ေၾကးမံုJanuary 22, 20111min2215

ကျမရဲ ့ ထိုက်သင့်တဲ့ စာတွေ့ လေ့လာမှု၊ကိုယ်ပိုင်ဘဝအတွေ့ အကြုံ၊များ မှ့ ညှိနှိုင်းထွက်ပေါ်လာတဲ့

ကိုယ်ပိုင် အတွေးအခေါ် ခံယူချက်များကိုအခြေခံပြီး ဒီ forum ကို ရေးသားခြင်းဖြစ်ပါတယ်။

အရင်ဆုံး ကျမတို့ ချစ်တဲ့ အမိမြန်မာပြည်ကြီးအကြောင်းကို အကြမ်းဖျင်း လေ့လာကြည့် ကြပါစို့။

အရှေ ့ တောင် အာရှ မှာ အကြီးဆုံး နိုင်ငံတစ်ခု့ဖြစ်တယ်။

မြောက်ဘက်မှာ အမြင့်ဆုံး ခါကာဘိုရာဇီ (၅၈၀ဝ မီတာ ကျော် ) ရေခဲတောင်ကြီး၊နဲ့ တောင်စဉ်တောင်တန်းတွေ၊ ၊

ကျွန်းစိုက်ခင်း၊ကျွန်းတောများနဲ့ အတ ူ မေခ၊မေလိခမြစ် ။ ဧရာဝတီမြစ်ဖျားပိုင်း သဘာဝအလှတရားများ၊

ကျေက်စိမ်း၊နီလာ၊ပတမြား၊ရောင်စုံ ကျောက်မျက် ရတနာ အဖိုးတန်တွင်းများ။

် ဧရာဝတီလင်းပိုင်းတွေရဲ ့ အကူအညီနဲ့ ငါးမျှှားနေတဲ့ တံငါရွာတွေ။

အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ချင်းတောင်တန်းတွေ၊

ရခိုင်ရိုးမတောကြီးနဲ့အတူ ၊ကမ်းရိုးတန်းဒေသ၊

ငပလီ ကမ်းခြေရဲ ့ သဘာဝအလှတရားဟာ အင်ဒိုနီးရှား ဘာလီကျွန်းကိုအမှီလိုက်နိုင်ပါတယ်။

မြောက်ဦးမြို ့ ဟောင်းရဲ ့ ( ၁၆-၁၇-၁၈ ရာစု ) ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စေတီပုထိုးများဟာလဲ

ရခိုင်ယဉ်ကျေးမှုကို ဖော်ပြနေပါတယ၊်

အရှေ ့ဘက်ကို တစ်ချက်လောက်ငဲ့ကြည့် ရင် ရှမ်းကုန်းမြေမြင့်တောင်စဉ်တောင်တန်းများ

၊ကျွန်း၊သစ်မာ၊ ဝါးမျိုးစုံ၊နဲ့အတူ

သံလွင် ရယ် မင်းလဲတို့တွေကို အကျိုးပြု နေဆဲဘဲလေ။

သဘာဝအင်းလေးကန်ကြီးရဲ ့ အလှနဲ့ တန်ဖိုးကို အင်းသားတွေကပိုပြီးသိပါတယ်။

ပင်းတယဂူ၊မြင်းမထီဂူ၊ပြဒါးလင်းဂူ၊ထံမဆန်ဂူ။စတဲ့ သဘာဝထုံးကျောက်လှိုင်ဂူတွေ၊

ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊ဂျင်း၊နနွင်း ၊ကြက်သွန်ဖြူ ၊ ဂျုးမြစ်၊ဂေါ်ရခါးသီး။

အာလူး၊ပန်းနှမ်း၊သနပ်ဖက်၊လက်ဖက် စတဲ့ တစ်နှစ်ပတ်လုံးစိုက်ခင်းများ၊

လိမ်မော်သီး၊ထောပတ်သီး၊သစ်တောသီး၊စတဲ့ အသီးအနှံစိုက်ခင်းတွေ၊

အလယ်ပိုင်းမြေနိမ့်လွင်ပြင်ကိုကြည့်ပြန်တော့လဲ

ငရုတ်၊ကြက်သွန်၊နှမ်း၊မြေပဲ၊ဝါဂွမ်း၊ပဲမျိုးစုံ၊ဆေးရွက်ကြီး၊

နေကြာ၊ပြောင်း၊ထန်းတောကြီးများနဲ့ ပုပါးမီးငြီမ်းတောင်၊

Cambodia အန်ကောဝပ် ကျောင်းကြီးနဲ့ ခေတ်ပြိုင် ဗိသုကာပညာရှင်များလက်ဖျားခါ ချီးမွမ်း နေရတဲ့

၄၂ ကီလိုမီတာ အကျယ်အဝန်းရှိတဲ့ မြေပေါ်က (၁၁-၁၃ ရာစု့ ) ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စေတီပုထိုးများနဲ့

သရပါတံခါး၊အုတ်မြို ့ရိုး အတိအကျရှိခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး။

ပုံတောင်ပုံညာဒေသ ၊

မန်းတောင်ရိပ်နဲ့ အတူ ထင်ထင်ရှားရှားရှိနေတဲ့ 19 ရာစု ကတည်ဆောက်ခဲ့ တဲ့ မန္တလေးရ တနာပုံ ( မြို့ရိုး နဲ့ ကျုံး )

