မေမေသာ အလှဆုံး
Manaw Phyu
Manaw Phyu 6:05am Dec 11
ပူလျှင်အရိပ်
ပန်းဖြေသိပ်ပါ
နေနားပါလှည့်….
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့…
မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်…
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့…
ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်…
မေ့မေတ္တာလွှာရုံနွေး
နွေးထွေးနေမြဲ…
လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့…
ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်
စမ်းချောင်းတမြ
စီးဆင်းနေမြဲ…
မေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ…
နှိုင်းတုမရ မေ့မေတ္တာ
လိုရာကိုသုံး
စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး….
15 comments
button
December 29, 2010 at 8:04 am
အစ်မက အမေ့မေတ္တာကိုအပြည့်အဝရရှိခဲ့တယ်ထင်တယ်နော် ဒီလိုကဗျာကောင်းကောင်းလေးရေးနိုင်တာ
manawphyulay
December 29, 2010 at 12:15 pm
အမေမှ မဟုတ်ပါဘူး မိဘများရဲ့ မေတ္တာကို သားသမီးတိုင်း ခံယူရရှိနိုင်မယ်ထင်ပါတယ်။
နီလေး
December 30, 2010 at 4:30 am
အဲလိုကဗျာလေးဖတ်ခွင့်ရတာကျေးဇူးတင်တယ်နော်
yuyu
December 30, 2010 at 7:25 am
ုယု့အမေက ယုရှစ်နှစ်သမီးလောက်မှာ ဆုံးသွားတာ ဒါပေမယ့် အမေမဆုံးခင် ငယ်ငယ်တုန်းကအမေ့အပေါ်နားမလည်ပဲ ဆိုးခဲ့ စိတ်ကောက်ခဲ့တာတွေပြန်တွေးတိုင်း ငါကြောင့် အမေစိတ်အနှောက်အယှက်တွေဘယ်လောက်များဖြစ်ခဲ့မလဲလို့တွေးမိတယ်၊ အမေ့ကျေးဇူးကိုမဆပ်နိုင်ခဲ့တဲ့ သမီးတစ်ယောက်ပါ၊ မိဘကျေးဇူးကို ဆပ်ခွင့်ရတဲ့သူတိုင်း အပြည့်အဝကျေးဇူးဆပ်နိုင်ကြပါစေ။
santhit
December 30, 2010 at 10:25 am
ကဗျာလေးရဲ့ ခေါင်းစဉ်ကိုရော စာသားလေးပါ အရမ်းကြိုက်ပါတယ်။
yadana
January 1, 2011 at 12:03 pm
သမီးမေမေကြောင်းရေးထားသလိုဘဲ
bigcat
January 2, 2011 at 1:48 am
ဘိုင်ပြတ်ပါလျင်
တိုသူလျှိုသူ
ချစ်သမီးသား
သိပါလျက်နဲ့
မသိကျိုးကျွံခဲ့…။
manawphyulay
January 5, 2011 at 1:00 pm
တစ်ခါတလေ စုန်ရေ ရှိသလို ဆန်ရေလည်း ရှိပါသေးတယ်…………..
etone
January 6, 2011 at 5:09 am
တစ်ချို့အမေတွေက အတ္တကြီးတယ်နော် ။
winkyawaung
January 6, 2011 at 2:56 pm
အမေ့လက်က ကျောင်းသားတွေအတွက် လိုတိုင်း တောင်းတိုင်းပေးနေတဲ့ အမေ့ရွှေလက်ပါနော်..။ ကောင်းလိုက်တဲ့ ကဗျာလေးပါကွယ်..။
manawphyulay
January 7, 2011 at 3:30 am
etone>>>အမေတိုင်းတော့ အတ္တမကြီးပါဝူးကွယ်။
kai
January 7, 2011 at 10:36 am
အဖေတွေအတွက်ရောဟင်…။
ရှေးကတော့ ..လူသားဆိုတာအမေ့ဝမ်းကထွက်လာဖြစ်ယတော့ .. မိခင်သေချာတာမို ့..အမေကိုသာ.. သေချာတယ်ဆိုပြီး ချစ်ခဲ့ကြ..ညွှန်းခဲ့ကြတာပါနော..။
ဒီခေတ်မှာ ..ရှေးကလိုမဟုတ်..ဒီအန်အေစစ်နိုင်ပြီမို ့… အဖေလည်း သေချာသိနိုင်ပါပြီ..။
ဆိုတော့..
အဖေအတွက်လည်း ..ရေးပါဦးဗျ.. 🙂
kopauk mandalay
January 8, 2011 at 11:17 am
ပူလျှင်အရိပ်
ခိုနားအိပ်ဘို့
ရိပ်ထီးဖြစ်အောင်
စွမ်းဆောင်ပေးတာ
ဖေဖေပါ။
မိုးတွေကသဲ
စိုမရွှဲအောင်
ဝင်ခိုနားစရာ
ဗိမ္မာန်တစ်ခု
တည်ပြုခဲ့တာဖေဖေပါ။
ဆောင်းနှင်းလေလာ
အေးရာကနွေး
ခြုံလွှာလေးအတွက်
ဆောင်ရွက်ပေးတာ ဖေဖေပါ။
လေလာရင်နံရံကာ
ရေဆာရင်စမ်းချောင်းလေး
ဖန်တီးပေးတာကလည်း
ဖေဖေပါဘဲ။
နွေမိုးဆောင်းမခွဲခြား
မေမေအလိုကျ
ဖြစ်ချင်သမျှကို
သားသမီးမှန်သမျှ ချစ်လျှက်
ကိုယ်အတွက်မငဲ့ကွက်
မေတ္တာသက်သက်နဲ့
ဖန်တီးသူဖေဖေကိုတော့
ရှိရှိသမျှ သား သမီးများ
ထုတ်ဖော်ပြောကြားပေးဘို့
အားလုံးမေ့နေကြတာများပါတယ်။
manawphyulay
January 8, 2011 at 11:25 am
မေ့တော့ မမေ့ပါဘူး။ ကွန်နက်ရှင်ကြောင့် ရေးထားတာ မတင်ဖြစ်ခဲ့တာပါနော်။ မိဘဆိုတာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ ဂုဏ်ငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့အတွက် မမေ့စရာထဲမှာ ပါပါတယ်ရှင်။
piti
January 8, 2011 at 11:31 am
ကောင်းလိုက်တဲ့ကဗျာလေး
ဘယ်တော့မှမရိုးနိုင်တဲ့
ဘယ်တော့မှမကုန်ခန်းနိုင်တဲ့
ဘယ်လိုမှပြောမကုန်တဲ့
ဘယ်တော့မှမအိုတဲ့
မိခင်အကြောင်းလေးပါ