” ဆုတောင်းမှားသလား ? အကြောင်းမှားသလား ? “
“ဆုတောင်းမှားသလား ?အကြောင်းမှားသလား ?”
တစ်ရက် ဘဝေမှာအပြောင်းအလဲအတက်အကျအကွေ့အကောက် အလွန်များရှာတဲ့
လောကဓံဆိုတာကြီးကို ငါတွေ့ ကိုယ်တိုင်ခံလို်က်ရရှာတဲ့ အသိ တစ်ယောက်ကို သွားရင်းလာရင်းလှမ်းတွေ့လိုက်ပါတယ်။
သူကအရှေ့ကနေအနောက် ကျနော်က အနောက်ကနေအရှေ့ကိုအသွားလမ်းမှတွေ့ကြတာပါ။
ကျုံးဘေးဆိုတော ့ မြင်ယုံဘဲမြင်လိုက်ရတယ် လှမ်းခေါ်ဘို့ အခွင့်မသာပါဘူး။
လမ်းနှစ်ခုကြားမှာ သစ်ပင်တွေစိုက်ထားတဲ့ ကျွန်းခံနေလို့ပါဘဲ။
ဘဝဆိုတာ လည်းဒီလိုပါဘဲ။
တစ်ခါတစ်လေမှ ာ တစ်ယောက်နဲ့မြင်သာမြင်လိုက်ရ သိသာ သိလိုက်ရတယ် တစ်ယောက်ကိုတစ်ယောက် မကူနိုင်တဲ့ အခွင့်မသာတဲ့ အဖြစ်မျိုးတွေပါ။
သူူ့ကိုမြင်လိုက်တော့ လွန်ခဲ့သောကာလက အဖြစ်အပျက်တွေကို ပြန်သတိရမိပါတယ်။အဲဒီတုန်းကတော ့သူက ဆယ်လေးငါးနှစ်သားလူပျိုပေါက်သာသာပေါ့။
သူကတစ်ဦးထည်းသောသားလေးပါ။
သူ့အဖေက ကျောက်စိမ်းကုန်သည် အိမ်မှာမနေရတာများတယ်။ အမြဲတမ်းမှော်ထဲနဲ့တရုပ်ပြည်ကူးလိုက်သန်းလိုက်နေရတာများပါတယ်။ အဲဒီခေတ်က ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးကလဲ မကောင်းဘူးဆိုတော့ ခရီးတစ်ခါထွက်ရင် သုံးလေးလ ဒီတော့ မိသားစုနဲ့အမြဲကင်းကွာနေတာများပါတယ်။
အမေ့ဖက်က ရှေးကတည်းက ချမ်းသာတယ်ဆိုပါတော့။
ဒါပေမယ့်ငွေကြေးတတ်နိုင်ပြီး ကြီးမားများပြားလှတဲ့ ဆွေမျိုးစု အသိုင်းအဝိုင်းကြီးထဲမှာ ထူးထူးခြားခြားယောက်ျားလေးဆိုလို့ သူတစ်ယောက်သာ ပါနေပါတယ်။
ဖြစ်ချင်တော့ သူ့အသားအရည် ကဖြူဖွေးဖွေး ရုပ်ကလေးကလှတပတ လက်ကလေးတွေက သေးသေးသွယ်သွယ်။
သူငယ်ကတည်းက သူ့အမဝမ်းကွဲတွေ အဒေါ်အပျိုကြီးတွေကြားထဲမှာနေရတာ။
မနက်မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသား။
သူနဲ့ရွယ်တူတွေကစားဖော်တွေကလဲ မိန်းကလေးတွေဖြစ်နေပါတယ်။
ဒီတော့လဲနေ့စဉ်ကလေးချင်းကစားရင်ကို အရုပ်လုပ်တမ်း ထမင်းဟင်းချက်တမ်းကစားရတာများပါတယ်။
နောက်သူတို့ကခြံတံခါးကို အမြဲပိတ်လို့ ပြင်ပနဲ့ အဆက်အသွယ်မလုပ်တဲ့အိမ်ဖြစ်ပြန်တော့ သူအိ်မ်မှာယောက်ျားသားဆိုလို့ ကားမောင်းတဲ့သူဘဲရှိပါတယ်။
နောက်အရွယ်လေးရလာလို့ ကျောင်းထားပြန်တော့လဲ ယောက်ျားလေး မိန်းကလေးအတူထားတဲ့ကျောင်းမှာ သူညီမဝမ်းကွဲတွေနဲ့ အတူတူနေရပါတယ်။
သူ့တူလေးကျောင်းတက်တာကိုအဒေါ်အပျိုကြီးတွေက စားစရာသောက်စရာတွေနဲ့ ကျောင်းအပြင်ဘက်က သစ်ပင်အောက်မှာ ဖျာခင်းပြီးစောင့်ကြပါတယ်။
