လူ့ခန်းဝါမှာ
လောကဘုံဝယ်
မကြုံစဖူး၊ တမူထူးခဲ့
အရူးပမာ၊ ဖြစ်နေပါသည်
ပညာကိုယ်ကျင့်၊ နှစ်ဖြာချင့်လည်း
အဆင့်မပေး၊ သပြာကြေးသာ
အရေးပါပေ၊ အကျင့်ထွေလည်း
အဆွေဖွဲ့တတ်၊ ပေါင်းသင်းတတ်သည်
လူ့ဇာတ်ဖြစ်ကြောင်းကုန်စင်တည်း…။
လောကဘုံဝယ်
မကြုံစဖူး၊ တမူထူးခဲ့
အရူးပမာ၊ ဖြစ်နေပါသည်
ပညာကိုယ်ကျင့်၊ နှစ်ဖြာချင့်လည်း
အဆင့်မပေး၊ သပြာကြေးသာ
အရေးပါပေ၊ အကျင့်ထွေလည်း
အဆွေဖွဲ့တတ်၊ ပေါင်းသင်းတတ်သည်
လူ့ဇာတ်ဖြစ်ကြောင်းကုန်စင်တည်း…။
6 comments
kai
January 9, 2011 at 10:14 am
လူ့ဇာတ်ဖြစ်စဉ် ကုန်လျှင်မူလည်း
ထိုသာသဘာဝ မှန်စစ်စမို ့
ဖြစ်ကြောင်းကုန်လှစ် သတိနှစ်ကာ
အသပြာကိုသာ ထင်စွာရှာရေး
မနှေးနှောင်းရစ် အသစ်ဖြစ်အောင်
လုပ်ကြပါလေ လူတို့တွေသည်
တိုးတက်နှစ်ပြောင်း စုန်ရေစီး…။
manawphyulay
January 9, 2011 at 12:10 pm
မန်းဂေဇက်တွင်
စာပေရေးလာ ဝါသနာကို
ချုပ်တည်းမရ သဘာဝ
နက်ဖိုးလောက်ပင်
မရပေသော စာမူခကို
မျှော်ကိုးရင်းနဲ့
စာပေ ဆက်လက်ရေးသားသွားမည့်
မနော ဝါသနာပေတည်း………………
naywoonni
January 9, 2011 at 2:32 pm
ခုမှပဲ ပညာရှင်တွေ့နဲ့လာတွေ့နေရတော့တယ်
ပုန်းနေမှဖြစ်မယ်နဲ့တူရဲ့
monmon
January 9, 2011 at 2:38 pm
comment တွေက ကောင်းတယ်နော်…
unclegyi1974
January 9, 2011 at 4:03 pm
အသပြာလဲမလို
အပေါင်းအဖော်လဲမလို
ဆွေမျိုး ၁ဝ ဝမ်းကွဲလောက်တော်ဖို့သာလိုပါတယ်
zaw min
January 9, 2011 at 6:34 pm
“မူလနှစ်ဖြာ၊သစ္စာနှစ်ခု၊လေးခုအလွှာ၊အင်္ဂါတစ်နှစ်ပါး၊တရားကိုယ်များနှင့် သုံးပါအစပ်၊နှစ်ရပ်မူလ၊ဝဋ်သုံးဝနှင့် ကာလသုံးဖြာ၊ခြင်းရာနှစ်ဆယ်၊ဤရှစ်သွယ်ကိုအလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း”။ အကြောင်းတိုက်ဆိုင်မူရှိ၍ မိုးကုတ် ဆရာတော်ဘုရားကြီး၏ မူလနှစ်ဖြာလင်္ကာကိုဖြည့်စွပ်ပေးလိုက်ပါသည်။