Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူများယောင်လို့သာ လိုက်ယောင်ရတယ် မောင်နီတောင်မှန်းမြောက်မှန်းမသိ

naywoon niJanuary 21, 20111min38612

ဘယ်နေရာဘာဖြစ်ဖြစ် သန့်သနဲဆို နှံ့ကနဲ စီကနဲဆိုရှေ့ဆုံးက ဘာအကြောင်းပြောပြော နေဝန်းနီ မသိတာမရှိစေရ။ နဲနဲလေးတော့ဝင်ပြောလိုက်ရမှ ကျေနပ်တာ။ သိတယ်မဟုတ်လား။ ဘာသာရေး အကြောင်းပဲ ပြောပြော လူ မှုရေးအကြောင်း ပြောမလား နိုင်ငံရေး စီးပွားရေးအကြောင်း အားလုံးလာခဲ့။ ဒါပေမဲ့ညက အိပ်မက်ထဲမှာ ကိုယ့်ကိုကိုပြန်တွေ့လိုက်ရမှ ဘာမှမသိတဲ့ ငတုံး တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတယ်။ ဟုတ်တယ်။ နေဝန်းနီ ဘာမှမဟုတ်ရှာပါဘူး။ သူသိတာလေးက သူအရက်သမားဖြစ်တုန်းက လူပေါ်လူဇော်လုပ်နိုင်ဖို့ စကားနဲ့အရက်မူးမူး အနိုင်ယူနိုင်ဖို့လောက်လေ့လာထားတာ။ ခုချိန်မှာ ဘာလေ့လာဖြစ်သလဲ။ သူ့ကိုယ်သူတောင် ကောင်းကောင်းမသိတဲ့ငကြောင်တစ်ကောင်။ ဘာသာရေး နဲ့ ဟိုပြောဒီပြောပြောလားပြောခဲ့။ ” မင်းပြောနေတာဘယ်သူကဂရုစိုက်နေမှာတုန်းတဲ့ သူ့သသနာအဖွဲ့အစည်း သူ့ဝိနည်းနဲ့သူရှိပြီးသား မင်းကအချာင် ငရဲဝင်ယူနေတာလားတဲ့” အိပ်မက်ထဲမှာအပြောခံလိုက်ရတာပြောပါတယ်။ ဟုတ်သားပဲ နော့ သူ့လမ်းစဉ်နဲ့သူ သွားနေကြတာ ။ လူမှုရေး မှာကော နိုင်ငံရေးကကော ဘာထူးလဲ။ ကိုယ့်မှာပြုပြင်နိုင်တဲ့အာဏာ ရှိလို့လား။ ရှိတော့ကော ပြုပြင်နိုင်မှာလား ။ သန်းခြောက်ဆယ်နဲ့တစ်ယောက် ။ ဟိုလူက ဟိုလိုပြော ” အား ဟုတ်တယ် ဟိုလိုဖြစ်သင့်တာပေါ့။” ဒီလူကဒီလိုလာပြော” ဟာ .. ဒါလည်းမှန်တယ်။ ” နဲ့ အများယောင်သမျှ ပြောသမျှ ခေါင်းညိမ့် ခေါင်းခါ လုပ်နေရတာ ဇက်တွေလည်းညောင်းပေါ့။ ဖြစ်သင့်တာမို့လို့သာ ဖြစ်နေတာလို့တွေး စိတ်တွေ လျော့ထားလိုက် အဆင်ပြေသွားလိမ့်မယ်တဲ့။အိပ်မက်ထဲမှာနေဝန်းနီကို နေဝန်းနီက ပြောလိုက်တဲ့စကား အရေမရ အဖတ်မရ အချိန်ကုန်မနေစမ်းပါနဲ့ ကိုယ့်ဖာသာ ကဗျာလေးပဲအေားအေားဆေးဆေး ရေးစမ်းပါတဲ့။ မင်းဟာက အများပြောသမျှ လက်ခံ ပြန်ပြောနဲ့ အများယောင်လို့သာ လိုက်ယောင်နေတာ ငါါအသိဆုံး မင်းကိုယ်မင်းတောင်မှန်းမြောက်မှန်း မသိတဲ့ကလေးလိုလုပ်မနေနဲ့တဲ့လေ။ အိပ်မက်ထဲမှာ ကိုယ့်ဖာ သာ ပြန်ဆုံးမလိုက်တဲ့စကား ။ အိပ်မက်ကလန့်နိုးလာတဲ့ အခါ ဆောင်းတွင်းကြီးကိုချွေး တွေပြန်လို့ အဲဒိအခါကျမှ သတိရတယ် အိပ်ယာဝင် သွားမတိုက်ရသေးတာကိုလေ……။ ကိုယ့်ဖာသာ ရှက်ရှက်နဲ့ပဲ အောက်ဆင်း သွားတိုက်ပြီး ပြန်အိပ်လိုက်ရတော့တယ်။

