ဆရာတော်ဦးဂမီ္ဘရ
ဤဆောင်းပါးလေးကို လင်းယုန်မဂ္ဂဇင်း၌ဖက်မိ၍ မြန်မာပြည်၌ ထိုသို့သော အာဇာနည်ရဟန်းတော်များရှိသေးကြောင်းကို သိရှိစေရန်ရည်ရွယ်၍ရေးသားလိုက်ပါတယ်။
”ကျုပ်တို့ဘုန်းကြီးဆိုတာက လူတွေလို ဇနီးမယား၊စည်းစိမ်ဥစ္စာတွယ်တာစရာတွေ ဘာမှရှိတာ မဟုတ်ဘူး။ကျုပ်တို့ လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊လူတွေအတွက်ဗျ၊သာသနာပြုနိုင်ဖို့ဆိုတာကလည်း လူတွေရဲ့စားဝတ်နေရေး၊လူမူရေး၊မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ဘာသံယောဇဉ်မှမရှိတဲ့ ကျုပ်တို့တွေက လူတွေရဲ့အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ဒီအလုပ်တွေကို လုပ်ကတည်းက ဘဝတွေ၊အသက်တွေ ရင်းထားရတာ၊အဖမ်းခံရမှာနဲ့သေမှာနှစ်မျိုးပဲရှိတယ်”
လူအမည် ညီညီလွင်၊ရဟန်းဘွဲ့ အမည်ဦးစန္ဒောဘာသ ဟာစက်တင်ဘာရွှေဝါရောင်တော်လှန်ရေးရဲ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး ဦးဂမိ္ဘရရယ်လို့ထင်ရှားလူသိများခဲ့ပါတယ်။ဆရာတော်ရဲ့ထူးချားချက်ကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ မွေးနေ့မွေးရက်တူနေတာပါပဲ ဖြစ်ပါတယ်။ဆရာတော်ကို ၁၉၇၉ ခုနှစ်၊ဇွန်လ ၁၉ ရက်၊အင်္ဂါနေ့မှာ ဦးမင်းလွင်၊ဒေါ်ရေးတို့က မကွေးတိုင်း၊ပေါက်မြို့နယ်၊ကိုင်းလယ်ကျေးရွာမှာမွေးဖွားခဲ့ပါတယ်။မွေးချင်း(၇)ယောက်ရှိတဲ့ အနက် ဆရာတော်က(၅)ယောက်မြောက်ဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ စစ်မူထမ်းတစ်ယောက်ဖြစ်ပါတယ်။မဟုတ်မခံစိတ်ရှိပြီးအများအတွက် အနစ်နာခံလိုစိတ်ရှိသူဖြစ်လေတော့ အထက်အရာရှိများနဲ့ အဆင်မပြေဖြစ်ပြီးတပ်က ထွက်လိုက်ရပါတယ်။၁၉၉၈-ခုနှစ် အရေးအခင်းဖြစ်တဲ့အခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။နောက်တော့ NLD အဖွဲ့ဝင်ဖြစ်လာတယ်။တစ်သီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာလူထုရဲ့ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။မိခင်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။
ဆရာတော် အသက်(၅) နှစ်အရွယ်မှာ ပေါက်မြို့၊အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်း ကျောင်းမှာစတင်ပညာသင်ယူခဲ့ပါတယ်၊သူငယ်တန်းကလေးတန်းအထိ အတန်းစဉ်ပထမရဃဲ့အါတယ်။၁၉၈၈ ခုနှစ်မှာကျောင်းတွေ(၂)နှစ်လောက်ပိတ်လိုက်တော့စိတ်လေခဲ့ပါတယ်။အသက်(၁၂) အရွယ် ၅ တန်းကျောင်းသားဘဝမှာ ကလေးစစ်သားဖြစ်ခဲ့ရပါတယ်။မိဘတွေက စိတ်ပူပြီး အပူတပြင်းရှာဖွေတဲ့အခါ ရန်ကုန်စစ်ဌာနတစ်ခုမှာလို့ စုံစမ်းသိရှိရတဲ့အတွက်လိုက်ပြီးကယ်ထုတ်ခဲ့ရပါတယ်။ဒီကိစ္စကို အာဏာပိုင်တွေက ပေါက်မြို့ အထိလိုက်လာပြီးစုံစမ်းပြန်ပါတယ်။သားဖြစ်သူကိုတွေ့သွားရင် ်အဖမ်းခံရမလား၊အသက်မပြည့်ဘဲ စစ်မူtထမ်းဖို့ပြန်ခေါ်သွားမလားဟုစိုးရိမ်စရာရှိတာမို့ ပေါက်မြို့၊လေသာတောင်ကျောင်းတိုက်မှာ ရှင်သာမဏေပြုပေးခဲ့ပါတယ်။အဲဒီနောက် ရန်ကုန် အင်းစိန်ရွာမကျောင်းတိုက်သို့ ပို့ဆောင်ပေးပြီး၊သာသနဘောင်မှာပျော်ပိုက်ပြီးပရိယတိ္တစာပေတွေလေ့လာခဲ့ပါတယ်။မူလန်း၊အလယ်တန်း၊အကြီးတန်း၊အစိုးရစာမေးပွဲတွေနဲ့နိကာယ်လေးကျမ်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။သီတင်းသုံးနေထိုင်ခဲ့တဲ့ကျောင်းတွေကတော့ အင်းစိန်ရွာမ၊ထောက်ကြံ့တောရ၊သဒ္ဓမ္မဝံသ အလုံကျောင်းတိုက်၊ပခုက္ကူကျောင်းအရှ့တိုက်၊အလယ်တိုက်၊မန္တလေးမစိုးရိမ်တိုက်တို့ဖြစ်ပါတယ်။အသက်(၂၀) အရွယ်မှာ လှည်းကူးမြို့က ရဟန်းဒယကာ ဦးသိန်းဦးတို့ ဇနီးမောင်နှံနဲ့အတူမိသားစု ရဟန်းခံပေးခဲ့ပါတယ်။စာဝါလိုက်နေစဉ်အတွင်းကရင်ပြည်နယ် မြိုင်ကြီးငူမှာ ၅ နှစ်လောက်ဗုဒ္ဓာဘာသာပြန့်ပွားရေးအတွက်သာသနာပြုခဲ့ပါတယ်။
ထောက်ကြံ့တောရမှာနေတော့ ကျောင်းထိုင်ဘုန်းကြီးရဲံချစ်ခင်မူကိုခံခဲ့ရပြီး စာချဘုန်းကြီးအဖြစ်သို့တာဝန်ပေးခြင်းခံရပါတယ်။ရခိုင်ပြည်နယ်ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း ကျောင်းထိုင်ဘုန်းကြီးအဖြစ်ပင့်ဖိတ်တာခံရပါတယ်။ဒါပေမယ့် ဓမ္မာစရိယ တန်းပြီးရင် သာသနာပြုတက္ကသိုလ်တက်ဖို့ ရည်ရွယ်ချက်ရှိတာကြောင့်ကျောင်းထိုင်ဘုန်းမလုပ်ခဲ့ပါဘူး။သာသမပြုတက္ကသိုလ်က ဘွဲ့ရပြီးလျှင် အိနိ္ဒယနှိင်ငံမှာပညာသင်ကြားပြီး နိုင်င်တကာသာသနာပြုဓမ္မကထိက အဖြစ် ရှင်သန်သွားရန်အတွက်ရည်ရွယ်ထားပါတယ်။
ဆရာတော်ဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်အထူးချစ်ခင်သူ၊အမှန်တရားကိုမြတ်နှိးပြီးလွတ်လပ်မူကိုခုံမင်သူ၊ဖိနှိပ်စိုးမိုးအနိုင်ကျင့်မူတွေကိုစက်ဆုပ်သူဖြစ်ပါတယ်။စာပေကိုမြတ်နိုးသူလည်းဖြစ်ပါတယ်။သူနေထိုင်ရာပေါက်မြို့မှာစာကြည့်တိ့က်တစ်ခုကိုထူထောင်ခဲ့ပါတယ်။ဇီဝိတဒါန သွေးလှူခြင်းအမူကိုလည်း နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ပါတယ်။အချိန်ရရင်ရသလို အင်္ဂလိပ်စာနဲ့ကွန်ပျူတာပညာတို့ကိုလေ့လာလိုက်စားခဲ့ပါတယ်။နိုင်ငံရေးသိပ္ပံ၊ရသစာပေ၊ကဗျာ၊တို့ကိုလိုက်စားခဲ့ပါတယ်။ဘာသာရေးဆောင်းပါးများ၊ဝထ္ထု၊ကဗျာတွေလည်းရေးသားခဲ့ပါတယ်။
