ဈေးတွေ ဘာလို့ ကြီး
တနေ့က မုန့်ဝယ်စားရင်းနဲ့ အတွေးတခု ဝင်မိတယ်။ J Donut က မုန့်က တခု ၄၀ဝကျပ် ဈေးကတော့ မတက်ဘူး မုန့်က ၃ချိုး၁ချိုးလောက် သေးသွားတယ်။ မုန့်သားသားလေး လို့ ပြောရအောင်ကို သေးသွားတာ။ ဘန်ကောက်မှာ ဒိုးနပ် ဘာဆိုလည်း မသိတော့ဘူး မုန့်ဝယ်စားတယ်။ ၁၂ဘတ် ကျတယ် မြန်မာ ပေါက်ဈေး ၃ဝ နဲ့ မြှောက်တော့ ၃၆ဝကျပ်ပေါ့.. မုန့် အရွယ်ကလည်း ဂျေဒိုးနပ်ထက် အများကြီး ပိုကြီးတယ် အရသာလည်း ပိုဆွဲဆောင်မှု ရှိတယ်။ မုန့်တွေ ဘာလို့ ဈေးကွာရတာလဲ.. မြန်မာပြည်မှ အရင်းအမြစ် ဖြစ်တဲ့ ဂျုံလည်း ထွက်တာဘဲ လုပ်အားခလည်း ဈေးသက်သာတယ်။ အခွန်အတုတ်များ ကြီးမားနေ သလား။ စားသုံးသူတွေ နည်းလို့ ဈေးတွေ အများကြီး တင်ထားမှ ကိုက်တာလား။ ဆိုင်သမားရဲ့ လောဘများလား။ တွေးတော့ တွေးစရာဘဲ။ ကြက်ကြော် တတုံး ၁၃၀ဝ စီပီက ကြော်နေတာ.. ဘန်ကောက်က အပြန် ညနေပိုင်း ထမင်းစားကန့်လန့် ဖြစ်နေတာနဲ့ ကြက်ကြော်ဝယ်တယ်။ ၄ဝဘတ် ကျတယ် မြန်မာငွေ ၁၂၀ဝကျပ်ပေါ့.. အတုံးကြီးက ကြီးလိုက်တာ ကြက်မှ ဟုတ်ရဲ့လားတောင် တွေးမိတယ်။ ဒီက ကြက်ကြော်က ကြက်တစ်ကောင်ကို ၈တုံးလောက် တုံးတာ ဟိုက ၄တုံးဘဲ တုံးတယ်။ တတုံးကို တယောက်ထဲတောင် မကုန်ဘူး။ မြန်မာပြည်ထက် အစားအစာ ဈေးတွေ သက်သာနေသလိုဘဲ။ မြန်မာပြည်မှာ တော်ယုံ အမြတ်ရရင် မလုပ်နိုင်ကြတော့ဘူးနဲ့ တူတယ်။ ဘာစရိတ်တွေ ကြီးနေလဲ မသိဘူး။ အတွေး အမြင် ဖလှယ်ကြရအောင်။
29 comments
weiwei
January 18, 2011 at 2:49 pm
တရုတ်ပြည်မှာ ကြက်ကင်တစ်ကောင်လုံးမှ ၁၂ ရွမ်ကနေ ၁၅ ရွမ်ပဲ ပေးရတယ် … ၁၆၀ဝ ကျပ် ကနေ ၂၀၀ဝ ကျပ်လောက်ပဲ ရှိတယ် … ပေါက်စီ တစ်လုံးမှ ငါးမူးပဲ (၆၅ ကျပ်) ပဲ ရှိပါတယ် … အခြေခံအစားအစာဈေးတွေသက်သာနေတော့ လူတိုင်းစားနိုင်သောက်နိုင်တယ် … ပုံမှန်ထမင်းတစ်နပ် အပြင်မှာ ဝယ်စားရင် ၁၀၀ဝ ကျပ်ဆို အသားငါးနဲ့ စားလို့ရတယ် …
ဗမာပြည်မှာ ဘာကြောင့် ဈေးကြီးနေမှန်း မသိဘူး …
ဆူး
January 18, 2011 at 3:03 pm
ဒီမှာ ကြက်သွန် ပေါက်ဆီတောင် ၅၀ဝ လောက် ရှိပါတယ်။ အသားအစားထိုး ကြက်သွန် ထည့်ထားလို့ ကြက်သွန်ပေါက်ဆီ ပြောတာ။ အသားဆိုလည်း အဆီတုံးဘဲ ပါတယ်။
