ချိန်စက်ကြည်.ရင်ဘယ်ဘက်ကနေမလဲ
မနေ.ညက လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြတော. ကိုညီက သူ TV ဝယ်တာ
နံမယ်ကြီးတံဆိပ်ကို ဈေးကြီးပေးဝယ်ပြီး
အတုနဲ.မိလာတဲ.အကြောင်းကိုဖောက်သည်ချပါတယ်။
သူစိတ်ကြိုက်တံဆိပ်ကိုသေချာရွေးပြီးသူကိုယ်တိုင်ဝယ်လာတာပါ။
အိမ်ရောက်လို.နှစ်ရက်လောက်ကြာတော.
လိုင်းစင်းတွေထင်လာတာနဲ.ဆိုင်ကိုပြန်ပို.မယ်လုပ်နေတုန်း
အိမ်ကိုအလည်လာတဲ.သူ.သားသူငယ်ချင်းလေးက
စက်နားလည်တော.ဖွင်.ကြည်.လိုက်မှအတွင်းကဆားကစ်တွေက
တရုပ်ပြည်ကလာတဲ.ဈေးပေါတာတွေဖြစ်နေမှန်းသိရတယ်လေ။
ဒါပေမဲ.ဝယ်ပြီးသွားတော.ပြန်လဲလို.မရတော.ဘူးလေ။
“ဒီလိုအတုမှန်းသီရင်ဘယ်ဈေးကြီးပေးဝယ်မလဲ”
လို.စိတ်ပျက်လက်ပျက်လေသံနဲ.ပြောပါတယ်။
သူတို.ကစကားဆက်ပြောနေတာ ကျနော်.အတွေးထဲမှာ အဖိုးတန်တာကို
မတန်တာနဲ.သိသိကြီးလဲလိုက်လို.တန်ဘိုးတွေလျော.ကြကုန်တာကိုတွေးနေမိပါတယ်။
သချင်္ာကိန်းဂဏန်းအရတွက်ရင် ၁ နဲ.ဝနဲ.ပေါင်းရင် ၁ဘဲကျန်ပါတယ်
ရော.ပါးမသွားသလို တက်လဲမလာပါဘူး။
ဒါပေမဲ.
အနုတ်လက္ခဏာဆောင်နေတာကိုဘာနဲ.ပေါင်းပေါင်းတန်ဘိုးကတော.လုံးဝရော.ကြသွားတာ
အမှန်ပါဘဲ။
ပထမဇာတ်လမ်းတစ်ပုဒ်ကတော. သူငယ်ချင်းရဲ.ညီမလေးပါ။
တက္ကသို်လ်က ဆရာမလေး ပေါ.။
သူငယ်ငယ်လေးထဲက မိဘအုပ်ထိန်းမူ.အောက်မှာ ပိပိပြားပြားနဲ.နေခဲ.ရတယ်။
အကိုတွေကလဲ ညီကလေးကိုချစ်တော. လှောင်အိမ်ထဲကငှက်ကလေးပေါ.။
ပါတ်ဝန်းကျင်နဲ.ထိတွေ.မူ.သိပ်မရှိဘူး။
ဆရာမဘဝသာရောက်လာတယ်ကျောင်းနဲ.အိ်မ် အိမ်နဲ.ကျောင်းကလွဲလို.ဘာမှမသိဘူးပေါ.။
သူပထမနှစ်တက်နေတုန်းမှာ သူတို.နဲ.တစ်ခြံထဲမှာနေတဲ . သူ.ဖေဖေပွဲရုံမှာ
အလုပ်လုပ်တဲ.စာရေးကြီးသားနဲ.ကျူရှင်တစ်ခုမှာဆုံကြရင်း
ခုခေတ်စကားနဲ.ပြောရင်ညိကြတယ်ပေါ.။
အိမ်ကလဲသိရော ပြသနာတွေတက်ကုန်တာပေါ.။
ကိုယ်အိမ်ကအလုပ်သမားတစ်ယောက်ရဲ.သားနဲ.ကြိုက်စရာလားဆိုတဲ.တန်ဘိုးတွေညှိကြရင်းက
မစသေးတဲ.ဇာတ်လမ်းလေးကပြီးသွားတယ်ပေါ.။
ဖြစ်ချင်တော.သူက နယ်စပ်မြို.ကတက္ကသိုလ်တစ်ခုကိုပြောင်းရပါတယ်။
အစကတည်းက လူမူ.ရေးမှာ မဝင်ဆန်.သူဆိုတော.မျက်စေ.သူငယ်နားသူငယ်ပေါ.။
တစ်ရက်မှာ သူတို.နေတဲ.မြို.ကနေ
အခုသူရောက်နေတဲ.မြု.ကိုလာအလုပ်လုပ်နေတဲ.ကောင်လေးတစ်ယောက်နဲ.တွေ.ကြပါတယ်။
အဝေးမှာ တစ်မြို.ထည်းသားချင်းတွေ.တော .ဆွေမျိုးတွေ.သလိုပေါ.
