“ဘဝအမှားရောက်တော့ ……………….ဘဝမှောက်”(အပိုင်းတစ်)
“ဘဝအမှားရောက်တော့ ……………….ဘဝမှောက်”(အပိုင်းတစ်)
ပြီးခဲ့တဲ့ ဥပုဒ်နေ့က ကိစ္စတစ်ခုနဲ့ မင်းကွန်းဘက် ကိုရောက်ခဲ့ပါတယ်။
ရောက်တုန်းရောက်ခိုက်မှာ ကျနော်တို့ မိဘများလက်ထက်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းကိုလည်ုး တစ်ဆက်တည်းသွားဖြစ်ကြပါတယ်။
ကျနော်ဒီကျောင်းလေးကို မရောက်တာ ဆယ်စုနှစ်တစ်ခုလောက်ရှိပါပြီ။
အဲဒီမှာ ဟိုအရင် ငယ်စဉ်ကတည်းက ကျနော်တို့နဲ့ သိကျွမ်းခဲ့ရတဲ့ အသက်တော် 70 နီးပါးရှိနေတဲ့ ဖွားသီလရှင် “ဖွားခေမာ” ကိုလည်း ပြန်တွေ့ရတော့ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာပါ။
ကျနော်တို့ ကိုးနှစ်ဆယ်နှစ်အရွယ်တုန်းကတော့ ထက်မြက်နုပျိုသော ဘဝကိုပိုင်ဆိုင်ထားတဲ့ မယ်သီလရှင်လေး “မခေမာ “ပေါ့။
အခု ပြန်တွေ့ကြ တော့ သိပ်မကောင်းတော့တဲ့ အမြင်အာရုံကြောင့် ကျနော်ကို သူ့အနားမှာလာထိုင်ခိုင်းပြီး မျက်နှာကိုစမ်းကြည့် လူကို ကိုင်ကြည့်နဲ့ ပါးစပ်ကလဲ “ကိုပေါက် ကိုပေါက် “နဲ့ တတွတ်တွတ်ခေါ်ရင်း
“နင်တို့ ငယ်ငယ်က လှုပ်လှုပ်ပြီး ခြွေချခဲ့တဲ့ ဇီးပင်လေး မနှစ်က သေသွားရှာပြီကွဲ့”လို့လဲ သတိတရလေးပြောနေရှာပါတယ်။
သေးကွေးပိန်လှီနေတဲ့လက်ကလေးနဲ့ ကျနော်ကိုတစမ်းစမ်း လုပ်ရင်းက တရားဘောင်မှာပျော်မွေ့နေသူဖြစ်ပေမယ့် ၊
ဝမ်းနည်းဝမ်းသာဖြစ်လာလို့ သတိမထားမိလိုက်ဘဲ ကျနေတဲ့ မျက်ရည်လေးကလဲ တစိုစို ဆိုတော့ ကျနော့်ရင်ထဲမှာလဲ ဖော်မပြနိုင်တဲ့ ခံစားမူ့နဲ့ ဆို့နင့်မူန်မိူင်းလို့လာပါတယ်။
မမြင်ရတဲ့ သံယောဇဉ်ဆိုတာ ဒါဘဲဖြစ်မယ်ထင်ပါတယ်။
ကျနော်တို့ငယ်ငယ်က ဒီကျောင်းကိုရောက်ပြီဆိုတာနဲ့ ညီအကိုမောင်နှမအရင်းတွေရော ၊ဝမ်းကွဲတွေရော၊
အတူပါလာကြတဲ့ အိမ်နီးနားချင်း သူငယ်ချင်းတွေရော ၊တစ်စုတစ်ဝေးကြီး ဝန်းဝန်းတောက် မျောက်မူးလဲ လက်လက်စင်အောင်ကို ဆော့ကြကစားကြတာပါ။
