Related Articles Travel စိတ်ကူးလေးရွက်လွှင့်လို့ကောင်းတဲ့ မြန်မာပြည်တောင်ပို်င်းက Paradise Island ညောင်ဉီးဖီးလေး Local GuidesPhotographyTravel အသားညှပ်ရေခဲမုန့်စားပြီး ဓါတ်ဖမ်းမယ် Creative WritingTravel ၂၀၂၀ကို ပြန်လည်သုံးသပ်ခြင်း (သို့) ကိုယ်ကကိုယ့်ထံသို့ပေးသောစာ PhotographyTravelTibet မြို့တော် လားဆား weiweiJanuary 2, 20112min24513 ပိုတာလာပေါ်ကနေ ရိုက်ထားတဲ့ လားဆားမြို့ဖြစ်ပါတယ်။ တိဗက်ခရီးစဉ် (၃) ကို ရေးရင်း တင်စရာဓါတ်ပုံတွေ တော်တော်များတာနဲ့ မြို့ရှုခင်းကို အရင်တင်လိုက်ပါတယ်။ လှပခေတ်မီတဲ့ မြို့ကလေးပါပဲ။ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းအားလုံး ပြည်မနဲ့ ဈေးအတူတူပါပဲ။ အသက်ကြီးတဲ့လူတော်တော်များများကတော့ ရိုးရာဝတ်စုံတွေဝတ်ကြတယ်။ Post Views: 245 wei's photos
maungmoenyoJanuary 3, 2011 at 2:16 am မဝေဝေရဲ့ ခရီးသွားဆောင်းပါးတွေစုပြီး စာအုပ်တခုတော့ထုတ်သင့်တယ်ထင်ပါတယ်။ သာမာန်သူတွေအနေနဲ့မရောက်နိုင်တဲ့ဒေသတွေ ရဲ့ခရီးသွားအတွေ့အကြုံတွေ မို့ တန်ဘိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေပါနော်…။ Log in to Reply
weiweiJanuary 3, 2011 at 3:04 pm တိဗက်ခရီးစဉ် (၇) ရက်စာကို (၇) ပိုင်းခွဲပြီး အရင်ရေးကြည့်နေပါတယ် … ကျွန်မစာရေးတာ တော်တော်ညံ့ပါသေးတယ် … အတူသွားတဲ့သူငယ်ချင်းကတော့ ကျွန်မရေးတာတွေကို စိတ်တိုင်းမကျဖြစ်နေသေးတယ် … အတတ်နိုင်ဆုံး အချိန်ပေးပြီး ကြိုးစားရေးထားပေမယ့် ကျွန်ကိုယ်တိုင်လဲ စိတ်တိုင်းမကျနိုင်သေးဘူး … အပိုင်း (၃) အထိတော့ ရေးထားပြီးပြီ .. နောက်အပိုင်းတွေကို ပိုကောင်းအောင် ကြိုးစားကြည့်ပါအုန်းမယ် … Log in to Reply
zaw minJanuary 3, 2011 at 7:34 pm မဝေဝေရေကြိုးစားထား ….ကျွန်တော်တို့ကလည်း အားပေးဖို့အစဉ်သင့်ပါဘဲ….မဝေဝေက စာရေးတာညံ့တယ်ဆိုပေမယ့် ဖတ်ရတာ အစဉ်ပြေပါတယ်….ဓါတ်ပုံရိုက်တာတော့ တော်တော်ကောင်းပါတယ်….မြန်မာပြည်ကနေ သွားရင်ကုန်ကျမဲ့စရိတ်လေးပါထည့်ပေးပါနော်… Log in to Reply
naywoonniJanuary 4, 2011 at 8:06 am ကိုခိုင်ရေ…….ဒါလေးကို စာအုပ်ထုတ်ဖို့ ဝယ်သင့်တယ်နော် ဒေသန္တာရ ဗုဟုသုတဆောင်းပါးလေးတွေပါ တော်ရုံလူမရေးနိုင်ဘူး Log in to Reply