ခဏလေးအတွင်းမှာသိပ်ရင်းနှီးသွားကြတယ်။
ကောင်လေးက သူ.ထက်ငယ်ပါတယ်။
ဒါပေမဲ.သိပ်ကိုလည်ပါတယ် ဘဝစုံနေတဲ.သူကိုး။
သူကတော.အသိမရှိလို.အားကိုးတာ ဟိုကောင်လေးကတော.ငွေတွင်းတွေ.သလိုသဘောထားတာ။
ကောင်လေးရဲ.ဆွဲဆောင်ဖြားယောင်းမူ.အောင်မှာ စည်းတွေကျော်ကုန်ပါတယ်။
သည်တော.လက်ထပ်ဖြစ်သွားတယ်ဆိုပါတော.။
လက်ထပ်တာလဲသိရောမိဘတွေက ကောင်မလေးကို အဆက်ဖြတ်လိုက်ပါတယ်။
ကောင်လေးကလဲ ရပြီးပြီဆိုတာနဲ. ဇာတိတွေပြလာပါတယ်။
သူက မလွတ်ကင်းသောပစ္စည်းများကို သယ်လဲသယ် ရောင်းလဲရောင်းသလို
သုံးလဲသုံးပါသတဲ.။
ဒီတော.တစ်ရက် ဥပဒေဘောင်အောက်ကိုရောက်သွားတဲ.အခါ
ဘာမှနားမလည်တဲ.ဆရာမလေးခင်ဗျာ
လွတ်အောင်လုပ်ပေးမယ်ဆိုသော အလိမ်အညာသူတွေ.စကားကိုယုံတော.
ရှိတာတွေကုန်စိတ်ကလဲဆင်းရဲ
ဆိုတော. လူကလဲ ဘယ်လန်းတော.မလဲဗျာ။
တန်ဘုးိမရှိတာကို ကြေးကြီးကြီးပေးဝယ်လိုက်ရတယ်ဆိုပါတော.။
တစ်နည်းပြောရင်တော.အနုတ်လက္ခဏာနဲ.ပေါင်းမိတယ်ပေါ.ဗျာ။
နောက်တစ်ပုဒ်ကတော.တစ်ဦးတည်းသောသားလေးရဲ.ဇာတ်လမ်းပါ။
အမေက စာရင်းစစ်အရာရှိ အဖေက ကုန်သည်ကြီးပေါ.။
သားကလေးတစ်ယောက်ထည်းဆိုတော. ရွှေလိုဥထားတယ်။
ဘာမဆိုအလိုလိုက်တယ် ကလေးကလဲ စာတော်တယ် လိမ္မာတယ်ပေါ.။
သည်လိုနဲ.ကျောင်းပြီးတော. သူ.အဖေလုပ်ငန်းမှာဝင်ပြီးလုပ်ရပါတယ်။
သူတို.ပွဲရုံနားကိုလာဖွင်.နေတဲ.အသုတ်ဆိုင်က ကောင်မလေးနဲ.အီစီကလီဖြစ်ပါတယ်။
ကောင်မလေးကသူနဲ.ရွယ်တူပါ ကောင်မလေးကသူကို စတွေ.ကတည်းက ” ကိုကို
“လို.ခေါ်ပါသတဲ.။
ညီမမရှိ ဘာမရှိဆိုတော. သူကလဲ သည်ကလေးမကို ခင်တွယ်မိ
သံယောဇဉ်ဖြစ်မိပုံရပါတယ်။
နောက်တော.သူတို.နှစ်ယောက်ကြိုက်သွားပါတယ်။
သည်တော.လဲ တစ်ခါတစ်လေ အလုပ်ပိတ်ရက်မှာချိန်းတွေ.တာတွေရှိလာပါတယ်။
ကောင်မလေးအမေက သိပေမဲ.မသိချင်ယောင်ဆောင်နေပါတယ်။
