Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရသေးတယ်နော်,ရသေးတယ်

အိနိ္ဒယနိုင်ငံမြောက်ပိုင်း၊ဟာယာနာ ပြည်နယ်မှ လယ်သမားတစ်ဦးဖြစ်သည့် ရာမာဂျစ်ရာဂေ့ဗ် ကသူဟာသားယောက်ကျားလေးတဦးရဲ့ ဖခင်ဖြစ်ကြောင်း ကိုဂုဏ်ယူဝင့်ကြွားစွာပြောပြခဲ့သည်ကို ဝံသာနု သတင်းဂျာနယ်၌ ဖတ်မိသည်ကို ပြန်လည်၍ လက်ဆင့်ကမ်းလိုက်ပါတယ်။

ယာဟာနာပြည်နယ်ရဲ့ ပင်စင်စားစာရင်းအရ သူဟာ အသက် ၉၄ နှစ်ရှိပြီလို့ဖေါ်ပြထားပါတယ်၊ရာမာဂျစ်၏ဇနီးဖြစ်သူ သျှကုန္ဓလ ကတော့ အသက် ၅ဝ ကျော်ရှိပြြီဖစ်ကြောင်း၊သူမဟာ လွန်ခဲ့သောလလောက်က သားယောက်ကျားလေးတစ်ဦးဖွားမြင်ခဲ့တာဖြစ်တယ်လို့ ခါကိုဒါ ပြည်သူ့ဆေးရုံမှ ဒေါက်တာ မဟိန္ဒာကူးမား ကပြောကြားခဲ့ပါတယ်။ကလေးငယ်ကို သဘာဝအတိုင်းမွေးဖွားခဲ့တာဖြစ်ပြီး ကလေးဟာကျမ်းမာရေးကောင်းမွန်တယ်လို့လည်းသူကပြောပါတယ်၊

သူတို့မှာ ကိုယ်ပိုင်နွားနှစ်ကောင်ရှိပြီး သက်ကြီးရွယ်အို ပင်စင်စာလည်းရကာ နေ့စဉ် ရရှိသည့်အလုပ်သမားလစာနှင့်နေထိုင်စားသောက်နေကြတာလည်းဖြစ်ပါတယ်။

သူဟာ ဥတ္တာပရာဒေ့ရ်ှပြည်နယ်က မွေးရပ်ဖာတိ ဘက်ဂ်ပူရ် ရွာလေးရှိနေအိမ်မှ လွန်ခဲ့သော အနှစ် ၄ဝ ကျော်လောက်က မိသားစုနှင့်အကြီးအကျယ် စကားများ၍ ထွက်ခွါလာခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။

အဲဒီနောက်သူဟာ အိမ်အကူလုပ်သားအဖြစ်နဲ့လုပ်ကိုင်ခဲ့ပြီးနောက် လယ်လုပ်သားအဖြစ်လွန်ခဲ့သော အနှစ် ၂၂ နှစ်လုံး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်၊သူ့ရဲ့ အသက်ရှည်ရခြင်း၏ လှိူ့ဝှက်ချက်ကတော့ အဘိုးအိုရာမာဂျစ် က သူဟာငယ်စဉ်က နပမ်းသမားဖြစ်ကြောင်း ထိုစဉ်က တနေ့ကို နွားနှိ့ သုံးကီလို၊ဗာဒံသီး(မက်မွန်သီးလို့လဲ မူကွဲလေရဲ့)ကီလိုဝက်နှင့် ဆီဦးထောပတ် ကီလိုဝက် တို့ကို စားသုံးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

ယ္ခင်ကလည်း ၂၀၀ရ ခုနှစ်မှာ ရာဂျစ်စတန်ရွာမှ နာနူးရမ်ဂိူဂီ အမည်ရှိအဘိုးအိုဟာ အသက် ၉ဝ အရွယ်မှာ သူရဲ့  ၂၂ ယောက်မြောက် ကလေးရဲ့ဖခင်ဘွဲ့ ကိုခံယူခဲ့ပါသေးတယ်။

ဟိုတစ်လောက ပလေးဘွိုင်းဖိုးဖိုးကလည်း စမောလေး ၂၄ နှစ်အရွယ် မော်ဒယ်လေးကို စေ့စပ်လက်စွပ်ပေးလိုက်တယ်တဲ့။  ေဩာ် …ဖိုးဖိုးတို့ကတော့ ဟုတ်နေတာပဲ။

