လောကကြီးကိုလည်း ချစ်တတ်အောင်သင်ပေးရအောင်
တစ်နေ.မရောက်တာ ကြာတဲ.သူငယ်ချင်းအိမ်ကို အလုပ်ပိတ်တဲ.တစ်နေ.မှာရောက်သွားပါတယ်။
သူ.အိမ်ဝင်းပေါက်ဝအရောက်မှာ. သူ.သားအလတ်ကောင်က ဆိုင်ကယ်နဲ.အပြင်ထွက်ဘို.အလုပ်ကျနော်နဲ.မျက်နှာချင်းဆိုင်တွေ.ကြပါတယ်။
သူက” လေးလေး”လို.တချက်သာခေါ်လိုက်ပြီး ဆိုင်ကယ်ကို ဝေါကနဲစီးလို.ထွက်သွားပါတယ်။
ခါတိုင်းဆိုဒီကလေးက အမြဲတမ်းပြုံးရွှင်နေတဲ.ကလေး တစ်ယောက်ပါ။
ကျနော်ရောက်လာပြီဆိုရင်လဲကျနော်အပေါ်ကိုဇွတ်တက်လို.သူသိချင်တာတွေကိုတတွတ်တွတ်မေးတတ်တဲ.ကလေးပါ။
ကျနော်.ကိုအတော်လဲခင်တွယ်တဲ.ကလေးက အခုလိုခပ်တည်တည်နဲ.ထွက်သွားတော.ရင်ထဲမှာတမျိုးကြီးတော.ဖြစ်သွားပါတယ်။
ဒါပေမဲ.လဲ လူပျိုပေါက်ဆိုတော. စိတ်ပြောင်းသွားတာဖြစ်မှာပါလို.ဘဲတွက်လို်က်ပါတယ်။ ဒါနဲ.အိမ်ပေါ်ရောက်တော.သူ.ကလေးတွေ စာကျက်နေတာကိုတွေ.ရပါတယ်။
ကလေးတွေက ကျနော်.ကိုမြင်တော. ” လေးလေး”ဆိုပြီးအားရဝမ်းသာနုတ်ဆက်လိုက်ပေမဲ.မျက်နှာတွေက စာအုပ်တွေပေါ်ပြန်ရောက်သွားပါတယ်။
ကျနော်က” ကလေးတွေကျောင်းပိတ်ရက်ကြီးကို တောင်စာကျက်ခိုင်းထားရသလား”လို.မေးလိုက်တော.
ကလေးတွေအမေက “နောက်တက်မဲ.အတန်းအတွက် ခုကတည်းက စလုပ်ခိုင်းထားတာ “လို.ဖြေပါတယ်။
သူ.ကဘဲဆက်ပြီး “ခင်ဗျား ကောင် ကိုထွေးလေး နဲ.တွေ.လိုက်သေးလား အခုတင်ထွက်သွားတာ “လို.မေးတော.
