Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗျုဟာ

nigimi77January 16, 20111min50210

အဆိုးမြင်ဝါဒနဲ ့ ပုတ်ခတ်တာ မဟုတ်ဘူးနော်။ ရေးသားနေတဲ့ ဆရာတွေရဲ  ့အတွေးအမြင်က ဗျုဟာ မရှိသလိုပဲ။ ပြည်သူ အကုန်လုံးနီးပါးက ဘယ်သူကဖြင့် ဘာစလုပ်မလဲဆိုတာကိုပဲ စောင့်မျှော်နေကြတယ်ထင်တယ်။ အဲဒီစောင့်မျှော်ခံရတဲ့ သူတွေကလဲ ထပ်တူထပ်မျှ ဘယ်သူကတော့ ဘာစလုပ်မလဲ ဆိုတာမျိုး မျှော်လင့်နေမှာ အမှန်ပဲ။ ဒီလိုနေရာမျိုးမှာဖွမှ လူတွေအတော်များများသိနိုင်မယ်လို ့တော့ ထင်ရတာပဲ။ တော်လှန်ရေးဆိုတာမျိုးက လျှို  ့ဝှက်ကြံစည်တာတောင်မှ ပေါက်ကြားဖို ့လွယ်ကူနေတာ။ ဒီလိုမျိူး လုပ်ဟေ့ လုပ်ဟ ချဟ စဟ ဆိုတာမျိုးက သိပ်ပြီး အသုံးမဝင်တော့တဲ့ ဆွနည်း ဖွနည်း ဗျုဟာလို ့ထင်ပါတယ်။ ပြည်သူတွေ မသိသေးတာတွေ အများကြီးပဲ။ ဒီကာလ တလျှောက်လုံးမှာလဲ စားဝတ်နေရေး လုံးပန်းနေခဲ့ရတာတွေကြောင့် ဘာမှ သိခွင့်မရှိခဲ့ဘူး။ ခင်ဗျားတို ့စဉ်းစားကြည့် ။ ရွေးကောက်ပွဲတုန်းက သာမန် အမြင်နဲ ့သာမန်ပြည်သူတွေ မဲထည့်ဖို ့တောင် စိတ်မဝင်စားခဲ့ပါဘူး။ အရင် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ကာလက လူတွေလောက်တောင် အခုခေတ်လူတွေမှာ နိုင်ငံရေး ဗဟုသုတဆိုတာ လုံးဝ မရှိသလောက် အဆက်ပြတ်သွားပါပြီ။ ခွေးရှုးတိုက် သလို အသိအမြင်နည်းပါးသေးတဲ့ ပြည်သူတွေကို အသားလွတ် သေကုန်ကြအောင် ရှုးမတိုက်ပါနဲ ့ဦး။ သူတို ့ရဲ  ့ဦးဏှောက်ထဲကို နိုင်ငံရေးဆိုတာဘာလဲ၊ အမျိုးသားရေးဆိုတာဘာလဲ၊ ရွေးကောက်ပွဲကို ဘာကြောင့် လိုအပ်လဲ၊ ပြောရင် မဆုံးပါဘူး။ အရင်ဆုံး စာသင်ပါစေ။ စာတတ်သွားရင် လုပ်ငန်းခွင်ဝင်ပါစေ။ စာမတတ်ပဲ လုပ်ငန်းခွင်ဝင်ရင် အထမ်းသမား၊ အလုပ်ကြမ်းသမား ရရစားစားပဲ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို ့သားသမီးတွေလိုမျိုး သဘောထားပြီးရင် ပြည်သူလူထုကိုလဲ အရွယ်မရောက်ခင် ပညာမစုံခင် ရှုးမတိုက်ပေးဖို ့ အကြံပေးချင်ပါတယ်။  ဆွလို ့ဖွလို ့ အုံကြွမှာ မဟုတ်တော့ဘူး။ ရလာဒ်က ဘာလဲဆိုတဲ့ နိုင်ငံရေး ဗဟုသုတနည်းပါးလွန်းတော့ ဖြစ်ခဲ့ရင်တောင် တွေတွေဝေဝေနဲ ့ သူများလုပ်လို ့ကိုယ်ပါလုပ်၊ တစ်ဒိုင်းဒိုင်းပစ်ချလိုက်တော့ ခွေးပြေးဝက်ပြေး ဒါမှမဟုတ်သေကြရော။ မလုပ်ပါနဲ ့ဗျာ။ အခုနောက်ပိုင်း အသိညဏ်မြင့်တဲ့ ကလေးတွေ အများကြီးရှိနေပါပြီ။ စိမ့်ဝင်ကြပါစေ။  ပေါက်ကရ လျှောက် အာချောင်နေရင် စားပေါက်ပိတ်တတ်တယ်ဗျ။  သူတို ့ဘာသံမှ မထွက်ခင် စိတ်ကူးနဲ ့ ဟိုဟာဖြစ်မယ် ဒီဟာလုပ်တော့မယ်နဲ ့ ပြည်သူတွေကို ချောက်လှန် ့နေတာ ကျွန်တော်တော့ ဒီလူတွေဟာ    အနွယ်  တွေများလားလို ့တောင် သံသယ ဝင်ချင်လာပြီ။