etone
January 19, 2011 at 4:34 am
ဟဲဟဲ 😀 … အဲ့ဒါကိုက မြန်မာပြည်ရဲ့ ပြယုဂ်တစ်ခုပဲလေ…မဝေရဲ့
Hello Everyone
January 18, 2011 at 2:49 pm
မုန့်တွေ၊အစားအစာ တွေ ကသေးလာ၊ အဲဒါ တွေ စား တဲ့ လူတွေ လဲ သေး လာ။ ကြာ ရင် မြန်မာ က လူပု နိုင်ငံ ဖြစ် တော့ မယ်။
Hello Everyone
January 18, 2011 at 2:52 pm
လောက ငရဲ ပေါ့၊ လောဘ ကြီး တဲ့ ရောင်းသူ နဲ့ စားရ တဲ့ ငရဲ သား ပြိတာ္တ တွေပဲ။
kopauk mandalay
January 18, 2011 at 2:59 pm
ဈေးကြီးတယ်ရတဲ့အကြောင်းရင်းကတော့ အခွန်အတုတ်ကြောင့်မဟုတ်ပါဘူး။
အဓီကအချက်ကတော့ မြန်မာပြည်က ကုန်ကြမ်းဂျုံထွက်တာမှန်ပါတယ်။
ဒါပေမယ့် မုန့်ဖြစ်ဘို့အတွက်ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့
မုံ့ပွဆေး၊အရောင် ၊အနံ့၊ပက်ကင်လုပ်ဘို့အတွက်လိုတဲ့ကော်စေ့ အစရှိတဲ့ ပစ္စည်းမှန်သမျှက နိုင်ငံခြားက သွင်းရပါတယ်။
ဒီတော့လဲ ငွေလဲနုန်းကြောင့် ကတစ်ခါ လမ်းပမ်းဆက်သွယ်ရေးကြောင့်ကုန်ကျစရိတ်ကတစ်ခါ
မိအေးမှာ အခါခါနာတော့ ကျနော်တို့မှာသေးသေးလေးကို ဈေးကြီးကြီးပေးစားရပါတယ်။
လုပ်ငန်းပိုင်ရှင်တွေအတွက် အမြတ်ကျန်မကျန်ကတော့ကျနော်လဲ့ သူများလခစားတစ်ယောက်ဖြစ်တဲ့အတွကf ်မသိပါဘူးဗျာ။
ဆူး
January 18, 2011 at 3:00 pm
အခြေခံ အစားအစာတွေ ပင်မ ထွက် ကုန် ရှိရက်နဲ့ ဈေးကြီးနေတာ တွေ စိတ်ထဲ သဘောမကျဘူး။ တခြားတိုင်းပြည်က လာတဲ့ ဟာတွေ မျှော်စားရတယ် ဆို တမျိုးပေါ့လေ။
ဆူး
January 18, 2011 at 3:02 pm
ပိုင်ရှင် ငွေကျန်မကျန် ထက်.. သူများ လခ စား လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ငွေ မရွင်ပါ။
naywoonni
January 18, 2011 at 3:11 pm
ပဲကြီးလှော်တစ်ပိဿာ=3000
ကုလားပဲခြမ်းစိမ်းတစိပိဿာ=1900
ဆီ(နှမ်းဆီ)တစ်ပိဿာ=3500
သကြားက 1700
ရွှေကြည့်မှုန့်(ဂျုံဖွဲက)တစ်ပိဿာ=1200
ဆန်မှုန့်တစ်ပိဿာက=800
ကောက်ညှင်းဆန်မှုန့်တစ်ပိဿာ=1400
ဂျုံမှုန့်တစ်ပိဿာ=1400
ဒါမြန်မာပြည်ထွက်တွေချည့်ပဲ..။လွှတ်တော်နီးလို့ ကလေးတွေ ဈေးကစားနေကြတယ်။
unclegyi1974
January 18, 2011 at 3:47 pm