kaiJanuary 4, 2011 at 8:12 am နောင် ၅နှစ်ကနေ ၁ဝနှစ်အတွင်း ..တရုတ်ပြည်က .. အခုဂျပန်ပြည်လိုနေရာ ဝင်လာတော့မယ်..။ ဆိုလိုတာက .. ဗီဇာခက်ပြီး ..အလုပ်လုပ်ဖို့သွားကြသူတွေများလာမှာပါ..။ အခုအခြေအနေက ..ဂျပန်ရဲ့.. ၁၉၈၀ဝန်းကျင်အခြေအနေနဲ့ ဆင်တယ်လို့ထင်တယ်..။ ပြောချင်တာက..။ မြန်မာတွေ ကျောင်း၊။ အလုပ် ..။ ထရိန်နင်။ စသဖြင့် တရုတ်ပြည်ဖက်သွားကြတော့မယ်ထင်ပါတယ်..။ ဆိုတော့.. မဝေရဲ့စာအုပ်က … မြန်မာပြည်မှာ ထုတ်ရင် ပိုမြတ်နိုင်မယ်..။ ခရီးသွား စာအုပ်ရေးတဲ့ ဒီကလူတွေကတော့ ..အသံသွင်းတဲ့ ရီကော်ဒါလေးနဲ့.. ရေးချင်တာတွေ..ပြောပြောထားတယ်.။ ပြီးမှ… စာရေးဆရာကို အပ်ပြီး ရေးကြတာ..။ နောက်လထဲတော့ … မဝေရဲ့ ခရီးသွားဆောင်းပါးတပုဒ်ဝယ်ပါ့မယ်.။ စာအုပ်လိုက်ကြီးတော့ ပရိုဂျူဆာ မလုပ်နိုင်သေးပါခင်ဗျ..။ Log in to Reply
bigcatJanuary 5, 2011 at 2:29 am ဆြာခိုင်ကြည့်ရတာ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စတော့ရှယ်ရာတွေများ ဝယ်ထားသလားမသိဘူး။ သိပ်ညွှန်းတာပဲ။ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ပြောသလောက်လည်း မဟုတ်သေးပါ။ ဆြာခိုင်ညွှန်းတဲ့ အခြေအနေရောက်ဖို့ တလုပ်ကီး နောင်အနှစ်၂ဝ စောင့်ရပါအုံးမယ်။ ကျနော်အမြင်ကတော့ တရုတ်ကြီးရဲ့အနေအထားက ဂျာပွန်များရဲ့ ၁၉၆ဝပြည့်နှစ်လောက်နဲ့ ပိုတူတယ်ထင်ပါတယ်။ ဂျာပွန်များ အဲဒီကာလတွေမှာ တဟုန်ထိုးတိုးတက်လာပြီး ၁၉၈ဝ တဝိုက်မှာ တိုးတက်မှုနှုန်းတန့်သွားပါတယ်။ ၁၉၉ဝ နောက်ပိုင်းနဲ့အခုအချိန်မှာတော့ တိုးတက်မှုနှုန်းကျသွားတဲ့အပြင် စီးပွားရေးကျဆင်းမှု၊ ဘဏ္ဍာရေး အကြပ်အတည်းများနဲ့ နပန်းလုံးနေရပါတယ်။ ဒါပေမဲ့ ဂျာပွန်များက စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး နောက်ဆက်တွဲ စိန်ခေါ်မှုများကို ကျော်လွှားပြခဲ့ကြပါတယ်။ တရုတ်ကြီးမှာ အခုအချိန်အထိ သူတို့လို ကြီးကြီးမားမား စမ်းသပ်မှုများနဲ့ မတွေ့ကြုံရသေးပါ။ နောင် အနှစ်၂ဝ အထိမောင်တရုတ်ကြီး အခုလို ဆက်လက်ချီတက်နိုင်မယ်ဆိုရင်တော့ တော်တော်လေးစိန်ချရပါပြီ။ဒါတောင် တဦးချင်း ထုတ်လုပ်မှု၊ ဝင်ငွေ စတာတွေမှာ တိုးတက်ပြီးနိုင်ငံများကို ဘယ်လိုမှ မယှဉ်နိုင်သေးပါ။ ဒီကြားထဲ့ စီအိုင်အေတို့ အမ်အိုင်၅ တို့လို သလျှိုအဖွဲ့အစည်များရဲ့ ထိုးနှက်မှုကို ရှေ့လျောက်များစွာ ခံရပါတော့မည်။ ဒီထက်ပိုချမ်းသာလာလည်း အလုပ်အကိုင်ဈေးကွက်သည် လက်တဆုပ်စာ ကြီးကြီးမားမား ပင်လယ်ရပ်ခြားမှ ပညာတတ်များအတွက်သာ ဖြစ်ပါလိမ့်မည်။ သူ့မှာ သန်းတထောင်ကျော် ကိုယ်ပိုင်အလုပ်သမား အင်အားရှိတာကို မေ့လို့မရပါ။ တဖက်ကလည်း တရုတ်ကြီ တိုးတက်ဖွံ့ဖြိုး အာကျယ်လာတာနဲ့အမျှ နိုင်ငံတကာတာဝန်များကို ပို၍ယူလာရပါတော့မည်။ ယခုလို ကိုယ်ကျိုးစီးပွားမူဝါဒများဖြင့် စခန်းသွား၍မရတော့ပါ။ ဒီအတွက်သူ့မှာ နည်းပညာ၊ အတွေ့အကြုံ အဆင်သင့်ဖြစ်ပုံမရသေး။ ပြောနိုင်တာကတော့ တရုတ်ကြီးချမ်းသာ တန်ခိုးထွားလာတာနဲ့အမျှ သူ့လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားအတွက် ခြံစည်းရိုးကာခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ ရသမျှ ပုလင်းတူးဗူးဆို့ မိတ်ဖက်နိုင်ငံများဖွဲ့ခြင်း တို့ကိုလုပ်ပါလိမ့်မည်။ တရုတ်ကြီးကို ရန်သူပတ်လည် ဝိုင်းထားပါသည်။ သူနဲ့စစ်ဖြစ်ဖူးသော အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် ပြိုင်ဖက်ရုရှ၊ စိတ်မချရသောမြန်မာ၊ အစွန်းရောက်အီရန်နှင့် ဘာသာရေးတယူသန် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံငယ်လေးများ ဝိုင်းထားပါသည်။ အရှေ့တောင်အာရှ၊ ဂျပန်နဲ့ ပစ္စိဖိတ်ပင်လယ်ထဲမှာ အမေရိကန်တပ်သိန်းနဲ့ချီ ချထားပါသည်။ ဒီအခြေအနေတွေကြောင့် မြန်မာစစ်အစိုးရကို မြောက်ကိုရီးယားလို သူလူလုံးလုံးဖြစ်အောင် မွေးရန်ကြိုးစားပါလိမ့်မည်။ ဒါမှသာလျင်သူ့အတွက် ပင်လယ်ထွက်ပေါက်ရှိပြီး စစ်ဖြစ်လာလျင် ရှေ့တန်းစစ်မြေပြင်နိုင်ငံ နောက်ထပ်တခုအခံရှိပါမည်။ Log in to Reply
weiweiJanuary 4, 2011 at 8:28 am စာအုပ်တစ်အုပ်ထုတ်ရလောက်အောင်တော့ အရည်အချင်းမရှိသေးတာ သေချာပါတယ် … ဂေဇက်မှာ မတင်ရသေးတဲ့ ခရီးစဉ်တွေတောင် ရှိသေးတယ် … ဓါတ်ပုံတွေပြန်ကြည့်ပြီး မလှဘူးလို့ထင်တာနဲ့ မတင်ဖြစ်သေးတာ … နောက်ပိုင်း အချိန်ရတော့မှာ သေချာပြန်စဉ်းစားပြီး စိတ်ဝင်စားအောင်ရေးပြီး တင်တော့မယ် … Log in to Reply
weiweiJanuary 5, 2011 at 5:02 am ၅ နှစ်ကျော်နေထိုင်ဖူးတဲ့ အတွေ့အကြုံရ တိုးတက်မှုကတော့ တစ်လနဲ့ တစ်လ တောင်မတူတာကို သတိထားမိပါတယ်။ တလုပ်ကြီးအားသာချက်က ပြည်သူတွေက အစိုးရနဲ့ တသားထဲရှိနေတယ်။ နည်းပညာများ အဆင်သင့် ဖြစ်သင့်သလောက်ဖြစ်နေပြီလို့ထင်ပါတယ် (လျှို့ဝှက်)။ စတော့ပဲဝယ်ထားပြီး တခြားဘာအလုပ်မှ မလုပ်ပဲနေသူတွေတောင် တွက်ချက်ကိုက်နေကြတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရှားပါးမှု စတင်ဖြစ်နေပြီ။ ဘယ်လိုပဲပြောပြော အံ့ဩလောက်အောင် တိုးတက်နေတာကတော့ အမှန်ပါပဲ … Log in to Reply
