အတိတ်၊ပစ္စုပန်မှသည်..အနာဂတ်ဆီသို ့
̏̏̏ အလှဆုံးသာပ အားလုံးရယ်တဲ့ငှက်များတွင်
ရွှေဥဒေါင်းရယ်လို ့ ငြိမ့်ညောင်းတွန်သံသာလှ
ဆန်းကြယ်စွာစိတ်ကြည်နူးအောင် ထူးတဲ့အသွင်
နေမင်းနွယ်ဆွေဘုရားရယ်လို ့
ဝေတင့်တယ်အသရေခြားသည်ဟု
ငွေများမှာတဲ့ တံဆိပ်တင် နမိတ်မြင်ကမင်္ဂလာရှိ
မြန်မာနွယ် ကမ္ဘာဝယ်ထင်အလင်းသာပ
ဆင်မြင်းဗိုလ်ပါရံလို ့ မြကတန်သီဟာစိုးစဉ်က
ဒေါင်းအလံ စိုက်ကာထိုးကြတယ်
ဖိုးထိုက်ပါဘိ။˝˝ ၅တန်းကျောင်းသားဘဝတုန်းက ကဗျာလေးကိုပြန်ပြီး သတိရမိလို့ ့မေ့နေတဲ့သူတွေအတွက် ရေးလိုက်မိပါတယ်။
လူတိုင်းအတိတ်ကိုမမေ့နိုင်ကြပါဘူး။ အမြဲတမ်းမဟုတ်ပေမယ့်တိုက်ဆိုင်
တဲ့အခါတိုင်း ပြန်ပြီးသတိရတက်ကြပါတယ်။ ဒါနဲ ့ကျနော်လည်း အတိတ်
ကိုပြန်သတိရမိတယ်ဆိုပါတော့။ ကျနော်က ၆နှစ်မှကျောင်းနေရပါတယ်။
၅နှစ်ပြည့်ဖို ့ လအနည်းငယ်လိုနေသေးလို ့ကျောင်းအုပ်ကြီးက လက်မခံ
ပါဘူး။ မှက်မှက်ရရ သူငယ်တန်းတုန်းက ကျောင်းမှာ တတိယဆု ရခဲ့ပါ
တယ်။ အဲ့ဒီနောက်ပိုင်းတော့ ဘယ်လိုဖြစ်လဲမသိဘူး စာညံ့ခဲ့တာ ၄တန်း
အထိပါပဲ။ ၈ လေးလုံးအရေးတော်ပုံကြီးနဲ ့ဆုံလို ့ တနှစ်အောင့်ပြီး ၄တန်း
ပြန်ရောက်ချိန်မှာတော့ တစ်ခါမှစာမေးပွဲမကျဘူးတဲ့ကျနော်ဟာ လစဉ်အ
စမ်းစာမေးပွဲတစ်ခုမှာ အင်္ဂလိပ်ဘာသာနဲ ့စာမေးပွဲကျခဲ ့ပါတယ်။ အဖေက
ကျူရှင်ထားပေးပြီး မီးနင်းစာအုပ်တွေ ဝယ်ပေးခဲ့ပါတယ်။ ဒါနဲ ့ပဲ စာမေးပွဲ
ကြီးကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ကျောင်းကြီးပိတ်တော့မိဘ
တွေက ကိုရင်ဝတ်ပေးပါတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းက မင်္ဂလသုတ်ကို
သင်ပေးပြီးတော့ အလွတ်ရအောင်ကျက်ခိုင်းပါတော့တယ်။ ဘုန်းဘုန်း
ကိုလည်းကြောက်ရသေး ပါဠိစာကလည်းဖြစ်ပြန် မှက်ညဏ်ကလည်း
မကောင်းဆိုတော့ ကျနော့်ခမြာ စာကျက်ရင်း မျက်ရည်သုတ်ရင်းနဲ ့ပေါ့။
၉ ရက်ပြည့်တော့ လူထွက်ဖို ့ အမေ့ကို ငိုပြီးပူဆာတော့ မင်္ဂလသုတ်ကို