ပစ္စည်းနဲ့ဈေးတန်မတန်စားသုံးသူကဆုံးဖြတ်တယ်
လို့ထင်ပါတယ်
ရောင်းဈေးကြီးပေမဲ့မတန်ပဲဝယ်စားတယ်ဆိုတော့
ဝင်ငွေကောင်းနေကြလို့ထင်ပါတယ်
အောက်ဆုံးအခြေခံလူ ။အလုပ်မရှိတဲ့လူတနေကုန်
အသက်မွေးမှုဘာမှမလုပ်တဲ့လူ ဆိုင်ကယ်လေး
တစီးနဲ့တနေကုန်ဓာတ်ဆီတိုးစားတဲ့သူတနေ့
၅၀၀ဝလောက်ဝင်ငွေရှိနေတဲ့မြန်မာပြည်လေ
ဝီစီလေးတလုံးရှိရင် တနေ့သောင်းချီရနေတဲ့
မြန်မာပြည်လေ ဈေးထဲတပတ်လမ်းလျှောက်ရင်
ထောင်ချီ သောင်းချီရ တဲ့မြန်မာပြည်
တနေ့တနေ့ဝင်ငွေတွေသိပ်ကောင်းနေတော့
ဘယ်ဈေးရောင်းရောင်းသိပ်တန်နေတော့သိပ်
ဝယ်စားကြတာမဆန်းပါဖူး ဆူး
soeshinn
January 18, 2011 at 3:57 pm
ဒီမှာ ထွက်တဲ့အရင်းမြစ်တွေကို ဈေးပေါပေါနဲ့ ခေါင်းပုံဖြတ်ပြီးဝယ် တယ်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို ဒေါ်လာ နဲ့ရောင်းတယ်….အဲဒီတော့ ပြည်တွင်းမှာ အရင်းမြစ်တွေ ရှားလာတယ်….ဒီတော့ဘယ်ကပြန်ရှာမလဲ….ရှာမရတော့ … နိုင်ငံခြားကနေ ပြန်ဝယ်ရတာပေါ့….. အဲဒါတွေဆက်ကဲဖြစ်လာတော့ ဒီအခြေနေရောက်လာတာပေါ့… 😛
weiwei
January 18, 2011 at 5:02 pm
ဒိုးနပ်မုန့်ကြိုက်ရင်တော့ လုပ်နည်းလေး ရှာပြီး စမ်းလုပ်ကြည့်ရအောင် .. ?
အောင်မြင်ရင် ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းစားမယ်လေ ..
ဆူးဝေ ဒိုးနပ် ဆိုပြီးတော့ 😛
ဆူး
January 18, 2011 at 5:08 pm
အကြမ်းဖျင်းတော့ သိတယ် လုပ်နည်းက..
ဂျုံကို ပွဆေးနဲ့ သေချာ နယ်ပြီး ပွတော့ မီးဖုတ်.. ပြီးတော့ ဆီနဲ့ ကြော်.. ဒါနဲ့ ဒိုးနပ်ဖြစ်သွားကော.. ဟီးဟီး.. စက်နဲ့ လုပ်တာ ဆိုတော့ မီးညီတယ် အကျက်ညီတယ်။ လက်နဲ့ လုပ်ရင်တော့ အကျက်မညီဘူး လှန်နေရတယ်။ မုန့်လုပ်နည်း ပညာ လေ့လာဘူးတယ်။ အဟိ.. ဘယ်သူမှ လျောက်မပြောနဲ့နော်.. လုပ်တတ်မှန်း သိရင် ပင်ပန်းတတ်တယ်။
narziparty2009
January 18, 2011 at 5:31 pm
အမောင်ကတော.တကယ်ကိုမစားဖူးတာဗျာ။တောသားလို.ပြောလည်းခံရမှာပဲ။
တခြားကုန်တွေဈေးတက်တာတော.သိတယ်အဲဒါကတော.ဝယ်မစားဖူးလို.မသိတာ
koyinmaung
January 18, 2011 at 10:06 pm
ကိုဖိုးနီရေ မင်းရေးမှဘဲမြန်မာပြည်ကဈေးနှုံးတွေသိရတော့တယ်ကျေးဇူးဘဲ….