10 comments

  • kai

    January 16, 2011 at 9:34 pm

    ဆက်ရေးပါဗျ။ ဖတ်ကြည့်ချင်ပါတယ်..။
    ပြောချင်တာ တခုက ..
    ယူအက်စ်လို ဒီမိုကရေစီနိုင်ငံမှာတောင် ..ပြည်သူတွေ ရွေးကောက်ပွဲမဲပေးဖို့ စိတ်ဝင်စားတာ တော်တော်နည်းပါတယ်..။
    တချို့ အမေရိကန်တွေဆို .. သမ္မတနာမည်တောင် သိတာမဟုတ်ဖူး..။
    ဒီတော့ .. ရီပါ့ဗလစ်ကင်န်၊ ဒီမိုကရက် ဆိုတဲ့ပါတီကြီး၂ခုက ..ဒီလိုပဲလူထုကြီးစိတ်ဝင်စားလာအောင် ရန်ဖြစ်ပြကြရ..။ စကားတွေငြင်းခုန်ပြရတာပါပဲ..။ လူထုက အဲဒီတော့မှ ..စိတ်ဝင်စားပြီး မဲထည့်ချင်လာကြတာ..။ မဲထည့်ရွေးမှ နိုင်ငံရေးသမားဆိုတာ ဖြစ်လာမှာမဟုတ်လား..
    တကယ်တော့ ဒါမျိုးဖန်တီးဖို့ ဆိုတာကိုက နိုင်ငံရေးသမားတွေရဲ့ အဓိကအလုပ်ပဲ မဟုတ်ပါလား..။
    ဒါပေမဲ့..အခုတလောတင်..အာရီဇိုးနားမှာ ဖြစ်သွားသလို … နိုင်ငံရေးသမားကို ပစ်သတ်လုပ်ကြံတာမျိုးအထိ လူထုရဲ့ဒေါသရေချိန်တက်လာပြီဆိုရင်တော့ .. နိုင်ငံရေးသမားတွေ ဝမ်းသာအားရပဲ.. ကူးလ်ဒေါင်းလုပ်.. ..ရေချိန်ပြန်ချရပါတယ်..။ ဝမ်းသာအားရလို့ပါသုံးရတာက ..လူထုဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားနေတယ်..ပေါ်လွင်နေလို့ပါ..။ အခုအိုဘားမားအစိုးရလက်ထက်မှာ ..အမေရိကန်တွေ ..နိုင်ငံရေးအပေါ်အလွန်စိတ်ဝင်စားကြတာလည်း သူတို့ဂုဏ်ယူကြပါတယ်..။
    ဒီလိုနဲ့ပဲ.. အမေရိကန်ပြည်ထောင်စုဟာ ရှေ့ဆက်သွားနေခဲ့တာပေါ့..။