အေးမြတဲ့အရိပ်တွေအောက်မှာ ကစားနည်းတမျုးိပြီးတစ်မျုးိ ကို မရိုးအောင်ပြောင်းလို့ဆော့ ၊ မောရင် ဆရာလေးတွေလုပ်ပေးထားတဲ့ မြန်မာမုန့်လေးတွေစားပြီးဆက်ကစား၊ ဒါနဲ့တင် အားမရနိုင်သေးဘဲကျောင်းဝင်းထဲက စားလို့ ရတဲ့ အပင်က အသီးမှန်သမျှ အကုန်ခူးစားကြတာပါ။
မာကလာပင်မှာ အသီးရှိပြန်ရင် လဲ မှည့်မှည့် မမှည့်မှည့် ခူးပြီးစားတာပါဘဲ။
ဇီးသီးပေါ်ချိန်မှာဆိုရင် ကျောင်းအနောက်တောင်ဒေါင့်မှာရှိတဲ့ အပင် ကို တွန်းလှုပ်တဲ့လူက လှုပ်၊
တုတ်နဲ့ထိုး သူကထိုး၊ ဝါးလုံးနဲ့ရိုက်သူက ရိုက်ချ ဗရုတ်သုက္ခလုပ်ချင်တိုင်းလုပ်ခဲ့ကြတာကို ပြန်တွေးရင် ပျော်စရာကြီးပါ။
ကျနော်တို့တစ်တွေအပင်ကိုများ တုတ်နဲ့ရိုက်နေတာများ မြင်ရင် ဆရာလေး မခေမာ က အပင်နာမှာစိုးလို့လှမ်းအော်တော့ မှ အပင်အောက်ကနေထွက်ပြေးကြတာပါ။
သူမမြင်တော့ ဘူးဆို ချက်ချင်းပြန်ရောက်လာကြပြန်တာဘဲ။
ငယ်ငယ်တုံးကတော့ သူ့ကို ကျနော်တို့ကကြောက်လဲကြောက်လန့်လဲလန့် သလို သူ့မြင်ရင်ပြေးကြတာပါ။
သူက လည်း စည်းကမ်းကလနားတွေအရမ်းများတာကိုး။
ဒါပေမယ့်ကျနော်တို့ကို မုန့်တွေတစ်မျိုးပြီး တစ်မျုးိရှာကြံပြီး လုပ်ကျွေးတာကလဲ ဆရာလေး မခေမာပါဘဲ။
နောက်တော့ စကားတွေ တောင်ရောက်မြောက်ရောက်ရှေးဟောင်းနှောင်းဖြစ်တွေကို အတော်ကြာအောင်ပြောနေကြပါတယ်။
“ မင်းတို့နဲ့ ငယ်ငယ်က တစ်ရပ်ကွက်ထဲ နေခဲ ဘူးတဲ့ “ကိုရွှေ”ကတော့ တမြန်မနှစ်က ဆုံးသွားရှာပြီ”လို့ပြောပါတယ်။
“ဖွားခေမာ”က စကားပြောရင်းမောတော့ ရပ်နေချိန်မှာ “ဖွားခေမာ”ဘေးမှာနေတဲ့မယ်သီလရှင်လေးကဆက်ပြီး
“ဟုတ်တယ် အဲဒီ ဦးလေးကြီးက အဖွားလက်ပေါ်တင်ဆုံးသွားတာ။
သူမဆုံးခင်ကတည်းက တစ်ခါတစ်လေ မိန်းမလို ဝတ်တဲ့အခါဝတ် ယောက်ျားလို ဝတ်တဲ့အခါဝတ်တစ်ယောက်ထဲ စကားတွေပြောချင်ပြော ငိုတဲ့ အခါငိုနဲ့ သိပ်စိတ်မမှန်တော့ ဘူးထင်တာဘဲ။
သူဆုံးတယ်ဆိုတော့ မန်းလေးက သူ့ အကိုတွေရော ညီတွေရော လာကြတယ် ၊နှလုံးရောဂါကြောင့်လို့တော့ ပြောကြတာဘဲ“ လို့ သူသိသလောက်လေးကိုပြောပြပါတယ်။
ပြန်ခါနီးတော့ “ဖွားခေမာ”ကို တတ်နိုင်သလောက်က လေး ကန့်တော့ပြန်တော့ ဆုတွေအရှည်ကြီးကို အသံတုန်တုန်လေးနဲ့ပေးရှာပါတယ်။