ကောင်မလေးကတော.စိတ်နေစိတ်ထား မဆိုးပါဘူး။
ဒါပေမဲ.ကောင်မလေးမိဘကတော.အနေအထိုင်အောက်တန်းကျပါသတဲ.။
အနေအထိုင်အောက်တန်းကျတာနဲ.ပိုက်ဆံမရှိတာ ကတော.ကျနော်.အမြင်အရ
မသက်ဆိုင်ပါဘူး။
ပိုက်ဆံချမ်းသာပြီးအောက်တန်းကျတာတွေ တပုံကြီးပါ။
အောက်တန်းကျတယ်ဆိုတာ နေတာထိုင်တာ အဆင်.မရှိတာ
အတွေးအခေါ်နိမ်.ပါးတာကိုဆိုလိုတာပါ။
ကောင်လေးမိဘချမ်းသာမှန်းသိတော.ကောင်မလေး အမေက
အမိဖမ်းဘို.ဇာတ်လမ်းတွေဆင်ပါတယ်။
တစ်ရက်သူတို.နှစ်ယောက်ချိန်းတွေ.တာအပြန်နောက်ကျနေတာကို သိတဲ.ကောင်မလေးအမေက
ကောင်လေးအိမ်ကိုသွား
ပြီး သူ.သမီးကိုခိုးပြေးတဲ.ပုံစံနဲ.သွားပြသနာရှာပါတယ်။
ကောင်လေးမိဘကလည်း သူ.သားကလဲကြိုက်နေတယ်
ဆိုတာသိသွားတော.သူသားကိုမေးမြန်းပြီးသဘောတူလက်ခံလို.
ကောင်းကောင်းမွန်ပေးစားလိုက်ပါသတဲ.။
ကောင်လေးလက်ထပ်ပြီးသူတို.အိမ်မှာခေါ်ထားပါသတဲ.။
ကောင်လေးတို.အိမ်ကနေ.ဆိုလူမရှိအားလုံးအလုပ်သွားပါတယ် ကောင်မလေးက
အိမ်စောင်.ပေါ.။
ကောင်မလေးအမေက ကောင်လေးအိမ်ကိုလာ စည်းမဲ.ကမ်းမဲ.တွေ.လုပ်
ယူချင်ရာတွေချယူတော. အားလုံးစိတ်ညစ်လာရတော.
ကောင်လေးတို.ကိုအိမ်ငှားပေးပြီးဆင်းခိုင်းလိုက်ရပါတယ်။
ဒါကလဲ အနှတ်နဲ.ပေါင်းလို.ရော.သွားရတာပါဘဲ။
တကယ်တော. တန်ဘိုးမရှိတာကို ရှိတာက သိသိကြီးနဲ.အနာခံလဲလိုက်တဲ.သဘောပါဘဲ။
ကျနော်.သဘောကတော.လောက မှာ တန်ဘိုးတူတာချင်းဘဲလဲသင်.ပါတယ်။
ပေးလိုက်တာနဲ.ရလိုက်တာ တူရင်အကောင်းဆုံးပါဘဲလို.ထင်ပါတယ်။
ကျနော်က ဒါတွေစဉ်းစားနေချိန် ကျနော်.သူငယ်ချင်းများကလဲ
ဆွေးနွေးပွဲကအရှိန်ကောင်းနေပါတယ်။
ဖြစ်ပုံက တိုတိုပြောရရင် သူငယ်ချင်းတစ်ယောက်က မြို.တစ်မြို.ကို
အလယ်သွားရင်း
မြစ်ထဲကိုရေဆင်းကူးနေရင်းလူတယောက်ရေနစ်နေတာကိုဝင်ဆယ်ပါသတဲ.။
ဟိုလူကလဲ ကြောက်ကြောက်လန်.လန်.နဲံ.ဆွဲတော.
