Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီး တလျှောက်ရှိ ဈေးဆိုင်ခန်းများအား အာဏာပိုင်များက နစ်နာကြေးမပေးဘဲ အမြန်ဆုံးပြောင်းရွှေ့ရန် ညွှန်ကြား

zaw mgJanuary 21, 20111min1520

ရန်ကုန် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီး တလျှောက်ရှိ ဈေးဆိုင်ခန်းများအား အာဏာပိုင်များက နစ်နာကြေးမပေးဘဲ အမြန်ဆုံးပြောင်းရွှေ့ရန် ညွှန်ကြားသောကြောင့် ဆိုင်ခန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း အင်တာနက်သတင်းများအရသိရသည်။

ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) အမှတ် ၁ နှင့် အမှတ် ၄ တပ်နံဘေးရှိ ကပစ ဝန်ထမ်းသက်သာ ဈေးဆိုင်ခန်းများကို ၂၀၁၁ ဇန်နဝါရီ ၂၁ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြားချက်ကို ၂၀၁ဝ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သော်လည်း သတ်မှတ်ချိန်ထက်စောကာ ဖယ်ပေးရမည်ဟု ပြန်လည် အမိန့်ထုတ်သဖြင့် ဆိုင်ခန်းများကို အလျှင်အမြန် ပြောင်းရွှေ့နေကြရသည်။

“ဒီဇင်ဘာ ၃၁ ရက်က ညွှန်ကြားချက် ထွက်တယ်။ ဇန်နဝါရီ ၁ ရက်မှာ ကပစ တပ်တွေက ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ လိုက်ပြောတယ်။ ကျနော်တို့ကို ခေါ်ပြောတာ ဇန်နဝါရီ ၃ ရက်နေ့။ တချို့ ၅ ရက်၊ ၆ ရက် ကျမှ သိရတယ်” ဟု ဖယ်ရှားခြင်း ခံခဲ့ရသည့် လက်ဖက်ရည်ဆိုင်ရှင် တဦးက ပြောသည်။

နစ်နာကြေး လုံးဝမရရှိဘဲ ရုတ်တရက်ဖယ်ရှားခြင်း ခံရသည့် ဆိုင်ခန်းအရေအတွက် ၁၀ဝ နီးပါးရှိပြီး ထိုဆိုင်ခန်းများ၏ မူလ ပိုင်ရှင်များနှင့် တဆင့် ဝယ်ယူထားသူများ များစွာ ဆုံးရှုံး နစ်နာခဲ့ရသည်ဟု သိရသည်။

“ကျမအဖေက ကာကွယ်ရေးပစ္စည်းစက်ရုံက အငြိမ်းစားပါ။ ပင်စင်ယူလိုက်လို့ရတဲ့ ကရုဏာကြေးရယ်၊ ရွှေတို ရွှေစရောင်းထား တာရယ် ပေါင်းပြီး ၂၀၀ဝ က ဒီဆိုင်ခန်းကို သိန်း ၅ဝ နဲ့ ဝယ်ခဲ့တယ်။ ၁၅ ပေ၊ ၃၅ ပေ တခန်းအတွက် တလ ကျပ် ၃၀၀၀ဝ ကပစ ကို အခွန်ပေးတယ်၊ အခု ဖယ်ပေးရပြီ” ဟု စတိုးဆိုင် ဖွင့်လှစ်ထားသူ တဦးက ဆိုသည်။

၎င်း၏ ဆိုင်ခန်းကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ကျပ် သိန်း ၁၂ဝ နှင့် ဝယ်လိုသူရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နစ်နာကြေး မပေးဘဲ အဓမ္မ ဖယ်ရှားစေခြင်းမှာ မတရားသော လုပ်ရပ်ဖြစ်ကြောင်း အဆိုပါ စတိုးဆိုင်ဖွင့်လှစ်ထားသူက ပြောသည်။

ကပစ ၁ နှင့် ကပစ ၄ တို့၏ ယခင်ရှိပြီး မြေနီလမ်းကို ကတ္တရာလမ်းမအဖြစ် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း ဖောက်လုပ်ကာ ပါရမီ လမ်းမကျယ် ဖြစ်လာခဲ့သည်။

၁၉၉၂ ဝန်းကျင်တွင် ကပစ တပ်များ၏ တပ်စည်းရိုးနံဘေး ပါရမီလမ်းမပေါ်တွင် ဈေးဆိုင်ခန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ခဲ့ကာ အငြိမ်းစားတပ်မတော်အရာရှိများကို ထိုဆိုင်ခန်းများအား လေလံစနစ်ဖြင့် ဝယ်ယူစေ၍ နာမည် အမည်ပေါက်နှင့် ကပစ တပ်သို့ လစဉ်ကြေး ပုံမှန်ပေးသွင်းရသည်ဟု သိရသည်။

“ကပစ တပ်တွေက ဆိုင်ခန်းဆောက်တာရယ်၊ ထိန်းသိမ်းတာရယ်ပဲ လုပ်ရပါတယ်။ လေလံ စနစ်နဲ့ ရောင်းချခဲ့တဲ့ ဆိုင်ခန်း တန်ဖိုးတွေနဲ့ လစဉ်ကြေး ရရှိငွေတွေကို  ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို ပေးပို့ရပါတယ်” ဟု ကပစ ၁ အရာရှိတဦးက ပြောသည်။