ပြောရရင် ကလေးလေးက ခပ်နွဲ့နွဲ့လေးဖြစ်လာရကနေ မိန်းကလေးတွေနဲ့ အနေများလာတော့ စိတ်ကလေးကလဲ မိန်းမစိတ်ဘက်ယိမ်း လို့လာပါတယ်။ လူလစ်တယ်ဆိုတာနဲ့ယောက်ျားလေးအဝတ်တွေချွတ် မိန်းမလိုဝတ်စားပြင်ဆင်လို့နေပေမယ့် စစချင်းတော့ ပုန်းရှုးိကွယ်ရှိုး။နောက်သူ့ဘာလုပ်လုပ်အကုန်ကောင်းနေတဲ့အဒေါ်တွေညီမတွေက သူမိန်းမလိုဝတ်ပြီးထားကို လှတယ်လို့လဲ ချီးမွမ်းခန်းဖွင့်ရော အိ်မ်ရောက်တာနဲ့ မိန်းမလိုနေမိန်းမလိုပြောပါတော့တယ်။ သူတို့အမေကလဲ တေပေပျက်စီးတာထက်စာရင ်ဒါကမှတော်သေးဆိုတဲ့သဘောနဲ့ လွှတ်ထားကြပါတယ်။ သူ့ အဖေကတော့ အိမ်မှာလဲသိပ်မနေတာရယ် ပိုက်ဆံနောက်ကို ကောက်ကောက်ပါအောင်လိုက်နေလို့သတိမထားလို်က်မိပါဘူး။ သူတို့အဒေါ်တွေအမတွေကလဲ သူ့အဖေအိမ်မှာရှိနေတဲ့အချိန်မှာတော့ ကလေးကို မိန်းမပုံစံဖျောက်ထားခိုင်းပါတယ်။ အဖေကလဲအိမ်မှာ အလွန်ဆုံးနေလေးငါးရက်ဆိုတော့ သားဒီလိုဖြစ်နေတာကို လုံးဝမရိ်ပ်မိပါဘူး။
ဒီလိုနဲ့ကလေးလူပျိုပေါက်ရောက်စအချိန်မှာမှ သူ့အဖေကကျန်းမာရေးမကောင်းလို့ အိမ်မှာနားတဲ့အချိန်နဲ့ဆုံပါတော့တယ်။ သူ့အဖေအိမ်မှာနေတာရက်ရှည်ဖြစ်တာရယ်ဆိုတော့ မိန်းမစိတ်ပေါက်နေတဲ့ကောင်လေးခမျာအရင်လိုဟန်ဆောင်မနေနိုင်တောပါဘူး။ အဲဒီအခါမှာအဖေကြီးကဒေါသပုန်ထလို့တစ်အိမ်လုံးကိုပါတ်ရမ်းပါတော့တယ်။ အဲဒီအချိန်မှာ သူ့အဖေက ကျနော်ဆီလာပြီး သူ့သားကိုထိုးအပ်ပါတော့တယ်။သူနဲ့ရွယ်တူ ကျနော်တူလေးတွေ ကျနော်အလုပ်ထဲကကောင်လေးတွေနဲ့သူကိုအတူတွဲထား၊ ဒီကလေးတွေသွားလေရာကိုသူ့ကိုခေါ်သွားခိုင်းပါတယ်။ ဒါပေမယ့် သူနဲ့ဒီကလေးတွေကြားမှာ အများကြီးကွာဝေးနေသလိုပါဘဲ။ အဖေ့ကိုကြောက်လို့သာလိုက်နေရတယ် လူကသာ ဒီမှာစိတ်ကအဝေးမှာပါဘဲ။ ဒါပေမယ့်မိန်းမပုံနည်းနည်းလေးပျောက်သွားလို့ယောက်ျားလိုတော့ဖြစ်လာပါတယ်။ ဒါပေမယ်လဲအိမ်ပြန်ရောက်ချိန်သူ့အဒေါ်တွေညီမတွေနဲ့ဆိုသူနေချင်သလိုနေလို့ရတယ်ဆိုတာကို တော့ ကျနော်တို့ကမတွက်မိလိုက်ပါဘူး။ အဲ ကံဆိုးချင်တော့ သူ့အဖေလဲမှော်ထဲကိုအရင်လိုပြန်သွား သူကလဲအရင်လိုပြန်ဖြစ် ကျနော်တို့ကလဲ ကိုယ်အလုပ်နဲ့ကိုယ်ဆိုတော့ သူကို ပြန်သတိမထားနိုင်။သူလဲဘဲမိန်းမကြီးလုံးလုံးဖြစ်သွားပါတော့တယ်။ သူ့အဖေက ဘော်ဒါဆောင်ထားဆိုလို့ သူ့အမေတွေအဒေါ်တွေက မလွန်ဆန်ဝံ့လို့သွားထားပေမယ့်မိန်းကလေးထဲလဲဝင်မရ ယောက်ျားလေးတွေနဲ့ကလဲ အံမဝင် လွဲချော်နေတဲ့ ဘဝအမှားကြောင့် အနေရခက်ပြီး အဆောင်ကထွက်လာပါတယ်။ နောက်တော့ ဆယ်တန်းလဲဆက်မဖြေ သူ့အမေရဲ့အမွေဆက်ခံလို့ ရတနာပွဲစားဖြစ်သွားပြီးအတော်လေးကို စီးပွားရေးဘက်မှာ ဟန်ကျပန်ကျနဲ့ဖြစ်သွားပါတယ်။ အဖေအမေက စီးပွားရေးကိုအရင်လိုစွမ်းစွမ်းတမာန်မလုပ်နိုင်တော့တဲ့အချိန်မှာ အိမ်စီးပွားရေးလုပ်ငန်းက သူ့လက်သူ့ခြေဖြစ်ရုံမက တစ်မျုးိလုံးကိုသူကသာ ရှာဖွေကြွေးမွေးနေရတဲ့အခါမှာတော့ ဘယ်သူမှ သူ့ဩဇာကို မလွန်ဆန်နိုင်တော့ပါဘူး။