bigcatJanuary 5, 2011 at 5:26 am ပြည်သူနဲ့အစိုးရ တသားထဲဆိုတာကတော့ မြောက်ဒဂုံမှာတွေ့တဲ့ ပန်းကန်းပြားပျံက ဂြိုလ်သားတွေ ဆင်းလာပြောမှ ယုံမယ်ဗျို့။ လွတ်လပ်တဲ့ရွေးကောက်ပွဲ၊ အတိုက်အခံ၊ စာနယ်ဇင်းမရှိဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာတုံး။ ကြောင်းကျိုးစပ်တွေးရင် မဟုတ်လို့ မလုပ်ရဲ ခွင့်မပြုရဲတာပေါ့ဗျာ။ ဂျပန်တို့ အမေရိကန်တို့နဲ့ ပဋိပက္ခအကြီးအကျယ်ဖြစ်ရင် သံရုံးတွေရှေ့ ဆန္ဒပြပွဲတွေ အံ့ဖွယ်သုတ ဖြစ်တယ်။ ဘာလို့လဲ သူ့လူတွေဆန္ဒပြတာဆိုတော့ ယုံသပေါ့။ တန်အိမင်ရင်ပြင်မှာ တယောက်စနှစ်ယောက်စ ပိုစတာလေးကိုင်ပြီး နေကြည့်ပါလား၊ တရုတ်ရဲလာကုတ်တယ် စက္ကန့်မဆိုင်းဘူး။ ဘာလို့လဲ… လူထုသိသွားမှာစိုးလို့ပေါ့။ ကိုယ့်လူကိုယ်ယုံရင် ဘာလို့ဖမ်းမလဲနော်။ Log in to Reply
weiweiJanuary 5, 2011 at 5:34 am soft power နဲ့ စည်းရုံးရေးတွေ လုပ်နေတာ အထင်အရှားပဲ … အထူးသဖြင့် ငလျှင် ၂ ခါ လှုပ်လိုက်တာမှာ အစိုးရပိုပြီး နံမည်ရသွားတယ် … ပြည်သူတွေက တော်တော်လေးစားချစ်ခင်သွားကြတယ် … ကျွန်မ မြင်ရ ကြားရတွေက အတုတွေဆိုရင်တော့လဲ မသိဘူးပေါ့ … အများအားဖြင့် တီဗီထဲကနေပဲ မြင်ရတာကိုး … 🙂 Log in to Reply
မိုက်ကယ်ဂျော်နီအောင်ပုJanuary 5, 2011 at 8:25 am ကိုကိုကြောင်ပြောတဲ့အနှစ်ဆယ်ကြတော့ တိဝူးဗျ လောလောဆယ် သဂျီးတို ့ရွာမှာ သာမန်လူတစ်ယောက်ရဲ ့ဝင်ငွေကိုတော့ အငယ်ခံ တစ်လ ငှက်ပျောရွက်အစိမ်း ဆယ့်ခြောက်ရွက်နဲ ့တက်ဝက် (ထောင့်ခြောက်ရာငါးဆယ်) သတ်မှတ်တယ်ဆိုဘဲ ဗားမားပြည်မှာတော့ တစ်လ (xxxx) ဟဲဟဲဟဲ ဝီစကီသတင်းကနေ မပေါက်ကြားသေးတော့ ဟိုက်တန်စီးကရက်ပေါ့ဗျာ (ဆေးပေါ့လိပ်မဟုတ်ပါ) တစ်ရုပ်ပြည် ရဲ ့နှုန်းထားလေး ပြောကြပါဦးဂျ ဘာရယ်ဟုတ်ပါဘူး ဘယ်သူဘယ်လောက်ချမ်းသာတယ်ဆိုတာ တွက်ချက်ပြီး ဆောင်ရန်ရှောင်ရန်ပေါ့ဗျာ ( ကျွန်တော်ကတော့ ဒီမိုကရေနိုင်ငံမဟုတ်တဲ့နိုင်ငံတွေရဲ ့ ဒီဗလက်မန် ့ကို သိပ်တော့ မှတ်ချက်မချနိုင်ဘူး သူတို ့က ကောက်ရိုးမီးနဲ ့ခပ်ဆင်ဆင်ဗျ ကြားဘူးတယ်ဂလား ဆင်ပိန်ရင် ကျွဲဝတာလောက်ကျန်နိုင်သေးတယ်ဆိုဘဲ ခုဟာက ဆင်ပိန်တာလား ဆင်ချောင်းဆိုးတာလား ပြောရနည်းနည်းလေးခက်နေသေးတယ် ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ မနက်စာ မှန်မှန်စားနေရသေးတော့ အပူပင် တယ်ကင်းသဂိုး) Log in to Reply
ဆူးJanuary 8, 2011 at 3:55 pm တိဘက်မှာ ရေ သောက်လို့ အဆင်ပြေလား.. သောက်ရေက ဒေသခံတွေ သောက်တဲ့ ရေမျိုး သောက်လို့ မရနိုင်ဘူး ထင်တယ်နော်။ Log in to Reply
13 comments
mandalaywith
January 2, 2011 at 6:32 pm
Thanks share pics.新年快乐 2011~!