12 comments

  • naywoonni

    January 21, 2011 at 2:48 pm

    ညက အိပ်မက်ထဲ မှာ နေဝန်းနီ နှစ်ယောက်ဖြစ်နေတယ် ။ ဟီးးး မင်းသားကြီး ဝင်းဦး ရဲ့ ဆောင်းအိပ်မက်ဇာတ်ကားထဲကလိုပဲ ရုပ်ရှင်ထဲကလိုပဲ သူတို့ချင်း အချီအချ ပြောနေကြတာ မှတ်မိသလောက် ပြန်ရေးကြည့်တာ

  • ဆူး

    January 21, 2011 at 3:03 pm

    နှစ်ယောက် ဖြစ်နေတာ တယောက်က လူဆိုး တယောက်က လူကောင်း ရုပ်ရှင်ထဲမှာ လိုပေါ့.. လူဆိုးက မြှောက်ပေး လူကောင်း က တားမြစ် (မကောင်းတဲ့ ကိစ္စကို ပြောပါတယ်)
    ကဗျာ ရေးတာလည်း ကဗျာ ရေးတာပေါ့.. တရား ဘာဝနာ လည်း အားထုတ်ဖို့ မမေ့နဲ့နော်။ တရားမေ့လို့ သတိလက်လွတ် လူဆိုး လက်ဦးသွားမှာ စိုးလို့ သတိပေးတာ။

  • naywoonni

    January 21, 2011 at 3:09 pm

    တစ်ချို့က အိပ်မက်ိကို စာပြန်ရေးရင် ကမ္ဘာကျော်တယ်ဆိုလို့ လုပ်ကြည့်တာ “ရတနာ ကွန်း” ဆိုလား အဲဒိ စာအုပ် ဟာ အိပ်မက်ထဲက ဇာတ်လမ်း ကိုပြန်ရေးတယ်လို့ပြောတာပဲ ဒါတောင်တစဝက်ပဲ မက်ရသေးတာဆိုပဲ

  • ဆူး

    January 21, 2011 at 3:33 pm

    အဘနီ ကော အိပ်မက် ဘယ်လောက် မက် အုန်းမှာလဲ ဆူး လို အပိုင်း ခွဲပြီး စာရေးသလို အိပ်မက်ကို အပိုင်းခွဲပြီး မက်ပေါ့။

  • kopauk mandalay

    January 21, 2011 at 3:48 pm

    ဟိုလူပြောလဲမှန်
    ဒီလူပြောလဲမှန်
    ကိုယ်ပြောတာလဲမှန်
    ဒါကို မမှန်ဘူးပြောရင်
    လာပြောတဲ့လူမမှန်လို့ဘဲမှတ်လိုက်ပေါ့။

  • char too lan

    January 22, 2011 at 6:43 am

    သူများယောင်လို့ လိုက်မယောင်တော့ဘူး အဘနီလိုအိမ်မက်တွေမက်ပီး အိပ်ရေးတွေပျက်လိမ့်မယ် ငြိမ်နေမှ 🙂

  • meelay

    January 22, 2011 at 10:41 am

    သူများယောင်တိုင်း လိုက်ယောင်တာ အကျင့်ပါနေလို့ပါ ဦးနီရယ် … 🙂

  • naywoonni

    January 22, 2011 at 11:27 am

    အကျင့်ပါနေရင်လည်း သေသေချာချာသိအောင် လုပ်ပြီးမှ ယောင်သင့်တယ်ထင်တယ်မီးငယ်ရေ ….ကိုယ်တွေးမိတာပြောတာနော် ဘယ်သူမှ ဘာမှ မပြောပါဘူး

  • windtalker

    November 5, 2011 at 9:14 pm

    ဒါနဲ ့တစ်ရေးနိုး တစ်ခါမော့ ပြီး ပြန်အိပ် ၊ မနက်ည တော့ ရှယ်ကဗျာ တစ်ပုဒ် ရပါလေရော

  • ပေါက်ဖော်

    November 5, 2011 at 9:35 pm

    ဦးနီရေ..
    ကျနော်လဲ တူတူပါပဲ….
    အဖော်ရှိတယ်လို ့မှတ်
    အဟက်ဟက်
    😆

  • TTNU

    November 5, 2011 at 9:54 pm

    နေဝန်းတော့ နေဝန်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေဝန်းနီ………..

    ဆရာနေဝန်းနီ
    ကိုယ်တိုင်တင်ထားတဲ့ စာသားနဲ့
    သူများယောင်လို့သာ လိုက်ယောင်ရတယ် မောင်နီတောင်မှန်းမြောက်မှန်းမသိ ဆိုတဲ့ Post နဲ့
    မလိုက်ဘူးဆရာရေ။

    နေဝန်းနီဆိုတာ သူများယောင်တိုင်းလိုက်မယောင်ဘဲ ကိုယ်ပိုင်လမ်းနဲ့ သွားသူပါ။
    မေတ္တာဖြင့် အားပေးသဖြင့် စိတ်မဆိုးပါနှင့်။

  • naywoonni

    November 5, 2011 at 10:33 pm

    တစ်ခါတစ်လေ ကျတော့လည်း ယောယောင်ပါပါသွားတယ် ဆရာမရေ….။ မနဲကြံ့ကြံ့ ခံပြီး ကိုယ်ပိုင် လမ်းကို ကာကွယ်နေရတယ်…။

Leave a Reply