အပေါ်နှစ်ပိုဒ် အလွတ်ရသွားပြီးဖြစ်တဲ့ ကျနော်ဟာ ကိုရင်ဘဝကို ၉ ရက်
နဲ့ ့အဆုံးသတ်ခဲ့တယ်ဆိုပါတော့။ဒါနဲ ့ ၅တန်းကျောင်းသားဘဝရောက်
တော့ ကျနော်ဟာ ကျောင်းစာတွေကို ကျက်မှတ်ရလွယ်ကူလာတာကို
အံ့ဩစွာ တွေ ့ရှိခဲ့ရပါတယ်။အတန်းပိုင်ဆရာမက အစမ်းစာမေးပွဲမှာ
ပထမ ရရင် စာအုပ်နဲ ့ဘောပင် ဆုပေးမယ်လို ့ပြောပါတယ်။ စာမေးပွဲ
ပြီးလို ့အမှက်စာရင်းတွေပေါင်းကြည့်တော့ ကျနော်ကအမှက်အများဆုံး
ရလို ့ပထမ ရတယ်ဆိုပြီး အိမ်မှာဝမ်းသာအားရ သွားပြန်ပြောပါတယ်။
အိမ်မှာရှိတဲ့သူတွေက လာဖြီးမနေနဲ ့ဆိုပြီး တစ်ယောက်မှမယုံကြပါဘူး။
သက်သေပြစရာလည်းမရှိသေးတော့ နေနှင့်အုံးပေါ့ဆိုပြီး တစ်ယောက်
ထည်း ရင်ထဲမှာအောင့်ထားတယ်ပေါ့။ report card ရတော့ ဆရာမက
ဗာလာစာအုပ် ၅ အုပ်နဲ ့ဘောပင် ၂ချောင်းကို ဆုပေးပါတယ်။ ဒီမှာတွေ ့
လားဆိုပြီး အားလုံးကိုချပြလိုက်တော့မှ အိမ်သားတွေအားလုံးအံ ့ဩနေ
ကြပါတယ်။ဒီကောင် ဟုတ်မှဟုတ်ရဲ ့လားပေါ့။ဟုတ်ပါတယ် ကျနော်ရဲ ့
မှက်ညဏ်တွေ ကိုယ့်ကိုယ်ကိုမယုံနိုင်လောက်အောင် တိုးတက်လာပါ
တယ်။တစ်နှစ်ပတ်လုံး အတန်းထဲမှာ အဆင့် ၁ ရခဲ့ပါတယ်။ဘုန်းဘုန်းအ
လွတ်ကျက်ခိုင်းခဲ ့တဲ့ မင်္ဂလသုတ် ကျေးဇူးကြောင့်လားတော့ ကျနော်
လည်း အတိအကျ မသိပါဘူး။ တစ်ကျောင်း
လုံး အနေနဲ ့အဆင့် ၅ သာရခဲ့တာမို ့ဆုပေးပွဲကြီးနဲ ့ လွဲချော်ခဲ့ရပါတယ်။
၆၊၇၊၈ တန်းတွေမှာတော့ ညဏ်ရည်တူ ပြိုင်ဘက်တွေနဲ ့ဆုံတာမို ့ အဆင့်
၁ နဲ ့ ၂ ကို သူတစ်ခါ ကိုတစ်လည့် လုယူကြရပါတယ်။အဲ့ဒီလိုနဲ ့ ၈တန်း
စာမေးပွဲကြီးပြီးလို ့အောင်စာရင်းထွက်တော့ တစ်ကျောင်းလုံးမှာ၆ဘာသာ
ဂုဏ်ထူး ၆ ယောက်ထွက်ခဲ့ ့ပါတယ်။အဲ့ဒီထဲမှာ ကျနော်ပါခဲ့ ့ပါတယ်။
ဒီတော့မှ ဆုပေးပွဲကြီးကို ပထမဦးဆုံးအကြိမ် ဂုဏ်ပူဝင့်ကြားစွာ တက်ရောက်ခဲ့ရတယ်ဆိုပါတော့။ တိုက်ပုံအင်္ကျ ီ ကိုဝတ်ပြီး လက်ခုက်သံ
တွေကြားမှာ ဆုယူနေတုန်း ကျနော်ရင်ထဲ ့ကခံစားနေရတဲ့ပီတိကိုတော့