သူ့အဖေကလဲ ပြင်မရမှန်းသိတော့ အရှက်ကြီးစွာ စိတ်ဆင်းရဲကြီးစွာနဲ့ဘဲ ကြိတ်မှိတ်လို့နေရပါတော့တယ်။ သူအဖေနဲ့အမေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားပြီးတဲ့အခါမှာ သူ့အိမ်မှာက သူလိုတူရာလူတွေရဲ့ကွန်းခိုရာနေရာဖြစ်လာပါတယ်။ စီးပွားရေးကလဲအောင်မြင်တော့ “ထွန်းလွင်”ဆိုတဲ့နာမယ်ရင်းနေရာမှာ“မမလွင်”“မကြီးလွင်”ဆိုတဲ့အခေါ်အပြောတွေအောက်မှာ သူကလဲယစ်မူးသာယာနေပါတော့တယ်။လူဘဝကံအလှည့်လေးကောင်းနေချိန်မှာတော့ ဘာလုပ်လုပ်အဆင်ပြေ။ ဒီတော့လည်း ဝိုင်းရံခစားသူတွေကများမှာများ။သူ့အိမ်မှာကအမြဲတမ်းလူတရုံးရုံး။သူကလဲ လုပ်ငန်းလေးတစ်ခုအောင်မြင်တယ် ရတနာပစ္စည်းတစ်ခုထွက်ပြီတည့်ပြီဆိုတာနဲ့ နတ်ကနားပေး။ နောက်တော့လဲ ကိုယ်တော်ကြီးကိုယ်တော်လေးပေးတယ်ဆိုတဲ့ “နှစ်လုံးသုံးလုံး” ဇာတ်လမ်းကိုလည်း “စ” ရဘူးပြီးဆိုတော့ ငါ့ကို “မ “ တယ်ဆိုပြီးထပ်ဆော်ပါတော့တယ်။
ကံအလှည့်အပြောင်းမကောင်းဘူးဆိုတဲ့အချိန်မှာတော့ သူ့ယူထားတဲ့ ကောင်လေးကလည်း သူ့ဖောက်သည်အိ်မ်က သမီးလေးကို ခိုးပြေးတဲ့အချိန် သူပိုင်ဆိုင်သမျှတော်တော်လေးကို မသွားပါတယ်။ စီးပွါးရေးကျပ်တည်းတယ်ဆိုတဲ့ခေတ်မှာ ရတနာပစ္စည်း အရောင်းအဝယ်အရင်လိုမဖြစ်ခဲ့ရတဲ့အထဲမှာ လူအလိမ်ကခံလိုက်ရပြန်ပါသေးတယ်။ အဆင်မပြေဘူးဆိုတော့တဲ့အချိန်ကျမှ ကိုယ်တော်လေးက မ မ“ ပြန်တဲ့အခါနှစ်လုံးကြွေး၊အသုံးကြွေး ၊အဖြုန်းကြွေးတွေကလည်း လည်ပင်းထိရောက်လာပြန်ရော ။ နာမယ်အပျက်မခံနိုင်ဘူးဆိုတဲ့ မာနနဲ့ ရှိသမျှအကုန်ရောင်းချပြီးထိုးဆပ်လိုက်ရတဲ့အထိအခြေအနေပျက်သွားပါတယ်။ ဒီအချိန်လဲရောက်ရော သာလို့နားကြတဲ့ လူအားလုံးက သူ့ကိုစွန့်လို့ပြေးကြပါတော့တယ်။ အရင်ကကြော့ကြော့မော့မော့ကားလေးတဝီဝီနဲ့သွားချင်ရာကို သွားနေနိုင်တဲ့အနေအထားက နေ ဆိုက်ကားသမားလိုက်ပို့မှ ရောက်ရတဲ့ ဘဝကို လျှောဆင်းလို့သွားပါတယ်။
တစ်ရက်ကျနော်ကလဲ မြောက်ပြင်ဘက်ကအပြန် 19လမ်းညောင်ပင်ဈေးနားလေးမှာ သူနဲ့ဆုံကြပါတယ်။ကျနော်ကိုမြင်တော့
“ အကို“ ဆိုပြီးဝမ်းသာအားရလှမ်းခေါ်ပါတယ်။ ကျနော်စက်ဘီး နဲ့သူစီးလာတဲ့ဆိုက်ကားနဲ့ယှဉ်မိတော ့သူကဆိုက်ကားကိုရပ်ခိုင်းပြီးဆင်းလာပါတယ်။ ကျနော်အနားရောက်တော့ “ အကို ကျနော့်ကို ဒေါ်စင်းယုံက ထမင်းပေါင်းနဲ့ ဝက်သားအစုံသုတ်လိုက်ကြွေးစမ်းပါနော်“ လို့ပြောလိုက်တော့ ကျနော်တော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။
အရင်က ဒီထက်မကတဲ့ အဆပေါင်းများစွာ ရှိတဲ့ငွေကြေး ကိုပက်ခနဲ့ အနှမျောမရှိသုံးခဲ့တဲ့ လူတစ်ယောက်က သူ့ကိုဘယ်တော့မှ မျက်နှာသာမပေးခဲ့တဲ့၊အရောမဝင်ခဲ့တဲ့၊သူလိုလူတန်းစားကို မနှစ်မြို့ဘူးဆိုတာ သိခဲ့တဲ့ ပေါ်ပေါ်ထင်ထင်ကို ရှူတ်ချခဲ့တဲ့ လူတစ်ယောက်ကို မျက်နှာအောက်ချပြီးပြောလိုက်လို့ပါ။
သူမိသားစုနဲ့ ကျနော်တို့မိသားစုခြင်းက အတော်လေးကို ရင်းနှီးပါတယ်။ သူတို့အိမ်ကိုလဲအမြဲဝင်ထွက်သွားလာနေတာခဲ့ဘူးတာမှန်ပေမယ့် သူဒီလို ဘဝအမှားကြီးနဲ့ကျင်လည်နေတဲ့အချိန် သူအောင်မြင်နေတဲ့အချိန်မှာကျနော်က သူတို့အိမ်နဲ့ ခပ်ကင်းကင်းနေခဲ့သလို သူအလှူအတန်းလုပ်တယ်မွေးနေပွဲတွေလုပ်လို့ ဖိတ်ရင်တောင် ကျနော်လုံးဝမသွားခဲ့ပါဘူး။ သူ့မိဘနှစ်ပါးကွယ်လွန်ပြီးတဲ့နောက် ကျနော်သူဆီကိုလုံးဝအဝင်အထွက်မရှိပေမယ့် သူကတော့ ဘာလေးဖြစ်ဖြစ် ကျနော်မိဘနှစ်ပါးဆီကို ကျနော့်အမများဆီကို လာလေ့ တိုင်ပင်လေ့ရှိပါတယ်။ ကျနော်ကတော့လာလို့မျက်နှာချင်းဆိုင်တွေ့ရင်တောင် နုတ်မဆက်တတ်ပါဘူး။