“တွေ.လိုက်ပါဗျား ဒါပေမဲ. ကြီးကောင်ဝင်သွားလို.လား မရောက်တာကြာလို.လားတော.မသိဘူး နည်းနည်းစိမ်းသွားသလိုဘဲ ”
လို.ပြောလိုက်တော. ပက်လက်ကုလားထို်င်ပေါ်မှာထိုင်နေတဲ.သူငယ်ချင်းက
“မဟုတ်ဘူးဟေ. မင်းကောင်က အရင်လိုမဟုတ်ဘူး ဂျစ်ကပ်ကပ် ထုံပေပေဖြစ်နေတာ ကြာပြီ “လို.ပြောပါတယ်။ကျနော်က “ဒီလောက်အေးတဲ.ကောင်က ဘယ်လိုဖြစ်သွားတာလဲ “လို.မေးလိုက်တော.” ဆယ်တန်းအောင်ပြီး အမှတ်စာရင်းတွေထွက်တော. သူ.အမှတ်ကဆေးကျောင်းမှီတယ် သူက ဝါသနာမပါတော.မတက်ချင်ဘူးသူ.အမေကလဲ ငါတို.အမျိုးထဲမှာ ဆရာဝန်တစ်ယောက်တော.ပါမှဖြစ်မယ် တက်ကိုတက်ရမယ်”ဆိုပြီးဇွတ်ကိုစီစဉ်တာပဲ။
အဲဒီမှာ မင်းကောင်ကလဲ”အမေတို.ပြောတဲ.အတိုင်းဆေးကျောင်းကိုတက်မယ် အမေဖြစ်ချင်တဲ.ဆရာဝန်လဲဖြစ်စေရမယ်”လို.ပြောပါတယ်။
ဒါပေမဲ.အဲဒီအချိန်က စပြီး မူန်တေတေ ဂျစ်သိုးသိုးနဲ. ဘာမှန်းကိုမသိပါဘူးကွာ”လို.အရှည်ကြီးပြောပါတယ်။
“ဒီနှစ်ကျောင်းပိတ်ရက် ခရီးမထွက်ဘူးလား “လို.မေးတော.
“ဘယ်မှမသွားဘူး နောက်နှစ်အတွက် ခုကတည်းကကြိုလုပ်မှတော်ကာကြမယ် “လို.ကလေးတွေအမေကပြောပါတယ်။
ကျနော်စိတ်ထဲမှာ သိပ်တော.ဘဝင်မကျပါဘူး တစ်ခုခုတော. လွဲနေသလိုခံစားရပါတယ်။
ကျနော်လဲသူတို.နဲ.စကားစမြည်ပြောပြီး ပြန်လာတဲ.လမ်းမှာသူ.တို.မိသားစုလေးအကြောင်းကို စဥ်းစားလာမိပါတယ်။
သူတို.လင်မယားနှစ်ယောက်လုံးက ကျွန်တော်နဲ.မန္တလေး တက္ကသိုလ်မှာ လေးနှစ်လုံးလုံးအတူတွဲခဲ.ကြသူတွေပါ။
တက္ကသိုလ်ကျောင်းသားဘဝတလျှောက်လုံးမှာ နှစ်ယောက်စလုံးက စာတော်သူစာရင်းဝင်သလို နှစ်စဉ်လဲ ဂုဏ်ထူးတွေတသီကြီးနဲ.အောင်ခဲ.သူတွေပါ။
ကျောင်းပြီးပြန်တော.လဲ မဟာဆက်တက်လို.တစ်ယောက်ကိုဘွဲ.နှစ်ခုရထားသူတွေပါ။
သူတို.နှစ်ယောက်လုံးက ကျွန်တော်နဲ.သူငယ်ချင်းသာဖြစ်ကြတာ အသွင်မတူပါဘူး။
နှစ်ယောက်လုံးကစာမှစာ စာကလွဲရင် ကျန်တာ ဘာမှစိတ်မဝင်စားပါ။
