Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြည့်ပြော No.1

bird talking

ကြည့်ပြော

အခုတလော ရွာထဲမှာ၊ မြန်မာမီဒီယာ သတင်းဝက်ဘ်ဆိုက်တွေမှာ ဘုန်းကြီးတပါးဦးစီးတဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းနဲ့ ပတ်သက်လို့ လူပြောအတော်များပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်၊ ဘုရားဟောနဲ့ မအပ်ဘူးလို့ယူဆတဲ့ သင်ကြားမှု ပုံစံကြောင့်လည်း အတော်များများက အလွယ်မှတ်ချက်ပြုတာတွေ ဖတ်ရပါတယ်။ အများစု မှတ်ချက်တွေမှာ သာသနာကို ဖျက်စီးတယ်၊ ဘုန်းကြီးမပီသဘူး၊ စစ်တပ်နဲ့နီးစပ်တယ် (ဒါတော့ ကျနော်လည်းပါတယ်)။ အဲသည်လိုကြေးဆို ဗေဒင် အကြားအမြင်၊ ဆေး အင်းအိုင်လက်ဖွဲ့၊ ဝိဇ္ဇာဂန္ဓာရီ ဘုန်းကြီးများလည်း မလွတ်ပါဘူး။ သူတို့ကြတော့ အင်တာနက်မီဒီယာ ပရိတ်သတ်ရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာ သိပ်မတွေ့ရပါဘူး။ နှစ်ပေါင်းများစွာ မြန်မာ့ယဉ်ကျေးမှုနဲ့ အသားကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ အခုသင်တန်းကတော့ အသစ်ဖြစ်နေလို့ ပွက်လောရိုက်သွားသလား မသိပါဘူး။
ကျနော်ပြောချင်တာ ဂဃဏနမသိသေးဘဲ ဘုန်းကြီးတပါးကို လက်လွတ်စပယ် ဝေဖန်မှုကိုပါ။ ဘုရားဟော ဝစီဗေဒထိတိုင်းရှဆိုတာ ရှိပါတယ်။ စေတနာ အမှားပဲဖြစ်ဖြစ် မသိလို့လုပ်မိတာဘဲဖြစ်ဖြစ် မလွတ်ပါဘူး။ကြောက်ပြီးပါးစပ်ပိတ် ရေငုံနေဖို့မဟုတ်ဘဲ ဆင်ခြင်တုံတရားရှိရပါမယ်။ ပုထုဇဉ်ဖြစ်လို့ လွတ်လွတ်လပ်လပ် စိတ်ထင်ရာ ပြောကြပါတယ်။ ကျနော်လည်း ဗိုလ်ချုပ်သန်းရွှေကို ပျော်ပျော်ကြီး ဆဲပါတယ်။ သူတို့အကြောင်းကို တခါတလေ ကြားသိရုံမျှဖြင့် မဟုတ်၊ အရိယာ သူတော်ကောင်းများ မဖြစ်နိုင်လို့ ယုံကြည်လို့ပြောတာပါ၊ ဒါတောင် ဘယ်သူမှ အတိအကျ မသိနိုင်၊ သံသရာဆိုတာနဲ့ ကိုင်ပေါက်ရင် ပြောမိတဲ့ အပြစ်ကနေ မလွတ်ပါ။ (ဗိုလ်ချုပ်မောင်အေးကတော့ ညတိုင်းရှပ်ကီတွတ်လို့ ဗာလာနံလူမိုက် သေချာတယ်၊ စကားချပ်)။ ဝေဖန်ခံရသူသည် သီလနဲ့ပြည်စုံသူဖြစ်ရင် ပြောသူမှာ အပြစ်ကြီးပါတယ်။ သမာဓိများရှိနေလို့ကတော့ ဗူးလေးရာဖရုံဆင့်ပါ။ ပညာနဲ့ပါပြည့်စုံနေရင်တော့ တသံသရာလုံး ကိုယ်ကျိုးနဲပါတယ်။ ဝေဖန်တာတွေကို ကြည့်လိုက်ရင် မဆီမဆိုင် ကုလားဘုန်းကြီး၊ အကနည်းပြ၊ သီချင်းအဓိပ္ပါယ်က အဝတ်အစားချွတ်ခိုင်းတာ၊ မကရင် အဖိုးကြီးအဖွားကြီးဖြစ်မယ် စတာတွေပါ။ အပြုသဘောနဲ့ စွတ်စွဲချက်တွေကို တဖက်ကနေ ဖြေကြည့်ရင်…
၁. ဗုဒ္ဓသာသနာသည် ကုလားပြည်မှ လာတာပါ၊ ကျနော်တို့ စာပေယဉ်ကျေးမှုသည် ကုလားဆီက ယူတယ်ဆိုတာ မမေ့ပါနဲ့၊ ဆရာကြီးလုပ်ပြောတာ မဟုတ်ပါဘူး။ ကျနော်လည်း သူတို့ရဲ့ ထုံးစံဓလေ့ အတော်များများကို မနှစ်သက်ပါ။
၂. ကတာနဲ့ပတ်သက်လို့ ဘုန်းကြီးက သရုပ်ပြတာလည်း မပါ၊ ကခြင်း၏ ရည်ရွယ်ချက်ကလည်း တင်းကျပ်နေတဲ့ စိတ်ပိုင်းရုပ်ပိုင်းတွေ ဖြေလျော့ဖို့ ခေတ်သစ်နည်းသုံး လုပ်တယ်လို့ မြင်ကြည့်ပါ။
၃. သီချင်းရဲ့ အဓိပ္ပါယ်အရ အဝတ်အစားတွေ ချွတ်ပစ်လိုက်ဆိုတာ တင်းကျပ်မှု ဟန်ဆောင်အတ္တကို ဖယ်ခွါခိုင်းတာလို့ နားလည်စိတ်နဲ့ တွေးရင်ဖြစ်ပါတယ်။ အခုသီချင်းကို ဆက်သုံးရဲမယ် မထင်ပါဘူး။ သုံးလည်းမသုံးသင့်တော့ပါဘူး။
၄. စစ်တပ်နဲ့ပတ်သက်လို့ကတော့ လောဘ ဒေါသ မောဟ မာနတွေနဲ့ အဆိပ်သင့် ညစ်နွမ်းနေတဲ့ သူတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကို ခဝါချပေးတာလို့ အပြုသဘောနဲ့ မြင်ကြည့်ပါ။
၅. မကတဲ့သူ အဖိုးကြီး အဖွားကြီး ဖြစ်မယ်ဆိုတာကတော့ စကားအကျအနကောက်ခြင်း ဖြစ်ပါတယ်။ ဒီလိုရင်းရင်းနှီးနှီး ဆရာနဲ့ဒကာပြောဆိုမှုသည် ယနေ့ခေတ်မှာ မဆန်းပါ။
ဖြစ်သင့်တာ သင်တန်းဝင်ငွေ၊ သုံးစွဲပုံ၊ ဆရာတော်နဲ့ သင်တန်းဝန်ထမ်းများရဲ့ အကျင့်စာရိတ္တ၊ ရည်ရွယ်ချက်နဲ့အပြုအမူ စတာတွေပါ။ ဘုန်းကြီးဦးဆောင်တဲ့ သင်တန်းဖြစ်လို့ အမြတ်အစွန်းအတွက် မဟုတ်ရဆိုတာတော့ ရှင်းပါတယ်။ ပွင့်လင်းမှု၊ တာဝန်ခံမှု၊ စည်းစနစ် စသဖြင့်ကို လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ချသင့်ပါတယ်။ မြန်မာနိုင်ငံလို အဖက်ဖက်က ယိုယွင်းပျက်ဆီးနေတဲ့ လူအဖွဲ့အစည်းကို ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းက မိမိဝါသနာပါရာ တတ်ကျွမ်းရာတွေနဲ့ ပြင်ဆင်ထောက်မဖို့ ကြိုးစားတာကို နားလည်ပေးသင့်ပါတယ်။ ၁၉၇ဝနှစ်လောက်များကလည်း ကြာနီကန်ဆရာတော်ဆိုတာ ရှိခဲ့ပါတယ်။ သူတရားဟောရင် ကွက်စိတ်ဆရာလို အဆိုတော်လို ဟောပြောလို့ ဝေဖန်တာတွေ ကြားဖူးပါတယ်။ သူ့လူနဲ့သူ့ ပရိတ်သတ်ကတော့ ဟုတ်လို့ပါပဲ။ အဲဒါကို ဘယ်လိုမြင်မလဲဆိုတာ ဘယ်ဖက်ကနေ ကြည့်မလဲဆိုတာနဲ့ ဆိုင်ပါတယ်။ လောကမှာ ပရမတ်သစ္စာကလွဲလို့ ကျန်တာတွေသည် အမှားကြီးနဲ့ အမှားလေးသာ ကွာတာမို့ သတိလေးရှိကြဖို့ တိုက်တွန်းလိုက်ပါသည်။