စိတ်ထဲမှာတော့ နောင်ပြန်မှ အခုလို တွေ့နိုင်ပါအုံးမလားတော့ ခပ်ဆွေးဆွေး တွေးမိပါသေးတယ်။
ကျနော်မင်းကွန်းကအပြန် မော်တော်ပေါ်ရောက်တော့ မော်တော်ဦးက ထိုးခွဲလိုက်လို့ တဖွားဖွားလွင့်နေတဲ့ ရေမူန်ရေမွှားတွေလို ကျနော်စိတ်တွေကလည်း အတွေးတွေနဲ့လွင့်လိုနေပါတယ်။
အတွေးထဲကိုရောက်လာတာကတော့ ဆုံးသွားတယ်ဆိုတဲ့ “ကိုရွှေ” အကြောင်းလေးပါ။
ကျနော်တို့ ငယ်ငယ်က အနောက်ကျုံးလမ်းက ဝင်းထဲမှာအိမ်ငှားနေကြတုံးကပေါ့။
ကျနော်တို့နေခဲ့တဲ့ဝင်းလေးကို မြင်အောင်ပြောပြရမယ်ဆိုရင် တပြပါတ်လည်ရှိတဲ့ ဝင်းအကြီးကြီးကို တောင်မြောက်ထက်ဝက်ပိုင်းထားပါတယ်။
မြောက်ဘက်ခြမ်းက တော့ ဟိုအရင်ကတည်းကပိုင်ခဲ့တဲ့ မင်းမျုးိမင်းနွယ် အနွယ်တော် မိသားစုက သီးသန့်နေပါတယ်။
တောင်ဘက်ခြမ်းမှာတော့ သူတို့ဆီကပြန်ဝယ်ထားတဲ့ လူတွေရယ် ကျနော်တို့လို အိမ်ငှားတွေရယ်နေကြပါတယ်။
အဲဒီထက်ဝက်ပိုင်းထားတဲ့ ဝင်းကို အရှေ့ဖက်က ဝင်းတစ်ဝင်း အနောက်ဖက်က ဝင်းတစ်ဝင်း ထပ်ပိုင်းလိုက်ပါတယ်။
အရှေ့ဖက်ဝင်းကတော့ သူတို့ဝင်းဝင်ပေါက်က ကျုံးဘက်ကိုမျက်နှာမူထားတဲ့ အရှေ့ဘက်ကနေဝင်ရပါတယ်။
ကျနော်တို့နေတဲ့ အနောက်ဘက်ခြမ်းကတော့ တောင်ဘက်မှာတစ်ပေါက်ထဲသောအပေါက် ကိုဖောက်ထားပါတယ်။
ကျနော်တို့ရဲ့ဝင်းအနောက်ဘက်ခြမ်း မှာတော့ ဝင်းအပြင်ဘက်တန်းကအိမ်တွေက လမ်းမကိုမျက်နှာလှည့် ကျနော်တို့ ဝင်းဘက ် ကိုကျောပေးလို့ ဆောက်ထားကြပါတယ်။
တောင်ဘက်ပေါက်က ဝင်လာရင် ဝင်းအလယ်ခေါင်မှာမြေကွက်လပ်ကြီးဖြစ်နေပြီး အိမ်တွေက ဝင်းပါတ်ပါတ်လည်မှာ
တောင်ဘက်ဝင်ပေါက်ကစလို့ မြောက်ဘက်၊မြောက်ဘက်ဒေါင့်ဆုံးတော့ အနောက်ဘက် ၊
အနောက်ဘက်ဒေါင့်ဆုံးတော့ အရှေ့ဘက်ကို ပြန်တက်လို့အစဉ်လိုက်တန်းစီပြီး “ပစောက် “ပုံသဏ္ဍန်လေး ဖြစ်အောင် တစ်အိမ်နဲ့တစ်အိမ် ခပ်ကပ်ကပ်လေးဆောက်ထားကြပါတယ်။
အားလုံးကကပ်မိုး ထရံကာ ဒါမှမဟုတ် သွတ်မိုးထရံကာအိမ်တွေဘဲဖြစ်ပါတယ်။
ခက်တာက ကျနော်တို့သုံးတဲ့ရေတွေ အပြင်ကိုထွက်ဘို့ ရေဆိုးမြောင်းမရှိပါဘူး။
ပုဂံခွက်ယောက်ဆေးတာကြောတာလောက်ကတော့ သူ့ဘာသာသူခြောက်သွားနိုင်ပေမယ့်
