လူတွေဘာကြောင့် စည်းကမ်းပျက်လာကြသလဲ(အပိုင်း၂)

naywoon niJanuary 20, 20111min1010

နောက်တစ်ခုက-
အကြွေအနှုတ် ရှားပါးနေတဲ့ကိစ္စ
ဒိကနေ့ ဘယ်သူမှ တစ်ရာတန် ငါးဆယ်တန်ကို ကိုင်ပြိးသုံးစရာမရှိကြတော့ဘူး။ ရှားပါးပစ္စည်းဖြစ်နေပြီ။ ဒါပေမဲ့ ဈေးထဲမှာက ငါးဆယ် တစ်ရာနဲ့ အတော်ခေါင်းစားအောင်ရောင်းနေ ဝယ်နေကြရတာပါ။ အရင်တုန်းကဆိုရင် အကြွေ အနှုတ် ငါးပြားစေ့ ဆယ်ပြားစေ့လေး တွေကို တူရာထပ်ပြီး စက္ကူနဲ့ပတ်ထုတ် ဒါမှမဟုတ်ရင် ပလပ်စတစ်အိတ်ခွံထဲ ထည့် မီးပိတ်ပြီး သုံးကြရတာ။ ဈေးသသည်တိုင်းလက်မခံချင်ကြဘူး။ အကြွေနဲ့ ဈေးဝယ်ရတာက တော်တော်မျက်နှာငယ်ခဲ့ရတာ။ ခုတော့မဟုတ်ပါဘူး။ ငါးကျပ်တန် ဆယ်တန်လောက်ကိုအထပ်လိုက်ပေးဝယ်ရင်လည်း စိတ်မဆိုးဘူး။ ပြန်အမ်းခိုင်းရင် သာအမ်းပေးစရာမရှိလို့စိတ်ညစ်ကြတာ။ အခြားပစ္စည်းနဲ့အစားထိုးအန်းတော့လည်း တစ်ချိဲု့ကမယူချင်ကြဘူး။ အားလုံးတော့မဟုတ်ပါဘူး။ သူရို့ မှာလည်းသူတို့ မခက်အခဲနဲ့ဆိုတော့….
အဲဒိလိုငါးဆယ်တန် တစ်ရာတန် ဘာကြောင့် ရှားပါး သွားသလဲဆိုတာတော့ လမ်းကြောင်းစောင်းသွားမှာရယ် ငရဲ ရယ်ကြောက်လို့မပြောတော့ပါဘူး။ ဒီတော့ အများဆုံး ကိုင်နေကြတာက ငါးရာတန်နဲ့ တစ်ထောင်တန် ပဲ ။ ဒီလိုပြောလိုက်လို့လဲ အခြေခံလူတန်းစားတွေကိုအထင်မကြီးလိုက်နဲ့ဦး။ သူတို့ တစိအိမ်လုံးစာ ဝယ်ခြမ်းနေရတာ တစ်နေ့စာ လောက်ငှအောင်ခေါင်းပူအောင်စဉ်းစား ခြေတိုအောင်သွားဝယ်နေကြရတာ။ ပိုက်ဆံငါးထောင်လောက်ဘာရတာမှတ်လို့။ စားအုန်းဆီက တစိပိဿာသုံးထောင်နီးပါး နှမ်းဆီဆိုရင် သုံးထောင့်လေး ငါးရာ ။ဆန် အသစ်တောင်တစ်ပြည် တစ်ထောင်ဝန်းကျင်။ ဒါတောင်ခုချိန်မို့။ သားငါးဈေးက ……….။ဖတ်ရင်းစိတ်ညစ်သွားမှာမို့မပြောတော့ဘူး။ကျွန်တော်ပြောချင်တာကအကြွေအနှုတ်အမ်းတဲ့အပေးအယူကိစ္စ။ အကြွေအနှုတ်ရှားတာကိုအကြောင်းပြုပြီး ပါလာတဲ့ ငွေစက္ကူ တစ်နေရာထဲတင်ကိုက်အောင်ဝယ်ရတယ်။ မဝယ်ရင်အဆင်မပြေတော့ဘူး။ နှစ်ရာတန် အစုတ်တောင်ပေါပေါ များများ နဲ့ ပေးဝယ်နိုင် အမ်းရောင်းနိုင်တာမဟုတ်ဘူး။ ဒါကြောင့် ဈေးထဲမှာ ဒေါသတစ်ကြီးပြောလိုက်တဲ့ အသံ စည်ကနဲ စည်ကနဲ ကြားနေရတာမဆန်းဘူး။ ဘယ်ကနေထွက်လာ ထွက်လာ ဒီစကားတစ်ခွန်းထဲရယ်။ လူတို်းပြောနေကြစကား။ ဘာတဲ့ ပိုက်ဆံအသစ်ပေးရအောင် အနှုတ်အတိအကျအမ်းရအောင် ကိုယ်ပိုင်စက်မရှိဘူးတဲ့။ ဟုတ်တယ်။ သိပ်ဆိုးရွားနေတဲ့ အစုတ်မှမဟုတ်ရင် ရိုရိုသေသေ ကိုင်သုံးနေရတာပဲ။ အရင်ကလို ချွေးခံအိတ်ထဲ ထည့်သုံးတာမျိုးတော့ မရှိတော့သလောက်ပဲ။
အကြွေအနှုတ်ရှားလို့ ဈေးသည်ကလည်း အကိုက်ထိုးရေင်းချင်တယ်။ ဝယ်တဲ့သူကလည်း သူ့လိုအပ်ချက်ကို ပါလာတဲ့ပိုက်ဆံလေးနဲ့ ပြည့်အောင်ဝယ်ချင်တာပဲ။ ဈေးသည်မှာ အမ်းဖို၊့ရှိတာက အချိုမှုန့်လို အရောင်တင်မှုန့် ဟာမျိုး ဒါမှမဟုတ်ခေါင်းလျှော်ရည်ထုတ်လို ကော်ဖီမစ်လိုမျိုး..။ ဝယ်သူလိုအပ်နေတာက ချဉ်ပေါင်ရွက်ဖြစ်ချင်ဖြစ်နေမယ်။ ဒါမှမဟုတ် မီးခြစ်ကျောက်ဖြစ်ချင်ဖြစ်နေမယ်။ ဈေးသည်ကလည်း အနီအနား မှာရောင်းတဲ့သူရှိလို့ကတော့ လူရှင်းနေရင် ယူပေးလိုက်တာပဲ။ မရှိလို့ကတော့ ဘယ်လိုမှညှိနှိုင်းလို့မရတဲ့ ပု စ္ဆာတစ်ပုဒ်ဖြစ်မဲ့သာကြံထားတော့။ ဟုတ်တယ်လေ။ ဝယ်တဲ့သူကလည်းတစ်ဆိုင်မှာ ငါးဆယ်ဖိုး တစ်ရာဖိုး အပိုပစ္စည်းတွေ(အသုံးတော့လိုတာပေါ့ ဒါပေမဲ့ မသုံးနိုင်လို့ မရှိမဖြစ်ပစ္စည်းတွေပဲ ဦးစားပေးနေရတဲ့အချိန်ဆိုတော့ အပိုပစ္စည်းတွေပဲဖြစ်နေရတာပေါ့) လေးငါးဆိုင်လောက်ကအ အမ်းခံလိုက်ရ ရင် သူ့အတွက် လေးငါးရာဖိုး လိုအပ်ေနေတာ မဝယ်ရတော့ဘူး။ အဲဒါလူတစ်ယောက်ရဲ့ နေ့ဝက်လုပ်ခနဲ့ညီနေတယ်ဆိုရင်………။ သူတို့သိတာကဒါပဲ။ ဘယ်သူက ဖြေရှင်းပေးလို့ရသလဲ ? ဘယ်သူ့မှာတာဝန်ရှိသလဲ ? ဆိုတာစဉ်းစားဖို့ သတိမရဘူး။ စဉ်းစားချိန်လည်းမရှိဘူး။ အချိန်မရကြရှာဘူး။ အနီးကပ်ဆုံး ဖြစ်နေတဲ့ဈေးသည်တွေအပေါ်အမြင်စောင်းတော့တာပဲ။ တစ်ချို့က ဈေးသည်က အနှုတ်မအမ်းနိုင်တာကိုအခွင့်ကောင်းယူပြီး တစ်ရာတန်းပစ္စည်းတစ်ခုကို ဈေးခြင်းတောင်းထဲပစ်ထည့်လိုက်မယ်။ ပြိးရင် ငါးရာတန် ဖြစ်ဖြစ် တစ်ထောင်တန် ဖြစ်ဖြစ် ပေးမယ်။ မအမ်းနိုင်ဘူးဆိုရင်စောစောက ပစ္စည်းကို ပြန်မချတော့ဘူး။ ခပ်တည်တည်နဲ့ ထွက်သွားတော့တာပဲ။
လိုက်တောင်းမှပဲ မေ့သလိုလို ဘာလိုလို လုပ်ပြီး ပြန်ပေးမယ်။
ဒါဟာဘာသာရေးအဆုံးအမတွေ ဖက်တွယ်ထားတာလား?
