Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Hiccups ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ

ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့ ၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင် အများဆုံးကြို့ထိုးလေ့ရှိပြီး တစ်မိနစ်လျှင် ၅ ကြိမ်မှ အကြိမ် ၆ဝ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။

ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ ့ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို ့ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ ့အာရုံကြောပါ။ အဲဒီ အာရုံကြောကို လှုံဆွမိတဲ ့အခါ ရင်ဝမ်းခြားကြွက်သားကို ကျုံ့ပြီးတောင့်တင်းလာစေတာကြောင့် အသက်ရှုနှုန်းဟာ တိုပြီးမြန်လာပါတယ်။ အဲဒီအခါမှာ epiglottis လို့ ့ခေါ်တဲ ့လေပြွန်ဖုံးက ရုတ်တရက် ခဏခဏပိတ်သွားပြီး ကြို့ထိုးတဲ ့အသံဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ကြို့ထိုးခြင်းဖြစ်ပေါ်ပုံအတွက် တိကျပြည့်စုံတဲ ့အဖြေကိုတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

ကြို့ထိုးစေတဲ ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အရက်သောက်ခြင်း၊ အစာတွေ အများကြီးစားပြီး အစာအိမ်တင်းနေခြင်း၊ အစားအစာကို အလျင်စလို အမြန်စားလိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းတို့ကြောင့် ကြို့ထိုးခြင်းကို ခံစားရတတ်ပါတယ်။ပူတဲ့စပ်တဲ့ အစာတွေနဲ့ ပြည့်တင်းနေတဲ ့အစာအိမ်က phrenic nerve ကို လှုံ့ဆွတဲ့အတွက် ကြို့ထိုးလာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်မကောင်း၍ သွေးထဲတွင် urea တက်နေခြင်းကြောင့်လည်း ကြို့ထိုးစေနိုင်ပါတယ်။မေ့ဆေးပေးပြီး ခွဲစိတ်ခံတဲ့ လူနာတွေမှာလည်း ကြို့ထိုးခြင်းကို ခံစားရသလို ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆွစေတတ်သော ရောဂါများဖြစ်သည့် ရင်ဝမ်းခြားကြွက်သားအောက်တွင် ပြည်တည်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်း စတဲ ့ရောဂါတွေဟာလည်း ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း ကြောက်ရွံ့ခြင်းတို့ကြောင့်လည်း တခါတရံကြို့ထိုးတတ်သလို သွေးတွင်း သကြားဓါတ်များနေခြင်းနှင့် ဆိုဒီယမ် ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်ပမဏ နည်းတဲ့အခါမှာလည်း ကြို့ထိုးနိုင်ပါတယ်။ Dexamethasone ကဲ့သို့သော စတီးရွိုက်ဆေးဝါးများနဲ့ Diazepam ဆေးဝါးများကို သုံးစွဲပါကလည်း ကြို့ထိုးစေနိုင်ပါတယ်။

ကြို့ထိုးခြင်းဟာ ၄၈နာရီထက်ပိုမကြာဘူးဆိုရင်တော့ ဆရာဝန်နဲ ့ပြသစရာမလိုဘဲ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ၄၈ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရောဂါတခုခုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်တာဖြစ်နိုင်တဲ ့အတွက် ဆရာဝန်နဲ ့ပြသသင့်ပါတယ်။ ဥပမအားဖြင့် အစာအိမ်ရောင်ခြင်း၊ အူသိမ် ပိ်တ်နေခြင်း၊ သွေးတွင်းသကြားဓါတ်များစေတဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်ခြင်းနှင့် ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ ့ရောဂါတွေကြောင့် ဖြစ်နေနို်င်ပါတယ်။