37 comments

  • Gipsy

    January 18, 2011 at 7:24 am

    သင့်မြတ်လှပါပေတယ်…သင်္ကန်းဝတ်နဲ့မို့ သတိထားသင့်ကြောင်းပါ…….~~~~~~

  • zippo

    January 18, 2011 at 7:28 am

    မှန်နင်းကီးသလိုလိုပါဘဲဘုရား..။။..

  • လင်းဝေကျော်

    January 18, 2011 at 7:37 am

    အဲဒီဘုန်းကြီး ဆိုတာမှာ ကပ္ပိယ ကြောင်တစ်ကောင်ကော ရှိသလား

  • cobra

    January 18, 2011 at 7:58 am

    လူကိုမလေးစားရင်နေပါ…ဝတ်ထားတဲ့ယူနီဖောင်းကိုတော့..
    လေးစားပါ..။

  • weiwei

    January 18, 2011 at 8:23 am

    ကိုကြောင်ကြီးပြောတာ နည်းလမ်းကျပါတယ် …

  • char too lan

    January 18, 2011 at 9:00 am

    ကျနော်မျှော်နေတာကြာပီ ဦးကြောင်ကြီးကိုကျေးဇူးတင်တယ်

  • kai

    January 18, 2011 at 9:16 am

    တကယ်ကတော့ .. ဘုန်းကြီးတပါးမဟုတ်ပဲ.. ဘယ်သူသင်တန်းဖွင့်ဖွင့် … ရှုံ ့ချပြောဆိုပြီး ပုဂိုလ်ရေးတိုက်ခိုက်တာ မလုပ်သင့်ပါဘူး..။ မကျေမနပ်ဖြစ်ရင် … အဲဒီသင်တန်းသွားမတက်ယုံပါပဲ..။
    ဒီထက်ပို မကျေမနပ်ဖြစ်ရင် ..ကိုယ့်အိုင်ဒတတီသုံးပြီး ..လွတ်လပ်စွာ အဲဒီသွားဆန္ဒသွားပြသင့်တာပေါ့..။
    ဘုန်းကြီးတပါးအစား.. ဗလီဆရာပဲဖြစ်ဖြစ်..၊ ခရစ်ယာန်တရားဟောဆရာပဲဖြစ်ဖြစ်.. လွတ်လပ်စွာ ဟောကြားပြောဆိုစည်းရုံးခွင့်ရှိရပါမယ်..။ ဒါက သူ့နဲ့ သူ့သင်တန်းသွားတက်နေသူတွေရဲ့ ကိုယ်ပိုင်လူ့အခွင့်အရေးပဲဆိုပါစို့..။
    ကိုယ့်မှ မထိခိုက်တာကို .. ဘယ်လိုဖြစ်ပြီး ..ဒီလောက်ဝိုင်းကြဝန်းကြဖြစ်သွားသလဲဆိုတာတော့ ..မသိပါ..။
    နိုင်ငံရေးနွယ်သွားပြီး .. ဘာလုပ်လုပ်..စစ်အစိုးရနဲ့ပါတ်သက်ရင် .. ချ,မယ်ဖြစ်သွားပုံရပါတယ်.။

    ဘုန်းကြီးတပါးဆိုရင်တော့ ..သူ့လုပ်ရပ်နဲ့.. သူအပြုအမူတွေက .. ဗုဒ္ဓဘာသာကို ထိခိုက်တယ်ပြောရအောင် .. ဗုဒ္ဓဘာသာအကြောင်း ကိုယ်က ဘယ်လောက်နားလည်သလဲမေးစရာဖြစ်ပါတယ်..။
    အဲဒီအတွက် ..ထေရဝါဒဗုဒ္ဓဘာသာအကြောင်း … နည်းဥပဒေစည်းကမ်းဝိနည်းနဲ့ စိစစ်ပေးနိုင်တဲ့..မြန်မာပြည်မှာ ..သံဃမဟာနာယကအဖွဲ ့ဆိုတာရှိပါတယ်.။ ပြည်ပနိုင်ငံတွေမှာ သာသနာ့ဥသျောင် အဖွဲ ့အစည်းရှိပါတယ်..။
    ထေရဝါဒဘုန်းကြီးဝိနည်း.. နည်းဥပဒေ ..စတာတွေနဲ့ပါတ်သက်တာကို .. သာသနာပိုင်တွေ. .ပိုနားလည်မယ်..ဖြစ်ပြီး..ကန့်ကွက်တာ..ထောက်ပြတာ ..အဲဒီအဖွဲ ့အစည်းတွေအလုပ်ဖြစ်တယ်လို့ပါပဲ..။
    (ကြားရသလောက်.. ဒီသင်တန်းဟာ .. ပီရမစ်နက်ဝက်ခ်ခင်း အခြေခံပြီး ဆေးရောင်း၊ပစ္စည်းရောင်းတယ်လည်း ကြားမိပါတယ်.။
    ဒါပေမဲ့ဒါဆိုရင်လည်း .. ဆိုင်ရာ စီးပွားရေးဆိုင်ရာဥပဒေတွေနဲ့ညှိစွန်းရင် … အာဏာပိုင်တွေအရေးယူပါမယ်ထင်မိပါတယ်.။)

