စိတ်မကောင်းစရာ မြင်ကွင်းလေးတစ်ခုနဲ့ ဒီဇင်ဘာ မနက်ခင်းရဲ့ အအေးဒဏ်

နွယ်ပင်December 29, 20101min41224

ခုရက်ပိုင်းအတွင်းက ရိုက်ထားတဲ့ ပန်းဆိုးတန်း တံတားပေါ်မှာ အခြေအနေမဲ့ ကလေးငယ်နှစ်ဦးရဲ့ ခြင်ထောင်စုတ်ကို ခြုံပြီး ဒီဇင်ဘာ မနက်ခင်း အအေးဒဏ်ကို ကာကွယ်နေရတဲ့ပုံလေးပါ ။တိုင်းပြည်က အနာဂတ် ကလေးငယ်နှစ်ဦးရဲ့ သနားစဖွယ် အခြေအနေပါ…။ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေပါတယ်တဲ့ ။ ဒီအခြေအနေကို ပြောတာလားတော့ မသိဘူး .

Posted by ဒီမိုဝေယံ

24 comments

  • koyinmaung

    December 29, 2010 at 3:29 am

    စိတ်မကောင်းစရာမြင်ကွင်းလေးပါဘဲ….

  • etone

    December 29, 2010 at 4:14 am

    ဒီပုံလေးကို အကျယ်ချဲ့ ကြည့်လိုက်တာ မျက်ရည်ဝဲလောက်တဲ့အထိ စိတ်မကောင်းဖြစ်မိပါတယ် ။ ဥ ဥ ပြီး ပစ်သွားခဲ့တဲ့ ဘဲနဲ့တူတဲ့ မိဘမျိုးက ဆင်းသက်လာတဲ့ ကံမကောင်းရှာတဲ့ကလေးတွေဖြစ်မယ် ။ အသက်မပြည့်၊ ဘာမှမတတ်တော့ တောင်းရမ်းစားရတယ် ။ ကြီးလာတော့ အလုပ်လုပ်ချင်စိတ်ရှိရင် တော့ ကုန်ထမ်းသမားတို့ ဘာတို့ဝင်လုပ်မှာပေါ့ … အလုပ်လုပ်ချင်စိတ်မရှိရင်တော့ ဆက်ပြီးတောင်းစားလိမ့်မယ် ။ တောင်းစားရင်း စည်ပင်ကကောင်တွေ စီမံချက်ဆို လိုက်ဖမ်းတာနဲ့ တိုးရင် ထိန်းသိမ်းခံရပြီး နယ်မြို့တွေမှာ ပြန်လွှတ်ခံရမယ် …။ ရေးရင်း ရင်မောတယ် ။

  • naywoonni

    December 29, 2010 at 7:19 am

    မကြာပါဘူး လာခေါ်တော့မှာ ရဲမွန်တို့ဘာတို့ကနေ

  • cobra

    December 29, 2010 at 9:01 am

    တကယ့်ကိုဝမ်းနည်းစရာပါဗျာ….
    ကိုယ့်ဝမ်းတောင်ကိုယ်အနိုင်နိုင်ရှာစားနေရတယ့်မိဘတွေဖြစ်နေပီးတော့……..
    ဘာမှမဆိုင်တဲ့ကလေးတွေကိုပါလူ ့လောကထဲဆွဲသွင်းဒုက္ခတွေပေးနေကြတယ်..

    • kai

      December 29, 2010 at 9:11 am

      ဒါက .. မိသားစုစီမံကိန်း..ဘာဘာညာညာတွေ.. အစိုးရကလုပ်ပေးမှ..ပညာပေးမှ .. သိတာ..တားလို့ရတာပါ..။
      မိဘတွေမှာ အပြစ်မရှိပါဘူး..။
      ဘယ်တတ်နိုင်မှာလည်း..။ မီးက ခဏခဏပျက်..။ တခြား ..အင်တာတိန်း လုပ်တဲ့နေရာတွေမသွားနိုင်.. မရှိဆိုတော့.. ဒီလိုပဲ.. ကာမနဲ့နပန်းလုံးပြီး စိတ်ပျော်ရာလုပ်ကြရတာကိုး..။
      ကလေးတွေထွက်လာတော့ လည်း…။

