ပါတီတွေ စီးပွားရေးလုပ်တော့မည်
စစ်အစိုးရကကျင်းပခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ တော်တော်များများဟာ ပါတီရေရှည်ရပ်တည် နိုင်ရေးအတွက် စီးပွားရေးလုပ်ဖို့ ပြင်ဆင်လာကြပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ အရင်ခေတ်တွေကလို နိုင်ငံရေးပါတီတွေအနေနဲ့ အလှူငွေနဲ့ရပ်တည်ဖို့ မလွယ်ဘူးနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ပါတီတွေက ပြောဆိုပါတယ်။ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲမှာ ၅ရ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ပထမဆုံးအကြိမ် ညီလာခံခေါ်ယူပြီး စီးပွားရေးလုပ်ဆောင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထား တဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာပြုလုပ်တဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အချက် ၅ ချက်ကို ချမှတ်ခဲ့ပြီး ဒီအထဲမှာ ပါတီရေရှည် ဆက်လက် ရပ်တည်နိုင်ရေး စီးပွားရေးလုပ်ဖို့အတွက် ကုမ္ပဏီထောင်ဖို့ အဓိကပါဝင်တယ်လို့ ကျားဖြူပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစဝ်စံမိုင်းက ပြောပါတယ်။ လောလောဆယ်မှာတော့ ဒေသအလိုက် ဖွံ့ဖြိုးမှုတွေကနေ ဘာလုပ်နိုင်မလဲ ဆိုတာကိုကြည့်ပြီး လုပ်ဆောင်သွားမှာဖြစ်သလို စိုက်ပျိုးရေး၊ သစ်လုပ်ငန်း၊ ရွှေနဲ့ သတ္ထုမိုင်း အစရှိတဲ့ လုပ်ငန်းတွေကို မြို့နယ်အလိုက် စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီနာမည်ကို ကျားဖြူ အဖြစ်သာ ရွေးချယ်ထားကြောင်းကို ဦးစဝ်စံမိုင်းက အခုလို ပြောခဲ့ပါတယ်။
“ကျနော်တို့ ကြားဖြူ နံမည်နဲ့ပဲ ခံမယ်။ စီးပွားရေးကိုတော့ ဆုံးဖြတ်လို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်လာတဲ့ရှယ်ယာ ဘယ်လောက်ရှိမလဲ ဆိုတာ ကျနော်တို့က မသိသေးဘူး။ ဝင်လာတဲ့ငွေ ပမာဏပေါ်မူတည်ပြီးတော့မှပဲ ဘာလုပ်မယ်လို့ ကျနော်တို့က လုပ်ရမှာကိုး။ မြို့နယ်တွေက တင်လာတဲ့ သူတို့ဆီမှာ ဖြစ်နိုင်တဲ့ စီးပွားရေး လုပ်နိုင်တဲ့စီးပွားရေးတွေက တော်တော်များတယ်လေ။ များတော့ အခုဒီမှာဝင်လာတဲ့ ငွေပမာဏက ဘယ်လောက်လဲ၊ အဲဒီအတွက် ဘာကိုလုပ်ရင် သင့်လျော်မလဲပေါ့။”
အစုရှယ်ယာတန်ဖိုးကိုလည်း မြို့နယ်အလိုက် သတ်မှတ်သွားမှာဖြစ်တယ်လို့လည်း ဦးစဝ်စံမိုင်းက ပြောဆိုခဲ့ပါတယ်။ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ စစ်အစိုးရက နိုဝင်ဘာလ ရ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ၁၅ရ နေရာမှာ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅ရ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ စီးပွားရေးမလုပ်ဘဲ အလှူခံလို့ရတဲ့ ငွေနဲ့ ပါတီ ရေရှည် ရပ်တည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းဘူးလို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောခဲ့ပါတယ်။
“ကျနော်တို့လည်း အလှူခံပြီးတော့သွားဖို့ဆိုတာ ဖြစ်ဖို့တော့ နည်းနည်း ခက်ပါတယ်။ ခက်တော့ စီးပွားရေးမလုပ်ရင်တောင်မှ ငွေ ရပေါက်ရလမ်းလေးတွေ ကျနော်တို့ စဉ်းစားရမယ့် အနေအထားမှာတော့ ရောက်နေပြီပေါ့ဗျာ။ ကျနော်တို့က ပါတီ ရန်ပုံငွေလည်း ရှိတာမဟုတ်တော့ စီးပွားရေးလုပ်နိုင်လောက်အောင် ငွေလုံးငွေရင်း ဝင်တာလည်း ကျနော်တို့မှာ အခုထိတော့ စုမိစောင်းမိ မရှိသေးပါဘူး။ ဘာလုပ်ရမှန်းလည်း ကျနော်တို့ စဉ်းစားထားတာလည်း မရှိသေးပါဘူး။ အဲဒီတော့ ပါတီ ပုံမှန်တည်ဆောက်ပြီးရင်တော့ ဒါ စဉ်းစားရမယ့် အချက်တချက် ဖြစ်တယ်လို့ပဲ ခုချိန်မှာ ယေဘုယျပဲ ပြောနိုင်ပါတယ်။”