အချုပ်ကတော.နှစ်ယောက်လုံးရေနစ်ပြီးဆုံးသွားပါတယ်။
ဖြစ်ချင်တော.သူဆင်းဆယ်တဲ.သူက စိတ်မနှံ.တဲ.သူတစ်ယောက်ဖြစ်နေတော.အားလုံးက
မချိတင်ကဲစုပ်တသတ်သတ်နဲ.ပါ။
ဒါကိုပြန်ပြောနေရင်းတစ်ယောက်က မေးခွန်းတစ်ခုထုတ်ပါတယ်။
“တကယ်လို.များ ကျောင်းဆရာတစ်ယောက်ရယ်
အခြေအနေမဲ.လူတစ်ယောက်ရယ် တစ်ပြိုင်ထည်းရေနစ်နေတာကိုမြင်ရင် ဘယ်သူ.ကိုကယ်မလဲ
“ဆိုတာကိုုုပါ။
အဲသည်မှာအမြင်မတူတာတွေထွက်လာပါတယ်။
တစ်ချို.က အားနည်းသူကိုကယ်ရမယ်။
တစ်ချို.ကတော.တန်ဘိုးမရှိသူကို ကယ်မဲ.အစားလောကကို အသုံးဝင်သူကိုကယ်ရမယ်။
တစ်ချို.ကတော. ဘာဖြစ်ဖြစ်အသက်တစ်ချောင်းခြင်းအတူတူဘဲခွဲစရာမလိုဘူး။
ဆိုတာတွေ ကိုယ.်သန်ရာပြောလို. ငြင်းကြပါတော.တယ်။
ကျနော်သဘောကိုတော.ပြောပြီးပြီ။
ဒီတော.ကျနော်သာဆိုရင် ဆိုတဲ. အဖြေကလည်း
………………………………
မိတ်ဆွေတို.အမြင်လေးကိုလဲ နားထောင်ပါရစေဦးဗျာ။
11 comments
susunosuki
April 19, 2010 at 9:21 am
တကယ်တော့လူတန်းစားခွဲခြားတာကိုကျွန်တော်လည်းလက်မခံပါဘူး
ဒါပေမယ့် လူ့လောကကြီးကို ဘယ်သူက ပိုပြီး အကျိုးပြုလဲ ဆိုတာကိုကြည့်လိုက်ရင်
ပြသာနာက ရှင်းပါတယ်
intro
April 19, 2010 at 3:34 pm
အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့လောက ကြီးပါဗျာ… တစ်ခါတစ်လေတော့ အဆင့်အတန်းဆိုတာ ရှိသင့်တယ် လို့ ထင်မိပါတယ်…
kai
April 19, 2010 at 5:18 pm
ကျုပ်ဆိုရင်တော့ ..
ကမ်းနဲ့ဘယ်သူပိုနီးသလဲ။ ဘယ်လောက်ရုန်းကန်နေသလဲ။
စသဖြင့်စူးစမ်းပြီး..ကယ်ရလွယ်တဲ့သူ အရင်ကယ်မိမယ်ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
December 11, 2012 at 6:22 pm
စာစရေးစက လက်ရာလေးပါ ကော်မင်းတောင် သုံးခုထဲရခဲ့တာပါ။
ဒီပို့စ်လေးက လဲ မန်းလေးတိုင်းဂျာနယ်မှာ ပုံနှိပ်ပြိးပါပြီ
ကိုပေါက် ဘဝအစလက်ရာလေးတွေပေါ့
မောင်ပေ
December 11, 2012 at 6:37 pm
ကျုပ်ကတော့
ရွာထဲမှာ ဆာဗာလေးတယ်ဆိုပြီး အရေမရအဖတ်မရ လျှောက်ပြောနေတဲ့ငပေါ ရေနစ်နေတာတွေ ့ရင်
ဆင်းမကယ်ဘူး
ခဲနဲ ့ထုမယ်
ဝါးလုံးနဲ ့အပေါ်က ရိုက်မယ်
ဟဲဟဲ
ဟာသပြောပါတယ်
Mr. MarGa
December 11, 2012 at 8:29 pm
ရေမကူးတတ်တဲ့အတွက် ဦးမာဃတော့ မပြောတော့ဘူး
ဒါပေမယ့် မကယ်မဖြစ် ဆိုရင်တော့
အင်းးးးးးးးးးးးးးးးးးးးးးးးး
ရှင်နိုင်ချေများတဲ့သူကို ကယ်လိုက်ဗျာ
uncle gyi
December 11, 2012 at 10:08 pm
ဘယ်သူ့မှမကယ်ဖူးဗျာ
ရေမှမကူးတတ်ပဲ
ကိုယ်ပါရောသေသွားမှာပေါ့
ကယ်တတ်တဲ့သူတွေကယ်လိမ့်မယ် ဟဲဟဲ
ကိုပေါက်(မန္တလေး)
December 11, 2012 at 11:14 pm
မြန်မာပြည်မှာ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့ စိုင်းအောင်လှိုင်မြင့်ကတော့
သူများရေနစ်တာကို အသက်ပေးပြီး ကယ်သွားတာနော်
စိတ်ကူးမလွဲကြနဲ့
Mobile
December 12, 2012 at 12:25 am
ကိုပေါက်ရေ
ကျုပ်ဆိုရင်တော့ နှစ်ယောက်လုံးကိုဆင်းမကယ်ပဲ
ရေနှစ်နေတဲ့ပုံကို ဓာတ်ပုံရိုက် ထားလိုက်မယ်ဗျာ . . . . . .