maungmoenyo
January 3, 2011 at 2:16 am
မဝေဝေရဲ့ ခရီးသွားဆောင်းပါးတွေစုပြီး စာအုပ်တခုတော့ထုတ်သင့်တယ်ထင်ပါတယ်။ သာမာန်သူတွေအနေနဲ့မရောက်နိုင်တဲ့ဒေသတွေ ရဲ့ခရီးသွားအတွေ့အကြုံတွေ မို့ တန်ဘိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေပါနော်…။
weiwei
January 3, 2011 at 3:04 pm
တိဗက်ခရီးစဉ် (၇) ရက်စာကို (၇) ပိုင်းခွဲပြီး အရင်ရေးကြည့်နေပါတယ် … ကျွန်မစာရေးတာ တော်တော်ညံ့ပါသေးတယ် … အတူသွားတဲ့သူငယ်ချင်းကတော့ ကျွန်မရေးတာတွေကို စိတ်တိုင်းမကျဖြစ်နေသေးတယ် … အတတ်နိုင်ဆုံး အချိန်ပေးပြီး ကြိုးစားရေးထားပေမယ့် ကျွန်ကိုယ်တိုင်လဲ စိတ်တိုင်းမကျနိုင်သေးဘူး … အပိုင်း (၃) အထိတော့ ရေးထားပြီးပြီ .. နောက်အပိုင်းတွေကို ပိုကောင်းအောင် ကြိုးစားကြည့်ပါအုန်းမယ် …
zaw min
January 3, 2011 at 7:34 pm
မဝေဝေရေကြိုးစားထား ….ကျွန်တော်တို့ကလည်း အားပေးဖို့အစဉ်သင့်ပါဘဲ….မဝေဝေက စာရေးတာညံ့တယ်ဆိုပေမယ့် ဖတ်ရတာ အစဉ်ပြေပါတယ်….ဓါတ်ပုံရိုက်တာတော့ တော်တော်ကောင်းပါတယ်….မြန်မာပြည်ကနေ သွားရင်ကုန်ကျမဲ့စရိတ်လေးပါထည့်ပေးပါနော်…
naywoonni
January 4, 2011 at 8:06 am
ကိုခိုင်ရေ…….ဒါလေးကို စာအုပ်ထုတ်ဖို့ ဝယ်သင့်တယ်နော်
ဒေသန္တာရ ဗုဟုသုတဆောင်းပါးလေးတွေပါ
တော်ရုံလူမရေးနိုင်ဘူး
kai
January 4, 2011 at 8:12 am
နောင် ၅နှစ်ကနေ ၁ဝနှစ်အတွင်း ..တရုတ်ပြည်က .. အခုဂျပန်ပြည်လိုနေရာ ဝင်လာတော့မယ်..။
ဆိုလိုတာက .. ဗီဇာခက်ပြီး ..အလုပ်လုပ်ဖို့သွားကြသူတွေများလာမှာပါ..။
အခုအခြေအနေက ..ဂျပန်ရဲ့.. ၁၉၈၀ဝန်းကျင်အခြေအနေနဲ့ ဆင်တယ်လို့ထင်တယ်..။
ပြောချင်တာက..။
မြန်မာတွေ ကျောင်း၊။ အလုပ် ..။ ထရိန်နင်။ စသဖြင့် တရုတ်ပြည်ဖက်သွားကြတော့မယ်ထင်ပါတယ်..။
ဆိုတော့..