အဲဒီတုံးကတွေ့ပြီး နောက်သူပျောက်သွားပြန်ပါတယ်။တရုပ်ပြည်ဘက်ကိုတက်သွားတာလိုလို ထိုင်းနယ်စပ်ကတစ်ဆင့်ဘဲဟိုဘက်နိုင်ငံရောက်သွားတာလိုလိုနဲ့ဘဲ ကြားလိုက်ရပြီး ပြီးခဲ့တဲ့ လေးငါးလလောက်ကတော့သူကျနော်အမတွေဆီကို လာပြီးလက်ဆောင်တွေနဲ့လာပြီးကန့်တော့ရင်းသူအိမ်အသစ်ဘုရားအနေကဇာတင်ဘို့လာဖိတ်တာကိုတွေ့လိုက်ရပါသေးတယ်။ဝတ်စားထားတာပြောင်ပြောင်လက်လက် ဟန်းဖုန်းလေးက လက်ထဲမှာမြင်ရတော့ အခြေအနေပြန်ကောင်းတယ်လို့ ဆိုရမှာပေါ့။
“ခင်ဗျားဇာတ်လမ်းက ဒါဘဲလား ကိုဌေး” လို့ ဘဝမှားတဲ့ဇာတ်လမ်းကိုပြောပြနေတဲ့ ကိုဌေးဝင်း ကိုကျနော်က စကားထောက်လိုက်တော့မှ “မဟုတ်ဘူးကိုပေါက်ရ ကျနော်ပြောချင်တာက ကျနော့် အဖေကို ကျနော်စိတ်နဲ့ ကိုယ်အမူအရာနဲ့ပြစ်မှားခဲ့ တဘက်သတ်မုန်းတီးခဲ့တာကို နောက် မှ ပြန်တွေးတွေးပြီး နောင်တတွေ ရခဲ့တာကိုပြောပြချင်တာ“ဆိုပြီးဆက်ပြောပါတယ်။
ကျနော်ငယ်ငယ်ကလဲ သူလို့ဘဲ အဒေါ်တွေ အမတွေများတဲ့ မိန်းမကြီးစိုးတဲ့အသိုင်းအဝိုင်းထဲမှာကြီးပြင်းခဲ့ရတာပါ။ ကျနော်အဖေက ကျနော်ကို အမြဲတမ်းမာမာထန်ထန်ပြောလေ့ရှိပါတယ်။ကျနော်က တစ်ခါတစ်လေ သူပြောလိုက်ခိုင်းလို်က်တာကို မပွင့်တပွင့်နဲ့များပြောမိရင် ဖိနပ်နဲ့လှမ်းထုပြီး “ငဌေး ယောက်ျားလို ကျယ်ကျယ်ပြောစမ်း မင်းကိုငါယောက်ျားလေးမွေးထားတာ “လို့ပြောလေ့ရှိပါတယ်။တကယ်တမ်းတော့ ကျနော်ကလဲ အခြောက်စိတ်လဲမဝင်ပါဘူး။ တစ်ခုတော့ရှိတာပေါ့ အမေအမအဒေါ်တွေကြားမှာ နေတော့ လူက နည်းနည်းတော့နွဲ့သလိုလို နုသလိုလိုတော့ ရှိပါတယ်။ခပ်အေးပေးနေချင်တာလဲပါ ပါတယ်။
ထုံးစံအတိုင်းဇာတ်တွေအငြိမ့်တွေကို အဒေါ်အမတွေနဲ့ကြည့်ပြီးရင် ကျနော်က မင်းသမီးကတာကို သိပ်သဘောကျ။ အိမ်ကလူတွေကို ပြန်ပြီး မင်းသမီးလို ကပြ။အားလုံးကသဘောကျ လက်ခုပ်တွေဝိုင်းတီး ကျနော်ကလဲ ပီတိတွေဖြစ်ပေါ့။ မှတ်မှတ်ရရပြောရရင် ကျနော် (8)တန်းအရောက် ကျနော်တို့ကျောင်း ကထိန်မှာ ကပွဲလေးထည့်ပါတယ်။ အတန်းထဲကဆရာမတွေကလည်းကျနော်ကို အငြိမ့်ခန်းမှာမင်းသမီးနေရာကခိုင်းပါတယ်။ကျနော်ကလဲ သဘောတူတာပေါ့။ အဲကျောင်းကပွဲကတဲ့နေမှာ ဆရာမတွေက ကျနော်ကိုအလှပြင်ဆိုင်မှာသွားပြင်ပေးပါတယ်။ အိမ်ကလူတွေကမှာလိုက်တာက ကပွဲပြီးရင် အိမ်ကိုဒီအတိုင်းပြန်လာခဲ့ နင်မိန်းခလေးလို ဝတ်လာတာကြည့်ချင်လို့ပေါ့။ ဒါနဲ့ဘဲ ပွဲပြီးတော့ အဝတ်အစားမလဲဘဲ မင်းသမီးအဝတ်အစားနဲ့ပြန်လာတာပေါ့။ အိမ်ထဲလဲ ဝင်လိုက်ရောအဖေ့ကို ရိပ်ခနဲ့တော့မြင်လိုက်ပါတယ် “ခွေးမသား”ဆိုတဲ့အသံကိုလဲအကြားလူလဲ ကြယ်တွေလတွေမြင်သွားပါတယ်။ ကျနော်အဖေက ကျနော်ကိုလက်သီးနဲ့ နှစ်ချက်ဆင့်ထိုးတာခံလိုက်ရတာပါ။ ပုံလဲသွားတဲ့ကျနော်ကို ခြေထောက်နဲ့ဆောင့်ကန်ရင်း “မိဘက ယောက်ျားစစ်စစ်မွေးထာတာကိုခွေးဇာတ်ခင်းတဲ့ကောင် “လို့လဲပြောလဲပြော ကန်လဲကန်ပေါ့။ တစ်အိမ်လုံးလဲ ဆူညံ။ ကျနော်ကလဲ “ကျနော်အခြောက်မဟုတ်ဘူး ယောက်ျား “လို့ငိုသံပါကြီးနဲ့ ပြန်အော်တာပေါ့ ရှက်တာကိုးဗျ။ ” ယောက်ျားဆို ယောက်ျားအလုပ်လုပ် ဘာလို့မိန်းမအလုပ်လုပ်လဲ“ဆိုပြီးထပ်ကန်ပါတယ်။ တစ်အိမ်လုံးပွက်လောရိုက်ပြီးဝိုင်းဆွဲမှ ပြီးသွားပါတယ်။
အဲဒီကစလို့ ကျနော်ကလဲ မာနနဲ့နေပါတယ်။အဖေကိုလုံးဝစကားမပြောပါဘူး။ ဒါပေမယ့်အဖေထင်တာမဟုတ်ဘူးဆိုတာသိအောင်ကျနော် လက်ဝှေ့ထိုးတာ သွားသင်ပါတယ်။ ညနေဆို စက်ဘီးမှာ အဝတ်အစားထုတ်ကလေးချိတ်ပြီး မြန်မာ့လက်ဝှေ့သင်ပေးတဲ့ အကိုကြီး တွေဆီကိုညနေဆိုသွားပါတယ်။ နောက်မှပြန်ပြောလို့သိတာအဖေ့က ကျနော်များအဲလိုများထွက်သွားပြီဆိုရင် ပြုံးပြုံးကြီးနဲ့မျက်စေ့တစ်ဆုံးလိုက်ကြည့်နေတတ်ပါသတဲ့။
ကျနော် လက်ဝှေ့သင်တာကို အမေတို့က မကြိုက်ပေမယ့်မတားရဲလို ့မတားပေမယ့် စင်ပေါ်ထိတက်မထိုးဘို့တော့တားပါတယ်။ ကျနော်ကလည်း အဖေကိုယောက်ျားဖြစ်ကြောင်းပြချင်လို့သာ သွားသင်တော့ စင်ပေါ်တက်ဘို့လောက်ထိတော့လဲ စိတ်မရှိပါဘူး။ ကျနော်က ရီးစားတွေဘာတွေထားတာတော့လဲ အဖေဘာမှမပြောပါဘူး။ကျနော်ကောင်မလေးနဲ့တွဲသွားတဲ့အချိန် တစ်ခါတစ်ရံအဖေနဲ့တိုးပေမယ့် မမြင်ချင်ယောင်ဆောင်နေတတ်ပါတယ်။
အမေတို့ကိုတော့ “ နင့်တို့ကောင်က မိန်းမတော့ အစွံသား“လို့ပြောတတ်ပါသတဲ့။ ကျနော်ကလဲတစ်အိမ်ထဲသာနေတာ အဖေနဲ့မျက်နှာချင်းဆိုင်မိအောင် ရှောင်နေပါတယ်။ စိတ်ထဲမှာလူကို အထင်သေးတယ် ပေါ့။အမှန်အတိုင်းပြောရရင်အဲဒီအချိန်တွေမှာအဖေ့ကိုမုန်းပါတယ်။ ကျနော်ကျောင်းနေတော့ အမတွေနေတဲ့ကျောင်းက အိမ်နဲ့နီးပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးရောထားတဲ့နာမယ်ကြီးကျောင်း။ကျနော့်ကိုတော့ အိမ်နဲ့ဝေးတဲ့ ယောက်ျားလေးသီးသန့် ကျောင်းမှာသွားထားပါတယ်။ ကျောင်းသွားတော့လဲ ကိုယ့်ဖာသာကိုယ်လမ်းလျှောက်လို့သွားရပါတယ်.။ နောက်အသားအရေကျပြန်တော့လဲအဖေက အညာသား အသားခပ်မဲမဲ။ကျနော်ကတော့ ခပ်လတ်လတ် အဒေါ်တွေက နင်ကမွေးစားသားကောက်ရတာလို့ စခဲ့တာနောက်ခဲ့တာကလည်း “ဟုတ်မှာဘဲ ဒါကြောင့်ငါ့ကိုနှိမ်တာ”ဆိုတဲ့ အတွေးကို ပိုခိုင်မာစေလေလေ ပိုပို ပြီးနာကြည်းမိလေပါဘဲ။ အပွင့်လင်းဆုံးပြောရရင် အဖေဆုံးသွားတာတောင် မျက်ရည်မကျမိဘူးခဲ့ဘူး။
တစ်ခါတော့ အဖေ့သူငယ်ချင်း ဦးမြမောင်နဲ့ အလှူမှာတွေ့တော့ သာကြောင်းမာကြောင်းပြောကြရင်း လေးမြမောင်က
“ ငဌေးရ မင်းအဖေက မင်းဘဝမှားပြီးရောက်မှာကို သိပ်စိုးရိမ်ရှာတာ ။ကျုပ်မှာသားလေးတစ်ယောက်ထဲပါတာ မိန်းမတောကြားထဲထားရတာ စိတ်မချဘူး။မိန်းမစိတ်ပေါက်သွားရင်တော့ ကျုပ်တော့ သေမယ်ထင်တာဘဲ လို့ပြောလိုပြော