    ဒိလိုတွေဖြစ်အောင် ..အစိုးရက ..မီဒီယာတွေချုပ်ကိုင်ကြေငြာ… လုပ်နေတာမဟုတ်ပါဘူး..။
    မီဒီယာတွေက လွတ်လပ်စွာပဲ ..မြင်တာတွေဝေဖန်ပြီး လူတွေကို .မသိသာရော..သိသိသာသာရော ..အသိပေးရတာပါ.။
    ဒါကို ဆွပေး..ဖွပေးတယ်ခေါ်လည်းရတာပါပဲ..။ အမျိုးသားရေး အတွက်ပဲလေ…။

  • မှားတယ်ဗျ။ မှားတယ်။ မြန်မာပြည်ကလူတွေက ပထမတစ်ခါ အခြေခံဥပဒေတုန်းက လူစေ့တက်စေ့ကို မဲထည့်ကြတာ။ နောက်တစ်ခါကျမှ တမင်ကို အသံတိတ်ဆန္ဒပြတဲ့အနေနဲ့ တမင်ကို သွားမထည့်တာ။ စိတ်မဝင်စား ကြတာ မဟုတ်ဘူး။ တမင်ကို မထည့်တာ။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ဆိုတာ ခက်တယ်။ ခုလိုအသံတိတ် အန္တရာယ်ကင်းဆန္ဒပြဖို့ကို လုပ်ဖို့ပိုလွယ်တယ်။ ဒါကြောင့် အားလုံးက ဒီသောက်အစိုးရကို အသံတိတ်ရှုတ်ချလိုက်ကြတာ။ အမေစု လွတ်လာတုန်းက ကျွန်တော်တို့မြို့မှာ ဘာပြောကောင်းမလဲ။ လက်ဖက်ရည်ဆိုင်တွေ၊ ပလာတာ ဆိုင်တွေက လာစားတဲ့လူမှန်သမျှကို အလကားကျွေးခဲ့တာဗျ။ လူတွေမှ တရုန်းရုန်း၊ ပျော်လိုက်ကြစမ်းဆိုတာ။ လူတွေမှာ နိုင်ငံရေးအသိ မရှိဘူးဆိုတာ မြန်မာပြည်မှာ မဟုတ်ဘူး။ ဘာလုပ်လုပ်အစခက်တယ်။ ဒီကောင်တွေ ကမ်းကုန်အောင်ရက်စက်တယ်။ ဒါကြောင့်မို့သာ။ အမျိုးသားရေး ဆိုတာကို ကျွန်တော် ရှင်းပြမယ်။ အမျိုးသားရေးဆိုတာ လူကို ခွေးတက်အုပ်မချုပ်ရေးကိုပြောတာ။
    U.S မှာ လူတွေက နိုင်ငံရေးဘယ်စိတ်ဝင်စားမလဲ။ ဘဝတွေ အဆင်ပြေနေတာကိုး။ နည်းနည်းတိမ်းစောင်းသွားရုံနဲ့ ဘဝတွေစတေးပေးစရာမှ မလိုတာ။ ဒီမှာက ဘဝနဲ့ အသက်နဲ့စတေးရမယ်။ မိသားစုရှိသေးတယ်။ လှုပ်ကိုမလှုပ်ရဲတာ။