    အဲဒီလိုပြောလို့ ..မြန်မာ့တပ်မတော်ကိုဝေဖန်လို့မရဖူးလားဆိုတော့ .. မရပါဘူး..။
    စစ်တပ်လည်း သူ့စည်းကမ်းနဲ့..သူ့ အင်စတီကျု ့ရှင်း..သူ့ပရိုဖက်ရှင်နယ်နဲ့သူကိုး..။ အဲဒါကို ..စစ်သားတွေ… သေနတ်ဒီလိုကိုင်ရကောင်းလား..။ ဒီတောင်ကုန်းသိမ်းတာ ..ဒီလောက်အမြောက်ထုရသလား သွားကန့်ကွက်လုပ်နေလို့မရပါဘူး..။
    ပြည်သူက ..ပြည်သူအလုပ်နဲ ့နေရုံပါပဲ..။

    အခု မြန်မာတွေ .. စစ်အာဏာရှင်တွေကို ဝေဖန်တာကတော့ ရပါတယ်.။ အစိုးရကို ဝေဖန်တာ..ဆန်းစစ်တာ..ဆဲတာ… ဆန္ဒပြတာ… ရရပါတယ်..။
    ကိုယ့်ကိုယ်..ကိုယ့်သဘောတူညီချက်မတောင်းပဲလာအုပ်ချုပ်အမိန် ့ပေးနေတာကိုး..။ ကိုယ်နဲ့သက်ဆိုင်နေတာကိုး..။

    တကယ်တော့ ..
    ဗုဒ္ဓဘာသာမှာ .. ဂေါတမဗုဒ္ဓက..တရားဟောတော်မူရာမှာ.. ၊ .. နရီ။ စည်းချက် ပါပါတယ်..။
    အသံတော်မှာ ..ဩဇာ.သာယာငြိမ့်ညောင်းမှုရှိပါတယ်..။
    စည်းချက်၊ နရီ၊ စည်းဝါးပါရင်.. ဂီတသံစဉ်ဖြစ်နေတယ်လို့ပြောလို့ရတာပါပဲ.။
    လူနားဝင်လွယ်အောင် ..အသိလွယ်အောင်.. ဂါထာတွေ ကျူးရင့်ရပါတယ်.။ သီကုန်းရပါတယ်.။ အသံအနိမ့်အမြင့် .. ယူရပါတယ်.။
    အဲဒါကြောင့် .. တရားထိုင်ရာမှာတောင်… နရီ၊စည်းချက်ကိုက်အောင် .. ပုတီးစိတ်တာမျိုး..။ တုံးခေါက်တာမျိုးနဲ့.. စည်းချက်ယူနေကြတာမဟုတ်ပါလား..။
    မြန်မာဘုန်းတော်ကြီးတွေ..ကမဝါဖတ်တာကို .. တရားဓမ္မရွတ်တာကို .. ဓမ္မသီချင်းဆိုနေတယ်..ထင်တဲ့ နိုင်ငံခြားသားတွေအများကြီးပါ..။ ကမ္ဘာကြီးကို ထွက်ကြည့်ပြီး .. ဘယ်သူတွေဘယ်လိုမြင်နေကြသလဲ..ယှဉ်ကြည့်..မြင်ကြည့်ကြစေချင်တာပါပဲ..။

    .. ခရစ်ယန်တွေမှာ ..ဓမ္မသီချင်းလို့ ..သီဆိုကြတယ်လည်းမဟုတ်ပါလား..။ ဓမ္မသီချင်းစုပေါင်းသီဆိုတာဟာ… အင်မတန် အကျိုးရှိပြီး ..သာသနာထွန်းကားအောင် .. အထောက်အကူဖြစ်စေတယ်မြင်မိတာပါပဲ..။

    ရဟန်းတွေ.. လူတွေမှာ ..တရားထိုင်နေရတာ..ကြာရင်..သွေးလေခြောက်ခြားတတ်သမို ့.. ထိုင်၊ထ၊ လျှောက်၊ လှဲ..ပုဒ်မျီုးစုံရှိပါတယ်..။
    သွေးကြောတွေ..အကြောအရွတ်တွေအဆင်ပြေအောင် ..ယောဂကျင့်နိုင်ပါတယ်.။
    အဲဒါကြောင့် ဗုဒ္ဓဘာသာရဲ့ အဓိကဂိုဏ်းခွဲဖြစ်တဲ့… မဟာယာနမှာ ..ရှောင်လင်သိုင်းလို အားကစားလုပ်ကျင့်တာတွေတောင်ပါကုန်တယ်လို့..မြင်မိပါတယ်.။
    အဲဒါကို မှားတယ်ဝေဖန်ရအောင် .. ထေရဝါဒကိုးကွယ်သူထက် ကိုးကွယ်သူ ၁ဝဆ.မက များတဲ့ ကိုးကွယ်သူတွေနဲ့ပါ..။

    နောက်ထပ်ရေးပြချင်တာကတော့ .. အရည်းကြီးတွေအကြောင်းပါ..။
    အနော်ရထာရဲ့ နိုင်ငံရေးလှည့်ကွက်ထဲ.. ကျနေကြသူတွေအတွက်… အများကြီးရေးကြည့်ချင်ပါသေးတယ်..။

    မကြိုက်တာရှိရင် ..ဆက်ဆွေးနွေးနိုင်ပါတယ်.။ ကန့်ကွက်နိုင်ပါတယ်.။

  • search123

    January 18, 2011 at 9:55 am

    ko bigcat နဲ့ ko kai ပြောတာတွေ အားလုံး တရားနည်းလမ်းကျပါတယ်။
    ကိုယ့်ရှုထောင့်နဲ့ ကို အမှား၊အမှန်ကို ဝေဖန်တဲ့ နေရာမှာ နည်းလမ်းတကျပြောနိုင်တာဟာလည်း အရည်အချင်းကောင်း တစ်ရပ်ပါပဲ။

  • naywoonni

    January 18, 2011 at 1:56 pm

    ဝက်ဆိုဒ်တိုင်းမှာ ဒီအကြောင်းပဲ ဟစ်ဖြစ်နေတယ်
    ရွာထဲမှာလဲ …………..