မဝေရဲ့စာအုပ်က … မြန်မာပြည်မှာ ထုတ်ရင် ပိုမြတ်နိုင်မယ်..။
ခရီးသွား စာအုပ်ရေးတဲ့ ဒီကလူတွေကတော့ ..အသံသွင်းတဲ့ ရီကော်ဒါလေးနဲ့.. ရေးချင်တာတွေ..ပြောပြောထားတယ်.။
ပြီးမှ… စာရေးဆရာကို အပ်ပြီး ရေးကြတာ..။
နောက်လထဲတော့ … မဝေရဲ့ ခရီးသွားဆောင်းပါးတပုဒ်ဝယ်ပါ့မယ်.။
စာအုပ်လိုက်ကြီးတော့ ပရိုဂျူဆာ မလုပ်နိုင်သေးပါခင်ဗျ..။
bigcat
January 5, 2011 at 2:29 am
ဆြာခိုင်ကြည့်ရတာ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စတော့ရှယ်ရာတွေများ ဝယ်ထားသလားမသိဘူး။ သိပ်ညွှန်းတာပဲ။ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ပြောသလောက်လည်း မဟုတ်သေးပါ။ ဆြာခိုင်ညွှန်းတဲ့ အခြေအနေရောက်ဖို့ တလုပ်ကီး နောင်အနှစ်၂ဝ စောင့်ရပါအုံးမယ်။ ကျနော်အမြင်ကတော့ တရုတ်ကြီးရဲ့အနေအထားက ဂျာပွန်များရဲ့ ၁၉၆ဝပြည့်နှစ်လောက်နဲ့ ပိုတူတယ်ထင်ပါတယ်။ ဂျာပွန်များ အဲဒီကာလတွေမှာ တဟုန်ထိုးတိုးတက်လာပြီး ၁၉၈ဝ တဝိုက်မှာ တိုးတက်မှုနှုန်းတန့်သွားပါတယ်။ ၁၉၉ဝ နောက်ပိုင်းနဲ့အခုအချိန်မှာတော့ တိုးတက်မှုနှုန်းကျသွားတဲ့အပြင် စီးပွားရေးကျဆင်းမှု၊ ဘဏ္ဍာရေး အကြပ်အတည်းများနဲ့ နပန်းလုံးနေရပါတယ်။ ဒါပေမဲ့ ဂျာပွန်များက စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး နောက်ဆက်တွဲ စိန်ခေါ်မှုများကို ကျော်လွှားပြခဲ့ကြပါတယ်။ တရုတ်ကြီးမှာ အခုအချိန်အထိ သူတို့လို ကြီးကြီးမားမား စမ်းသပ်မှုများနဲ့ မတွေ့ကြုံရသေးပါ။ နောင် အနှစ်၂ဝ အထိမောင်တရုတ်ကြီး အခုလို ဆက်လက်ချီတက်နိုင်မယ်ဆိုရင်တော့ တော်တော်လေးစိန်ချရပါပြီ။ဒါတောင် တဦးချင်း ထုတ်လုပ်မှု၊ ဝင်ငွေ စတာတွေမှာ တိုးတက်ပြီးနိုင်ငံများကို ဘယ်လိုမှ မယှဉ်နိုင်သေးပါ။ ဒီကြားထဲ့ စီအိုင်အေတို့ အမ်အိုင်၅ တို့လို သလျှိုအဖွဲ့အစည်များရဲ့ ထိုးနှက်မှုကို ရှေ့လျောက်များစွာ ခံရပါတော့မည်။ ဒီထက်ပိုချမ်းသာလာလည်း အလုပ်အကိုင်ဈေးကွက်သည် လက်တဆုပ်စာ ကြီးကြီးမားမား ပင်လယ်ရပ်ခြားမှ ပညာတတ်များအတွက်သာ ဖြစ်ပါလိမ့်မည်။ သူ့မှာ သန်းတထောင်ကျော် ကိုယ်ပိုင်အလုပ်သမား အင်အားရှိတာကို မေ့လို့မရပါ။