  • kai

    January 16, 2011 at 10:40 pm

    တရုတ်ပြည်မှာ… အစိုးရဆန့်ကျင်ရင်… အဲဒီလူ ဖမ်းထောင်ချပြီး အသတ်ခံရတာပဲ..။
    အဲ..ကျန်တဲ့ မိသားစု၊ ဆွေမျိုုးတွေလည်း … ချောင်မယ်တော့မထင်နဲ့..။
    လူတိုင်းလိုလို မကပ်ရဲအောင်လုပ်တာ..။
    ဆိုတော့ ..ဈေးဝယ်ရင်လည်း ဖိအားပေး..။ဈေးရောင်းရင်လည်း ဖိအားပေး.. ဘာစီးပွားရေးလုပ်လုပ်.. ဖိအားပေးဖျက်စီးခံရတာ..။
    ရပ်ကွက်ထဲနေရင်..ဘေးလူထုကကို ..ရွံကြောက်ဖြစ်ပြီး ..မကပ်ရဲအောင်ဖြစ်ကုန်တာ…။
    မြန်မာပြည်မှာက .. နိုင်ငံရေးသမား..အများကြီးချောင်သေးတယ်တောင် ပြောရမလိုပါပဲ..။

    ယူအက်စ်..
    အခုလိုဖြစ်နေတဲ့.. ယူအက်စ်ကိုမြင်ရတော့ ..အိုကေပေါ့..။
    ဒီလိုဖြစ်နေအောင် …တခြိမ်းခြိမ်းထခဲ့တဲ့ပြည်တွင်းစစ်ကြီးကို ..စာအုပ်ပြန်ဖတ်ကြည့်ယုံနဲ့ခံစားနိုင်မယ်တော့ မဟုတ်ဖူးဗျ..။
    အားလုံးသေနတ်ကိုင်ကြတယ်ဆိုတော့ … ထစ်ဆို ..သတ်ပဲ..။
    တချက်မှ ..မတိမ်းမစောင်းပဲနဲ့ကို ..အသက်ပေးရတဲ့သူတွေအရိုး..တောင်ပုံပါပဲ..။ မက်စ်စီကိုနဲ့စစ်ပွဲကြီးတွေ.. အင်ဒီရန်းတွေနဲ့ စစ်ပွဲကြီးတွေ..။ ပုလိပ်ရောဂါပိုးကို .. စံနစ်တကျနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေထဲကူးစက်စေပြီး .. သတ်ခဲ့တဲ့ ဂျီနိုဆိုက်တွေ.မရေမတွက်နိုင်အောင်ပဲ..။

    သတ်ဖြတ်လုပ်ကြံမှုမှာလည်း … သမ္မတအဆင့်တောင်..လင်ကွန်း၊ ဂါးဖီလ်း၊ မက်ခ်ကင်လီ၊ ကနေဒီ သမ္မတ၄ယောက်ကလုပ်ကြံခံရတာပဲ..။
    ရောနယ်ရီဂင်လည်း ..အပစ်ခံရတာပဲ..။
    အခုတလောတင်.. ဥပဒေပြုအမတ်ကို သေနတ်နဲ့ပစ်လုပ်ကြံတာပဲ..။ ကြားထဲက လူ၆ယောက်သေတယ်လေ..။
    ဒါပေမဲ့ဒီလိုနဲ့ပဲ. တိုင်းပြည်ထူထောင်ကြရတာပဲ..။
    မြန်မာပြည်မှာ ..ရာစုနှစ်ဝက်ကျော် .. ဒီလိုဖြစ်နေတာတွေဟာ.. ကျုုပ်ကိုယ်ပိုင်အမြင်အရတော့ ကြည့်လေ..မြန်မာ့ယဉ်ကျေးမှု၊ဓလေ့၊ထုံးစံတွေပြေးမြင်လေပဲ..။
    မြန်မာပြည် ..အခုလိုဖြစ်နေတာတွေဟာ.. လွဲမှားတဲ့အတွေးအခေါ်တွေကို .. အုပ်မြစ်ချပေးနေတဲ့.. အခြေခံ ရိုးရာ၊ယဉ်ကျေးမှု ဘာသာရေး ယုံကြည်မှုတွေကြောင့်လို့ ..သုံးသတ်မိတယ်..။
    မြန်မာပြည်ကို ပြင်ချင်ရင်… အခြေခံ.. ဓလေ့၊ထုံးတမ်းတွေအရင်ခေတ်မှီအောင်ပြင်ရမယ်လို့ ..ထင်တယ်..