  • ဆူး

    January 18, 2011 at 2:09 pm

    ဆိုက်တိုင်းမှာ ဒါဘဲ အော်နေတော့ စိတ်တောင် သိပ်မပါတော့ဘူး.. ဖတ်ရတာ ငြီးငွေ့လာတယ်။ စိတ်ထဲမှာ ဘာမှ ကို ပြောချင် စိတ်မရှိဘဲ ဖြစ်နေတာ။

    ရဟန်း ဆိုတဲ့ အရှိန်အဝါ သင်္ကန်းကိုတော့ လေးစားပါတယ်။
    သင်္ကန်း ရဲ့ အရှိန်အဝါ ကြီးမားမှုကတော့.. ၅နှစ်အရွယ်ကလေးတောင် သင်္ကန်းရုံထားရင် ထိုင်ကန်တော့ ရသေးတာဆိုတော့.. လူတွေက ကန်တော့ နေပေမဲ့ ကန်တော့ မခံထိုက်တဲ့ အနေအထားနဲ့ နေရင်တော့ ငရဲကတော့ မနေဘူး လို့ ဘဲ ယုံကြည်တယ်။ ကိုရင်ဆိုတဲ့ စိတ်နဲ့ ကန်တော့ တမျိုးပေါ့လေ.. ရဟန်းဆိုတဲ့ အသိနဲ့ ရှိခိုးပါတယ် လူတွေ လောက်တောင် သီလ သမာဓိ မပြည့်စုံရင်တော့.. ငရဲပြည်က ၂ပေ ပတ်လည် သံပိုက်လုံးမှာ ခါးပန်းကြိုးတွေ တင်ထားတာ အိပြီး ညွတ်ကျနေတယ် အဲဒီနေရာမှာ နောက်ထပ် ခါးပန်းကြိုး တွေ တိုးယုံဘဲ။ သူများ အကုသိုလ် ကိုယ်ဆီ အရ မယူဖို့ဘဲ ကြိုးစားတယ်။ တတ်နိုင်သလောက် လွတ်အောင် နေတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 18, 2011 at 2:09 pm

    ( ညတိုင်းရှပ်ကီတွတ်လို့ ဗာလာနံလူမိုက် သေချာတယ်)
    🙁 🙁 🙁
    ( မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ တိုက်ခိုက်ခြင်းမပြုရ )

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 18, 2011 at 2:10 pm

    အချစ်ဆုံးကနေ အမုန်းဆုံးတွေ ဖစ်ကုန်ဒေါ့မှာဘဲ

  • Gipsy

    January 18, 2011 at 3:52 pm

    တခါတလေတော့ တိုက်ခိုက်သင့်တဲ့ကိစ္စလေးတွေရှိနေတယ်
    တဦးတယောက်ရဲ့အရေးမဟုတ်ဘဲ အများနဲ့ဆိုင်တဲ့ case အတွက်ပါ
    လုပ်နိုင်တာ၊လုပ်သင့်တာ တော့လုပ်ရမှာ မဟုတ်ဘူးလား………………….

  • zippo

    January 18, 2011 at 4:01 pm

    အများကောင်းဘို့ရယ်…..အများအကျိုးရှိဘို့ရယ်…..ဆိုရင်…..
    လုပ်သာလုပ်ဗျာ………….ဖြစ်အောင်လုပ်……………ထိရောက်အောင်လုပ်…..
    အနည်းဆုံး..ကုသိုလ်တော့ရမယ်..တွေးပေါ့………….ဟုတ်ဘူးလား………………….။

  • ကြယ်လေး

    January 18, 2011 at 10:08 pm

    ကျ နော် က တော့ ကုလား တွေ တ ရုပ် တွေ အ ဖြူ တွေ အမဲ တွေ ဘာ မှ မခွဲ ခြားတတ် ဘူး

    ကိုယ် ကိုယ် တိုင် တော့ ရုံ ကြည် ကိုး ကွယ် တာ တ ခု ရှိပေ မဲ့

    ဘု ရား စာ ကို အနက် မသိ ပဲ ဆို ပြီး ဘု ရား ရှိခိုး တဲ့ သူ ထဲမှာတော့ မပါ ဘူး

    တ ကယ် တော့ ဘုန်းကြီး တို့ အသင်းအုပ်ဆ ရာ တို့ ဗလီ ဆ ရာ တို့ ဆို တာ သက်ဆိုင် ရာ ဘာသာ ပြန်. ပွါး ရေး အတွက် မကွယ် ပြောက် ရေး အ တွက် ရှေ့ဆောင်လမ်းပြတွေ ပါ

    ဒီလို ကြင့်ကြံ နေထိုင်ရတယ် ဆို ပြီး လက်တွေ.လုပ်ဆောင်ပြရသူတွေပါ

    သာ သနာ ပြန့်ပွါး ရေး အတွက် ပဲ လုပ်ပါ မယ် ဆို ပြီး ခံယူထား သူ တွေ ပါ

    သူ တို့ သာ သ နာ ပြန့် ပွါး ရေး အတွက်ပဲ လုပ်တော့ စားဝတ် နေ ရေး အ တွက် အဒီ ဘာသာ ကိုသက်ဝင်ယုံကြည် သူ တွေ က တာဝန် ယူ ပေး တာ ပါ

    တကယ် သာသနာ. ဝန်ထမ်း မှန် ရင် ဘာ အောက်ဆိုက် မှ ရှာပိုင်ခွင့် မရှိ ပါဘူး
    ဒီ ဘာ သာ ကို သက် ဝင် ယုံကြည်လို့ သာ သနာ ပြန့် ပွါး လို စိတ် နဲ့ ကိုယ့် စည်းစိမ် တွေ ဖဲ့ လှု ကိုယ့် ချွေးနဲစာတွေလှူ ကြ တာ ကို ဒီဘာသာပြန့်ပွါးအောင် သာသနာပြူနေတဲ့ သာ သနဝန် ထမ်းတွေ က စီမန်ခံ့ခွဲပီး ဘုရားတည် ကျောင်းဆောက်တာ က အ စ သူတို့ရဲ့ စား ဝတ် နေ ရေး တွေ မှာ ပြန် စီမံခံခွဲ အသုံးပြုတာပါ

    သာသနာ့ ဝန် ထမ်း ဆို ပြီး ကိုယ် ကျိုးရှာရင်ဒီ ဘာသာဝင် တွေ က ဝေ ဖန်ခွင့်ရှိ ရ ပါမယ်

    စစ် သား က ပြည်သူ့ဝန် ထမ်းပါ ပြည်သူ က အ ခွန်ထမ်းပါ ဒီတာ ဝန် အ တွက် ဒီ အ ခွန်ပေး ထား ရတာပါ ဒီအခွန်ရလို့ ဒီ ဝန် ထမ်းပေးနိုင်တာပါ

    ဒီ အ ခွန်ယူ ပြီး ဒီ ဝန် မ ထမ်း ရင် စစ်သား စစ် တပ် မကလို့ သမ္မတ ကို တောင် ပြည်သူက ဝေ ဖန်ခွင့် ရှိပါတယ်