shweminthar
January 19, 2011 at 12:23 am
မြန်မာပြည်က ဈေးနှုန်းတွေ က ဘာကြောင့် မြင့် လဲ ဆိုတာ တော့ မပြော တတ်ဘူးဗျ။
ဒါပေမယ့် ဒီဈေးနှုန်းတွေနဲ့ လုပ်စားလို့ ရနေသေးလို့ မြင့်နေတာ ဆိုရမှာပေါ့။
bigcat
January 19, 2011 at 2:16 am
ဗိုလ်ချုပ်ချုပ်ကြီးကွိုင်ကွိုင် ရှယ်ရာပါတယ်လို့ သတင်းလွှင့်ထားတယ်။ တကယ်က နာမည်ပဲခံထားတာပါ။ သူ့ကိုပေးရတဲ့ ဆက်ကြေးတက်သွားလု ိ့ဖြစ်မှာပေါ့။
manawphyulay
January 19, 2011 at 3:20 am
ဆူးရေ ပန်းဆိုးတန်းက ဂျေဒိုးနပ်တော့ ရှိတော့ဝူး။ လေးဖက်လာရင် မုန့်ဝယ်ကျွေးခိုင်းဖို့ ဆိုင်မရှိတော့ဘူး တိုကျိုဒိုးနပ်ကတော့ မုန့်တစ်ခုက ၄၅ဝ ကျပ်တောင် ဈေးလည်းကြီးသေး သိပ်လည်းမကောင်းဘူး သိလား။
hsu hsu
January 19, 2011 at 3:35 am
အစားအသောက်ရောင်းတာ မမြတ်ဘူးဆိုတာ မရှိပါဘူး..နည်းနည်းမြတ်တာနဲ့ များများမြတ်တာပဲကွာတာပါ..အဓိက ကွာတာက စေတနာ..စေတနာနဲပြီး အမြတ်များနိုင်သမျှ များချင်ကြတဲ့ ဈေးသည်တွေက မြန်မာပြည်မှာ (အထူးသဖြင့် ရန်ကုန်မှာ) ပိုများနေတယ်..ဘာကြောင့် အဲလိုစိတ်တွေ ရှိလာကြတာလဲ…စနစ်ကြောင့်ပေါ့..စနစ်မကောင်းတော့ စိတ်ဓါတ်တွေ မကောင်းကြတော့ဘူး…ကိုယ်က ပါးပါးမလှီးရင် ကိုယ့်ကိုပါးပါးလှီးကြမှာ..ကိုယ်ပါးပါး လှီးခံရရင်လည်း ခံသာအောင်ကြိုပြီး တီးထားတာ..
naywoonni
January 19, 2011 at 4:13 am
ကုန်ဈေးနှုန်းတွေမြင့်လာတာက သယ်ယူစရိတ်ကြောင့်လို့ဆိုပါတယ်။ စက်သုံးဆီက အရင်လို မပေးတော့ဘူး အပြင်ကနေဝယ် မောင်းမှရတယ်။ ခွက်ချင်လည်းမပြည့်ဘူးတဲ့။ ပြိးတော့ တံတားအသစ် ဖြတ်ခတွေကလည်း အရင်ကထက်ပိုပေးနေရတယ်လို့ အကြောင်းပြပါတယ်။ ခုလောလောဆယ် ဈေးပေါနောတာက (အထွက်များလို့လေ)
ပန်းမုန်လာ လို့ခေါ်တဲ့ ဂေါ်ဖီ ပွင့်ကြီးတွေပဲ။ သတင်းစာထဲတောင်ပါလာသေးတယ်။ ခုတစ်ပွင့်မှ 100လောက်ဆိုရင် 1ပိဿာလောက်တော့စီးမယ်ထင်တယ်။ အဲဒိထက်ကြီးတာ လှတာက 150/200လောက်ပဲ အိမ်တိုင်းနေ့တိုင်းစားကြတယ်။ သူ့ချည့်ကြော်စားလည်းကေင်းတယ်။ ကြက်ဥလေးဖောက်ထည့်ပြီးကြော်စားလည်းရတယ်။ ပဲဟင်းနားတော့မကပ်နိုင်ကြဘူး။ ဆိုင်ကဝယ်စားကြတယ်။ ကုလားပဲအစား စားတော်ပဲခြမ်းနဲ့ချက်တယ်လို့ပြောတာပဲ ။ အဲဒါကအရင်ကုလားပဲဈေးလေ