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ အလားတူပဲ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ ကလည်း စီးပွားရေးလုပ်ဖို့အတွက် စီစဉ်နေတယ်လို့ အခုလို ပြောခဲ့ပါသေးတယ်။
“ကျနော်တို့လည်းပဲ ပါတီရပ်တည်ရေးရော၊ ပါတီ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်ရောကတော့ စီးပွားရေး၊ ဝင်ငွေရှိတဲ့လုပ်ငန်း လုပ်ဖို့ပေါ့နော်။ စဉ်းစားနေပါတယ်။ စီစဉ်လည်း လုပ်နေပါတယ်။ ဒါ လုပ်ရမယ်လို့လည်း ထင်တယ်ပေါ့။ လုပ်တတ်တဲ့သူတွေ ကိုင်တတ်တဲ့သူတွေကနေပြီးတော့ အကြံဉာဏ်တွေ ယူနေတာပေါ့။ ကျနော်တို့ နိုင်ငံရေးသမားတွေက ဒီဘက်မှာ သိပ်မကျွမ်းဘူးလေ။ ဆိုတော့ လုပ်တတ်တဲ့သူတွေဆီက အကြံဉာဏ်ယူပြီးတော့မှ လုပ်ဖို့ပါ။”
ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ ဖြစ်ပါတယ်။ ဒါကတော့ စစ်အစိုးရကကျင်းပခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ ပါတီရေရှည် ဆက်လက် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ဖို့ ပြင်ဆင်လာကြတဲ့ အခြေအနေပဲဖြစ်ပါတယ်။
source:
http://www.voanews.com/burmese/news/12-16-10-Burma-political-parties-111999199.html
..
2 comments
လင်းဝေကျော်
December 20, 2010 at 8:07 am
ပါတီတွေအတွက် ရံပုံငွေ လှူမယ့်သူတွေ ရှိပါစေ။
ပါတီတွေက စီးပွားရေးလုပ်တယ်ဆိုတာတော့
တကယ်တမ်း အဲဒီပါတီ အာဏာရလာရင် အကျိုးစီးပွားကိစ္စတွေ ရှုပ်ထွေးလာမယ်။
Tettoe Aung
December 20, 2010 at 10:05 am
They say, “There’s nothing new under the sun.” Why did those parties participate in the sham elections in the first place, it’s clear. They want to have the share of the loot like those in the military and those who shed their uniforms to become ‘civilian thieves’ from ‘military thieves’. Since 1962 this has been the story of Burma and its Tattmadaw of (Ali Ne Win and his four million thieves). Our Bogyoke Aung San should have listen to his advisers when they told him that 4 o’clock in the morning of January 1948 was not an auspicious occasion for Burma to regain her independence from Britain. It was for the ‘thieves’. Lo and behold Burma has never ever break away from the grip of thieves in one form or another. Believe it or not, one of my cousins who happened to have the same ‘birthday’ as independent Burma, he wouldn’t even spare his parents when it comes to stealing. Fate has it that he also became an officer in the Burma Tattmadaw and to this day he must still be finding it hard to break away from his ‘habit’. Burma Tattmadaw will sure loves the country to its death.