    သာသနာ့ ဝန် ထမ်း က သာ သနာ့ ဝန် ထမ်း လို နေရ ပါ မယ် ပြည်သူလို နေလို့ မ ရ ပါဘူး

    နိုင်ငံဝန် ထမ်းက နိုင်ငံဝန်ထမ်းလိုနေရပါမယ် ပြည်သူလို နေလို့မရပါဘူး

    ပြည်သူ ကြ တော့ သာသနာ့ ဝန်ထမ်း လို နေ ချင်လဲ ရတယ် နိုင်ငံဝန် ထမ်း လို နေ လဲရ တယ်
    ဘာ ဝန်မှ မ ထမ်းထားလို့ လွပ်လပ်စွာ ရွေး ခြယ်ပိုင်ခွင့် ရှိ တယ်

    • etone

      January 21, 2011 at 9:48 am

      သူကြီး တွေ့တယ်နော် ကြယ်လေးဘာရေးထားလဲ …။
      သာသနာ့ ဝန် ထမ်း ဆို ပြီး ကိုယ် ကျိုးရှာရင်ဒီ ဘာသာဝင် တွေ က ဝေ ဖန်ခွင့်ရှိ ရ ပါမယ်..သာသနာ့ ဝန် ထမ်း က သာ သနာ့ ဝန် ထမ်း လို နေရ ပါ မယ် … တဲ့ အဟီး 😀

  • Endless

    January 19, 2011 at 3:20 am

    ကိုကြောင်ကြီးရေ…….

    ဘယ်လိုပဲဖြစ်ဖြစ်… ကျွန်တော်တို့ကတော့ လုံးဝ လက်မခံနိုင်ပါဘူးဗျာ…

    ဘုန်းကြီးတစ်ယောက်အနေနဲ့… မလုပ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်

  • bigchef

    January 19, 2011 at 4:23 am

    ကို ကြယ် လေး ပြော တာ ထောက် ခံ တယ်။လူ များ များထောက် ခံ တဲ ့ ဘာသာ တိုင်း သာ မှန် တယ် ဆို ရင် လူ ဦးရေ အ များ ဆုံး ကိုး ကွယ် တဲ. ဘာ သာ က အ မှန် ဆုံး လား ဆို တာ စဉ်း စား စ ရာ ပဲ။ ဒ လိုင်း လား မား တောင် အဲ ဒီ လို မ က ခိုင်း လောက် ဘူးထင် တယ်။ ဘုန်း ကြီး အ လုပ် က တရာ း ဟော ဖို. တ ရား ပြ ဖို ့ လူတွေ ကို က ခိုင်း ဖို ့ မ ဟုတ် ပါ..အဲ ဒီ လို ဝေ ဖန် လို ့ င ရဲ ကျ မယ် ဆို ရင်တောင် အဲ ဒီ ဘုန်း ကြီး ထက် သက် သာ မယ် ထင် တယ်။ဗုဒ္ဓဘု ရား ကို ကိုး ကွယ် တာ ကု လား ကို ကိုး ကွယ် မ ဟုတ် ပါ ဘူး.ဗုဒ္ဓဟာ တ ရုတ် လူ မျိုး က နေ ဘု ရားအ ဖြစ်နဲ့ ပွင်ံ့် ခဲ. မယ် ဆို ရင် လည်း ဗုဒ္ဓ ဘာ သာ ကိုး ကွယ်မဲ ့ သူ က ငါ တို ့ ဘု ရား ဟာ တ ရုတ် မို ့ လို. မို ့ လို . မ ကိုး ကွယ် ဘူး ဆို တာ မျိုး မ ရှိ လောက် ဘူး ထင် တယ်. သိ ထား ရ မှာ က ဘု ရား ဘာ လူ မျိူး ပဲ ဖြစ် နေ ဖြစ်နေ ဘု ရား အ ဖြစ် နဲ . ကိုး ကွယ် တာ ပါ.လူ မျိုး စု ကိုး ကွယ် မ ဟုတ် ပါ ။

  • thihayarzar

    January 19, 2011 at 6:05 am

    ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဘုရားတရားတော်တွေကြောင့် စိတ်ဓာက်တွေက အရာရာကို အကောင်းမြင်နေကြတယ် …. ဘယ်သူတွေဘာလုပ်လုပ် ခွင့်လွှက်တက်ကြတယ် …. ကိုယ့်ကိုလာစော်ကားရင်တောင် သည်းခံကြတယ် …. သူလုပ်ရင်သူခံရမယ်လို့အမြဲပြောတယ် …. ကိုယ့်ကသာ ဒီလိုအတွေးမျိုးတွေးတာ သူများတွေကကော အဲဒီလိုကော တွေးကြပါ့မလား …. ဘာသာရေး အရ ဟောပြောမယ် စည်းရုံးမယ်ဆိုရင်တောင် ဘာကိုမှမကိုးကွယ်သေးတဲ့ ဘာကိုမှမသိသေးတဲ့သူတွေကိုသာ စည်းရုံးသင့်တယ် …. ကိုးကွယ်ရာ ဘုရားရှိနေလျှက်နှင့် သူတို့ဘုရားကို ကိုးကွယ်ပါဆိုလျှင်တော့ ဒါဟာ ဘာသာကိုအမြစ်ဖြုက်ခြင်းပါပဲ … မြန်မာလူမျိုးတွေ အရမ်းအတယ် … မအတဲ့သူတွေလည်းရှိတယ် … မအတဲ့သူတွေက အ နေတဲ့သူတွေကို လက်တွဲခေါ်သင့်တယ် … မဟုတ်ရင် မြန်မာပြည်ကြီးပျက်ဆီးသွားလိမ့်မယ် … ရေလိုက်ငါးလိုုက်မနေသင့်ဘူး …. အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ပြောခဲ့တယ် ငါ့ကိုချစ်ရင် ငါ့ကိုလေးစားရင် ငါတည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကြီးကို အဓွန့်ရှည် တည်မြဲအောင် မပျက်စီးအောင် စောင့်ရှောက်ရမယ် … အမျိုးဘာသာ သာသနာ့ကို စောင့်ရှောက်နိုင်သော မြန်မာလူမျိုး အမျိုးသားကောင်း အမျိုးသမီးများ ဖြစ်ကြပါစေ ….