လင်းဝေကျော်
January 19, 2011 at 4:51 am
ဒိုးနပ်၊ကြက်ကြော်မှ မဟုတ် အားလုံး တရုပ်ပြည်နဲ့ ယိုးဒယားထက်ဈေးကြီးနေပါတယ်။
search123
January 19, 2011 at 4:55 am
မင်းလမ်းမုန့်တီ တစ်ပွဲ ၅၀ဝ ဆိုလည်းစားနေကြတာပါပဲ။
အင်းလျားလမ်းမှာ မုန့်ဟင်းခါးတစ်ပွဲ ၁၅၀ဝ ရောင်းတာတောင်ရှိတယ်ဆိုပဲ။
ကြားဖူးတာပါ။
တန်တန်၊မတန်တန် ကြွားချင်လို့ စားတဲ့သူတွေလည်းရှိပါတယ်။
ရောင်းတဲ့ သူတွေရဲ့ အမြတ်များများရချင်တဲ့ လောဘကြောင့်လည်းဖြစ်နိုင်ပါတယ်။
တန်ရာတန်ကြေးထက်ကိ ပိုရောင်းနေကြတာတွေအများကြီးပါပဲ။
အမြတ်ကို ထက်ဝက်လောက်ရအောင်ကိုရောင်းနေကြတာ။
ဆူး
January 20, 2011 at 8:15 am
မင်းလမ်း မုန့်တီ တပွဲ ၅၀ဝ နောက်ထပ် ဖွင့်တဲ့ ဆိုင်က ဆိုရင် တပွဲ ၆၀ဝ ရောင်းတယ်။ လက်ရာ တူတူ နေရာကွာတော့ ဈေးပိုကြီးတယ်။
လင်းဝေကျော်
January 19, 2011 at 5:07 am
donut မှမဟုတ် ကြက်ကြော်တင်မက အားလုံး တရုပ်ပြည် နဲ့ ယိုးဒယားထက်ဈေးကြီးနေတယ်။
naywoonni
January 19, 2011 at 5:44 am
သူတို့ဆီက ပြန်ဝယ်စားနေကြရတာကိုး ။
သကြားတောင် တရုတ်က ပြန်ဝင်နေပြီ
antimoe
January 19, 2011 at 9:24 am
ကြက်သား၊ ကြက်ဥ၊ပေါင်မုန့်တွေဆိုရင် ဂျပန်ထက်လဲ ဈေးကြီးပါတယ်။
ဒီမှာတော့ ဝင်ငွေထွက်ငွေမမျှတော့ တော်ရုံဆို မစားပဲနေလိုက်တာပေါ့။
အိမ်ကတူမလေး မနက်စာအတွက်(၄ ဦးစာ)ပလာတာနဲ့စားဖို့
ပဲပြုတ်ကို်၅၀၀k ဖိုးဝယ်လာတုန်းက စိတ်ဆိုးရဖူးပါတယ်။
ဈေးတွေတက်ကုန်တာနဲ့ လူတွေရဲ့ နေ့စဉ်ဒေါသရေချိန်လည်း
တက်ကုန်တာပေါ့။
49 yr old female
January 20, 2011 at 6:10 pm
ကုန်ဈေးနှုန်းဟာစနစ်ပေါ်မှာအများကြီးတည်နေပါတယ်၊policy က ရက်ပိုင်းဘဲခံတယ်ပြောရလောက်အောင်ခဏခဏပြောင်းနေပါတယ်။ဒီတော့ စားရိတ် အနည်းနဲ့ ဝယ်ထားတဲ့ ပစ်စည်းလဲ စားရိတ်အမြင့်နဲ့ဘဲတွက်ပြီး ရောင်းကြပါတယ်။အနာဂတ် ကို မယုံကြည် တော့ ဘယ်သူကမှ လျှော့ မရောင်းကြတော့ပါဘူး။ ဝယ်သူကလဲ မဖြစ်မနေ ပစ်စည်းကလွဲရင် မဝယ်တော့တဲ့အတွက် အရောင်းအဝယ်တွေ တနေ့တခြား