ကိုယ့်အိမ်ထဲမှာကိုယ် ရေချိုးလို့ကတော့ မရပါဘူး။
“ရေမချိုးရ”လို့ စည်းကမ်းတိတိကျကျကြီး သတ်မှတ်မထားပေမယ့် အားလုံးက သိတတ်မူ့နနားလည်မူ့နဲ့ ဝင်းထဲမှာဘယ်သူမှရေမချုးိကြပါဘူး၊
ဒီတော့လဲ အရပ်ထဲမှာနေတဲ့ ကလေးလူကြီးမကျန် ရေချိုးအဝတ်လျှော်မယ်ဆိုရင်
ဝင်းအပြင်မှာရှိတဲ့ကျုံးရေကန်ကိုထွက်ပြီးတော့ ရေချုးိကြပါတယ်။
အိမ်သာကြပြန်တော့လဲ ဝင်းရဲ့အနောက်တောင့်ဒေါင့် ကမြေကွက်လပ်မှာ “အများသုံးအိမ်သာ”ကိုစုပေါင်းလို့ ဆောက်ထားပါတယ်။
ဒီတော့လဲ သိပ်သီးသန့်သန့်နေချင်လို့တော့ မရပါဘူး။
“ကိုရွှေ”တို့ က ကျနော်တို့အိမ်နဲ့မျက်နှာချင်းဆိုင်မှာနေပါတယ်။
နာမယ်အရင်း မှတ်ပုံတင်ထဲမှာပါတဲ့ နာမယ်ကတော့ “မခင်ရွှေ”ဖြစ်ပေမယ့် သူနဲ့ဆက်စပ်ပက်သက်သမျှသူတိုင်းက ကိုရွှေ လို့ ခေါ်မှကြိုက်တဲ့ ယောက်ျားလျှာတစ်ယောက်ဖြစ်ပါတယ်။
သူအိမ်က ညီအကိုမောင်နှမငါးယောက်မှာ သူကလေးယောက်မြောက်ဖြစ်ပါတယ်။
သူအထက်ကသုံးယောက်ဆက်တိုက်ယောက်ျားလေး သူကမိန်းကလေးသူ့အောက်အငယ်ကလည်းယောက်ျားလေးပါဘဲ။
ဖြစ်ချင်တော့ သူ့အဖေက မိန်းကလေးဆိုမလိုချင်ဘူး ။
ဒီတော့လဲ သူအမေက သူ့အဖေအလိုကျအတိုင်းယောက်ျားလေးတစ်ယောက်လိုအမြဲဝတ်ပေးထားပါတယ်။
အကျီင်္အဝတ်အစားဆိုလဲ မိန်းကလေးလိုမဆင်ဘဲ သူ့အထက်က အကိုတွေရဲ့အကျကိုဘဲဆင်ပေးပါတယ်။
ကိုရွှေ ကိုယ်တိုင်ကလဲ သူ့အဖေသူ့ကိုမငြိုငြင်အောင်ယောက်ျားပုံစံနေပြရင်းနဲ့ သူကိုယ်တိုင်လဲ သူ့ကိုယ်သူ ယောက်ျားလေးလိုထင်လာပါတော့တယ်။
ဒီလိုနဲ့ဘဲ ကလေးဘဝကို ယောက်ျားလေးပုံစံနဲ့ဖြတ်သန်းလာခဲ့တာ ကိုရွှေ အပျုိုပေါက်မရောက်ခင်အချိန်ထ ိအဆင်ကိုပြေလို့ပါ။ အိမ်နီးနားချင်းက မိန်းမသားတွေ နဲ့ ကိုရွှေ ပွဲလမ်းသဘင်တွေရုပ်ရှင်တွေများအတူသွားကြရင် ကိုရွှေက လူမိုက်ပုံဖမ်းလို့ သက်တော်စောင့်တာဝန်ကို ကျေကျေနပ်နပ်နဲ့ ထမ်းဆောင်တာပါ။ ဒါပေမယ့် ကိုရွှေ အပျိုဖော်ဝင်လို့ အရွယ်ရောက်တဲ့အချိန်မှာ ပြဿနာတစ်ခုလိုဖြစ်လာတာကတော့ ရေချိုးတာပါဘဲ။