ခုချိန်ထိမေ့ ့မရသေးပါဘူး။ဆုပေးပွဲကအပြန်မှာတော့ကျနော်တို ့၆ ယောက် စားသောက်ဆိုင်တစ်ခုမှာ အောင်ပွဲခံခဲ့ကြပါတယ်။ရင်ထဲက
မျှော်လင့်ချက်ပန်းတိုင်တွေကို ကိုယ်ဆီကိုယ်ငှ ရင်ဖွင့်ရင်း အပြုံးပန်း
တွေကိုယ်ဆီနဲ ့ပေါ့။အဲ့ဒီမှာ ကျနော်က ဝါသနာပါတဲ့ အင်ဂျင်နီယာကြီး
ဖြစ်ချင်ကြောင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ တို ့၆ယောက်ဒီထက်ပိုပြီးညဏ်ကောင်းလာအောင် အတူတူ တရားစခန်း
ဝင်ကြရအောင်လို ့ ကျနော်ကအကြံပြုခဲ့ပါတယ်။အားလုံးက ၉တန်းစာမေး
ပွဲအပြီး ကျောင်းပိတ်ရက်သင်္ကြန်တောအတွင်းမှာ သွားကြမယ်လို့သဘော
တူခဲ ့ကြပါတယ်။ ဒါနဲ ့၉တန်းစာမေးပွဲပြီးသင်္ကြန်ရက်တွင်းမှာ ၁ဝရက်စခန်း
တစ်ခုဖြစ်တဲ့ ပေါင်မြို ့နယ် သပိတ်အိုင်တောရ စခန်းကို ရောက်ခဲ့ပါတယ်။
ထိုသပိတ်အိုင်တောင်နားက ရွာလေးတစ်ရွာမှာရှိတဲ့ ကျနော်ရဲ ့အဖွားဖြစ်
သူနဲ ့ အတူလိုက်သွားကြတာပါ။ ရောက်စကတော့ လန်းလန်းဆန်းဆန်း
တက်တက်ကြွကြွနဲ ့ပေါ့။၄ ရက်လောက်ကြာတော့ ကိုဟ နဲ ့ကိုဇင် ဆိုတဲ့
နှစ်ယောက်က ငြီးလာပါပြီး။ကျနော်က အဖွားနဲ ့အမတွေလည်းပါတော့ငြီး
ချင်သော်လည်း မပြောရဲပါဘူး။ကိုနေ၊ကိုဘို နဲ ့ကိုကျော်ထိုက် တို ့သုံး
ယောက်ကတော့ငြီးလည်းမငြီး အပြုံးလည်းမပျက်ပါဘူး။ လေလှိုင်းနဲ ့
အတူ တစ်ချက်တချက် ကြားနေရတဲ့ တူးပို ့တူးပို ့ သင်္ကြန်သီးချင်းတွေ
က တရားထိုင်နေတဲ့ ကျနော်တို ့သုံးယောက်ရဲ ့နှလုံးသားတွေကို လှံနဲ ့
ထိုးနေသလိုပါပဲ။ဒီလိုနဲ ့အတက်နေ ့မနက်မှာတော့ ကိုဟနဲ ့ကိုဇင်နှစ်
ယောက် ပြန်ပြေးပါတော့တယ်။ ကျနော်ကတော့ ရတစ်ချက်မရတစ်
ချက် သမာဓိတွေနဲ ့တရားထိုင်ရင်း ၁ဝစခန်းပြီးဆုံးချိန်ထိ အားလုံးနဲ ့
အတူကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီတုန်းက တရားပြဆရာတော်ကတော့ အခု
နာမည်ကြီး ဓမ္မဓူတ ဆရာတော် အရှင်ဆေကိန္ဒပါ။ တရားပြအရမ်းကောင်း
ပါတယ်။၁ဝရက် စခန်းသိမ်းလို ့ ဆရာတော်က ရှေ ့ကတိုင်ပေးပြီးအားလုံး