မင်းမိန်းမလိုဝတ်ပြီး ပြန်လာတဲ့နေ့ကမင်းကိုထိုးနှက်ကန်ကြောက်ပြီးငါ့အိမ်ကိုလာငိုသေးတယ်။ချစ်လွန်းလို့လုပ်ရတာပါ ပေါ့ဆိုပြီးတော့။နောက်မင်းအိမ်ထောင်ပြုမယ်လဲဆိုရော ငါ့ဆီလာပြီး စိတ်ချပြီ စိတ်ချပြီဆိုပြီး ပြုံးပြုးံကြီးနဲ့လာကြွားတာကွ ငါတော့မျက်စေ့ထဲတောင်ပြန်မြင်သေးသကွာ”
လို့ပြောလိုက်တဲ့စကားကို ကြားမိတဲ့နေ့က အိမ်အရောက် ကလေးအဖေအလောင်းအလျာကျနော် ရှိုက်ကြီးတငှင်ငိုမိပါတယ်။ဒါပေမယ့် အဲဒီအချိန်မှာ ကျနော်အဖေဆုံးတာ သုံးလကျော်သွားပါပြီ။ ထွန်းလွင်လိုကောင်တွေမြင်တိုင်း၊နေရာတကာမှာ ယောက်ျားစင်စစ်က မိန်းကစိတ်ပေါက်လို့ ဘဝမှားပြီးနေကြတဲ့သူတွေကို မြင်တိုင်းအဖေ့ကိုသတိရပါတယ်။အဖေသာမကယ်ရင် ကျနော်လဲသူတို့လိုဘဝမျုုးိကိုရောက်သွားနိုင်တယ်လေဗျာ။
ကျနော်ကိုပြောပြနေတဲ့ ကိုဌေး မျက်ဝန်းအစုံမှာမျက်ရည်စတွေက တွဲလဲခိုနေပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
15 comments
MaMa
December 22, 2010 at 1:32 am
အတွေးပါးပါးလေးကို ဖတ်ပြီး အတွေးများများလေးရလိုက်ပါတယ်။
ဆူး
December 22, 2010 at 2:22 am
ဇတ်လမ်းလေး ကောင်းပါတယ်။ ဒါမျိုးတွေလည်း လောကကြီးမှာ အများကြီး ဖြစ်တာတွေ မြင်နေရတာဆိုတော့.. ဘဝသရုပ်ဖော် ဇတ်လမ်းလေးပေါ့။
bigcat
December 22, 2010 at 2:30 am
အခြောက်မွေထိုင်းလက်ဝှေ့ကျော်တွေလည်း ရှိတယ်နော်။ သိုင်းသင်နေတိုင်းတော့ အဟုတ်မမှတ်နဲ့။ ဦးပေါက်ရဲ့ ငယ်ချစ်လေးလွင်က အခြောက်ဖြစ်ပြီး နတ်ကိုးကွယ်ပြီး ဝက်သားကြိုက်လို့ နတ်ရိုက်တာနေမှာ။
နီလေး
December 22, 2010 at 8:42 am
ကိုကြောင်ကြီးတော့ ပြောလိုက်မှဖြင့် ပေါက်ပေါက်ရှာရှာတွေကြီးပဲ
kai
December 22, 2010 at 10:35 am
အဟင်း..။
ကျုပ်ကတော့ ..ညီအကိုတွေချည်း..ဝမ်းကွဲတောင် မိန်းမတော်တော်ရှားရှားပါးပါးဆိုတော့ .. ခြောက်တာ..စိုတာတွေမသိဘူးဗျ..။
အဲဒါနဲ့..ဒီလိုစဉ်းစားပါတယ်..။ ခြောက်တာရော..စိုတာရေ..။ မစို့တစိုရော… လုပ်ချင်တာလုပ်ကြ..။ဘာဖြစ်သလဲပေါ့..။
လောကမှာ…။
တီကောင်တွေလို အဖိုအမတွဲနေပြိး မြေကြီးစား..နှပ်နေနိုင်တော့ .. ဘဝကမြေကြီးထဲကကို တိုးထွက်မလာတော့ဘူးလေ..။
လူကျတော့ ..အဖိုနဲ့အမ.. အဲဒီမှာမှ အပြန်အလှန်အုပ်စုဖွဲ့.. အမှီအတွယ်..အတွယ်အတာနဲ့ နေချင်စိတ်ရှိတော့ ..အပြိုင်အဆိုင်..အတိုက်အခံလေးနဲ့.. ဒီခေတ်ဒီအခါအထိ..ဆင့်ကဲပြောင်းလဲ… ချီတက်လာနိုင်ပြီး.. .. ကမ္ဘာကိုအုပ်စိုးနိုင်တဲ့ သတ္တဝါဖြစ်လာတယ်မှတ်ပါတယ်..။ ဒါတောင် လွန်လှ နှစ် ၁၀၀၀ဝ ပဲမို ့.. နှစ်သန်းရာချီကမ္ဘာကိုအုပ်ချုပ်ခဲ့တဲ့ ဒိူင်နိုဆော။ တီရက်စ်တွေ..ရယ်နေသလောက်ပဲရှိပါသေးတယ်..။
အခုတော့ .. လုပ်စရာတွေလည်း..နည်းလာ..။ ကမ္ဘာကြီးက မြေကြောရှုံ ့ပြီး.. ရွာလိုလည်းဖြစ်လာဆိုတော့… ပိုပြိးတိုးတက်လာအောင်..