ဟဲ ဟဲ
ဂေဇတ်မှာ တင်လို့ရတာပေါ့. . . . . . . . .
MaMa
December 12, 2012 at 11:03 am
ရေနစ်တဲ့သူကို ကယ်တာနဲ့
တခြားတန်ဖိုးတူခြင်း လဲတာနဲ့
အခြေခံစဉ်းစားစရာ အချက်အလက်တွေ ကွာခြားလိမ့်မယ်လို့ မြင်ပါတယ်။
တခြားအချိန်မှာတော့ တန်ဖိုးတူတာကို အဓိကရွေးခြယ်ရမယ်။
ရေနစ်သူကို ကယ်ဖို့ကျတော့ ဖြစ်နိုင်ခြေတွေကို အဓိက စဉ်းစားရမယ်လို့ တွေးမိတယ်။
ရေးကာစက လက်ရာတောင် ဒီလိုဆိုတော့ လက်ဖျားခါသွားတယ်။ :hee:
ကိုပေါက်(မန္တလေး)
December 12, 2012 at 12:47 pm
ဟုတ်တယ် မမရေ
အဲဒီပို့စ်လေးက ကျနော်ရဲ့ 28ပုဒ်မြောက်စာမူပါ။
31-3-2010ခုနှစ်က ရေးပြိး မြန်မာသူငယ်ချင်းများနေ့မှာ စပြီး တင်ခဲ့ပါတယ်၊
မန်းလေးဂေဇက်ကိုတော့ 2010 အေပရယ်လ်မှာရောကြ်ပီး သင်္ကြန်အပြီး အေပရယ်19ရက်မှာတင်တာပါ။
ကျနော်ဒီရွာထဲကို စဝင်စအချိန်က အခုလို ကော်မင်းပေးတာတွေဘာတွေသိပ်မရှိပါဘူး။
ဝင်ပြီး ပြန်ထွက်သွားကြ တစ်ခါတစ်လေမှ ဝင်ဆွေးနွေးပေါ့။
ဆွေးနွေးရင်လဲ အပီအပြင်။
အမှတ်အရဆုံးကတော့ “ဟိုမရောက် ဒီမရောက်ပေါက်တတ်ကရ”ပို့စ်မှာ ဦးဖောနဲ့အပြန်အလှန်ဆွေးနွေးတာအားမရလို့ မေးလ်ပို့ပြီး ဆက်ရေးမိတာပါ။
အခုလက်ရှိကတော့ ရွာမှာလဲ စည်စည်ကားကား။
ကော်မင်းတွေလဲဖွေးလို့ပေါ့။
ရွာထဲမှာ ပိုစ်နီးပါးလောက်ဖတ်ပြီး ကော်မင်း အများဆုံးပေးခဲ့သူ ဒါကို ပထမဆုံးလုပ်ခဲ့သူကတော့
ဆူး(ခ)ရွာတော်ရှင်ပါဘဲ။
ပြီးခဲ့တာတွေက ပြန်တွေးရင်လွမ်းစရာနော်