ကပစ တပ်များသို့ ၁၅ ပေ၊ ၃၅ ပေ တခန်းအတွက် လစဉ်ကြေး အနည်းဆုံး ကျပ် ၃ သောင်း ပေးသွင်းရပြီး ဆိုင်ခန်းအကျယ်၊ ထပ်ခိုးပါ၊ မပါအပေါ် မူတည်၍ လစဉ်ကြေး ကျပ် ၂ သိန်းအထိ ပေးသွင်းနေရသည့် ဆိုင်ခန်းများ ရှိနေသည်ဟု သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ လစဉ်ကြေး ပေးသွင်းငွေသည် ကျပ်သိန်း ၃ဝ အထက် ရှိနိုင်သည်ဟု ကပစ ဝန်ထမ်းများက ပြောသည်။

မည်သည့်နစ်နာကြေးမျှ မရရှိဘဲ ယခုကဲ့သို့ ဖယ်ရှားခံရသော အဆိုပါ ဆိုင်ခန်းများတွင် အမည်ပေါက် မူလပိုင်ရှင် ၁ဝ ဦးခန့်သာ ရှိပြီး ကျန်ဆိုင်ခန်းများမှာ မူလပိုင်ရှင်ထံမှ ၁၅ ပေ၊ ၃၅ ပေ တခန်းအတွက် တလလျှင် ကျပ် ၁ သိန်းဝန်းကျင်နှင့် ၁ နှစ်၊ ၃ နှစ် စာချုပ် ချုပ်ကာ ငှားရမ်းထားသူများ၊ ထို့ထက် ကျယ်ဝန်းပါက တလလျှင် ကျပ် ၄၊ ၅ သိန်းခန့်နှင့် ၅ နှစ်၊ ၁ဝနှစ် စာချုပ်ကာ ငှားရမ်းထားသူများ ဖြစ်သည်ဟု ဆိုင်ခန်းရှင်များက ဆိုသည်။

“ကျနော်က တလ ကျပ် ၁ သိန်းခွဲနဲ့ ၅ နှစ်စာချုပ်ချုပ်ငှားပြီး ဆိုင်ဖွင့်ထားတာပါ။ အခု ၃ နှစ်တောင် မပြည့်သေးဘူး ၊ ဆိုင် ဖျက်သိမ်းရမယ် ဆိုတော့ ၂ နှစ်စာ ကျန်တဲ့ငွေကို ပိုင်ရှင်ဆီက ဘယ်လို ပြန်ယူမလဲ။ သူ့ခမျာလည်း သိန်း ၃၀ဝ နီးပါးတန်တဲ့ ဆိုင်ခန်း တခုလုံး ဆုံးရှုံးထားရတာ” ဟု အင်တာနက်ဆိုင်ဖွင့်ထားသူ တဦးကက ပြောသည်။

ဆိုင်ခန်းပိုင်ရှင် အငြိမ်းစား တပ်မတော်အရာရှိ တဦးကလည်း “ကိုယ့်ကို အုပ်ချုပ်တဲ့အစိုးရပါပဲ၊ ဒါပေမယ့် လျော်ကြေး၊ နစ်နာကြေး ပေးမယ်၊ ဆိုင်ခန်းနေရာ ပြန်ပေးမယ်ဆို တော်သေးတယ်။ အခုတော့ သက်ဦးဆံပိုင် ဘုရင်တွေလို သူတို့လိုချင်ရင် အကုန် သိမ်းတာပဲ” ဟု ဆိုသည်။

ဆိုင်ခန်းများ အားလုံးပြောင်းရွှေ့အပြီး ဇန်နဝါရီ ၁၈ ရက် နောက်ပိုင်းတွင် အဆိုပါ ဆိုင်ခန်းနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က မြေထိုးစက်များ အသုံးပြုကာ ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ကပစ ၁ နှင့် ကပစ ၄ တပ်များသည်လည်း မကြာမီ လပိုင်း၌ နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးစိုက်ရမည်ဖြစ်ကြောင်း ကပစ ၄ မှ အရာရှိတဦးက ပြောသည်။

ထို့အပြင် အဆိုပါ ဆိုင်ခန်းများ ဖယ်ရှားခြင်းသည် ပါရမီလမ်းမကြီးကို ချဲ့ထွင်လို၍ လည်းကောင်း၊ ကပစ တပ်များ ပြောင်းရွှေ့ ပြီးပါက စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်းများနှင့် သေနတ်ကိုင်တပ်ရင်း ၃ တို့ ထိုနေရာ၌ အခြေစိုက် ရုံးထိုင်မည်ဟု လည်းကောင်း သတင်းများ အမျိုးမျိုး ထွက်ပေါ်နေသည်။

အတည်မပြုနိုင်သည့် သတင်းများအရ အဆိုပါ နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်က တောင်းဆိုသဖြင့် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်း တည်ဆောက်မည်ဟု လည်းအဆိုပါသတင်းတွင်ဖေါ်ပြထားသည်။

ကိုးကား http://www.bur.irrawaddy.org/index.php/news/5520-2011-01-20-10-58-31