  • R Ga

    January 19, 2011 at 7:41 am

    အဟမ်း..အဟမ်း…ကျွန်တော်မျိုးကတော့ ဉာဏ်တိမ်တယ်ပဲပြောပြော တစ်ခု တွေးမိတာက အမူးသမားတစ်ယောက်က ဘုန်းကြီးကျောင်းထဲက ပလင်ပေါ်တက်ပြီး သေးပေါက်နေပြီး ပါးစပ်ကတွေ့ကရာ အရိုင်းအစိုင်းစကားတွေ အော်ဟစ်နေတာ တွေ့ရင် အော် သူဖာသာ သူ သူ့ငရဲ သူသွားမှာပဲဆိုပြီး ရပ်ကြည်နေတဲ့လူက ကုသိုလ်ရမလား။ ဒါမှ မဟုတ် ကိုယ်ကိုးကွယ်တဲ့ ဘုန်ကြီးထိုင်တဲ့ပလင်ကို စော်ကားနေတယ် ။ မိုက်ရိုင်းလိုက်တဲ့ကောင် ခွေးမသား ၊ ငါ…မသား…ဆိုပြီဒေါသနဲ တွေ့ရာတုတ်ကိုင်ပြီး ရိုက်မောင်းပစ်တဲ့လူက ကုသိုလ်ရမလားဆိုတာ….စဥ်းစားလို့ကိုမရဘူးဖြစ်နေတယ် သိတဲ့လူများရှိရင် ဘယ်ဟာကမှန်မလဲဆိုတာ ဉာဏ်ပညာရှင်များညွှန်ပြဆုံးမပေးကြပါဦး…။ ကျွန်တော်သာဆိုရင်တော့ ဆဲဆိုပြီးတော့ရိုက်မောင်းလိုက်မိလေးမလားမသိဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 19, 2011 at 8:00 am

    အားလုံးကို ဆပ်ပို ့ပါတယ်

  • a

    January 19, 2011 at 8:36 am

    အဲဒီ့သင်တန်းကို ကျွန်တော်တက်ဖူးပါတယ်
    အစပို်င်းတော့ဟုတ်မလိုလိုနဲ့ဗျ နောက်ပိုင်းကျတော့ဘုန်းကြီးတစ်ပါးက ဟိုဟာလိုချင်တယ် ဒီဟာလိုချင်တယ် နဲ့အတောမသတ်နိုင်တဲ့လောဘသားပုံစံဖြစ်နေတယ် ကျွန်တော်သိမြင်နားလည်ထားတဲ့တရားဓမ္မ တွေနဲ့မကိုက်ညီဘူး
    စဉ်းစားမိတာက တခြားဘာသာခြားတွေသာ ဒီဘုန်းကြီးနဲ့ဆက်ဆံမိရင် ကျွန်တော်တို့ဘာသာကို အထင်အမြင်သေးသွားနိုင်တယ်.ဒါကတော့လုံးဝသေချာပါတယ်.
    တကယ်လို့ပေါ့ဗျာ လူပုဂ္ဂိုလ်တစ်ယောက်သာဒီလိုသင်တန်းမျိုး ဖွင့်တယ်ဆိုရင်တော့ထောက်ခံတာပေါ့
    ဒါပေမယ့်အခုလို သင်္ကန်းဝတ်နဲ့ လောဘ ကိုမွေးမြူတဲ့အကြောင်းပြောနေတော့ မြင်ရကြားရတာ မကောင်းဘူး
    အဆိုးဆုံးကတော့ သင်တန်းပြီးခါနီးမှာ သူအမြဲပြောလေ့ရှိမှာပါ ပဲခူးနဲ့ရန်ကုန်ကြားမှာ ကျောင်းဆောက်ချင်တယ်ဆိုပြီး
    သူစိတ်ကူးထားတဲ့ အဆောက်အအုံမြေပုံကြီးကိုထုတ်ပြ ပြီးတော့ အလှူခံတဲ့ကိစ္စပါပဲ ကုန်လိုက်တဲ့ငွေကလည်းသောက်သောက်လည်းပါပဲဗျာ ဟိုဟာဖိုးဒီဟာဖိုးနဲ့ အကျင်္ ီလည်းဝယ်ရတယ် စာအုပ်လည်းဝယ်ရတယ် ပြီးတော့ခရီးထွက်မယ်ဆိုပြီးလည်းလုပ်တယ်
    နောက်ပြီးကျန်သေးတယ်ဗျ သူအမြဲပြောလေ့ရှိတယ် မြန်မာနိုင်ငံမှာ“ သံဃာပေါင်းသိန်းနဲ့ချီပြီးရှိတယ်” “အများလုပ်နိုင်တဲ့အလုပ်ကိုဘုန်းဘုန်းမလုပ်ဘူး”(ဆိုလိုတာကတော့တရားမဟောဘူးပေါ့ဗျာ)“အများမလုပ်နိုင်တဲ့အလုပ်ကိုပဲဘုန်းဘုန်းလုပ်မယ်”တဲ့ ဒါဆိုလည်းလူထွက်ပေါ့ဗျာ သင်္က န်းဝတ်နဲ့ကတော့လုံးဝကိုမသင့်တော်ပါဘူး
    ကျွန်တော်ကတော့လုံးဝမထောက်ခံဘူး
    မြန်မာလူမျိုးတွေ မဟုတ်တဲ့နေရာမှာ သည်းခံနေရင် သာသနာပျက်စီး ဖို့ပဲရှိမယ်ဗျ
    လူတွေကလူအလုပ်လုပ်ပြီးဘုန်းကြီးကလည်းဘုန်းကြီးအလုပ်လုပ်တာကောင်းမယ်
    “ဘုန်းဘုန်းကိုသာဓုခေါ်စရာမလိုဘူး လက်ခုပ်တီးတာပဲကြိုက်တယ် လက်ခုပ်တီးလိုက်ကြပါအုံး”
    အဲဒီ့စကားကသူဘာလိုချင်နေတာလဲ သူဘာဖြစ်ချင်နေတာလဲဆိုတာ တွေးကြည့်ရင်သိနိုင်မယ်ထင်ပါတယ်
    ယူနီဖောင်းကိုတော့လေးစားပါတယ်ဗျာ လုပ်ရပ်ကတော့ အော်ဂလီဆန်တယ်
    ကျွန်တော်ကတော့လုံးဝမကြိုက်ဘူး

    • char too lan

      January 20, 2011 at 6:47 am

      အော် ………. အဲလိုလား အဲဒါဆိုရင်တော့ မကောင်းဘူးပေါ့။ ကျနော်တို့ကလဲ မကြုံဖူးဘူးလေဗျာ သေချာသိတဲ့လူက ဒီလိုမျိုး ဟေ့ဆိုရင်တော့ တမျိုးပေါ့

  • R Ga

    January 19, 2011 at 8:43 am

    ကဲ သင်တန်းသူ သင်တန်းသားတွေရဲ့ ခံစားချက်ကတော့ ပေါ်လာဗျို့…… ။
    အာဂလည်း သူများလုပ်နိုင်တဲ့အလုပ်မလုပ်ဘူးဟေ့…. ဘာမှမလုပ်တတ်လို့လေ..။ 😛

  • လင်းဝေကျော်

    January 19, 2011 at 8:58 am

    မဆီမဆိုင်ပြောလိုက်ဦးမယ်။
    ရာဂ လို့ထင်နေတာ အခုမှာ အာဂ မှန်းသိလိုက်ရတယ်

    • R Ga

      January 19, 2011 at 9:11 am

      ကျုပ်လည်း မဆီမဆိုင်ပြောရဦးမယ် မောင်ရင့် မျက်လုံး တော့ အမေရိကန် ဗီးရှင်း တော့ပို့သင့်ပြီထင်တယ်။ နောက်ထပ် မဆီမဆိုင် ပြောချင်သူများလည်း ဖိတ်ခေါ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် မျိုးကြီး ဆုတော်ငွေ ၁ဝ တိတိရရှိပါသောကြောင့်ဖြစ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 19, 2011 at 10:13 am