ကျလာပါတယ်၊ဆိုင်ခန်းငှားဖွင့်ရတဲ့သူတွေ မှာ ဆိုင်ငှားခ။ လုပ်သားခ၊အခွန်အခ တွေနဲ့ မကိုက်လု့ိ ပိတ်သွားတာတွေ အများကြီးပါဘဲ၊စီးပွားရေးက ကျလာပြီး cost of living မကျတဲ့ အတွက် လုပ်ငန်းရှင်တွေလဲ ညည်းနေရတဲ့ခေတ်ပါ၊ပေါင်းစားလို့ အလကားလိုလိုရနေသူတွေကလြွဲပီးတော့ပေါ့၊
လယ်ယာထွက်ကုန်တွေကလဲ လယ်သမားတွေက စပြီး ကုန်လှောင်ပြီးမှ ရောင်းကြပါတယ်၊ဈေးနှုန်းတွေက policy ပေါ် လိုက်ပြီး အတက်အကျကြမ်း လွန်းတော့ ကိုယ်ရောင်းပြီးမှ ပြန် တက်မှာ ကြောက်ကြပြီး ဆုပ်ထားတော့တာဘဲ၊အပြောင်းအလဲမြန်ပုံ ဥပမာ ဒီ လဆန်း က ကုန်ကားတွေ တန်ပိုမတင်ရ သတ်မှတ်ပါတယ်၊အဲဒီ အတွက် ကားခတက်တော့ ရက်ပိုင်းနဲ့ တန် ပိုပြန် လျှော့ပေးပါတယ်၊ အဲဒီ ရက် မှာတင်လာတဲ့ ကုန်က ကားခ ဈေးကြီးနဲ့ မိသွားရော၊နောင် ဘယ်တော့ပြန် ပြောင်းမလဲ တရားဝင်လဲ မကြေငြာ၊သူများ ပြောတဲ့ သတင်းနဲ့ဘဲ မှန်းပြီး အလုပ်လုပ်ကြရတယ်၊အဲဒီတော့ ကြားရသမျှ ကောလာဟလ လား သတင်းမှန်လားလဲ ခွဲခြားလို့ မရ၊ ကုန်သည်တွေရဲ့ ဒုက်ခတွေလဲ အများကြီးပါဘဲ၊
padonmar
February 2, 2014 at 9:21 pm
ဆူးကိုလည်းတူးဆွသွားပါတယ်။
https://www.facebook.com/groups/1444717562412936/1449246405293385/?comment_id=1449349268616432¬if_t=group_comment_reply
အဲဒီတုံးက နာမည်တောင် မပေးတတ်သေးဘူး။ပါဠိပါဌ်ဆင့်တွေလည်း မရိုက်တတ်သေးတာ ခုပြန်ကြည့်တော့ ရီစရာ။
Ma Ma
February 2, 2014 at 9:43 pm
တူးဆွတဲ့သူရှိတာနဲ့ တွေးမိနေတာလေး ပြောချင်နေတာနဲ့ အတော်ပဲ။
မုန့်တစ်ခုရဲ့ ကျသင့်တဲ့ အရင်းထက်ကို ပိုများနေတဲ့ဆိုင်ခန်းစတဲ့ အရင်းအနှီးတန်ဖိုးတွေကြောင့် ဈေးတွေကြီးနေတာလို့ ပြောရမယ်ထင်တယ်။
လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် နေရာက အရေးကြီးတယ်။
အရောင်းအဝယ်လုပ်နိုင်တဲ့ လူစည်တဲ့ ဆိုင်ခန်းသေးသေးလေးတစ်ခန်းရဲ့ တစ်လငှားခက သိန်းချီနေတယ်။
ဝယ်ပြီး ဆိုင်ဖွင့်နိုင်ဖို့ဆိုရင် ပစ္စည်းအတွက်အရင်းအနှီးထက် နေရာအတွက်အရင်းအနှီးကတင် သိန်းရာချီနေတာမို့….
အဲဒီတန်ဖိုးကို ရောင်းကုန်မှာ ထည့်ပေါင်းလိုက်တဲ့အခါ………. 🙁