အရင်ငယ်ငယ်တုံးကတော့ အပြင်ရေကန်မှာထွက်ချိုးလဲ ပြဿနာမရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာ သူကလဲ လူမြင်သူမြင်ရေမချုးိရဲတော့ပါဘူး။
ယောက်ျားလိုနေတယ်ဆိုတော့ အများသုံးရေကန်မှာ ထမီရှင်ရှားပြီးရေချုးိဘို့ လဲ သူ့မှာစိတ်မရဲ ယောက်ျားလိုချိုးလို့ကလဲ အဆင်မပြေနဲ့ သူ့အတွက် အတော်ကို စိ်တ်ညစ်စရာပေါ့။
ဆောင်းတွင်းမှာ နေတိုင်းရေမချိုးလဲရပေမယ့် ရေချုးိပြန်တယ်ဆိုရင် ရေကန်မှာ လူမရှိတဲ့ မနက်အစောကြီး မှာ ချမ်းချမ်းစီးစီးထချိုးရတာက လဲ တစ်ဒုက္ခ။ နွေအခါကျပြန်တော့ နေ့လည်နေ့ခင်းပူအိုက်ပေမယ့်လည်းရေမချုးိနိုင် သူများတွေမထခင် မိုးလင်းစောစောမှာ ရေချုးိဘို့ လုပ်မယ်ကြံလိုက်ပြန်ရင် လမ်းမှာက လူသွားလူလာမပြတ်ဆိုတော့လဲ တစ်ဒုက္ခ။ နောက်အဝတ်အစား ဝတ်ပြန်တော့လဲ ပူအိုက်တဲ့နွေဆိုပြန်ရင်လဲ သူများလို အေးအောင်အပါးစလေးတွေ ဝတ်လို့မရတာကလဲ တစ်ဒုက္ခ။
ပိုခက်တာက ရုပ်ရှင်သွားပြီဆိုရင် အိမ်ကတည်းက အပေါ့ အပါး ကိစ္စရှင်းရပြန်ပါတယ်။
ရုပ်ရှင်ရုံ အိမ်သာဆိုတာက လူပေါင်းစုံ သူ့အနေနဲ့ ယောက်ျားအိမ်သာထဲ ဝင်ဘို့ဆိုတော့ သူကလဲ မရဲ ။
မိန်းမအိမ်သာထဲ ဝင်ဘု့ိဆိုပြန်တော့လည်း ယောက်ျားထင်တော့ အဝင်မခံ။
သူကိုယ်တိုင်ကလဲ မိန်းမအိမ်သာထဲ ဝင်ရမှာရှက်ပါသတဲ့။
ဒါနဲ့ဘဲ နောက်တော့ ရုပ်ရှင်တွေဘာတွေသွားကြည့်တာ တစစ နည်းလာပါတယ်။
တစ်ခါတော့ သူတို့မိသားစုလိုက် မုံရွာဘက်ကို မီးရထားနဲ့ ခရီးသွားကြပါတယ်။
လမ်းမှာ လက်မှတ်စစ်တက်လာတော့ လက်မှတ်တွေပြရင်းမှတ်ပုံတင်တွေပါတောင်းစစ်ပါတယ်။
အဲဒီ အချိန်က ခရီးသွားရင် မှတ်ပုံတင်အမြဲဆောင်ထားရပါတယ်။
လုံခြုံရေးအတွက်လိုအပ်လို့ စစ်ဆေးတဲ့အခါပြနိုင်ဘို့ပါ။
အဲဒီအခါမှာ မသိတတ်တာလား သိရက်နဲ့ တမင်ရစ်တာလား တော့ ကာယကံရှင်မှသိမယ့် အဖြစ်အပျက်တစ်ခုနဲ့ကြုံရပါတော့တယ်။
လက်မှတ်စစ်က ကိုရွှေကို မှတ်ပုံတင်နဲ့လူနဲ့လွဲနေတယ်ဆိုပြီး လူကြားသူကြားမှာပြောတာပါ။
ကိုရွှေ အမေက တိုးတိုးတိတ်တိတ်ရှင်းပြပေမယ့် လက်မှတ်စစ်က ဇွတ်တွန်းပြီး မတူဘူးဘဲပြောနေပါတယ်။
အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုရွှေ မျက်နှာတွေနီရဲနေပြီး ရှက်လွန်းလို့ မျက်ရည်တောင်စို့နေသလိုပါဘဲ။
အဲဒီလိုဖြစ်ခဲ့တာက ကိုရွှေစိတ်ကိုတော်တော်လေးထိခိုက်သွားပါတယ်။
ဘယ်လိုဘဲဟန်ဆောင်ဆောင် ဘယ်လောက်ဘဲ မာန်တင်းတင်း သူဟာမိန်းမတစ်ယောက်ဆိုတာ သိသွားသလိုပါဘဲ။
တကယ်တန်းတော့ ဘယ်လိုဘဲ ယောက်ျားတစ်ယောက်လိုနေပေမယ့် အရေး ကြုံလာရင် မိန်းမက မိန်းမပါဘဲ။
အဲဒီက ပြန်လာကတည်းက ဝေးဝေးလံလံခရီးကို အငှားကားတို့ မီးရထားတို့နဲ့သွားရမယ်ဆိုရင် မလိုက်တော့ ပါဘူး။
ဒီလိုနဲ့ဘဲ ကိုရွှေ မိသားစုနဲ့ရော ပါတ်ဝန်းကျင်နဲ့ပါ တစ်စထက်တစ်စ ဝေးကွာလာပြီး နီးလျက်နဲ့ဝေးဖြစ်နေပါတယ်။
နောက်တော့ တစ်ယောက်ထဲ စကားပြောတာတွေဘာတွေဖြစ်လဲလာရော ဆရာဝန်နဲ့ ပြပြီးတိုင်ပင်ကြရပါတော့တယ်။
နောက်သူသဘောအတိုင်း မိန်းမလိုနေတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့ တစ်ခြား တစ်မြို့ မှာနေတဲ့ သူတို့အမျုးိအိမ်မှာ သွားထားပါတယ်။
နယ်သစ်ပယ်သစ် သူ့ကို ဘယ်သူမှ မသိတဲ့အရပ်မှာ မိန်းမလို ဝတ်စားပြီး ဘဝအသစ်ပြန်စပါတယ်။
အဲဒီမှာ ခြောက်လလောက်နေပြီး သူအိမ်သူ့အရပ်ကိုပြန်လာတော့ အစကတော့ ဟုတ်သလိုလိုပါဘဲ။
နောက်တော့ ထုံးစံအတိုင်း ပါတ်ဝန်းကျင်က ဝေဖန်တာတွေက ကလေးတွေက စကြနောက်ကြတာတွေက သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။
ငယ်ကထည်းက ဆက်ဆံခဲ့သူတွေကလဲ သူကို အရင်လို ကိုရွှေခေါ်ရမှာလား မရွှေဘဲခေါ်ရမလားဆိုပြီး အနေကျပ်စရာတွေဖြစ်လာပြန်ပါတယ်။
ဒီကြားထဲ ဖြစ်ချင်တော့ သူနဲ့ အိမ်မှာ အရင်းနှီးဆုံး မိန်းမသားဖြစ်တဲ့ သူအမေဆုံးသွားပါတယ်။
အဲဒီအခါမှာ သူလည်း သူငယ်ကတဲက ရင်းနှီးခဲ့တဲ့ မယ်သီလရင်တွေရှိရာ မင်းကွန်းကို သွားနေမယ်ဆိုပြီး မင်းကွန်းမှာသွားနေပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(www.kopaukmdy.info)
One comment
weiwei
January 6, 2011 at 4:51 am
တန်းလန်းကြီးဖြစ်နေတဲ့သူတွေ အခု အစုံဖတ်လို့ရပါပြီ …