တဖက်ကလည်း တရုတ်ကြီ တိုးတက်ဖွံ့ဖြိုး အာကျယ်လာတာနဲ့အမျှ နိုင်ငံတကာတာဝန်များကို ပို၍ယူလာရပါတော့မည်။ ယခုလို ကိုယ်ကျိုးစီးပွားမူဝါဒများဖြင့် စခန်းသွား၍မရတော့ပါ။ ဒီအတွက်သူ့မှာ နည်းပညာ၊ အတွေ့အကြုံ အဆင်သင့်ဖြစ်ပုံမရသေး။ ပြောနိုင်တာကတော့ တရုတ်ကြီးချမ်းသာ တန်ခိုးထွားလာတာနဲ့အမျှ သူ့လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားအတွက် ခြံစည်းရိုးကာခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ ရသမျှ ပုလင်းတူးဗူးဆို့ မိတ်ဖက်နိုင်ငံများဖွဲ့ခြင်း တို့ကိုလုပ်ပါလိမ့်မည်။ တရုတ်ကြီးကို ရန်သူပတ်လည် ဝိုင်းထားပါသည်။ သူနဲ့စစ်ဖြစ်ဖူးသော အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် ပြိုင်ဖက်ရုရှ၊ စိတ်မချရသောမြန်မာ၊ အစွန်းရောက်အီရန်နှင့် ဘာသာရေးတယူသန် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံငယ်လေးများ ဝိုင်းထားပါသည်။ အရှေ့တောင်အာရှ၊ ဂျပန်နဲ့ ပစ္စိဖိတ်ပင်လယ်ထဲမှာ အမေရိကန်တပ်သိန်းနဲ့ချီ ချထားပါသည်။ ဒီအခြေအနေတွေကြောင့် မြန်မာစစ်အစိုးရကို မြောက်ကိုရီးယားလို သူလူလုံးလုံးဖြစ်အောင် မွေးရန်ကြိုးစားပါလိမ့်မည်။ ဒါမှသာလျင်သူ့အတွက် ပင်လယ်ထွက်ပေါက်ရှိပြီး စစ်ဖြစ်လာလျင် ရှေ့တန်းစစ်မြေပြင်နိုင်ငံ နောက်ထပ်တခုအခံရှိပါမည်။
weiwei
January 4, 2011 at 8:28 am
စာအုပ်တစ်အုပ်ထုတ်ရလောက်အောင်တော့ အရည်အချင်းမရှိသေးတာ သေချာပါတယ် …
ဂေဇက်မှာ မတင်ရသေးတဲ့ ခရီးစဉ်တွေတောင် ရှိသေးတယ် … ဓါတ်ပုံတွေပြန်ကြည့်ပြီး မလှဘူးလို့ထင်တာနဲ့ မတင်ဖြစ်သေးတာ … နောက်ပိုင်း အချိန်ရတော့မှာ သေချာပြန်စဉ်းစားပြီး စိတ်ဝင်စားအောင်ရေးပြီး တင်တော့မယ် …
weiwei
January 5, 2011 at 5:02 am
၅ နှစ်ကျော်နေထိုင်ဖူးတဲ့ အတွေ့အကြုံရ တိုးတက်မှုကတော့ တစ်လနဲ့ တစ်လ တောင်မတူတာကို သတိထားမိပါတယ်။ တလုပ်ကြီးအားသာချက်က ပြည်သူတွေက အစိုးရနဲ့ တသားထဲရှိနေတယ်။ နည်းပညာများ အဆင်သင့် ဖြစ်သင့်သလောက်ဖြစ်နေပြီလို့ထင်ပါတယ် (လျှို့ဝှက်)။ စတော့ပဲဝယ်ထားပြီး တခြားဘာအလုပ်မှ မလုပ်ပဲနေသူတွေတောင် တွက်ချက်ကိုက်နေကြတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရှားပါးမှု စတင်ဖြစ်နေပြီ။ ဘယ်လိုပဲပြောပြော အံ့ဩလောက်အောင် တိုးတက်နေတာကတော့ အမှန်ပါပဲ …
bigcat
January 5, 2011 at 5:26 am
