“ထွေးတော့ ထွေးပါဘဲ……………….”(အပိုင်းနှစ်)
ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”(အပိုင်းနှစ်)
နောက်တစ်ယောက်ကတော့ “ထား”ဆိုတဲ့ ကျနော်နဲ့ ကျောင်းနေဖက်ငယ်သူငယ်ချင်းမလေးပါ။ အလွန်အေး အလွန်ရိုးတဲ့ ခပ်အအသူငယ်ချင်းမလို့တောင်ပြောရင်ရပါတယ်။ တက္ကသိုလ်သာလေးနှစ်နေပြီး ဘွဲ့တစ်ခုရသွားတယ် ဘယ်သူနဲ့မှ ဘာမှ ဇာတ်လမ်းမရှိလိုက်ဘူး။ ကျောင်းပြီးတော့လဲ သူတို့မိဘလုပ်ငန်းဖြစ်တဲ့ ဈေးထည်တွေချုပ်တဲ့ လုပ်ငန်းကို ဝင်ပြီးဦးစီးရတာပါ။ သူတို့က နန်းရှေ့မှာနေတာပါ။ သူတို့ခြံက အကျယ်ကြီးဆိုတော့ အိမ်ဝို်င်းထဲမှာ မိသားစုသန့်သန့်လေးတွေကို အိမ်ငှားထားပါတယ်။ သူတို့အိမ်ဝိုင်းထဲမှာ ကိုထွေးအောင်နဲ့ မခင်စိုး ဆိုတဲ့ လင်မယားနှစ်ယောက်လည်းငှားနေပါသတဲ့။ ကိုထွေးအောင်က ကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာ အဝယ်တော်လုပ်ပြီး မခင်စိုးကတော့ ကျောင်းဆရာမ လေးပါ။သူတို့ မှာ လေးနှစ်အရွယ်စကား တီတီတာတာပြောတတ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူတို့ လင်မယားအလုပ်သွားရင် ကလေးကို “ထား”တို့အိ်မ်မှာအပ်ထားခဲ့ပါတယ်။“ထား”တိုုုုုုုုုုုုုု့မိသားစုကလဲ ဒီကလေးကို အတော်လေးကို ချစ်ကြပါတယ်။ ကလေးက လဲ “ထား”ကို “မေမေထား” ထားတိုအမေအဖေကို ဖွားဖွားကြီး ဖိုးဖိုးကြီး လို့ ခေါ်ပါတယ်။ ဒီတော့ လဲ ဒီကလေးလေးက “ထား”တို့မိသားစုရဲ့ဆည်းလည်းလေးဖြစ်လို့လာပါတယ်။
တိုတိုပြောရရင် မခင်စိုး ဒုတိယ ကိုယ်ဝန်ဆောင်မီးဖွားရင်း ဆုံးပါးသွားပါတယ်။ကလေးကတော့ ယောက်ျားလေးဖြစ်ပြီး အသက်ရှင်လို့ ကျန်နေခဲ့ပါတယ်။အဲဒီအခါမှာတော့ ဒီကျန်နေတဲ့ကလေးနှစ်ယောက်တာဝန်က “ထား”တို့ မိသားစုအရေးလိုဖြစ်လာပါတယ်။ နောက်တော့ ကလေးသံယောဇဉ်ရယ် ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တဲ့ စားရေးသောက်ရေးဒုက္ခတွေဝေနေတဲ့ ကိုထွေးအောင်က“ထား”ကို ကမ်းလှမ်းတာကို လက်ခံမယ်လို့ဆုံးဖြတ်ချိန်မှာတော့ သမီးပျိုကို မုဆိုးဖိုကလေးအဖေနဲ့ပေးစားဘို့ထိသဘောမကောင်းနိုင်တဲ့ “ထား”မိဘတွေနဲ့ ပြဿနာတက်ပါတော့တယ်။ ခေါင်းမာလွန်းတဲ