နောက်ရှိသေးတယ်။ စာရင်းချုပ်လိုက်ရင် အနှုတ်အစွန်းထွက်တဲ့ပစ္စည်းတွေချည့် ဖြစ်နေအောင်ယူထားတယ်။ အနှုတ်ရှားပါးပြိး ပြန်မအမ်းသာအောင်လုပ်ထားတာပါ။ ဈေးသည်က အနှုတ်ကိုက်အောင် ထည့်အမ်းနေတာတွေငြင်းနေမယ်။ အစွန်းထွက်ကို လျော့ပေးဖို့ ပြောနေမယ်။ မရရင် တစ်ခုခု ဈေးလျော့ခိုင်းပြီး ရအောင်ယူမယ်။ ။ ဥပမာ- 350 ပိုတာကို 450 တန်းပစ္စည်းတောင်းမယ်။ ဈေးသည် အာရုံပျက်သွားတုန်း တစ်ခုခုကို လိုသည်ဖြစ်ဖြစ် မလိုသည်ဖြစ်ဖြစ်မရရင်ရအောင် နှိုက်ထားမယ် ။ ပြိးမှသူကပဲ အလျော့ပေးသလိုလိုနဲ့ စောစောက ပြန်အမ်းဖို့ ငြင်းနေတဲ့ ပစ္စည်း တစ်ခုခု ယူပြီးပြန်မယ်။
အဲဒိတော့ ဈေးဝယ်တဲ့သူတွေချည့်ပဲဆိုးသလား? မဟုတ်ပါဘူး ။ဈေးရောင်းတဲ့သူတွေလည်း မကောင်းပါဘူး ။ ဆိုးတယ်ဆိုမှတော့ တစ်ဖက်ထဲကိုဖိပြောနေလို့ဘယ်ဖြစ်မလဲ။
တစ်ကယ်တော့ အနှုုတ်အစားအမ်းလိုက်တဲ့ ပစ္စည်းမှာ အမြတ်ပါပြီးသားပါ။ အဲဒိတော့ တော်ရုံတန်းရုံ အနှုတ်ရှိနေလည်းအမ်း မရောင်းကြတော့ဘူး။ တစ်ကယ်တန်းရောင်းရတဲ့ပစ္စည်းအပေါ်ကအမြတ်နဲ့ အနှုတ်လုပ်အမ်းလိုက်တဲ့ ပစ္စည်း အပေါ်ကအမြတ် ဆတူလောက်ရှိတယ်ဆိုရင် ခင်ဗျားတို့က ယုံချင်မှယုံမှာ။ ငါးရာတန်နဲ့ တစ်ရာကိုအမ်းမရောင်းပေမဲ့ ငါးထောင်တန်နဲ့ 3100 ဖိုးလောက်ဝယ်ကြည့်ပါလား ။ ပစ္စည်းထိုးအမ်းလို့ မရရင် ကျန်တဲ့ပိုက်ဆံကို အနားနားကနေ ချေးပြိးရအောင်အမ်းပြလိမ့်မယ်။ ဒါတင်ပဲလား ဘယ်ဟုတ်မလဲ။ ခုလောလောဆယ်မှာ ဈေးျနှုးတွေက တည်ငြိမ်တာမဟုတ်တော့ ဈေးတက်တဲ့အသံကိုပဲနားစွန့်ပြီးတက်ရောင်းဖို့ပဲ ချောင်းနေကြတော့တာ။
နောက်တစ်ခုက ပညာရေး
