“အမေက ငယ်သေးတယ်တဲ့ ရှင်………”(အပိုင်းသုံး)

စကားလေးမစလိုက်နဲ့ “လူ့အခွင့်အရေး”ဆိုတာကို ပါးစပ်ကမချတဲ့ “ကိုကိုထွေး”ကတော့
“ကလေးတွေကို အုပ်ချုပ်တဲ့အခါ ဘယ်နေရာမှာမဆို သူတို့အပေါ်မှာနားလည်မှ အဆင်ပြေတာဗျ။
လူကြီးတွေက ကိုယ်ဖြစ်ချင်တာချည်းဘဲ တွန်းလုပ်ချင်လို့ မရဘူး။သူတို့ခံစားချက်ကိုလည်းနားလည်မှ။
သူတိုကို စွတ်ပြီး ဇွတ်ကျပ်နေရင် ပြတ်ထွက်သွားမှာပေါ့။
မိန်းကလေး လဲ မိန်းကလေးအလျှောက် ယောက်ျားလေးဆိုလဲ
ယောက်ျားလေးအလျှောက် လွတ်လပ်ခွင့်ပေးတတ်ရမယ်။
ဟိုဟာလဲ မလုပ်ရ ဒီဟာလဲမလုပ်ရ ။ဟိုလူနဲ့မတွဲနဲ့ ဒီလူနဲ့မပေါင်းနဲ့၊
ဆိုပြီးနေရာတကာ လိုက်ပြီးအခွင့်အရေးတွေကို ပိတ်ပင်နေမယ်ဆိုရင်
လွတ်လပ်မူ့ကို နှစ်သက်တဲ့ လူသားထုံးစံအတိုင်း ဒီအသိုင်းအဝိုင်းကို စွန့်ခွာ
ဘို့ကြိုးစားမှာဘဲ။အဲလို အချုပ်အချယ်ခံရတဲ့ အသိုင်းအဝိုင်းက ကလေးတွေက
အိမ်ထောင်အကျစောတာဘဲ”

ကျနော်တို့ထဲမှာလဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ် ဟာသတွေနဲ့
မှတ်ချက်တွေပေးတတ်တဲ့ “ကိုအောင်” ကတော့
“ကလေးတွေအိမ်ထောင်စောစောကျတာ လူကြီးတွေမလိမ်မာလို့ဘဲ။
ကျုပ်တို့ငယ်ငယ်က ဘာဆိုဘာမှကို သိပ်မသိတာရယ်။
“ညီလေးဘယ်ကလာလဲ”ဆို မေ့မေ့ဗိုက်ထဲက လို့ဘဲပြောတတ်ခဲ့တာ။
အခုခေတ် ဆယ်နှစ်သားလောက်များသွားမမေးနဲ့ ကိုယ့်တောင် “အ”လိုက်တာ။
ဒါလေးတောင် မသိဘူးဆိုတဲ့အချိုးနဲ့ ပြန်ကြည့်လိုက်လိမ့်မယ်။
အရင်ခေတ်က ကလေးဆိုတာ ည 8နာရီ ကိုးနာရီဆိုအိပ်တာဘဲ။
အခုခေတ်တော့ ညသန်းခေါင်ရောက်တာတောင် တီဗွီကဘောလုံးပွဲလာတာကြည့်ချင်ရတာနဲ့၊
ဇာတ်လမ်းကောင်းလို့ စောင့်ကြည့်ချင်ရတာနဲ့
ကိုရီးယားဇာတ်လမ်းတွဲကို အောက်စက်နဲ့ကြည့်ချင်ရတာနဲ့
ေတော်တော်နဲ့ကို မအိပ်တော့ဘူး။
သူတို့မအိပ်တော့ ဖေဖေမေမေတွေက…………………………………………….။
အဲတော့ အနေအထိုင်မဆင်ခြင်တဲ့လူကြီးတွေကြောင့် ကလေးတွေက သိချိန်မတိုင်သေးတဲ့
ကိစ္စတွေကို သိကုန်ရော။
နောက်အိမ်ထောင်ရက်သားကျရင် ကိုယ့်ဖာသာကိုယ်အိမ်ခွဲနေဖို့ မကြိုးစားတော့ဘူး။
အမေအဖေ့အိမ်မှာ ပြွတ်သိပ်ကျပ်ညှပ်ပြီး ကပ်ရပ်ပြီး နေကြတာများတယ်။
ဒီလိုနေရာထိုင်းခင်းကျဉ်းကျပ်တာ မလုံခြုံတာကလဲ မသိသင့်သေးတာကို သိအောင်ဖန်တီးပေးနေသလိုဘဲ။
အချိန်မတိုင်ဘဲသိကုန်တော့ ကလေးတွေက လက်တဲ့စမ်းရင်းနဲ့စောစောအိမ်ထောင်ကျကုန်တာပေါ့။
မသိတတ်တဲ့ အကိုတွေဦးလေးတွေကလဲ ကလေးတွေရှေ့မှာ ဆင်ဆာမပါတဲ့ကားတွေကို ခပ်တည်တည်
ကြည့်ချင်ကြည့်နေတာ။ဒီတော့ ကလေးတွေက အကုန်မြင်ဘူး သိဘူးနေတော့တာပေါ့။
အမှန်က စလောင်းတို့ တီဗွီတို့ အောက်စက်တို့မရှိရင် ဒီကောင်တွေစောစောအိပ်မှာ ဘာမှကို သိမှာမဟုတ်ဘူး
အခုတော့………………….” လို့ သူဘာသာသူပြောပြီး တဟားဟားနဲ့ရီလို်က်ပါသေးတယ်။

စိတ်ထဲမှ အလုပ်ရယ် ဘဝရှေ့ရေးတိုးတက်ဘို့ရယ် လူတန်းစေ့နေနှိုင်အောင်ငွေရှာဘို့ရယ်ကလွဲပြီးစိတ်မဝင်စားတဲ့
“ တင်ဇာလှိုင် “ကတော့
“ဒီလိုကိစ္စ တွေက အားယားနေတဲ့သူတွေသာ အုံးအစားခံပြီး စဉ်းစားနေကြတာပါ။
လူဆိုတာ ကိုယ့်ဘဝကိုယ်သိရနားလည်ရမယ်။
ကျမတို့ ချစ်သူဖြစ်တာ ငါးနှစ်ရှိပြီ။ တက္ကသိုလ် ဒုတိယနှစ်ကတည်းက လက်တွဲခဲ့တာ။
ဒါပေမယ့် ကျမတို့မှာ ရှေ့ရေးအတွက် လုပ်စရာတွေအများကြီးရှိသေးတယ်။အချိန်တန်ရင်တော့ အိမ်ထောင်ပြုမှာ ဘဝကို အတူဖြတ်သန်းကြမှာပါ။
အခုလောလောဆယ်တော့ ဒါတွေခေါင်းထဲ မထည့်ချင်သေးဘူး“

(ဆက်လက်ဖော်ပြပါမည်)