      အခုဓါတ်ပုံထဲကမှ..ဖိနပ်နဲ့..အကျီ ်နဲ့ရှိသေးတယ်..။
      ပြီးတော့ ယောက်ျားလေးတွေ..။
      ဘယ်တတ်နိုင်မှာလည်း.. ကံကိုက မကောင်းကြတာကိုး..။
      ကဲမကောင်းရတဲ့ကြားထဲ..ကံမကောင်းတဲ့မိဘဆီမှာလူလာဖြစ်ပြီး..ကံမကောင်းတဲ့တိုင်းပြည်မှာနေကြရတာကိုး..။
      ကံကောင်းအောင် ..ထိုင်စောင့်နေလိုက်..။
      ကျန်တဲ့သူတွေလည်း .. ကံကောင်းပါစေ..ဝိုင်းဆုတောင်းပေးလိုက်ကြပါဦး..။
      နေ့တိုင်း..ဘုရားရှိခိုးတိုင်း..ဆုတောင်းပေးကြနော..။
      ကံကောင်းလာအောင်…။ 🙁

  • eros

    December 29, 2010 at 9:40 am

    ဆြာခိုင်ရေ အမေရိကားမှာဘယ်လို စောင့်ရှောက်မှုတွေပေးသလဲဗျ။

  • kai

    December 29, 2010 at 10:17 am

    ကလေးယူတဲ့ကိစ္စဆိုရင်တော့ .. ဖင်မလီပလင်န်တွေ အစိုးရက အခမဲ့ပေးတယ်..။
    သားဆက်ခြားတို့..ဘာညာကွိကွ ..အကုန် ဆရာဝန်တွေ။ပညာရှင်တွေက သင်ပေးတာပဲ..။
    ဆေးထိုး၊ ဆေးစား အကုန်အခမဲ့..လောက်ပဲ..။

    ကလေးဆိုရင်လည်း.. မွေးလာတဲ့ကလေး..မကြည့်နိုင်ဘူးဟေ့ဆိုရင် ..အစိုးရက လာသိမ်းပြီး ..သင့်လျှော်တဲ့ မိဘ(မွေးစားမဲ့သူ)ရှာပေးတယ်..။
    မိဘကကြည့်အောင်တော့ စည်းရုံးတာပေါ့..။ နို့မတိုက်နိုင်ရင် ..နို့မှုန့်။ ကြက်ဥ။ ဗီတာမင်။ ပေါင်မုန်။ အထိကို အစိုးရက ..အလကားပေးတာ..။
    ထုတ်ရတာ ပင်ပန်းမယ်ဆို .. ကြိုက်တဲ့ဆိုင်ဝယ်လို့ရအောင် ချက်လက်မှတ်ပါပေးတာ..။
    ကလေးအတွက် … ကာကွယ်ဆေးတွေလည်း .. ပုံမှန်သွားထိုးရတာပဲ..။
    ဆေးသွားမထိုးပဲ နေရင် .. မိဘကို ဆိုရှယ်ဆားဗစ်က ..တရားတောင်စွဲဦးမယ်..။

  • etone

    December 29, 2010 at 10:23 am

    သူကြီး အဲ့လောက်တောင် ဆာဗစ်ကောင်းနေရင် နှစ်ယောက်လောက်ခေါ်မွေးစားထားပါလား အဟီး 😀

    • kai

      December 29, 2010 at 10:41 am

      မွေးစားမဲ့အိမ်ကို ..ဆိုရှယ်ဆားဗစ်က ..ပရောဖက်ရှင်နယ်က လာကြည့်တယ်..။
      သေချာရင် ..ကလေးတယောက် ၈၀ဝ ဒေါ်လာပေးတယ် ကြားဖူးတာပဲ.။
      အဲဒါမျိုးလုပ်စားနေတဲ့သူတွေရှိပါတယ်..။ ကုသိူလ်လည်းရ..ဝမ်းလည်းဝပေါ့..။
      မြန်မာတယောက်တလေတောင် တွေ့ဖူးသေး..။