ညီညီညာညာနဲ ့ အမျှဝေကြတဲ့အခါမှာတော့ ကြက်သီးမွှေးညှင်းထတဲ့အ
ထိ ကျနော်ရင်ထဲမှာဝမ်းသာပီတိ ဖြစ်မိပါတယ်။ကျောင်းတွေပြန်ဖွင့်လို ့၁၀
တန်းရောက်တဲ့အခါမှာတော့ ကျနော်တို ့ရဲ ့ဘဝတွေတစ်မျိုးတစ်ဖုံ ပြောင်း
လဲ လာပါတော့တယ်။ကိုနေ၊ကိုဘိုနဲ ့ကိုထိုက်တို ့၃ယောက်ကတော့
ကျောင်းနေပျော်ရျ် စာတော်မြဲပါပဲ။ ကျနော်၊ကိုဟနဲ ့ကိုဇင် ၃ယောက်မှာ
တော့ အချစ်ဆိုတဲ့ နှလုံးသားပြသနာတွေကို ညအချိန်လမ်းဘေးမှာ ဂီတာတီး
သီးချင်အော်ဆိုရင်း ဆေးလိပ်၊ဘီယာ၊အရက်၊အိပ်ဆေးပြားစတဲ့အရာတွေ
နဲ့ ့အစားထိုးဖြေရှင်းခဲ့ကြပါတယ်။
စားမေးပွဲဖြေဖို ့ ၃လလောက်အလိုမှာတော့ လက်ဖက်ရည်ဂိတ်ဆုံးဆိုတဲ့
အကျရည်ခါးခါးတွေကိုအသုံးပြုပြီး အမှီလိုက်ရပါတော့တယ်။ ဒါပေမယ့်
မှန်းချက်နဲ ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ကျနော်တို ့သုံးယောက်လုံး နှစ်ချင်း
ပေါက်အောင် အောင်ဖြေနိုင်ပေမဲ့လည်း မျှော်လင့်ထားတဲ့ ရည်မှန်းချက်
ပန်းတိုင်တွေဆီမရောက်မှာကို ကြောက်လို ့တမင်တကာ ရှူံးအောင်
ခြစ်ချခဲ့ကြပါတယ်။ကိုနေ က ၄ဘာသာ၊ကိုဘိုနဲ ့ကိုထိုက်က ၃ ဘာသာဆီ
နဲ ့ဂုဏ်ထူးအသီးသီးထွက်ခဲ ့ကြပါတယ်။ နောက်နှစ်မှာ ရအောင်ကြိုးစား
မယ်လို ့ထင်ရတဲ့ ကျနော်တို ့သုံးယောက်ဟာ ထင်သလိုမဟုတ်ခဲ့ပါဘူး။
ရိုးရိုးပဲအောင်မြင်ခဲ့ကြပါတယ်။ဒါနဲ ့ကျနော်လည်း စိတ်ပျက်ပျက်နဲ ့ ထိုင်း
နိုင်ငံဘက်ရောက်ခဲ့တယ်ဆိုပါတော့။အမှက်စာရင်းတွေရတော့ မြန်မာစာ
နဲ ့ဝိဇ္ဇာတွဲတွေမှာ ၅ဝကျော်ဆီရခဲ့ပြီး အင်္ဂလိပ်၊သချင်္ာနဲ ့သိပ္ပံတွဲတွေမှာ ၇၀
ကျော်ဆီရခဲ့ပါတယ်။ YIT ဆိုတဲ့ အင်ဂျင်နီယာ တက္ကသိုလ်ကြီးကို အမှက်
အနည်းငယ်အလိုနဲ ့ လက်လွှတ်ဆုံးရှူံးခဲ့ရပါတော့တယ်။ပထမတော့ ECO
ပြန်တက်ချင်စိတ်ပေါက်ပါတယ်။အိမ်ကမိဘတွေက စီးပွားရေးအဆင်မပြေ
လို ့ ရန်ကုန်မသွားစေချင်တာနဲ ့ ကျနော်တို ့မြို ့မှာ အမှက်အမြင့်ဆုံးဖြစ်
တဲ့ english မေဂျာ ကိုလျှောက်ထားပေးကြောင်း ခုံနံပါတ် ၉ ရကြောင်း