တိုးတက်လာတဲ့နည်းပညာတွေကို ကလေးတွေကစိတ်ဝင်းစားကြတယ်။ ဒါပေမဲ့ သင်ယူရအောင်မတတ်တနိုင်ကြရှာဘူး။ ပညာသင်ယူရမဲ့အချိန်တွေမှာ ဈေးဆိုင်တွေမှာ အိမ်တွေမှာ နေ့စားဝင်လုပ်နေကြရတာ။ ဒါတွေမပြင်ပေးနိုင်ရင်..။ ကျောင်းတွေမှာ ကျောင်းဖွင့်ချိန်ကျောင်းအပ်ဖို့ မစဉ်းစားရဲကြဘူး။ အလှူခံငွေတွေကောက်နေတာ တစ်ကယ့်ကျောင်းအတွက်မှသုံးရဲ့လား ဘယ်တွေရောက်ကုန်တယ် မသိကြရဖူး။ ကျောင်းတစ်ကျောင်းမှာဆိုရင် မဆီမဆိုင်နေရာက အလှူခံငွေတွေ လက်ခံနေတာ သိရင် …………..။ တယ်လီဖုန်းတွေလျှောက်ကြတဲ့အခါ တပ်ဆင်ပေးဖို့ အဲဒိကျောင်းကိုငွေ တစ်သိန်းအလှူငွေထည့်ပြီးမှတတ်ပေးသတဲ့လေ..။ ဒါလည်းနောက်နှစ်ကျောင်းဖွင့်ချိန်တွေမှာ အလှူငွေ အကောက်မပျက်ပါဘူး။
နောက်ကျန်းမာရေးကြတော့ကော
ပြောမပြချင်လောက်အောင်ပါပဲ။ ငွေကုန်ခံနိုင်မှ
ဒီအခြေခံ လူတန်းစားတွေရဲ့ စားဝတ်နေမှု ပညာရေး ကျန်းမာရေးတွေ ပြည့်စုံ လုံလောက်အောင်ဘယ်သူ ကဂရုတစ်စိုက်တာဝန်ယူပေးမလဲ။ တာဝန်ယူနေသလဲ ။ ဖြစ်ချင်တာဖြစ်ဆိုပြီး ပစ်ထားရင်တော့ ဘယ်စနစ်နဲ့သွားသွား စည်းကမ်းပျက်နေဦးမှာပဲ။ ပေယျကန် သဘောနဲ့အုပ်ချုပ်နေလို့ကတော့ သကြားမင်းဆင်းပြိးအုပ်ချုပ်လည်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ သူတို့လေးတွေ အရင်ပြုပြင်ပေးဖို့ လိုနေပါပြီ။ မဖြစ်မနေ လုပ်ရမဲ့ အလုပ်ကို သူ့လွှဲ ငါ့လွှဲနဲ့ ဘောလီဘောပုတ်နေရမဲ့ အချိန်မဟုတ်တော့ဘူး။ ပြည့်စုံအောင်ဖန်တီးပေးသင့်ပြီ။ ဘယ်လိုလုပ်ပေးနိုင်မလဲ စဉ်းစားသင့်ပြီ။ နောက်စည်းကမ်းမဲ့နေတာတွေက အမှီုက်ပစ်တဲ့ကိစ္စတွေ
တစ်ည ကျွန်တာ်အိမ်အပြန် ကားလမ်းပေါ်မှာ ဖြတ်သွားတဲ့ ဟိုင်းဝေးကားပေါ်ကနေ သုံးပြီးသား ပလပ်စတတစ်တွေ အထုတ်လိုက်ပစ်ချသွားမျိုး ကြုံရတယ်။ မြို့ပြင်မှာဆိုထားတော့ မြို့ထဲရောက်နေပြီ။ အရှိန်နဲ့မောင်းသွားတာ ။ပလပ်စတစ်တွေက လေနဲ့ပါလို့။
အဲဒိလိုပဲ
ကျွန်တော့အတွေးတွေလည်း လေနဲ့ပါလို့……………………….