  • ဆူး

    December 29, 2010 at 1:07 pm

    သနားစရာ ကောင်းတယ် ခလေးငယ်လေးတွေပါ။ သူတို့တွေ အတွက် ပြည့်စုံတဲ့ အမိုးအကာနဲ့ အနွေးဓါတ်ရှိတဲ့ နေရာတော့ လိုအပ်တယ် ထင်တယ်။

    • eros

      December 29, 2010 at 2:13 pm

      ခက်တော့ခက်တယ်ဗျ၊ တချို့ကလေးတွေက NGO ကကောင်းကောင်းမွန်မွန် ဂေဟာမှာ စောင့်ရှောက်ထားပြန်တော့လည်း၊ လမ်းပေါ်ပြန်ရောက်သွားပြန်ရော။ ဂေဟာက မကောင်းလို့ မဟုတ်ဘူး။ သူတို့က လမ်းပေါ်နေရတာလွတ်လပ်တယ်လို့ ခံစားရလို့တဲ့လေ… street children ကိစ္စကလည်း မသေးဘူးဗျို့။

  • ဆူး

    December 29, 2010 at 2:33 pm

    ဂေဟာ ကောင်းပေမဲ့ လမ်းပေါ် ပြန်ရောက်သလို သနားလို့ စောင်တွေ သွားပေးရင် သိမ်းထားပြီး အပေါင်ဆိုင် ပို့မှာ။ ဒါမျိုးက စဉ်းစားစရာတော့ ကောင်းတယ်။

  • weiwei

    December 29, 2010 at 2:39 pm

    eros နဲ့ ဆူးပြောသလို လက်တွေ့ကြုံခဲ့ရတာ မနဲတော့ဘူး …
    အဲဒါကြောင့် စကားပုံတစ်ခုရှိခဲ့တာပေါ့ … ဆင်းရဲသားတစ်အိမ်ထောင်ကို သူဌေး ၁ဝ အိမ်ထောင် မလို့ မလောက်နိုင်ဘူး တဲ့ …

  • eros

    December 29, 2010 at 2:40 pm

    ကလေးသူငယ်ဆိုင်ရာ ကာကွယ်ရေးတေီ သာမာန်ပြည်သူတွေက ဘယ်လို ပူးပေါင်းဆောင်ရွက်လို့ရတယ် ဆိုတာ ရေးဦးမယ်။ ဒါပေမယ့် အသစ်တင်မရတာခက်တယ်။

  • can shout very nice real news

    December 29, 2010 at 2:55 pm

    သနားတော့ သနားတာပေါ့ … ငါတို ့ဗိုလိချုပ်မှူးကြီးတွေလည်း သနားမှာပါပဲ ..ဒါပေမယ့် သူတို ့တောင်မှ မလောက်တာ ဘယ်ကူညီနိုင်မလဲ … 😛

  • The Reds

    December 30, 2010 at 3:51 pm

    နိုင် ငံ ရပ် ခြား က သူ တွေ မြင် ရင် တော. မြန် မာ နိုင် ငံ ရဲ. ဒီ မို က ရေ စီ လမ်း စဉ် ကို သိ ကုန် တော. မှာ ပဲ ..

  • kopauk mandalay

    December 30, 2010 at 4:16 pm

    အခုလိုသနားစရာကလေးတွေကို ဓါတ်ပုံတော့ ရိုက်ခဲ့ပါတယ်။
    သူတို့အတွက်ကော လောလောဆယ်ဘာလုပ်ပေးခဲ့သေးသလဲဆိုတာတော့ သိချင်တယ်ဗျာ။

    • draungkyawkyawoo

      December 31, 2010 at 9:48 am

      အနည်းဆုံးတော့ ပြုံးပြခဲ့မယ်ထင်ပါတယ် ကိုပေါက်ရေ 😀

  • unclegyi1974

    December 30, 2010 at 4:26 pm

    ပုံက ပန်းဆိုးတန်းတံတားဆိုတာသေချာရဲ့လားဗျာ
    တံတားကိုသေချာ သိတဲ့လူရှိရင်ပြောပြပါအုန်း