ကုသမှုပိုင်းအနေနဲ့ ၄၈နာရီအောက်သာ ကြာမြင့်တဲ ့ ကြို့ထိုးခြင်းတွေအတွက် ထွေထွေထူးထူး ကုသစရာမလိုအပ်ပါဘူး။ ဒါပေမယ့် ကြို့ထိုးခြင်း အမြန်သက်သာစေတဲ ့နည်းလမ်းလေးတွေတော ့ရှိပါတယ်။ ရှောက်သီးစိတ် တစ်စိတ်လောက်ကိုက်ပေးခြင်း၊ ရေခဲရေကို နည်းနည်းချင်း မကြာခဏ သောက်ပေးခြင်း၊ သကြားအနည်းငယ်ကို မျိုချခြင်း၊ အသက်ရှုခဏအောင့်ထားခြင်း၊ လျှာကိုရှေ့သို့ထုတ်ခြင်း၊ ကျွတ်ကျွတ်အိတ် သို့မဟုတ် စက္ကူအိတ်ကို နှာခေါင်းနဲ ့ပါးစပ်တွင်စွပ်၍ ခဏတဖြုတ်အသက်ရှုပေးခြင်း၊ ရှေ့ဘက်သို ့ခါးအနည်းငယ်ကိုင်း၍ ထိုင်ခြင်း၊ ရုတ်တရက် ထိတ်လန့်သွားအောင် လုပ်လိုက်ခြင်း စသည်ဖြင့်ကြို့ထိုးပျောက်ကင်းအောင် လုပ်လို ့ရတဲ ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ နာတာရှည် ကြို့ထိုးခြင်းအတွက် Chlorpromazine ဆိုတဲ့ဆေးကလည်း အထောက်အကူပြုပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲနဲ ့တော့ လုံးဝမသောက်သုံးသင့်ပါဘူး။ အအန်ပျောက်ဆေးဖြစ်တဲ့ Metoclopramide (mexalon) ဆေးဝါး ၁ဝ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်သောက်ခြင်းဖြင့်လည်း ကြို့ထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ရက်ထက်ကျော်ပြီး ကြို့ထိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးလိုအပ်တဲ ့ စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။

ကြို့ထိုးခြင်းကို ကာကွယ်ဖို့အတွက်ကတော့ အရက်မသောက်ပါနဲ့၊ gas ပါတဲ ့အရည်များ လျှော့သောက်ပါ။ တကြိမ်ထဲနှင့် အလွန်အမင်း ဗိုက်ပြည့်လွန်းအောင် မစားပါနဲ့။ အစာစားရင်လည်း အလျင်စလိုမြန်မြန်မစားပါနဲ့။ ဖြေးဖြေးချင်းစားပါ။ အကယ်၍ ရောဂါ အခံတစ်ခုခု ရှိနေပြီး ကြို့ထိုးခြင်းက ၂ ရက်ထက်ပိုကြာနေပြီဆိုပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သော ကုသမှုများကို ခံယူပါလို ့ တိုက်တွန်းလိုက်ပါတယ်။

လေးစားစွာဖြင့်…

ဒေါက်တာအောင်အောင်



http://newworldnanda.com/profiles/blogs/3451740:BlogPost:47805 မှ ကူးယူဖော်ပြပါသည်…

6 comments

  • နီလေး

    July 22, 2011 at 11:31 am

    မျက်စိ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ပိုစ်လေးတွေကိုလဲ တင်ပေးပါဦး

  • aungnng87

    July 22, 2011 at 12:40 pm

    ကျေးဇူးတင်ပါတယ်။အိမ်ကလူတွေပြရအောင်ကော်ပီလုပ်သွားပါတယ်။

  • pan pan

    July 22, 2011 at 1:43 pm

    ကြို့ထိုးရင်း သေတဲ့လူရှိသတဲ့
    အဲဒါဟုတ်လား
    သိရင်ပြောပြကြပါ

  • nayminn

    July 22, 2011 at 3:29 pm

    ကျွန်တော်သိထားတဲ့ကြို.ထိုးပျောက်နည်းက ရှိသမျှအပေါက်အကုန်ပိတ်( မျက်လုံး ၊ နား ၊ နှာခေါင်း ) ပြီးရင် ရေတစ်ခွက်သောက်ချလိုက် ခဏကြာရင်သက်သာသွားပါလိမ်.မယ်။ ။

  • khin chaw su

    July 22, 2011 at 4:23 pm

    သ ကြား တစ် ဇွန်း ကို ပါး စပ် ထဲ ငုံ ပြီး nayminn ပြော သ လို ဘဲ ရှိသမျှအပေါက်အကုန်ပိတ်( မျက်လုံး ၊ နား ၊ နှာခေါင်း ) ပြီးရင် ရေတစ်ခွက်သောက်ချလိုက် ခဏကြာရင်သက်သာသွားပါလိမ်.မယ်။ ။ ( အိမ် က သား လေး ကြို.ထိုး လို ့ အဲ လို လုပ် တာ ၊ တ ကယ် ကြို.ထိုး ပျောက် သွားတယ်

  • naywoonni

    July 22, 2011 at 7:06 pm

    တစ်စံတစ်ခုကို အထိတ်တစ်လန့် ဖြစ်သွားရင်လည်း ကြ့ိုထိုးတာက သက်သာရာ ရနိုင်ပါတယ်..။ နောက်တစ်မျိုးက နှာချေ လိုက်ရင် သက်သာပါတယ်..။ ကိုယ်တွေ့ လုပ်ခဲ့ဖူးတယ်နော်..။
    ဟိုအရင် မူးနေခဲ့တုန်းက 😛

Leave a Reply