ကျွန်တော်ကတော.သူတို.နဲ.ပြောင်းပြန် စာတင်မကဘဲကျန်တာတွေကိုလည်းစိတ်ဝင်စားသူပါ။
သူတို.နှစ်ယောက်သမီးရီးစားဘဝကလဲ ကျွန်တော်.အမြင်အရ ပျင်းစရာကောင်းလိုက်တာမှလွန်ပါရောဗျာ။
အားတာနဲ.စာကြည်.တိုက်မှာ ခေါင်းမဖော်တမ်းစာကျက်နေကြတာပါ။
ကျွန်တော်.အနေနဲ.သူတို.နှစ်ယောက်မှာ သနားစရာကောင်းတယ်လို.ထင်ရတဲ.အချက်ကတော.သူတို.ငယ်စဉ်ကထဲက ဆရာဝန်ဖြစ်ချင်စိတ်အားကြီးတာပါ။
သူတို.တုန်းကလဲအသေအလဲကြိုးစားခဲ.ပေမဲ.ဖြစ်မလာခဲ.ဘူး။
သူတို.အတွေးမှားသွားတာကတော.ကံတရားကြောင်.ဖြစ်မလာတာကို သူတို.စာသေချာမလုပ်လို.မဖြစ်တာလို.ထင်ခဲ.တော. သူတို.အိပ်မက်တွေကိုသားသမီးတွေအလှည်.မှာ
ဇွတ်ကို အကောင်အထည်ဖော်ပါတော.တယ်။
ပထမသားအကြီးတုံးက သူတို.ထင်ထားသလိုဖြစ်မလာခဲ.ဘူး။
အဲဒီအခါမှာ အလတ်ကောင်ကိုထွေးလေးက ကံဆိုးသူဖြစ်သွားပါတယ်။
ကိုထွေးရှစ်တန်းစာမေးပွဲဖြေလဲ ပြီးရော အိမ်မှာ ဆရာခေါ်လို.ကိုးတန်းစာတွေကိုသင်ရပါတော.တယ်။
အဲဒီအချိန်က စလို.ကိုထွေးလေးမှာ သီချင်းနားမထောင်ရ ရုပ်ရှင်မကြည်.ရ ကာတွန်းမဖတ်ရ မကစားရ ဘယ်မှသွားရ ဆိုတဲ.ရပေါင်းများစွာရဲ.အောက်မှာ အကျဉ်းသားလိုဖြစ်သွားပါတယ်။
တစ်ခါတစ်လေ သူတို.အိမ်ကိုရောက်သွားရင်ကိုထွေးလေးက “သားစာအမြဲကျက်နေရတာ စိတ်ညစ်တယ် “လို.ကျနော်ကိုရင်ဖွင်.လေ.ရှိပါတယ်။
သူတို.မိဘကို ကလေးကို နည်းနည်းလောက်လွတ်လပ်ခွင်.ပေးဘို.အကြောင်းကိုစလိုက်ရင်” သူတို.ကောင်းစားဘို.ဇွတ်တွန်းနေရတာလေ”ဆိုတဲ.စကားအောက်မှာ ပြောစရာတွေပျောက်သွားပါတယ်။
ကလေးကတော. ဆယ်တန်းအောင်ရင်တော.သည်ဒုက္ခက လွတ်ပြီထင်ပေမဲ. ဆယ်တန်းအောင်လို.အမှတ်စာရင်းတွေရ ဝင်ခွင်.လဲလျှောက်ရရော
သူသွားချင်တာက အင်ဂျင်နီယာလိုင်း အမေတက်ခိုင်းတာက ဆရာဝန်လိုင်း ဆိုတော.ခက်ကုန်ပါရော။
သည်အချိန်မှာ ကလေးက လွတ်လမ်းမရှိသော အကျဉ်းသားဘဝကိုရောက်သွားသလိုပါဘဲ။
သည်အတိုင်းဆိုရင်တော.