အဖို၊အမ အတွဲကနေ.. အဖိုအဖို၊ အမအမ အတွဲတွေအတွက် ဖြစ်လာအောင် သဘာဝတရားက တွန်းတင်လာတယ်မှတ်ပါတယ်…။
ဆိုတော့…
လူ့ယဉ်ကျေးမှုနဲ့.. လူနေမှုအဆင့်အတန်းတွေ… နောင် အနှစ် ၅၀၀-၁၀၀ဝ တောက်လျှောက်ဆက်တိုးတက်ဦးမှာပါပဲ..။
ယူအက်စ်ကတော့ .. အခြောက်ဥပဒေတွေတခုပြီးတခု အတည်ပြုနေပြီ။ ပြီးခဲ့တဲ့ရက်ကတင်.. အခြောက်တွေ ..စစ်မှုထမ်းရာမှာ ..လွတ်လပ်စွာထမ်းနိုင်ပြီဆိုတဲ့.. Don’t ask, don’t tell (DADT) ကိုအတည်ပြုပေးလိုက်ပြီလေ..။
မကြာခင်.. လိင်တူတရားဝင်လက်ထပ်နိုင်တဲ့ ဥပဒေတွေတန်းစီလာတော့မယ်..။ ၁ဝစုနှစ် တခု၂ခုအတွင်း… နိုင်ငံတွေဆင့်ကဲ ကူးသွားတော့မယ်…။
ဘာတတ်နိုင်မှာလည်း..။
ဆင့်ကဲပြောင်းလဲဖြစ်စဉ်ရဲ့… လူ့ယဉ်ကျေးမှု စီးကြောင်းကြီးပဲ မဟူတ်လားနော..။
အမျိုးသမီးထုကြီးရေ..။
နောင်ဆို ..ယောက်ျားလိုချင်ရင်… အခြောက်တွေနဲ့ပြိုင်လုရမယ်..။ ကြိုးစား…ကြိုးစား..အရင်ထက် ၂ဆ ပိုကြိုးစား…။ပဲမများကြနဲ့တော့နော..။ 🙂
အမျိုးသားထုကြီးရေ..။
နောင်ဆို..မိန်းမလှလှနဲ့ညားချင်ရင်… လက်စ်ဘီယန်မိန်းမတွေနဲ့ပါ ပြိုင်လုရမယ်..။ ကြိုးစား…ကြိုးစား..အရင်ထက် ၂ဆ ပိုကြိုးစား…။ တတ်နိုင်ရင် ၂ယောက်စလုံးယူပလိုက်…။ 🙂
cherrywine
December 22, 2010 at 10:42 am
ရင်ထုပြီး လင်လုရမယ်ဆိုရင်တော့ …. မယူတော့ဘူး။
kopauk mandalay
December 22, 2010 at 11:50 am
မြန်မာလက်ဝှေ့သမားထဲမှာတော့ မိန်းမလိုဝတ်ပြီးထိုးတဲ့လူမတွေ့သေးဘူးဗျာ။
နတ်ရိုက်တာမဟုတ်ဘူးဗျာ နတ်ကို လှမ်းပြီးခြိမ်းခြောက်လိုက်တာဗျာ။
မကြီးလွင်က စိတ်တွေဆိုးပြီး ဝက်သားတွေစားလို်က်မှ သူတို့ဖောက်သည်ရော့သွားမှာစိုးလို့ ဆိုပြီးအချိန်မှီလေး
မင်းကြီးမင်းလေးက ပြန် “မ”လို့ပြန်အဆင်ပြေသွားတာပါတဲ့။
ကဲ
kai
December 25, 2010 at 12:12 pm
ယိုးဒယားလက်ဝှေ ့ထဲက ..ဂေးက..လက်သံအရမ်းပြောင်တာဗျ..။
ဂျပန်ကို ဖိတ်ပြီး ထိုးတဲ့ပွဲကြည့်ဖူးတယ်..။
ခဏလေးနဲ့ပွဲသိမ်းတာ..။ အရမ်းကို တော်တာ..။
လက်ဝှေ့ မထိုးခင်.. ဗမာတွေလိုပဲ.. လက်ဝှေ ့လုံးပြချိန်မှ ..လှနေတာပဲ..။
လူမျိူးနွယ်တွေမှာ ..ကပြားတွေက .. အစစ်တွေထက်ပိုပြီး ထူးချွန်တတ်တယ်ဆိုကြတယ်..။
ဂေးတွေကလည်း .. အခံစိတ်ကြောင့် ပိုချွန်ကြတယ်ထင်တာပဲ..။
ယူအက်စ်မှာရောက်နေတဲ့ မြန်မာလူဦးရေးနည်းနည်းလေးထဲမှာတောင်… မြို ့ကြီးအဆင့်မယ်ပြိုင်ပွဲ မစ်စ်ဖြစ်နေတဲ့ မြန်မာဂေးကိုတွေ့ဖူးတယ်..။
ဘယ်လိုပဲဖြစ်ဖြစ်..မြန်မာ့ဂုဏ်ဆောင်တာပဲလေ..။ 🙂
မိုက်ကယ်ဂျော်နီအောင်ပု
December 22, 2010 at 3:46 pm
ဘာရယ်တော့မသိ
အထက်ပါအရာအကြောင်းများ အားလုံးကို ဖတ်ပြီး
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် သောက်နေတန်းလန်းသော
ဘီယာပုလင်းကို ညာဖက်လက်ဖြင့် ဟန်ပါပါ မြှောက်တင်လိုက်ပြီး စူးစူးရဲရဲစိုက်ကြည့်နေစဉ်တွင်
” ဒီနေ ့တော့ အကြွေးမလုပ်နဲ ့တော့နော် ” ဟု
စိုးရိမ် သံဖြင့် အနားကပ်၍ တိုးတိုးလေးပြောလှာသော
ဆိုင်ပိုင်ရှင် ကျောင်းဆရာအား အောက်ပါအဓိပ္ပါယ်ရသော အင်္ဂလိပ်ဘာသာဖြင့် ခပ်ပြတ်ပြတ်ပင်ပြောလိုက်လေတော့သတည်း။
ဘယ်လိုပြောလိုက်တယ်များ ထင်ကြပါသလဲ????
kopauk mandalay
December 23, 2010 at 2:21 am
ဘယ်လိုပြောလိုက်တယ်များ ထင်ကြပါသလဲ????