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ် ၂၀၀၅ ခုနှစ်မှာ ပြည်သူတွေစားဝတ်နေရေး၊ပညာရေး၊ဘာသာရေးနိမ့်ကျနေတာတွေကို လျစ်လျူမရက်တော့ဘဲ သံဃထုအတွင်းစည်းရုံးမူတွေစလုပ်ခဲ့ပါတယ်။ဆရာတော်ရဲ့မအိပ်မနေလူပ်ရှားမူတွေကတော့ အံ့မခန်းပါပဲ။ဒါကြောင့်လည်း တစ်နိုင်ငံလုံးက သံဃာတော်တွေအားလုံးနဲ့ပေါင်းစည်းလက်တွဲ နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ၂၀၀ရ ခုနှစ် စက်တင်ဘာအရေးတော်ပုံကြီးအောင်မြင်စွာနဲ့ပေါ်ပေါက်လာပါတယ်။ဒါပေမယ့် အာဏာရှင်တွေက သံဃာတော်အရှင်သူမြတ်တွေ၊ပြည်သူတွေ၊ကျောင်းသားလူငယ်တွေအပေါ် ရက်ရက်စက်စက်ချေမူန်းသတ်ဖြတ်ပါတယ်၊ဆရာတော်ဟာ ဒီအဖြစ်ဆိုးကြီးကြောင့် စိတ်ဖိစီးမူဖြစ်ခဲ့ပြီး ကျမ်းမာရေးထိခိုက်လာခဲ့ပါတယ်။ရှောင်တိမ်းပုန်းအောင်းနေရင်းက အရေးတော်ပုံ အရှိန်အဟုန်ကျမသွားရေးဆက်လက် ထိန်းသိမ်းသယ်ပိုးနေခဲ့ပါတယ်။မိတ်ဆွေ အသိုင်းအဝိုင်းများက သူ့ရဲ့လွတ်မြောက်ရေးအတွက် ပြည်ပသို့ထွက်ခွါသွားရန်တိုက်တွန်းပြော်ဆိုပေမယ့်လည်း ”တိုက်ပွဲ မအောင်မမြင်မချင်းကြည်ပသို့ ထွက်ခွါမသွားကြေး” ဆိုပြီးတိုက်ပွဲဝင်ရဲဘော်များကြားထားရှိတဲ့ ကတိသစ္စာကိုသစ္စာရှိစွာစောင့်ထိန်းခဲ့ပါတယ်။
နောက်ပိုင်းမှာ အာဏာပိုင်တွေကပိုက်စိတ်တိုက်ရှာဖွေခဲ့လို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဆရာတော်ပုန်းအောင်းနေတဲ့စဥ့်ကိုင်နယ်ထဲမှာ အဖမ်းခံလိုက်ရပြီး၊အမူ ၁၆ မူဖွင်ုပြီးရုံးတင်ခဲ့ပါတယ်။၂၀၀ရ ခုနှစ်မှာ အမူ ၃ မူနဲ့ ၁၂နှစ်အမိန်ု့ချပြီး အင်းစိန်ထောင်ပို့ခဲ့ပါတယ်။အင်းစိန်ထောင်မှာ ဦးနှောက်နဲ့အာရုံကြော်အခြေအနေဆိုးဆိုးဝါးဝါးခံစားလာရပါတယ်။နိုဝင်ဘာလ (၂၁)မှာအမူ(၁၃)မူထပ်တိုးပြီး ၅၆ နှစ်ထပ်ပေါင်းကာ စစ်ကိုင်း ခနီ္တးအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၈ နှစ်ချခံရပါတယ်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်မှာ ဆန္ဒပြခဲ့တဲ့အတွက် ကလေးအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်ကြောင်းသိရပါတယ်။
အရှင်ဂမီ္ဘရဟာ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုများသမဂ္ဂ(အိနိ္ဒယ)ကချီးမြှင့်တဲ့ ဆရာတော် ဦးရေဝတအမှတ်တရငြိမ်းချမ်းရေးဆု ၊လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးကချီးမြှင်တဲ့ ”လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု ၂၀၀၈” တို့ကို ရရှိထားသူလည်းဖြစ်ပါတယ်။
မိမိတို့၏စိတ်ဓါတ်ခွန်အားများတိုးပွားကြပါစေ။
6 comments
bigcat
January 26, 2011 at 4:21 am
ကျေးဇူးပါ ဆရာဇော်။ နောင်လည်းအခုလို သူရဲကောင်းဖြစ်ပေမဲ့ လူသိမများတဲ့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းလေးတွေ သိချင်ပါတယ်။
zaw min
January 26, 2011 at 8:15 am
ကျွန်တော်ဆရာမဟုတ်ပါဘူး ကိုကြောင်ကြီး။စာလည်းမတတ်၊တတတ်ပဲရေးတတ်တာပါ။ဒါလည်း ..ကိုယ် ဖတ်ဖူးပြီး၊သိသလောက်လေးပဲ မသိသေးသောသူများအတွက် လက်ဆင့်ကမ်းပေးတာပါ။ကျွန်တော်တတ်နိုင်သလောက် သိတာလေးတွေကို လက်ဆင့်ကမ်းပေးပါ့မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