  • လင်းငယ်

    December 30, 2010 at 5:32 pm

    ဒါတွေက အမြဲတမ်း မြင်တွေ့နေရတဲ့ မြင်ကွင်းမျိုးတွေပါ။ ကျွန်တော်တို့လို နိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းတော့ပါဘူး။ ကလေးတွေအတွက် ပိုပြီး သနားဖြစ်တာပါပဲ။ ဒီနိုင်ငံမှာက အလုပ်လက်မဲ့ ဦးရေတွေက တနှစ်ထက် တနှစ် ပိုပြီး များပြားလာနေပါတယ်။ ဘွဲ့ရပြီး အလုပ်မရသေးတဲ့ လူတွေ တပုံ့ကြီးပါ။ ကုမဏီတွေကလည်း လုပ်သက်ရှိမှ အလုပ် ခေါ်နေကြပါတယ်။ ကျောင်းပြီးကာစပါဆိုနေမှ ဘယ်လိုလုပ် လုပ်သက်က ရှိမှာလဲ။ ဒီတော့ ကျောင်းပြီးကာစ လူငယ်တွေက ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လေနေကြတော့တာ။ ပြီးတော့လည်း လုပ်ငန်းခွင် ဝင်နေတဲ့ လူတွေကလည်း လစာနဲ့ တစ်လ ကုန်ကျစရိတ်နဲ့ က ဘယ်လိုမှ ညီတော့မလဲ။ ဒီလိုနဲ့တော့…

  • R Ga

    December 31, 2010 at 7:44 am

    အဟမ်း…အဟမ်း…….ဘယ်တူကျောလဲ ငါတို့ တိုင်ပြည်ကြီး ဆင်းရဲနေတယ်လို့..။ ဒီလောက် ဖွံဖြိုးတိုးတက်နေတာကို ..။..ဒါကလေးတွေ လမ်းပေါ်မှာ ဒီမိုကရေစီအရသာကို ခံစားနေကျတာကွ…။ ကောလဟာလတွေမယုံကြပါနဲ့….။ မယုံရင်လာကြည့်ပါ..ကျွန်တော်တို့ တိုင်းပြည်မှာ…လူငယ်ထိန်းသိမ်းရေးစခန်းကို ၁၉…ဘယ်နှခုနှစ် ဘယ်နှလက ဘယ်သူကိုတိုင် ဖွင့်လှစ်ပေးခဲ့တာ..အများအသိပဲလေ..။ ငှင်းငှင်း..သိတယ်မိုလား…။

    (ဖိုးရွှေကြီးတို့ ကျော်ဆန်းတို့ ရွှေမန်း)လေသံဖြင့်။

  • ဒီမြင်ကွင်းက သိပ်မဆန်းဘူးထင်တာပဲ။ ကျွန်တော်တို့မြို့မှာ အလှူလုပ်ရင် တံခါးပိတ်ပြီး လုပ်ရတယ်။ ကိုယ်ဖိတ်ထားတဲ့ဧည့်သည်တွေလာမှဖွင့်ပေးပြီး ကျွေးမွေးဧည့်ခံကြတာပါ။ မြို့စပ်မှာ သူတောင်းစားတွေ ခန့်မှန်းချေ ၅၀၀ဝ လောက် ရှိနေလို့ပါ။ ငတ်နေတဲ့လူတွေလေ။ သူတောင်းစားတစ်ယောက်ကို ကျွတ် ကျွတ်အိတ်လေးနဲ့ ထည့်ပြီးပေးမိရင် အများကြီးရောက်လာကြရော။ အလှူလည်းပျက်ကရော။

  • နီလေး

    January 2, 2011 at 8:07 am

    အော် အရင်က မြစ်ကြီးနားမှာဆို မြင်တောင်မမြင်ဖူးဘူး ခုတော့ပေါ်မှပေါ် ဆိုင်တစ်ဆိုင်မှာခနလေးမထိုင်မိလိုက်နဲ့ လာတောင်းတဲ့လူတွေ

Leave a Reply