  • မှန်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ တိတ်တခိုးယုံကြည်နေတာ ရှိပါတယ်။ အချိန်တန်ရင် ဝဋ်လိုက်မယ်လို့။ ဒါဟာလည်း ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တဲ့ ဗုဒ်ဓဘာသာဝင်ရဲ့ ဖျောက်ဖျက်လို့မရတဲ့ အတွင်းစိတ်ပါပဲ။ ကျွန်တော်တို့လို လူတွေများလို့ လက်တွေ့မကျဘဲ တိုင်းပြည်နစ်သလားမသိဘူး။

  • nigimi77

    January 17, 2011 at 2:26 am

    မနေ ့ညက အခေါက်ပေါင်းများစွာ တင်တာလဲ မရခဲ့ပဲ အခုကျတော့ တပိုင်းတစတက်နေပါလား။ KAI ပြောတာကို လက်ခံတယ်။ ကျွန်တော်လက်ခံထားတဲ့ စကားက ကံဆိုတာ အလုပ်ပါ။ အလုပ်မလုပ်ပဲ အချိန်တန် သူ ့ဆီပြန်လှည့်လာဆိုတာကို လက်မခံပါဘူး။
    ဒီနေရာကို သဘောကျတယ်ဗျာ။ “မြန်မာပြည် ..အခုလိုဖြစ်နေတာတွေဟာ.. လွဲမှားတဲ့အတွေးအခေါ်တွေကို .. အုပ်မြစ်ချပေးနေတဲ့.. အခြေခံ ရိုးရာ၊ယဉ်ကျေးမှု ဘာသာရေး ယုံကြည်မှုတွေကြောင့်လို့ ..သုံးသတ်မိတယ်..။
    မြန်မာပြည်ကို ပြင်ချင်ရင်… အခြေခံ.. ဓလေ့၊ထုံးတမ်းတွေအရင်ခေတ်မှီအောင်ပြင်ရမယ်လို့ ..ထင်တယ်..”

  • maungmoenyo

    January 17, 2011 at 2:57 am

    Fear ပါ…။ ကျွန်တော်တို့ဗမာတွေ ကအကြောက်တရားဝဲဩဂမှာကျင်လည်ရင်း၊ အကြောက်တရားကို မက်မောခုံမင်မှန်းမသိ ခုံမင်နေကြတာကြာပါပကော။ ဒေါ်စုကလည်းဒါ့ကြောင့် ဒီ Fear ကိုဘဲ လက်ညှိုးထိုးပြပါတယ်။
    ဘာလုပ်ရမလဲ၊ ဘယ်အချိန်လဲဆိုတာကိုစောင့်နေကြတဲ့ နိုင်ငံရေးပရောဟိတ်ကြီးတွေရှိပါတယ်။ ရှေ့မှိနောက်မှီနိုင်ငံရေးသုတေသီတွေ ကနိုင်ငံရေးအထာတွေသိကြလို့ အခါတော်ပေးရင်၊ ပြည်တွင်းက အဓိကခေါင်းဆောင်တွေက လက်ရုံးရည်ရောနှလုံးရည်ပြကြဘို့၊ အဲ့ဒီနောက် (အထူးသဖြင့် ပြည်ပတတ်သိပညာရှင်တွေက) နိုင်ငံထူထောင်ရေးမှာ ကိုယ်ကျိုးမဖက်ပါဝင်ကြဘို့ပါဘဲ။ (ကိုခိုင်ေ၇…ပြည်သူ သန်း ၃၀ဝ ကျော်ရှိတဲ့ ကူအက်စ်မှာ ဆင်းရဲချမ်းသာမရွေးသေနတ်ကိုင်ခွင့်ရလို့ လုပ်ကြံမှုတွေ ဆယ်ခု ဒါမှမဟုတ်ဒါထက်ပိုလို့ရှိပေမဲ့ လက်နက်ကိုရုပ်ရှင်ထဲမှာသာမြင်ဘူးတဲ့ သန်း-၆ဝ သာ ရှိတဲ့မြန်မာနိုင်ငံပြည်သူကို သေနတ်ကိုင်ခွင့် ဒီနေ့ပေးကြည်ပါလားခင်ဗျား။ ဘာဖြစ်မလဲလို့ကြည်ရအောင်…။ မမေ့ဘို့က ၈၈ အရေးအခင်းမှာ ဂျင်ဂလိပါမကျန် ခေါင်းဖြတ်တာတွေမြို့ရွာအနှံ့ဖြစ်ခဲ့တာတွေမမေ့နဲ့နော…။ ဘာလဲဟဲ့…ယဉ်ကျေးမှုကြောထောက်နောက်ခံ…။)