etone
January 26, 2011 at 10:12 am
စိတ်မကောင်းစရာပဲ ..။ ဒီလို ဆရာတော်တစ်ပါးကို ထောင်ဒဏ် 68 နှစ်ဆိုတာ မသေမချင်း ကျခံရမဲ့အနေထားပါ… ။ ဖတ်ရင်းနဲ့ ကြက်သီးထမိတဲ့အထိ စိတ်မကောင်းဖြစ်မိပါတယ် ။
ထောင်တွင်းမှာ ဘယ်လိုမှ သက်ဆုံးရှည်မှာ မဟုတ်တဲ့ အတွက် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ မစလို့ မြန်မာပြည်ကြီး အမိုက်မှောင်ကင်း ပါစေ ။ တရားမျှတပြီး အေးချမ်းသာယာ စည်ပင်ဝပြောတဲ့ တိုးတတ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ပါစေ ။ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ပါစေ ..။ နတ်ကောင်း ၊ နတ်မြတ်များ မျက်စိပိတ် မနေပဲ မကောင်းသူပယ် ၊ ကောင်းသူကယ်ပါတော့ ။
kai
January 26, 2011 at 6:17 pm
အဲဒီနတ်ကောင်းနတ်မြတ်တွေ လာဘ်စားပြီး ဘာမှမလုပ်တဲ့အတွက်.. လူတွေကိုယ်တိုင်ကိုယ်ကျ တဦးချင်းစီက .. လုပ်ကြမှဖြစ်မှာ..။
သိကြားမင်းဆိုတဲ့နတ်ကြီးလဲ..အသုံးမကျကြောင်း.. လူလိမ်..အဲ..နတ်လိမ်ကြီးဖြစ်ကြောင်း.. လွန်ခဲ့တဲ့နှစ်ရာချီကတည်းက.. ဦးပုညရေးခဲ့တယ်..။
သိကြားလိမ်
နန်းမေရုပြာသာဒ်၊
လမ်းဖြတ်တဲ့ ဣန္ဒာ၊
ကမ်းသတ်လို့ နှိမ်ရှာတယ်၊
အလိမ္မာလွန်သား၊
ထောက်လှမ်းချက် သုဓမ္မာဝယ်၊
ခုအခါ လစ်ကြသလား။
ဘုရားက သိကြားကို မှာတယ်၊
ဌကထာ ရှိသား၊
သာသနာ ငါထားငဲ့၊
မမှားအောင် စေ့ဆော်၊
မကောင်းသူ့ ကောင်းသူတို့ကို၊
ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။
ဝိမလနန်းသစ်ပေါ်မှာ၊
သန်းရှစ်ဖော် ရွေများနှင့်၊
ဘုရားကို နှစ်ရစ်လိမ်၊
ညစ်တဲ့မာဃိန်၊
ပစ်ရှာမယ့် ဝရဇိန်ငယ်၊
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။
စလေဦးပုည
etone
January 27, 2011 at 4:45 am
ကဗျာကောင်းလေး ပါပဲ ။ ကူးထားလိုက်ပါတယ် ..။
ဘုရားရှိခိုးတိုင်း တစ်ခု ပိုလုပ်မိတာက နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွတ်ဖို့ မေတ္တာသုတ် ရွတ်ပေးတာပါပဲ ။ လုပ်ပေးနိုင်တာက ဒါပဲ ရှိတယ်လေ.. ။ သံရုံးရှေ့ ဆန္ဒပြလို့လည်း ကိုယ်ကိုယ်တိုင်တောင်မကဘူး မိသားစုပါ မာလကီးယားဖြစ်သွားလိမ့်မယ် …။ စိတ်ကတော့ပြင်းသလားမမေးနဲ့ ဒင်းတို့ကို လုပ်ချင်နေတာကြာပြီ ။ မိသားစုကို ငဲ့နေရလို့ ..။
char too lan
January 27, 2011 at 9:40 am
ဆရာတော်ရေ……အားတင်းထားပါ ၆၈နှစ်အတွင်းမှာ ကောင်းသောအပြောင်းအလဲလေးတွေ ဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းနေပါတယ် သူတို့အသက်တွေနောက် ၆၈နှစ် ထပ်မရှည်လောက်တော့ပါဘူး 🙁