ပြည်သူနဲ့အစိုးရ တသားထဲဆိုတာကတော့ မြောက်ဒဂုံမှာတွေ့တဲ့ ပန်းကန်းပြားပျံက ဂြိုလ်သားတွေ ဆင်းလာပြောမှ ယုံမယ်ဗျို့။ လွတ်လပ်တဲ့ရွေးကောက်ပွဲ၊ အတိုက်အခံ၊ စာနယ်ဇင်းမရှိဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာတုံး။ ကြောင်းကျိုးစပ်တွေးရင် မဟုတ်လို့ မလုပ်ရဲ ခွင့်မပြုရဲတာပေါ့ဗျာ။ ဂျပန်တို့ အမေရိကန်တို့နဲ့ ပဋိပက္ခအကြီးအကျယ်ဖြစ်ရင် သံရုံးတွေရှေ့ ဆန္ဒပြပွဲတွေ အံ့ဖွယ်သုတ ဖြစ်တယ်။ ဘာလို့လဲ သူ့လူတွေဆန္ဒပြတာဆိုတော့ ယုံသပေါ့။ တန်အိမင်ရင်ပြင်မှာ တယောက်စနှစ်ယောက်စ ပိုစတာလေးကိုင်ပြီး နေကြည့်ပါလား၊ တရုတ်ရဲလာကုတ်တယ် စက္ကန့်မဆိုင်းဘူး။ ဘာလို့လဲ… လူထုသိသွားမှာစိုးလို့ပေါ့။ ကိုယ့်လူကိုယ်ယုံရင် ဘာလို့ဖမ်းမလဲနော်။
weiwei
January 5, 2011 at 5:34 am
soft power နဲ့ စည်းရုံးရေးတွေ လုပ်နေတာ အထင်အရှားပဲ … အထူးသဖြင့် ငလျှင် ၂ ခါ လှုပ်လိုက်တာမှာ အစိုးရပိုပြီး နံမည်ရသွားတယ် … ပြည်သူတွေက တော်တော်လေးစားချစ်ခင်သွားကြတယ် … ကျွန်မ မြင်ရ ကြားရတွေက အတုတွေဆိုရင်တော့လဲ မသိဘူးပေါ့ … အများအားဖြင့် တီဗီထဲကနေပဲ မြင်ရတာကိုး … 🙂
မိုက်ကယ်ဂျော်နီအောင်ပု
January 5, 2011 at 8:25 am
ကိုကိုကြောင်ပြောတဲ့အနှစ်ဆယ်ကြတော့ တိဝူးဗျ
လောလောဆယ် သဂျီးတို ့ရွာမှာ သာမန်လူတစ်ယောက်ရဲ ့ဝင်ငွေကိုတော့ အငယ်ခံ
တစ်လ ငှက်ပျောရွက်အစိမ်း ဆယ့်ခြောက်ရွက်နဲ ့တက်ဝက် (ထောင့်ခြောက်ရာငါးဆယ်) သတ်မှတ်တယ်ဆိုဘဲ
ဗားမားပြည်မှာတော့ တစ်လ (xxxx) ဟဲဟဲဟဲ ဝီစကီသတင်းကနေ မပေါက်ကြားသေးတော့
ဟိုက်တန်စီးကရက်ပေါ့ဗျာ (ဆေးပေါ့လိပ်မဟုတ်ပါ)
တစ်ရုပ်ပြည် ရဲ ့နှုန်းထားလေး ပြောကြပါဦးဂျ
ဘာရယ်ဟုတ်ပါဘူး
ဘယ်သူဘယ်လောက်ချမ်းသာတယ်ဆိုတာ တွက်ချက်ပြီး
ဆောင်ရန်ရှောင်ရန်ပေါ့ဗျာ
( ကျွန်တော်ကတော့ ဒီမိုကရေနိုင်ငံမဟုတ်တဲ့နိုင်ငံတွေရဲ ့ ဒီဗလက်မန် ့ကို သိပ်တော့ မှတ်ချက်မချနိုင်ဘူး
သူတို ့က ကောက်ရိုးမီးနဲ ့ခပ်ဆင်ဆင်ဗျ
ကြားဘူးတယ်ဂလား ဆင်ပိန်ရင် ကျွဲဝတာလောက်ကျန်နိုင်သေးတယ်ဆိုဘဲ
ခုဟာက ဆင်ပိန်တာလား ဆင်ချောင်းဆိုးတာလား ပြောရနည်းနည်းလေးခက်နေသေးတယ်
ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ မနက်စာ မှန်မှန်စားနေရသေးတော့ အပူပင် တယ်ကင်းသဂိုး)
ဆူး
January 8, 2011 at 3:55 pm
တိဘက်မှာ ရေ သောက်လို့ အဆင်ပြေလား.. သောက်ရေက ဒေသခံတွေ သောက်တဲ့ ရေမျိုး သောက်လို့ မရနိုင်ဘူး ထင်တယ်နော်။