  • naywoonni

    January 17, 2011 at 10:53 am

    အခြေခံ ရိုးရာ၊ယဉ်ကျေးမှု ဘာသာရေး ယုံကြည်မှုတွေကြောင့်လို့ ..သုံးသတ်မိတယ်..။))##
    လို့ပြောရအောင်ကလည်း သူတို့မလုပ်ချင်တဲ့ အလုပ်တွေ အပေါ်မှာ အကြောင်းပြတဲ့ အကြောင်းပြချက်လို့ပဲ မြင်မိပါတယ်။ သူတို့လုပ်ချင်တဲ့ အလုပ်တွေ ကျတော့ ဘာကိုမှဂရုမစိုက်ကြတော့ဘူး။ အရက်သောက်တာ လောင်းကစားလုပ်တာ လိင်မှုကိစ္စရှုပ်ထွေးတာ ရိုးရာယဉ်ကျေးမှုတွေကြောင့်နောက်မတွန့်ကျပါဘူး။ အခုနှစ်ပိုင်း ဆိုလောင်းကစားတွေ အဖမ်းအဆီးမရှိတော့ ပိုတောင်ဆိုးနေသေးတယ်။ တရားဝင်လိုင်စင် ယူထားသလား အောင်မေ့ရတယ်။ ဈေးထဲမှာ အရပ်ထဲမှာ ဘောင်ချာစာအုပ် သေးသေးလေးနှစ်အုပ်ကိုင်ပြီး ပေါ်တင်ဘောင်ချာဖြတ်ပြီး နှစ်လုံး သုံးလုံး ရောင်းနေတာများ ဘယ်သူ့မှဂရုစိုက်စရာမလိုတဲ့အတိုင်း ဒါကျတော့ ဘယ်လိုသုံးသပ်ကြဦးမလဲ