    ဟုတ်ပြီဗျို ့ ကို a ကို ဆပ်ပို ့ပါတယ်ဗျာ
    ဒီလိုလေ
    ကျွန်တော်တို ့ကလည်း သတင်းဖတ်ပြီးသာလွှတ်နေရတာ သေခြာက သိတာမဟုတ်ဘူး
    ညီငယ်လေး မောင်မောင်ကြောင်ပြောတာကလည်း
    တိုင်းသိပြည်သိကိစ္စကြီးက သေခြာတဲ့ အသံတွေမထွက်သေးတဲ့အတွက် ဆင်ခြင်ကြဘို ့ကိုပြောနေတာပါ
    ဆိုတော့ကာ
    မိမိရဲ ့အတွေ ့အကြုံကို ဘက်မလိုက်ဘဲ သဘောရှင်းရှင်းလေး ပြောပြပေးစေလိုပါတယ်
    ဖြစ်နိုင်မယ်ဆိုရင် အခြားသင်တန်းသားတွေကရော ဘာတွေပြောကြလဲ
    ဘယ်လိုခံစားရလဲဆိုတာ ပြောပြပေးစေလိုပါတယ်
    ဆိုခြင်တာကဗျာ
    အိုက်ဒီ
    ကနေကြတဲ့ပုံတွေကို ကြည့်ရတာ တစ်ချို ့ဆို သိပ်စိတ်ပါလက်ပါမရှိလှပါဘူး
    ရောက်သွားပြီးတော့
    ကခိုင်းမှ အားနာပါးနာနဲ ့က နေကြတယ်လို ့လဲထင်တယ် အထင်ကိုပြောတာနော်
    ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပါ

  • စိတ်ညစ်ပါတယ်ဗျာ။ သတ်သတ်လွတ်စားပြီး အနှိပ်ခန်းသွားတာ ကိုကြီးကြောင် များလားမသိဘူး။ ကျွန်တော်ကလည်း ဒီထဲလာပြီး သတ်မယ်ဖြတ်မယ် ကြိမ်းနေတာ။ တကယ်က ကြွက်တစ်ကောင်တောင်သတ်ရဲတဲ့ကောင် မဟုတ်ဘူး။ ဘယ်တုန်းကမှ သောက်ဖြစ်မရှိဘူး။ ဒီထဲ လေအာနေတာ။ ကျွန်တော်တို့နဲ့စာရင် ဒီဘုန်းကြီးကမှ အဖြစ်ရှိဦးမယ်။ ဒါနဲ့ စကားမစပ်မေးကြည့် ချင်လို့ပါ။ ဘုန်းကြီးတွေ ဘီယာသောက်တာ အပြစ်ရှိလား။ ကျွန်တော်တု့ိမြို့က ဘုန်းကြီးတွေ ဘီယာသောက်လို့မေးကြည့်တာပါ။ ဒကာတွေကလည်း စေတနာ ဗလပွနဲ့ ဘီယာကော စီးကရက်ကော လှူကြပါတယ်။ ကျွန်တော်လည်းပါ … အဲ…ပါဘူး။

  • ဆူး

    January 20, 2011 at 9:46 am

    ဘီယာ ဘုန်းကြီး သောက်တာ အပြစ် ရှိလား မေးတာထက် အရက် သေရည်သေရက် သောက်တာ ကိုတောင် လူတွေ အတွက် တားမြစ်ထားတဲ့ အတွက် ရဟန်း ဖြစ်ရင်တော့ အာပတ်သင့်ပါတယ်။ သောက်ချင်သူများကတော့ ဘီယာဟာ အရက်မဟုတ်ဘူးလို့ ငြင်းချင် ငြင်းလိမ့်မယ် များများ သောက်ရင်မူးတာပါဘဲ။ သောက်ရင် မူးတာ သေရည်သေရက်ပါဘဲ။
    ဘုန်းကြီးကို ဆေးလိပ်လှူတာ ကွမ်းလှူတာ တွေ့မိပါတယ် ဘုန်းကြီး အကြိုက်ပေါ့လေ.. အရင်ကတော့ လှူဘူးတယ် လှူကောင်းတယ် ထင်လို့ လှူမိတာ နောက်ပိုင်း မလှူအပ်ဘူးလို့ သိတဲ့ အချိန်မှာ မလှူတော့ဘူး။
    ဆေးလိပ် ကွမ်း တို့မည်သည် စွဲတတ်၏။ အရည်လည်း မဟုတ် အဖတ်လည်း မဟုတ် ဝါးပြီး ထွေးထုတ်တယ် ပြောကြ၏ အငွေ့ရှုပြီး ကုန်သွားတယ် ပြောကြ၏။
    စွဲလမ်းမှု ဆိုသည် ကိလေသာ တိုးပွားမှုကို အထောက်အကူဖြစ်စေပါတယ်။ စိတ်ထဲမှာ လိုချင်နေတဲ့ ဆန္ဒမည်သည် လောဘ ဖြစ်၏။ စားချင်၏ သောက်ချင်၏ လောဘ တဏှာ ဖြစ်လေ၏။ ကိလေသာ အပြီး ပါယ်သတ်လို့ သံသရာ လွတ်မြောက်ရန် ရဟန်းဝတ်သူ အဖို့ စွဲလန်းတက်မက်မှု ဖြစ်စေတဲ့ အရာကို မလုပ်သင့်ပါဘူး။ အစ ရှိ အနောင်နောင် ဖြစ်တဲ့ အတွက် လုုံးဝ ကို အစပျိုးပြီး မလုပ်သင့်ပါဘူး လုပ်မိရင်တောင် ဖြတ်သင့်ပါတယ်။

    • bigcat

      January 21, 2011 at 12:03 am

      ဆိုင်ဖူးထင်တယ် အန်တီဆူးရဲ့။ စွဲလန်းတပ်မက်ဖြစ်စေတဲ့အရာတွေ မလှူသင့်ဘူးဆိုရင် ပစ္စည်းလေးပါးကောင်းကောင်းလည်း မလှူအပ်ဘူးပေါ့။ အန်တီဆူးပြောတာကို နားလည်ပါတယ် ဒါပေမဲ့ အထက်အရိယာများက လွဲလို့ ဘယ်သူမှအတိအကျ မဖြစ်နိုင်ဘူးလေ။ တော်ကြာကိုယ်တော်တွေ အကုန်လူထွက်သွားမှဖြင့် ပြောမိသူအန်တီဆူး ကတုံးရိပ်ပြီး မယ်သီလရှင်ဝတ် တရားဟောနေရလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 20, 2011 at 9:59 am

