စကိုင်းနက်တီဗွီ နဲ့ သဃ်န်းကျွန်း မြို့နယ်က ဝန်ဆောင်မှု
ဒီနေ့ဒီခေတ်ကြီးမှာ စီးပွားရေးစနစ်ဘယ်လိုဘဲပြောင်းပြောင်း စားသုံးသူနဲ့ဆက်ဆံရေးညံ့ဖျင်းပြီး မြို့နယ်ကိုယ်စားလှယ် ချုပ်ထားတော့ တစ်ခြားကဝယ်ချင်လဲ ဝယ်လို့မရတဲ့အကြောင်းပါ။
တစ်နေ့က (စနေနေ့)မှာ စကိုင်းနက်တီဗွီကို တစ်ဝက်လျော့ဈေးပေးနေတုန်း ယူထားမယ်ဆိုပြီး မြို့နယ် ကိုယ်စားလှယ်ဆီမှာ သွားဝယ်တယ်။ ငွေရှင်းပြီးတော့ စမတ်ကဒ်ကို တပ်မယ့်သူတွေနဲ့ပေးလိုက်မယ် ကျန်တဲ့စလောင်း လေးတာတွေကိုတော့ သယ်သွားတဲ့။ ၂ပေ စလောင်းသုံးတာဆိုတော့ သူတို့တပ်ပေးမယ့် အချိန် ကိုယ်ရှိမယ့်အချိန် ဘယ်လိုမှ မတိုက်ဆိုင်ဘူးလေ။ အဲဒါနဲ့ ကိုယ့်အစီအစဉ်နဲ့တပ်မယ်ဆိုတော့ ခံဝန်ရေးရမယ်တဲ့။ လက်မှတ်ထိုးရမယ်တဲ့။ ငွေလဲပေးပြီးသားဆိုတော့ လုပ်ရကိုင်ရခက်သွားတာပေါ့။ အဲဒါနဲ့ယူလာခဲ့တယ်ဆိုပါတော့။
စလောင်းတပ်တာကျွမ်းကျင်တဲ့ အိမ်နီးနားချင်းမိတ်ဆွေက တနင်္လာနေ့မှာ လာလဲတပ်ပေးရော ဘယ်လိုမှ ဖွင့်လို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့ သူတို့ဆိုင်သွားပြီး မေးမြန်းတော့ စက်ကို နဲနဲကလိပြီး ကဒ်အသစ်လဲပေးလိုက်မှ ရသွားတယ်။ (ကိုယ်တိုင်တပ်မယ်ဆိုလို့ ပညာပြလိုက်တာလေ)
တပ်ဆင်ခ 15000 ကျပ် ထပ်လိုချင်တာနဲ့ လုပ်လိုက်တာ (မြို့ထဲ ကိုယ်စားလှယ်တွေကတော့ ကျပ်တစ်သောင်းဘဲယူတယ်ကြားမိတယ်၊ စာစောင်တွေမှာဖတ်ရတယ်။
(အခုဆိုင်က သင်္ဃန်းကျွန်းလေးထောင့်ကန်လမ်းပေါ်က ဂရမ်းအီလက်ထရောနစ်လေ) တနင်္လာနေ့က မိတ်ဆွေတွေ တစ်နေကုန်ပင်ပန်းသွားအောင် နှိပ်စက်လိုက်တာလေ။ (ကျွန်တော်က ဝန်ထမ်းဆိုတော့ ရုံးမှာဘဲရှိနေတယ်)
6 comments
ဆူး
December 29, 2010 at 2:04 pm
စကိုင်းနက်က လုပ်တာတော့ မကြာသေးဘူး အောင်မြင်တယ် လို့ ပြောရမလားဘဲ.. နေရာတော်တော် များများမှာ ဘန်း အပြာလေးတွေ တွေ့နေရပြီ။
eros
December 29, 2010 at 2:20 pm
မြန်မာပြည်ကတော့ စားသုံးသူဝန်ဆောင်မှုတွင် ညံ့ဖျင်းလှသည်။
unclegyi1974
December 29, 2010 at 3:26 pm
ဟုတ်တယ်မောင်ရေ
တပ်ဆင်ခဆိုပြီးထပ်ရိတ်တာတော့
မကောင်းပါဘူး သင့်တင့်တဲ့ဈေးဆိုတော်သေး
၅၀၀ဝ လောက်ပေါ့နော်
ကင်းကောင်အော်သွားတာလေးမမေ့သေး
လို့ထပ်ဆင့်အော်လိုက်မယ်
အဲဒါမြန်မာကွ မြန်မာ
MaungMin
December 30, 2010 at 5:04 am
အထက်မြန်မာပြည်ကကိုယ်စားလှယ်တွေကတော့ တပ်ဆင်ခမယူဘဲ လုပ်ပေးတယ်လို့ မနေ့က စာစောင်တစ်ခုမှာ ဖတ်လိုက်ရတယ်။
အဲဒီလိုဆိုရင်တော့ ပိုကောင်းတာပေါ့။ ငွေကို အမျိုးမျိုးလှည့်ကောက်တာထက်စာရင် တစ်ခါတည့် အပြီးအစီး ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး တောင်းလိုက်တော့ ပိုအဆင်ပြေတာပေါ့။
blackchaw
December 31, 2010 at 5:25 am
skynet ဆိုတာ ပိုက်ဆံတတ်နိုင်တဲ့သူတွေအတွက် ဇိမ်ခံပစ္စည်းတစ်မျိုးပါ။ ငွေတစ်သိန်းခွဲနီးနီး ရင်းထားပြီးမှတော့ တစ်သောင်းခွဲလောက်ထပ်ပေးရတာ ပြသနာမဟုတ်ပါဘူး။ တစ်ကယ့်ပြသနာက မတန်ဘူးထင်ရင် မဝယ်ဘူးကွာဆိုတဲ့ စားသုံးသူအခွင့်အရေးကိုအသုံးချဘို့ပါပဲ။ တန်တယ်ထင်လို့တတ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မတန်မှန်းသိလျက် သိတ်ကြည့်ချင်လို့တတ်တာဆိုရင်တော့ ခံပေါ့ဗျာ။
MaungMin
January 6, 2011 at 6:02 am
ငွေတွေယူ ဘောက်ချာဖွင့်ပြီးမှ အဲဒီလိုလုပ်တာ
ငွေပြန်အမ်းဖို့ပြောသေးတယ်၊ တုတ်တုတ်ကိုမလှုပ်ဘူး
သင်္ဃန်းကျွန်းမှာနေတဲ့သူက သူ့ဆီမှာ ဝယ်မှ ရမယ်ဆိုတဲ့ သမ ခေတ် မျက်နှာမျိုး
ငွေရှိလွန်းလို့မဟုတ်ပါဘူး။ ဒီဇင်ဘာ ဘောနပ်ထုတ်တဲ့လဆိုတော့ ဘောလုံးပွဲလဲကြည့်လို့ရအောင် တပ်လိုက်တာပါ။