  • nigimi77

    January 17, 2011 at 11:44 am

    ကိုနေဝန်းနီ ဘာကိုပြောချင်မှန်းသေချာတော့ နားမလည်ဘူး။ ကျွန်တော် လစာစား ဝန်ထမ်း တစ်ယောက်ပါ။ အလုပ်အသွားအပြန် ကားပေါ်မှာ တွေ ့ရနေကျ မြင်ကွင်းက အသက် ၁၈ ကနေ ၂၆ လောက် ပတ်ဝန်းကျင် လူငယ် မိန်းကလေး၊ ယောကျာင်္လေးတွေ နှုတ်ခမ်း တလှုပ်လှုပ်နဲ ့ ရွတ်ဖတ်နေကြတယ်။ ကျောင်းစာ မဟုတ်ပါဘူး။ အန်ဓရယ်ကင်း၊ လာဘ်ရွှင်၊ လူချစ်လူခင် ဂါထာတွေပါ။ ဒီအချိန်ဟာ အနာဂါတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်တွေ ကျိုးစားပြီး နိုင်ငံကို ပြုပြင်ပြောင်းလဲသွားရမဲ့ အချိန်ပါ။ လူတွေဟာ အခက်အခဲရှိရင် ဒုတ်ခရောက်ရင် အားကိုးရာမရှိရင် မမြင်ရတဲ့ ဟာတွေ စိတ်ကူးနဲ ့ပုံဖော်ထားတဲ့ အရာတွေကို တမ်းတကိုးကွယ်ကြတာ ကျောက်ခေတ်ကတည်းကနေမှာပါ။ ဒီနိုင်ငံမှာ လွဲမှားတဲ့ ဘာသာရေး အယူအဆတွေနဲ ့ လူငယ်တွေကို တဖြည်းဖြည်း Brain Wash လုပ်နေတာ (တခြား ဘာသာတွေတော့ နားမလည်လို ့ မပြောတတ်ဘူး) Buddha ဘာသာ အမည်ခံ အရည်း မှော်ဆရာ ဗေဒင်ဆရာ လက်သစ်တွေနဲ ့ မီဒီယာတွေပါ။
    ငတ်နေတော့ ပေးမဲ့လူမရှိ ကျွေးမဲ့လူမရှိ ဖင်ဘူးတောင်းထောင် လက်ညောင်းခံ အာခေါင်ခြောက်အောင် ရွတ်ဆို နေကြပြီ။ ကျွန်တော် အဆောင်မှာနေပါတယ်။ လူငယ်ပေါင်းများစွာ ဆက်ဆံရပါတယ်။ တဆောင်ပြီး တဆောင်ပေါ့။ မိဘအိမ်က နီးနီးလေးကို အိမ်မှာ မနေတာ ၁၂ နှစ်ထဲ ဝင်နေပါပြီ။ အသက်အရွယ်အစုံအလင်ရှိပါတယ်။ ခေါင်းစဉ်ပေါင်းစုံနဲ ့ဆွေးနွေးကြပါတယ်။ “‘ဒီဘဝ အကျိုးပေးမကောင်းတော့ နောက်ဘဝ အကျိုးပေးကောင်းအောင်ပဲ လုပ်တော့မယ်” ဆိုတဲ့ ၂၄နှစ်သား Interior Designer ရဲ ့ စကား။ ကံ, ကံ၏ အကျိုးဆိုတဲ့ စကားက တကယ်မှန်တယ်ဗျ” ဆိုတဲ ့ 23 နှစ်သား Programmer ရဲ ့စကား။ အဲဒီကောင်တွေ ဝတ်လည်လိမ့်မယ် ဆိုတဲ ့ ၂ရ နှစ်သား NGO ဝန်ထမ်း တစ်ယောက်ရဲ ့စကား။ ……အနာဂါတ် မြန်မာပြည်ရဲ ့အလွန်အားကိုးထိုက်တဲ့ လူငယ်များရဲ ့စကားတွေပါ။ ကျင့်ကြ ကြံကြ အားထုတ်ကြပေါ့ဗျာ။ ကံဆိုတာ အလုပ်လို ့သိထားပေမဲ့ အလုပ်မလုပ်ပဲ ဘာလာလာကံ ဆိုတာပဲ ဦးစားပေးတဲ့ လူငယ်(ကျား၊မ) တွေ အလွန်များလာတာကို သတိထားမိတယ်။ အဲဒီ လူငယ်တွေ အကုန်လုံး သောက်ကျစားကျတယ်ဗျ။ ချစ်သူရည်းစားထားကြတယ်ဗျ။ လိင်ဆက်ဆံကျတယ်ဗျ။ ဖဲရိုက် လောင်းကစား ချဲထိုး အကုန်လုပ်ကြတယ်ဗျ။ အားလုံးဟာ မှန်းချက်နဲ ့မကိုက်ရင် ကံမကောင်းလို ့ ကံနိမ့်နေလို ့တဲ့။ ကျွန်တော်တို ့ အသက်အရွယ်ဟာ ကံကိုထိုးချရမဲ ့အရွယ်တွေ မဟုတ်ပါဘူး။ တရားအားထုတ်ရမဲ့ အချိန် မဟုတ်သေးပါဘူး။ သူတို ့ဒီလို အတွေးအခေါ်ရှိကြတာ မိဘက သွပ်သွင်းထားတာ လို ့ကျွန်တော်ပြောရဲတယ်။ သူတို ့တွေ အိမ်ထောင်ပြုပြီး မွေးဖွားလာမဲ့ နောက်မျိူးဆက်တွေလဲ ဒီလိုပဲ လာတော့မှာပဲ။ ခွဲခြားပြီး သိဖို ့ဆိုတာ ကိုယ်ကိုတိုင် က ခဝါချနိုင်မှ ပြုပြင်နိုင်မှ ဖြစ်တာ။ အရမ်း အဆက်ပြတ်ကျန်နေခဲ့တဲ့ ကျွန်တော်တို ့နိုင်ငံကို ပြောင်းလဲပစ်နိုင်တဲ့ အသိညဏ်နဲ ့အားအင်ရှိတဲ့ လူငယ်တွေဟာ လက်ရှိဘဝမှာ လူဖြစ်လာတဲ့အနေအထားမှာ လူတစ်ယောက်အနေနဲ ့ဘာတွေကို လုပ်သင့်လဲ ဆိုတာထက် ဘယ်သူမှ လက်တွေ ့မပြနိုင်တဲ့ နောင်ဘဝ ကောင်းစားရေးနဲ ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံဆိုတာကို ခုတုံးလုပ်ပြီး အတွေးအမြင် ချွတ်ချော်ခေါင်းပါးနေတဲ့ လူငယ်တွေ ရိုက်သတ်လို ့ မကုန်နိုင်လောက်အောင် မြန်မာပြည်မှာ ရှိနေတယ်ဆိုတာ သိရဲ ့လား။

