Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦး အိဒ္ဒိပါလ ဘယ်သူလဲ

bigchefJanuary 21, 20111min41112

ဒီနေ.မှာမထင်မှတ်ပဲ အိမ်မှာနေတဲ.ကောင်မလေးက ရန်ကုန်မှာ No.1 စိတ်ဓာတ်မြှင်.တင်ရေးကျောင်းကိုတက်ခဲ.ဖူးတယ်ဆိုတာသိလိုက်ရပါတယ် ။ သူပြောပြတာတွေကတော.

ဒီကျောင်းဟာဖွင်.တာနည်းနည်းကြာနေပြီ ။ အယင်က Yuzana Garden Hotel မှာဖွင်.တာ နောက်လူတွေအရမ်းများလာတာနဲ. Asia Plaza ကိုပြောင်းလိုက်တာ။ သင်တန်းက ၁ဝ ရက်သင်တန်း။ တရက်ကို ၁၅၀၀ဝ နဲ. ၁ဝ ရက်ကို ၁ သိန်းခွဲ ။ သင်တန်းချိန်က ၁ နာရီခွဲ။ သင်တန်းမှာ စကားကိုဘယ်လိုပြောရမယ် ။ လူတွေကိုဘယ်လိုပေါင်းသင်ရမလဲဆိုတာတွေသင်တယ် ။ ပြီးတော.အဆိပ်တွေများနေတာ အဆိပ်ထုတ်ရမယ်ဆိုပြီး ကကြရတယ် ။ ကတာကတော.နေ.တိုင်းကရတယ်။ အထူးသဖြင်.မိန်းကလေးတွေကို လင်ကောင်း (ဘုန်းကြီးက ယောက်ျားလို.မပြောဘူး “လင်” လို.ပြောတာပါတဲ.) ဘယ်လိုရှာရတယ်ဆိုတာပြောတယ် ။ လင်ပျင်း လင်ဖျင်းတွေကိုမယူနဲ.။ အသက်ကြီးတွေကိုမယူနဲ.ကိုယ်ပဲ ပင်ပန်းမှာဆိုပြီးသင်တယ် ။ လူတွေအများကြီးပဲလာတက်တယ်။လူကြီးတွေ အရာရှိတွေလဲပါတယ်။ သင်တန်းကိုစာအုပ်ထုတ်တယ် ။ တအုပ်ကို ၂၀၀၀ဝ နဲ.ရောင်းတယ် ဒါပေမဲ.သင်တန်းသားတွေကို ၁၅၀၀ဝ နဲ.ပဲရောင်းတယ် ။ ဦး အိဒ္ဒိပါလ ကိုနှင်းဆီကုန်းမှာရှိတဲ. Company တခုက တရုတ်တွေကကိုးကွယ်တာတဲ. ။ အဲဒီ company ကဆေးတွေကိုလဲ ရောင်းပေးတာ သူ.ရဲ.ဆေးရောင်းတဲ.ဝင်ငွေဟာတလကို သိန်း၂ဝ အနည်းဆုံး. ။ နောက်ဒီသင်တန်းကလဲ လူပေါင်းမနည်းဘူးဆိုတော. စုစုပေါင်းတလဝင်ငွေဟာ သိန်းရာဂဏာန်းအထက်မှာရှိလောက်ပါတယ်တဲ.။

ဦး အိဒ္ဒိပါလ ကစကားပြောသိပ်ကောင်းတယ် လူတွေကျလောက်အောင်ပြောနိုင်တယ်။ သူကအရမ်းခေတ်မှီတာ ခေတ်ဆန်တာကိုကြိုက်လို. သာဓုမခေါင်္နဲ. လက်ခုပ်ပဲတီးလို.သင်တယ်။နောက်ပြီး သင်တန်းကြေးကဈေးသိပ်ပေါတာ နိုင်ငံခြားမှာဆိုဈေးအရမ်းကြီးတာဆိုပြီး ဩဝါဒပေးတယ်။ ဦး အိဒ္ဒိပါလပြောသမျှကိုအားလုံးက ယုံကြည်မှုလဲရှိတယ် လိုက်လဲလုပ်ကြတယ်။ လှုလိုက်တာလဲအရမ်းပဲ မြေတွေအိမ်တွေလဲပိုင်ဆိုင်နေပြီ ။ အရမ်းလဲချမ်းသာနေပါပြီ ။ နောက်ဆုံးအဲဒီကောင်မလေးကြားခဲ.တာ မိန်းမတောင်ယူထားပါတယ်တဲ.” Media တခုမှာဖတ်လိုက်ရတာတော. ငယ်ဖြူဘုန်းကြီးပါ အသက်၂၅ နှစ်မှာ ရန်ကုန်တက်လာတော.တရုတ်ဒကာမတွေနဲ.တွေ.ပြီး အဲလိုဖြစ်သွားတယ်လို.ရေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဝိနည်းတော် နဲ.က လုံးဝကိုဆန်.ကျင်ဘက်ပဲ ။ မြတ်စွာဘုရားကလဲဟောခဲ.ပါတယ် ။ ဆရာတော်ကြီးတွေကလဲ ဟောနေပြောနေရတုန်းပါပဲ “သက်န်းခြုံတိုင်းသံဃာအစစ်လို.မမှတ်ကြနဲ. သံဃာစစ်မစစ်ဆိုတာကို ဝိနည်း သီလ သမာဓိ ပညာဆိုတဲ.ပေတံနဲ.တိုင်းပြီးဆုံးဖြတ်ကြ ”. ဒီသင်တန်းကိုတက်နေတဲ.လူတွေမှာ အဲဒီလိုတိုင်းတာနိုင်တဲ.ပေတံမရှိကြဘူး။ ဝိနည်းရှိလား သီလ လုံလား သမာဓိ ပညာပြည်.စုံလားဆိုတာကိုမသိဘူး ဗုဒ္ဓသာသာ ဆိုတဲ.အမည်ခံပဲရှိတယ် ။ မျိုးဆက်သစ်တွေအတွက်စိုးရိမ်စရာပါ ။

