Window 7 ရဲ့ ကောင်းကွက်တွေ၊ အသုံးဝင်ပုံတေ

manawphyulayJanuary 12, 20111min1693

Window Seven သုံးနေတာ အခုထိတော့ ပြဿနာ မတွေ့သေးဘူး။ သုံးလို့လဲ ကောင်းနေတုန်းပဲ။ အခု သုံးနေတဲ့ Window 7 က Activated Key တောင်းတယ်။ ဆိုင်က ဝယ်တုန်းကတော့ ကီး(၅)ခု ပါလာတယ်။ အင်တာနက် ချိတ်ဆက်ပြီး Activate လုပ်ရတယ်။ ကွန်မကောင်းရင် အပြည့်သုံးဖို့ မလွယ်လှဘူး။ အခု ခွေအသစ်တစ်ခု ရထားတယ်။ သူငယ်ချင်းတစ်ယောက်က ဝယ်ထားတာ။ Full Version လို့ ဆိုတာပဲ။ ကီးလဲ မတောင်းဘူးတဲ့။

တောင်းပြီး ထပ်တင်ကြည့်မလားလို့ စိတ်ကူးမိတယ်။ အခုကတော့ English Site တော်တော်များများမှာ Window 7 ရဲ့ ကောင်းကွက်တွေ၊ အသုံးဝင်ပုံတွေ ရေးထားတာတွေ့ရတယ်။ မိမိကလဲ အင်္ဂလိပ်စာ ခပ်ကျွမ်းကျွမ်းဆိုတော့ ဟီး။ Window 7 Keyboard Shortcuts တစ်ချို့တော့ ရလာတယ်။

Win+Home: Clear all but the active window
Win+Space: All windows become transparent so you can see through to the desktop
Win+Up arrow: Maximize the active window
Win+Down arrow: Minimize the active window or restore the window if it’s maximized
Win+Left/Right arrows: Dock the active window to each side of the monitor
Win+Shift+Left/Right arrows: If you’ve got dual monitors, this will move the active window to the adjacent monitor
Win+T: Shift focus to and scroll through items on the taskbar
Win+P: Adjust presentation settings for your display
Win+(+/-): Zoom in/out
Shift+Click a taskbar item: Open a new instance of that particular application

သုံးကြည့်ပေါ့။ ကောင်းတာတွေ ပါပါတယ်။ မိမိတော့ သုံးကြည့်နေတယ်။

3 comments

  • kai

    January 12, 2011 at 10:47 pm

    အဒိန္နာဒါနာ-သူမပေးသော သူတပါးပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ။ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

    အဲလိုဆိုထားတော့.. ဝင်းဒိုးစ်ပိုင်ရှင်ကြီး မိုက်ခရိုဆော့ဖ်က .. ပစ္စည်းကို သူမသိအောင်ယူတယ်..သုံးတယ်ဖြစ်တယ်ပေါ့..။
    ကိုယ်ပိုင်ကွန်ပျူတာရှိသမျှ တချိန်လုံး .. အဲဒီကံဖေါက်ဖျက်ပြီးဖြစ်နေတာမို ့..။
    မြန်မာပြည်က အိုင်တီသမားတိုင်းလိုလို .. သီလမမြဲဖူးဆိုရမလိုဖြစ်နေပြန်ပြီ..။

    ဆိုရှယ်နဲ့လူမှုဆက်ဆံရေးနည်းပညာမှာတော့ .အပြစ်ရှိတယ်စိတ်ခံစားရအောင်လုပ်ခံထားရတဲ့ လူတွေဟာ … အုပ်ချုပ်ရ..ခိုင်းစေမောင်းနှင်ရလွယ်တယ်ဆိုပါတယ်..။
    မြန်မာပြည်သားတွေလည်း .. နေရင်းထိုင်ရင်း.. အပြစ်ရှိတယ်..စိတ်ဖြစ်နေတော့ကာ..။

    ငါးပါးသီလကို ဖွင့်ဆိုချက်အသစ်ဖွင့်မလား… ငါ့ကိုယ်ငါအပြစ်ရှိတယ်ပြောပြီး .. အပြစ်စိတ်နဲ့ အသက်မွေးကြမလား..
    မောင်ရွှေရိုး .. ဖြေပါ..။ 🙂

  • manawphyulay

    January 13, 2011 at 3:05 am

    ဒါကတော့ ဒီလိုပြောကြေးဆို မြန်မာပြည်က နည်းပညာသမားတိုင်း ကံငါးပါး အကုန်ကျူးလွန်နေသလိုဖြစ်နေပြီပဲလေ မဟုတ်ဘူးလား။ မြန်မာပြည်မှာက ဘယ်လောက်ပဲ တိုးတက်နေပါပီပြောပြော သူများနိုင်ငံရဲ့ နောက်ဆုံးပိတ်မှာ သူများ သုံးပြီးသား တီထွင်ပြီးသားတွေတောင် မနည်းလိုက်သုံးနေတယ်ခေတ်ကြီးဖြစ်နေတာကိုးလို့ ဒီလိုပြောလို့တော့ ဘယ်ရမလဲ kai ရယ် ဟုတ်ဘူးလား

Leave a Reply