ပြန်လာခဲ့ဖို ့ စာရေးအကြောင်းကြားပါတယ်။ YIT ဒုတိယ နှစ်တက်နေတဲ့
ကျနော့်အမကို ကျောင်းစရိတ်ထောက်ပံ့နေသော အိုမင်းနေပြီးဖြစ်တဲ့မိဘ
နှစ်ပါးကို ဒုက္ခမပေးချင်တာကတစ်ကြောင်း၊အခြားသောအကြောင်းအရာ
အနည်းငယ်တို ့နဲ ့အတူ ကျနော်ပြန်ဖို ့ ငြင်းဆန်ခဲ့ပါတယ်။ ကျနော်ကိုမွေး
တဲ့အချိန်မှာ အမေဟာ အသက်၃၉နှစ်ရှိပါပြီး။အဖေက ၅၂ နှစ်ပါ။
ဒါနဲ ့ပဲ ထိုင်းမှာအတော်ကြာခဲ ့ပြီး ၂၀၀၂မှာ အိမ်ပြန်ပြီးဦးပဇင်းဝတ်ခဲ ့ပါတယ်။အဲ့ဒီတုန်းက အထက်ပါ သူငယ်ချင်း
၅ ယောက်လုံးကျနော်တို ့မြို ့မှာ မရှိလို ့မတွေ ့ခဲ့ရပါဘူး အခြားချစ်သူငယ်
ချင်းတွေနဲ ့ပဲ ဆုံခဲ ့ပါတယ်။
ဆက်ရန်……
5 comments
bigcat
January 10, 2011 at 7:28 am
အတွေ့အကြုံလေးတွေက ဖတ်လို့ကောင်းတယ် ကိုဌက်ကြီးရေ။ ဆယ်တန်းအမှတ်စာရင်းတွေကြွားတော့ ကျနော်လည်း ကိုယ့်အမှတ်စာရင်း ကိုယ်ပြန်သတိရမိတယ်။ သူများထက်လည်းနောက်ကျ၊ နောက်ပြီး အမှတ်၄ဝကျော်နဲ့ ကပ်အောင်တဲ့ဘာသာတွေများလို့ စုစုပေါင်းမှ ၂၅ဝကျာ်ပဲရတယ်ထင်တယ်။ ဒါတောင်သွားလေသူ ပညာရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး ကျေးဇူးကြောင့်ဗျို့။လူဟောင်းတွေကို ရှင်းထုတ်ပစ်ချင်ပုံရပါတယ်။ အဲဒီတုန်းက ခေတ်စားတာ မော်ဒရေးရှင်းဆိုတာပေါ့။ ကျသူများလွန်းလို့ အမှတ်၄ဝ မပြည့်ပြည့်အောင် ဆွဲတင်ပေးရတာလေ။ ရမှတ်၃ဝလောက်ဆိုရင်ကို အအောင်ပေးတာပဲ။
bigbird
January 10, 2011 at 1:32 pm
ဖတ်လို ့ကောင်းတယ်ဆိုတဲ့ ကိုကြောင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။
char too lan
January 10, 2011 at 10:20 am
နာကသာတာပေါ့ နာစားတာက ဝူးမန်း 🙂 အဲ! ယောင်လို့
ကျနော်က ၃၇ဝ ကျော်နဲ့အောင်တာ (ကြုံတုန်း)
အတိအကျတော့ပြောတော့ဘူး ပုဒ်မကြီးတစ်ခုနဲ့တူလို့ 🙁
naywoonni
January 10, 2011 at 2:20 pm
ဘယ်နှစ်ကအောင်တာလဲဟင်
ကျွန်တော်က …1985
bigbird
January 10, 2011 at 2:26 pm
၁၉၉၆ မှာပါ။