    တော်တော်ထူတဲ့စာအုပ်ပါလား
    ဒါဆိုတစ်ခုလောက်သတိပေးလိုက်မယ် ချစ်နှမ
    မှတ်သားဆင်ခြင်လော့
    ကိလေသာဟူသည် စွဲ၏ မစွဲ၏ကို ပြောကြလျှင်တော့
    အီအီး ပါတဲ့အချိန် အီအီးတုံးလေး
    ထွက်သွားတဲ့အချိန်မှာ ဖီးလ်သွားခံရင်
    အီးအာပတ်သင့်သကွဲ
    မှတ်ထား

  • naywoonni

    January 20, 2011 at 2:56 pm

    အားလုံးကောင်းကြပါပေရဲ့ ကိုယ်တိုင်သိမြင် ကိုယ်တိုင်လိုက်နာ ကိုယ်တိုင်ကျင့်ကြံနိုင်ပါစေ

  • wrongman

    January 21, 2011 at 1:21 pm

    သူများတွေပြောဆိုနေကြတာတွေတော့ ကိုယ်လည်းမနေနိုင်တော့ဘူး
    နည်းနည်းဝင် အာ လိုက်ဦးမယ်..
    အခုကိစ္စကတော်တော်လေးဆိုးတယ်လို့ထင်တယ်
    ဒီနေ့ခေတ်ဘုန်းကြီးတွေကိုကြည့်ရတာ ကြားဘူးသမျှဘုရားဟောတရားတော်တွေနဲ့ကွဲလွဲနေတယ်။
    ကားစီးချင်ရတာနဲ့…
    ဟမ်းဖုန်းလေးကိုင်ချင်ရတာနဲ့…
    ကျောင်းဆောက် (တိုးချဲ့ဖို့အတွက်) မြေနေရာလိုချင်ရတာနဲ့…..
    ဘယ်လိုစိတ်ထားမျိုးနဲ့ပဲလုပ်လုပ်…
    …ချင်တယ် ဆိုတဲ့စကားလုံးပါလာတာနဲ့…တပ်မက်မှုပဲမဟုတ်လား..
    ကြားဘူးသမျှ တရားတော်တွေထဲမှာတော့ တပ်မက်မှုဆိုတာ သံဃာတော်တွေနဲ့လုံးဝမအပ်ဆက်တဲ့အရာပါပဲ…
    အဲဒီအတွက် ဒီကိစ္စကိုလုံးဝလက်မခံပါ..
    သံဃာတော်တွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့ကိစ္စပါ..
    တခြားအကြောင်းအရာတွေအများကြီးရှိနေသေးပါတယ်..
    စာရှည်သွားမှာစိုးတဲ့အတွက် ဒါလောက်ပါပဲ..
    မှားတာပါရင် ဆောဒီးပါ..

  • nature

    March 29, 2011 at 2:50 pm

    နစ္စဂီတ ဆိုတာ ၈ပါးသီလဆိုတဲ့လူတွေတောင်ကျင့်သုံးနိုင်တဲ့ မြင့်မြတ်တဲ့သီလထဲမှာပါပါတယ်။ ရဟန်းတော်တွေလိုက်နာရမယ့် ဝိနည်းတော် 227 ပါး ဆိုရင်တော့ဆိုဘွယ်ရာမရှိတော့ပါဘူး။
    ဒါပေမဲ့ အချိန်တန်တော့လည်း ကိုယ်အထုတ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်သွားရမှာပါဘဲ။

  • nigimi77

    March 29, 2011 at 6:12 pm

    နေပါဦး…ကျုုပ်ကိုလဲ စောင့်ကြပါဦး။

    ဒါတွေ ဒီလို ငြင်းနေတဲ့ အချိန်က ကျုပ် ဘယ်ဆိုင်မှာ ရောက်နေလဲ မမှတ်မိလို ့။

    ဟင်းရောင် ကြောင်ကြီး။ မင်းကို ကြည့်နေတာ ကြာပြီ။ ။ မင်း က ဘီယာ သောက်နိုင်တိုင်း လူတကာကို
    ” ညတိုင်းရှပ်ကီတွတ်လို့ ဗာလာနံလူမိုက် သေချာတယ်၊ ” လို ့ မပြောပါနဲ ့။

    ဖါသည်မတွေ မိန်းမကောင်း ယောင် ဆောင်တာ သိသလား။
    ဖါသည်မက ဖါသည်မလို နေရမှာလား။
    ဖုံးကြီးက ဖုံးကြီးလို နေရမှလား။
    အာပတ်သင့်လား မသင့်လားက ညဖက် အောကား ထွက်ကြည့်ပြီး ရှက်ကီတွတ်တဲ့ အကျော်ဒေးယျ ကျောင်းတွေက ဖုံးကြီးယောင်ဆောင်တဲ့ သင်္ကန်းဝတ် ခွေးတွေကို တွေ ့ဖူးလား။

    ခွေးက သင်္ကန်းချုံပြီး အလှုခံရင် မင်းလှုမလား။ သင်္ကန်းချုံတဲ့ ခွေးတွေကို လှုမဲ့ အစား တကယ့် ခွေး အစစ်ကို
    စားကြွင်းကျွေးမလား မင်း စဉ်းစား။

    ခွေးက သင်္ကန်းချုံတာ အပြစ်ရှိလားဆိုတော့ ခွေးက သင်္ကန်းချုံခွင့်ကို အားပေးတဲ့လူတွေက အပြစ်ရှိမယ်။
    သင်္ကန်းမြင်ရင် သင်္ကန်းကိုရိုသေတဲ့ လူတွေက ခွေးက သပ်သပ် သင်္ကန်းက သပ်သပ်လို ့ သဘောထားကြီးတယ်။
    ခွေးက ချုံချုံ လူကချုံချုံ သင်္ကန်းကို အားနာလို ့ ။

    ဒါဆို သင်္ကန်းက အဓိက လား ခွေးက အဓိက လား။

    ဒါဆို သင်္ကန်းက အဓိကလား ရှက်ကီတွတ်တဲ့ ကောင်က အဓိကလား။

    ဒါဆို သင်္ကန်းက အဓိက လား လူက အဓိကလား။

    ဒါဆို သင်္ကန်းက အဓိက လား ဗုဒ္ဓ က အဓိကလား။

    ဒါဆို သင်္ကန်းက အဓိက လား ချုပ်ငြိမ်းရာက အဓိကလား။

    • bigcat

      March 30, 2011 at 3:47 am

      လုပ်ကြပါအုံး ရွာသားအပေါင်းတို့။ ကြောင်ကြီးကို ခွေးလိုက်ကိုက်နေပါတယ်။

  • nigimi77

    March 30, 2011 at 5:11 am

    ကိုရင်ပု ။ ကျုပ်ကို ကျတော့ ဆက် မပို ့တော့ဘူးလား။ ခင်ဗျားကြီး တယ် မျက်နှာလိုက်ပါလား။
    အဲဒီ ကွန်မန် ့ကို မနေ ့ညက ကျိုးစားပမ်းစား လမ်းလျှောက် တပိုင်းသောက်ပြီး ရေးထားရတာ။ 😛

Leave a Reply