12 comments

  • koyinmaung

    January 21, 2011 at 4:06 am

    ကိုချက်ကြီးရေးမှဘဲ မှော်နဲ့လုပ်စားနေတာသေချာနေပြီ ပေါ့.မသိသေးတဲ့သူတွေမမှားရအောင်နီးစပ်သူတွေကသတိပေးလိုက်ကြပါ…

  • piti

    January 21, 2011 at 4:36 am

    အဲဒါကြောင့် ရှေးကလူကြီးတွေ ပြောခဲ့တာပေါ့
    တရားက တေးဖြစ်မယ်ဆိုတာ
    အခုတော့ တေးသီချင်းမကတော့ဘူး ကခိုင်းတဲ့အဆင့်ဖြစ်သွားပီနော်
    သာသနာသန့်ရှင်းရေး သံဃာယနာ ထပ်တင်ဖို့တော့ နီးလာပြီနော်
    လုပ်ကြပါဦးအရပ်ကတို့ေ၇…………

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 21, 2011 at 8:43 am

    ဟုတ်ပါပြီဗျာ
    ဒီနေရာမှာ ကျွန်တော်တို ့မြင်တတ်ရမှာက
    လက္ခံသူရှိလို ့ သူလုပ်လို ့ရတယ်ဆိုတာ မြင်သာတတ်ရပါမယ်ခင်ဗျ
    နောက်ပြီး နာမည်လေးကို ကောင်းအောင်လုပ်ထားတာလေးကိုလည်းသတိချပ်ကြရပါမည်
    အပြုသဘောတော့ အရမ်းမဆောင်စေခြင်ပါ
    ဆိုလိုတာက သူ ့ကိစ္စကို သူက ညက်ညက်ကလေးဆောင်ရွက်တယ်ဆိုတော့ကာ
    သေခြာသိသူများဖက်မှလည်း အကျိုးအကြောင်းတွေကို ဆက်စပ်တင်ပြပြီးတော့
    နးလည်အောင်ရှင်းပြသင့်ပါတယ်
    ကျုပ်တော့ရှင်းပြမတတ်ဘူးဗျို ့
    တတ်နိုင်လျှင် အခြားသင်တန်းသားတွေရဲ ့သဘောထားလေးတွေကိုလည်း တင်ပြစေလိုပါတယ်ဂျာ။

  • wrongman

    January 21, 2011 at 10:47 am

    ဒီသင်တန်းကဘယ်တွေကောင်းတယ်ဆိုတာကိုတော့သေချာသိဖို့လိုတယ်လို့ထင်တယ်။
    သင်တန်းသားဦးရေဒီလောက်များတာဘာကြောင့်လဲ….
    တစ်ခုခုတော့ ..တစ်ခုခုပဲ
    ဆွဲဆောင်မှုတစ်ခုမရှိပဲတော့ ဒီလောက်သင်တန်းသားများမှာမဟုတ်လောက်ဘူး

  • 25. 11. 1977

    January 21, 2011 at 1:01 pm

    ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်း ဒိုင်ကိုင်၊ ဗေဒင်ဟော၊ ယတြာချေ၊ ယောင်တောင်တောင်လုပ်နေတဲ့ ဘုန်းကြီးတွေကိုတောင် မနိုင်တဲ့ သံဃနာယကအဖွဲ့ကတော့ ဒီဘုန်းကြီးက အဲဒီဘုန်းကြီးတွေလောက် မဆိုးသေးဘူးဆိုပြီး လွှတ်ပေးထားတယ်ထင်ပါတယ်။

  • ဆူး

    January 21, 2011 at 1:27 pm

    အခု လူတွေ ဒီလိုအော်နေမှတော့ သံဃာနယက ကို စာတင်ပြီး တရားစွဲတာမျိုးတွေ ရှိနေလောက်ပြီ ထင်ပါတယ်။ မရှိသေးရင်တောင်မှ တရားစွဲ ခံရဖို့များနေပါပြီ။
    မိုးပြာ ဘုန်းကြီးတောင် လူဝတ်လဲပြီး အချုပ်ကျသွားတာဘဲ။ သူလည်း ညောင်းတော့မှာပါ။ %ပြည့် သေချာ နေပြီလို့ကို ထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 21, 2011 at 3:05 pm