  • zaw min

    January 17, 2011 at 2:05 pm

    ယနေ့ လူငယ်များသင်ထင်သလို နိုင်ငံရေးဗဟုသုတ မရှိသူများမဟုတ်။သင်တို့ကဲ့သို့ သူများအော်တိုင်းလိုက်အော်မည့်သူများမဟုတ်ပါ။ယနေ့ခေတ်သည် နည်းပညာများတိုးတက်နေသောခေတ်ဖြစ်သည်။ယနေ့ သင်ကိုယ်တိုင်ပါလုပ်နေသလဲ။အဆောင်တွင်နေ၍ လူငယ်လူပ်ရှားမူများမှတ်တမ်းယူနေပါသလား။မိမိကိုယ်မိမိ ပြန်မေးမိပါသလား။

  • ဦးနီသို့။
    ဦးနီကတော့ အသေးတာပဲ။ လောင်းကစားတို့ ၂လုံး၃လုံးတို့ ဒီခေတ်မှာ ဘာမဆို လုပ်ပိုင်ခွင့်ရှိပြီဗျ။ အဖမ်းအဆီးမရှိတော့ဘူး။ ကြံ့ဖွတ်အသင်းထဲ ဝင်လိုက်ရင် အားလုံးပြီးပြီ။ ဒီခေတ်မှာ နိုင်ငံရေးကလွဲရင် ကျန်တာအားလုံးလုပ်လို့ ရတယ်။ ကြည့်ရတာ ဦးနီလည်း ကျွန်တော့်လို စာသမား လူပျော့ ထင်ရတာပဲ။ ကျွန်တော်လည်း တုံးတယ်ဗျ။ ဒါတွေ တော်တော်ကြီး နောက်ကျပြီးမှသိတာ။

Leave a Reply