နောက်ကျန်တဲ.ကလေးတွေအတွက်ကလည်းသိပ်တော.သက်သာမယ်မထင်ဘူး။
သူတို.ပုံသွင်းတဲ. အတိုင်း ကိုထွေးက ဖြစ်သွားတော. နောက်လူကိုလည်း သည်အတိုင်းဝင်အောင် ကိုထွေးတုံးကလို “ရ “ပေါင်းများစွာအောက်မှာ နေရအုံးမှာပါ။
ကလေးတွေသည် ခံစားတတ်သော လူသားများနဲ.မတူတော.ဘဲ စာကျက်နေတဲ.အရုပ်ကလေးတွေဖြစ်မှန်းမသိဖြစ်နေပါပြီ။
မြန်မာပြည်မှာ ကျွန်တော်သူငယ်ချင်းလို မိဘတွေကြောင်. ကိုထွေးလို ကလေးတွေဘယ်လောက်တောင်များနေပြီလဲ မသိပါဘူးဗျာ။
မိဘခြင်းအပြိုင်အဆိုင်တွေလုပ်ချင်ကြတာ ” ခုသားက ဆေးကျောင်းတက်နေတာလေ”တို. ” သမီးလေးက ဘယ်မှာတက်နေတာလေ”တို.ကို
တစ်ယောက်နဲ.တစ်ယောက် ကြွယ်ချင်တာကို ကလေးတွေက ကြားထဲကနေ အကောင်အထည်ဖော်ပေးကြရတာပါ။
“သူတို.ရှေ.ရေးအတွက် ခုကတည်းက လုပ်ခိုင်းနေရတာ”ဆိုတဲ.စေတနာ အကြောင်းပြစကားလုံးတွေအောက်မှာ အလူးအလဲခံရတော.တာပါဘဲ။
ကလေးတွေကလည်း ကြာလာတဲ.အခါမှာ ခံစားမူ.မဲ.လိုထုံပေပေလေးတွေဖြစ်ကုန်တာများပါတယ်။
ကျွန်တော်မိဘအပေါင်းကို တစ်ခုတော.တောင်းပန်ချင်ပါတယ်ဗျာ။
လောက ကြီးမှာ စာတစ်ခုထည်းတော်နေရုံ အမှတ်ကောင်းမှတက်လို.ရတဲ.ကျောင်းတွေကို တက်နေရုံနဲ.မပြည်.စုံပါဘူး။
သာယာတဲ.သဘာဝလောကကြီးက ပေးထားတဲ. အလှအပတွေကိုက စိတ်ကိုကြည်နူးစေ အေးမြစေသလို
ချိုမြသော သံစဉ်များနဲ.ဖွဲ.စည်းထားသော ဂီတသီချင်းများကလည်း စိတ်ကိုပျော်ရွင်စေနိုင်ပါတယ်။
အေးမြမှ စိတ်ကြည်သလို ပျော်ရွင်မှ တက်ကြွလာမယ်ဆိုတာကတော.ငြင်းမရပါဘူူးနော်။
ရုပ်ရှင်လို.အမည်တတ်ထားတဲ.လှူပ်နေတဲ.ပုံရိပ်ကလေးမှာ ပါသော ရယ်စရာတွေ လွမ်းစရာတွေ ကလည်းတင်းကျပ်နေသောစိတ်ကိုပြေလျော.စေသလို
ပုံနှိပ်ထားတဲ. ကာတွန်းကဗျာ ဝတ္တုဆောင်းပါးများကလည်း ကလေးကို အသိတရားတွေ စာနာမူ.တွေကို ပေးမှာ အသေအချာပါဘဲ။
အမြဲတင်းကျပ်နေသောစိတ်သာရှိနေမယ် သိတရားတွေလဲ ကင်းမဲ.နေမယ် စာကလွဲလို.ဘာမှမသိတော.တဲ.သူတစ်ယောက်ဟာ
လောကကိုဖြတ်သန်းလို.မရနိုင်သလို လဲ မှန်ကန်သောဆုံးဖြတ်ချက်ကိုလဲ ရနိုင်မယ်မထင်ပါဘူး။
ကလေးများ ပုံလောင်းရာမှာ ကလေးများသည် အိုးမဟုူတ်တဲ.အတွက်နာနာရိုက်စရာမလိုပါ။
ဖယောင်းမဟုတ်တဲ.အတွက် ကိုယ်လိုချင်တဲ.ပုံစံတွေကိုဘဲ ပုံမသွန်းစေလိုပါ။
ခံစားတတ်သော ဦးနှောက်နဲ.နှလုံးသားကို ပိုင်ဆို်င်သောလူသားဖြစ်တာကြောင်.လောကကြီးကိုချစ်တတ်အောင်လဲသင်ပေးပါ
စာတစ်ခုထဲသာမဟုတ်ဘဲ ကျန်တာတွေကိုလဲမျှတစွာ သင်ယူခွင်.ပေးပါ လို……………..