကြောင့်ကျွန်တော်မှာကွန်ပြူတာလက်မှတ်အခုထိမရှိသေးဘူး။အခုပေါလိုက်
    တဲ့သင်တန်းတွေ။ဒါပေမဲံသင်တန်းတွေချည်းတက်နေပြီး။ယောင်ဝါးဝါးနဲံလမ်း
    ပျောက်နေတဲ့သူတွေလည်းအများကြီးပါဘဲ။ခံယူချက်လည်းလိုမယ်ထင်တယ်။
    ခေတ်စနစ်လည်းကောင်းမယ်ဆိုရင်အကောင်းဆုံးပေါ့နော်။

Leave a Reply