ဖူကရပ်………………………………….
thethtet87
December 23, 2010 at 5:29 am
အကိုကဒီလိုကိစ္စတွေကတော့ဖြစ်နေတာကျတာပါဘဲ။ကျွန်တော်သိသလောက်တော့ဒါမျိုးတွေမူးယစ်
ဆေးစွဲနေတဲ့လူတွေကစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့လူတွေလိုသတ်မှတ်ထားကြတာဘဲ။ဘာလို့လဲ
ဆိုတော့လက်ရှိအဖြစ်မှန်ဘဝကိုလက်မခံနိုင်ဘဲကိုယ်စိတ်ဆန္ဒကိုဦးစားပေးကြလို့စိတ်ပိုင်းဆိုင်ရာ
ချို့ယွင်းတယ်လို့ပြောတာထင်တယ်။ပါတ်ဝန်းကျင်ကြောင့်တော့မဆိုင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော့
မေမေကတက္ကသိုလ်တက်တုန်းကသူငယ်ချင်းတွေကအခုခေတ်မှာတအားနာမည်ကြီးနေတဲ့ မာမီတွေ
ဘဲ။သူတို့အိမ်တွေကနေပြီးဖေဖေတို့မေမေတို့အိမ်ကိုပြောင်းပြီနေကြတယ်လေ။ကျွန်တော်မွေးပြီးတော်
တော်ကြာအောင်သူတို့လက်ပေါ်မှာကြီးခဲ့ရတာ။သူတို့လည်းကျွန်တော်ကိုအခုထိသားသမီးလို့ချစ်တာ။
ဒါပေမဲ့ကျွန်တော်လည်းဘာမှမဖြစ်ခဲ့ဘူး။သူတို့ကလည်းသူတို့လိုဖြစ်အောင်မလုပ်ကြဘူး။အခုထိတောင်
ကျွန်တော်တို့သွားလာတွေဆုံနေကြတာဘဲ။အားလုံးကိုကိုယ့်ဆွေမျိုးသားချင်းတွေလိုဆက်ဆံတာဘဲ။
ကျွန်တော်ထင်တာကတော့ကာယကံရှင်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဘဲဆိုင်တယ်ထင်တယ်။
etone
December 24, 2010 at 7:25 am
ခြောက်ရာက ပြန်ပြီး မူလဘဝရောက်ဖို့ဆိုတာ မလွယ်ဘူးနော် ။ ကြုံထောင့်ကြုံခဲ ပဲ ။
R Ga
December 24, 2010 at 10:59 am
အင်း……..ဒါကြောင့် ဒီနေ့ခေတ်မှာ သားယောကျာ်းလေးမွေးလည်း..။ အပေါင်းအသင်းကို ကြောင့် ခြောက်သွားရမှာ လည်းစိုးရိမ်စရာပဲ..။
မိန်ခလေးတွေနဲ့ပေါင်းမှ အခြောက်ဖြစ်တာ ထက် လူငယ်ယောက်ျားလေးခြင်း
လိင်ကိစ္စတွေ ကို အချင်းချင်း စမ်းသပ်တာတွေကြောင့်လည်း အခြောက်ဖြစ်တာတွေ ရှိနေတာတွေ့နေရပါတယ်။..။ လောကကြီးက ဘာတွေမှန်းကိုမသိဘူး…အခုတော့ ရန်ကုန်ရော မန္တလေးမှာပါ..အခြောက်တွေတော်တော်များလာတွေ့ရတယ်.။ နောက်အနုပညာလောကမှလည်း ဒီအခြောက်တွေချည်းပဲ…
မိုက်ကယ်ဂျော်နီအောင်ပု
December 24, 2010 at 2:28 pm
ဟုတ်တယ်ဗျို ့
ကျွန်တော်တို ့အားလုံးဒါတွေကို ဂရုစိုက်ဘို ့လိုလိမ့်မယ်
သူတို ့ဘာသာ လူ ့အခွင့်ရေးတို ့ဘာတို ့ကတော့ သူတို ့ကိစ္စဘဲဖြစ်လိမ့်မယ်
ဒါတွေက ခေတ်အခြေနေအရ တော်တော်သိမ်မွေ ့တယ်နော်
တော်တော်ကလေးစဉ်းစားစရာဖြစ်ရတယ် ဘာသာရေးအရ ကံအကြောင်းဆိုတာတစ်မျိုးမြင်လို ့ရတယ်
လူမှု ့ရေးအရကတော့ အိုင်ပီ
ပီလိုပြောတဲ့ အတိုင်းဘဲ လူကြီးတွေဘက်က လက်ဦးအောင် ဆော်ပြစ်ရမယ်
မဟုတ်လို ့ကတော့ ညောင်နာနာသွားလုပ်ရင် ကိုယ်ပါရောပြီး ညောင်သွားနိုင်တယ်
တွေ ့ဘူးတယ် နေတဲ့လမ်းထည်းမှာ မိဘတွေက ဘယ်လိုခံစားထားလဲမသိဘူး
သားလေးက ခပ်ချောချော ညောင်နာနာလေးပေါ့
ဒါပေမယ့် လင်ခိုးလာတာလား သူငယ်ချင်းခိုးလာတာလား ဘာလားတော့မသိဘူး
တော်တော်နားလည်ရခက်တယ်။
char too lan
December 25, 2010 at 1:49 pm
ဘုရားပြောခဲ့ တီထွေးကြီးဆိုတာပဲနေမှာ ~~~~ @_@