    ဟုတ်ကဲ့ပါခင်ဗျ
    နှစ်ဆယ့်ငါးရက် ဆယ့်တစ်လ ထောင့်ကိုးရာခုနစ်ညီနောင်နှစ်သွယ်ကို
    ဆန်ပို ့ပါတယ်ခင်ဗျ
    အထူးဆန်ပို ့ချင်တာကတော့
    ( သံဃနာယကအဖွဲ့ )
    ဆိုတာကိုပါခင်ဗျ
    ဒီအဖွဲ ့ထည်းမှာ ရှိတဲ့ ဆရာတော်ကြီးတွေဟာ ဆို ငယ်ဖြူတွေများမယ်ထင်ပါတယ် ( အထင်ပါခင်ဗျ)
    ဒီတော့ကာ ယနေ ့ခေတ် လောက ရေးရာ ဗဟုသုတတွေ အလွန်နည်းပါတယ်ခင်ဗျ
    အဲ့ဒါကို သိတဲ့ စစ်ခွေးတွေဟာ
    ကိုယ်လိုသလို ဆရာတော်ကြီးတွေကို လူမိုက်လုပ်ခိုင်းတယ်လို ့ထင်ပါတယ်ခင်ဗျ
    ဥပမာ
    ဒေါ်အောင်ဆန်းစုကြည်ကိုဆိုရင်
    ဒါ ရေမြေခြား ဘာသာခြားကနေ သာသနာဖျက်မယ်ဘာညာ မလိမ့်တစ်ပတ်လုပ်လိမ့်မယ်ထင်တယ်ခင်ဗျ
    ဆိုခြင်တာက
    အခုခေတ် အရှင်သူမြတ်တွေကတော့ လောကရေးရာ နှံ ့စပ်တဲ့သဘောမှာရှိပြီး
    ဒီကောင်တွေရဲ ့မလိမ့်တစ်ပတ်ဉာဏ်တွေကို ကောင်းကောင်းနားလည်တာကြောင့်
    ( ကံဆောင်တာမျိုးတွေလုပ်မယ် )
    အဲ့သည်အခါကြရင်
    ဘုန်းကြီးနဲ ့နိုင်ငံရေး မဆိုင်ဆိုပြီး ဘာညာဘာညာပေါ့ခင်ဗျ
    အထူးဆိုခြင်တာက
    နာယက ဆရာတော်ကြီးတွေဟာ
    တစ်ချို ့ဆို ယနေ ့လောက ရေးရာတွေကို လုံးဝမသိတဲ့သဘောမှာရှိပါသေးတယ် ဆိုခြင်တာပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 21, 2011 at 3:11 pm

    ခင်ဗျ

  • naywoonni

    January 21, 2011 at 4:12 pm

    တူကြီးလေးခုတူသော အခါ ဤကမ္ဘာမြေ ပျက်လတ္တံ့ တဲ့..။
    ဘုန်းကြီး =လူဝတ်ကြောင်
    ဘုန်းကြီးကျောင်း=လူနေအိမ်
    ယောက်ျား=မိန်းမ
    ကျေးလက်=မြို့ပြ

  • ဆူး

    January 21, 2011 at 4:37 pm

    အဘနီ ပြောမှဘဲ 2012 ကို မျက်စိထဲ ပြေးမြင်မိတယ်။ ဖြစ်ရင်တော့ ခံကြအုန်းပေါ့.. လောကကြီးက တရားပါတယ် လူတွေကသာ မတရားတာ။
    လောကကြီးက သူဟာသူ နေတာ.. လူတွေက လောကကြီးကို ဆွဲထည့်တာ.. ဘယ်သူတွေ ပြောထားတာလဲ တော့ မသိဘူး ခဏခဏ ကြားမိတယ် အဲဒီ စကားတွေ..

  • char too lan

    January 22, 2011 at 6:49 am

    ဆိုးတယ်ဗျာ…………. 🙁

  • thihayarzar

    January 23, 2011 at 8:41 am

    အမြန်ဆုံးဖမ်းဆီးပြီး ထောင်ချ သူ့ပိုင်ပစ္စည်းတွေကိုသိမ်းပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းလိုက်ပါ …. ဖမ်းမဲ့သူတွေမရှိကြတော့ဘူးလား …. ဘယ်လောက်များ ကျွေးမွေးထားလို့ အခုလိုအချိန်ထိ မဖမ်းကြသေးတာလဲ …..သာဓုမခေါ်ပဲ လက်ခုပ်ပဲတီးခိုင်းတာကိုတောင် ယုံကြည်နေကြတဲ့သူတွေ ခွေးထက်မိုက်တဲ့ သူတွေပဲ … ဘာအသိတရားမှ မရှိဘူး ….

Leave a Reply