ကဲ..ကိုခိုင်ရေ..အားမလျှော့နဲ့နော်…အချိန်တွေအများကြီးကျန်သေးတယ်…ဥရောပမှာ ၄ဝ ကျော်မှ ဘဝစတယ်လို့ကြားဖူးတယ်။

10 comments

  • kai

    January 15, 2011 at 11:04 am

    တကယ်ကတော့ .. ယောက်ျားက အသက်ကြီးလို့ ကိစ္စမရှိပေမဲ့.. မိန်းမကတော့ ..အသက်မကြီးကောင်းပါဘူး.။
    သားသမီးမွေးရင် .. ကျမ်းမာရေးအရ.. ခန္ဓာတည်ဆောက်ပုံအရ.. အရမ်းရှုန်းကန်ရမှာမို ့ပါ..။
    နောက်တခုက ..
    ကလေးက .. ချို ့ယွင်းသွားဖို့ ရာခိုင်နှုန်းကလည်း တက်လာလို့ပါ..။
    အဲဒ့ကြောင့် .. မိန်းမက ..အသက်ကြီးပြီးမှ(၃၅နှစ်အထက်) ကိုယ်ဝန်ရှိရင် .. ဆေးခန်းတွေက ..အထပ်ထပ် ..စစ်ကြတယ်..။
    ဒေါင်းဆင်ဒရုံးဖြစ်မဖြစ်လည်း .အသေအလဲကိုစစ်ကြရတာ…။

  • kopauk mandalay

    January 15, 2011 at 4:11 pm

    မြန်မာစကားပုံတောင်ရှိတယ်လေ
    ဖွဲတစ်ဆုပ် နိုင်သေးရင်ဘာတဲ့ဆိုဘဲ။
    သူတို့ပြောတိုင်းလိုက်ယုံရတာလဲခပ်ခက်ခက်ပါဘဲ။
    သူ 94 နှစ်ဆိုတာကို ဘယ်သူတွေက မှန်ပါတယ်လို့ထောက်ခံပေးသလဲတော့ မသိဘူးနော်။

  • cobra

    January 16, 2011 at 7:13 am

    အားပါးပါးတော်တော်စွမ်းတာဘဲ..
    ချီးကျူးပါတယ်ဗျ…။

  • naywoonni

    January 16, 2011 at 10:45 am

    ပုံပြင်လေး တစ်ပုဒ်ကြားဖူးတယ်ဗျ မုဆိုးနှစ်ယောက်အမဲလိုက်တာလေ။ အသက်ကြီးတဲ့မုဆိုးက သေနတ်နဲ့ အသက်ငယ်တဲ့ မုဆိုးကဒူးလေးနဲ့တဲ့။ သမင်တစ်ကောင်ကိုတွေ့လို့ ပစ်လိုက်ကြတာ ။ သမင်လေးလဲသွားတော့ သူပစ်တယ် ငါပစ်တယ်နဲ့ပေါ့…..။ အဲဒါအနားသွားကြည့်တော့ ကျည်ဆံရာမတွေ့ရဘူး တဲ့ မျှားကသာ နှလုံးသားကိုစိုက်ဝင်နေဆိုပဲ 😛

  • naywoonni

    January 16, 2011 at 11:48 am

    သူဖစ်ဖူးလို့ရား နာ့ ကို လူဇိုးရို့ ကျောတာ 😛

  • ကြယ်လေး

    January 16, 2011 at 2:03 pm

    တော် ကြာ အ ဖိုး ကြီး က က လေး ချော့သိပ်ရင် မြန်မာ့ အသံကလာတဲ့ သီ ချင်း လေးဆို ပြီးတော့ သိပ်နေအုံးမယ် 😛

  • etone

    January 17, 2011 at 7:22 am

    အသက်ကြီးတာတောင် တဏှာမကုန်သေးတာ အံ့ဩပါရဲ့ ။
    မိန်းမက သူ့ထက် အသက် လေးဆယ်ကျော်တောင်ကွာတယ် .. ဘယ်လိုဦးနှောက်နဲ့များ ယူဖြစ်သွးလဲမသိဘူး ။

  • naywoonni

    January 17, 2011 at 9:21 am

    အချစ်မှာ(ခြေ)မျက်စေ့မရှိဘူးတဲ့လေ အီးတုံးရဲ့

  • kai

    January 17, 2011 at 9:36 am

    အီးတုန်းရယ်..
    တဏှာကုန်မှတော့ … ရဟန္တာဖြစ်နေတော့မပေါ့ကွယ်..။

Leave a Reply