ပန်းပုအနုပညာစုံတဲ့ ရွှေနန်းတော်ကျောင်း၊

ကမာ္ဘ အကြီးဆုံးစာအုပ်ကြီးလို့ တင်စားရတဲ့ ကုသိုလ်တော်ဘုရား၊

ရွှေအလေးချိန်တန်ချိန်များစွာရှိတဲ့ မဟာမြတ်မုနိဘုရား၊

၁၈၀၈ ခုနှစ်က အလေးချိန် တန် ၉ဝ ရှိတဲ့ မင်းကွန်း ခေါင်းလောင်းကြီး နဲ့ စေတီပုထိုးတွေ၊

အမရပူရ တောင်သမန်းအင်း နဲ့ ဦးပိန်တံတား၊

(၁၆-၁၈ ရာစု ) အင်းဝမြို ့ ဟောင်း နဲ့ စေတီပုထိုး ဘုရားကျောင်းကန်တွေ၊

ချန်လှပ်ထားခဲ့လို့ မရတဲ့ စစ်ကိုင်းတောင်ရိုးနဲ့ စေတီပုထိုး ဘုရားကျောင်းကန်တွေ၊

ချင်းတွင်း အစထား လို့ ဧရာဝတီ ရဲ ့ မြစ်လက်တက် နဲ့မြစ်ခွဲပေါင်းများစွာ။

သရေခေတ္တရာမြို ့ ဟောင်း ရှေးဟောင်း ပျု လူမျိုး နဲ့ ပျု ယဉ်ကျေးမှု၊

တင့်တယ်ရှုမော်ဖွယ်ကောင်းလှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊

ဝိတိုရီယဘုရင်မ လက်ထက် စစ်ကြိုခေတ် ကိုလိုနီခေတ်အဆောက်အအုံ များစွာကျန်ရှိနေသေးတဲ့ ၊

ပင်လယ်ထွက်ပေါက်တစ်ခု့ဖြစ်တဲ့ ရန်ကုန်၊

အမိတိုင်းပြည်စပါးကျီလို့ တင်စားနိုင်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊

ငွေဆောင် နဲ့ ချောင်းသားကမ်းခြေသဘာဝအလှတရားများစွာ၊

စစ်တောင်းမြစ်ဝှမ်းဒေသ၊ရွှေဖြူလို့တင်စားတဲ့ ရော်ဘာခြံတွေ၊

ထူးဆန်းဖွယ် ကျိုက်ထီးရိုးဘုရား၊နဲ့ မွန်တို့ ဌာနီ ၊

ဇွဲကပင် နဲ့ ၊မုတ္တမ ပင်လယ်

ရေနံ နဲ့ သဘာဝ ဓတ်ငွေ့ တွေ၊

ပင်လယ်ဂျစ်ပစီလို့ ခေါ်နိုင်တဲ့ ဆလုံလူမျိုးစု့ ၊ ငှက်သိုက်၊ မုတ်ကောင်တို့ရဲ့မျက်ရည်ပုလဲသွယ်၊

ပင်လယ်ကမ်းရိုးတန်း အရှည် ၂၈၀ဝ ကီလိုမီတာ ကျော် နဲ့ ကျွန်းစု့လေးပေါင်းများစွာ၊

ရွှေကြောကြီးတွေလဲတစ်ချိုးနေရာမှာရှိသေးတယ်ဆိုဘဲ။

ယူရေနီယံ လဲတွေ့ နေပြီဆိုလား။

မြန်မာပြည်ရယ် ရှင့်ကို ဘယ်နေရာကကြည့်ကြည့်

သဘာဝသံယံဇာတများစုံလင်လို့ အရိုင်းဆန်စွာ တကယ်လှပ တယ်နော်၊၊

ဒီလိုသိပ်လှပလွန်း တဲ့ အမိမြန်မာပြည်ကြီးကို အားလုံးမြတ်နိုးချစ်ခင်တန်ဖိုးထားလိမ့်မယ်လို့

ကျမကတော့ ယုံကြည်တယ်၊

ဆယ်ကျော်သက်လူငယ်များဟာပညာရှာ ၊ စိတ်ကိုခွန်အားဖြည့် အဟာရကျွေး၊ ခေတ်ကိုစိုးမိုးနေကြသူများဖြစ်တယ်။

သူတို့တွေ လက်တဲမှာ တိုင်းပြည်ရဲ ့ အနာဂတ် / idea ကောင်းတွေ။

အကောင်းအဆိုး။အကျိုးအပြစ် တွေ။ ကို ခွဲခြား စိတ်ဖြာဝေဖန်နိုင်စွမ်းတွေ ရှိ ရ မယ်။ ရှိ လိမ့်မယ်။

သင့် ရဲ ့ သိပ်ပြီးလှပတဲ့ တိုင်းပြည်၊ ယဉ်ကျေးဖော်ရွေပျုဌာတဲ့ လူမျိုး ကို တကယ်ချစ်တယ်ဆိုရင် ၊

အမိမြန်မာပြည်ကြီးနဲ့ အမိမြန်မာနိုင်ငံသားတွေ ကမ္ဘာ နဲ့ တကယ်ရင် ဘောင်တန်းချင်တယ်ဆိုရင်၊

အသိမှန် ၊အတွေးမှန်၊အမြင်မှန် ၊ တွေရလာအောင်၊ လူတောတိုးလူရာတကယ်ဝင်လာအောင်

ကျမတို့အားလုံး ဘာတွေလုပ်သင့်သလဲ ။

တချို့ အကြောင်းအရာ တွေ ကို စာသင်ကျောင်း ၊ တက္ကသိုလ်၊ တွေမှာ မသင်ခဲ့ ရပါဘူး၊

ကျမတို့ အသေးအဖွဲ အခြေခံ အချက်လေးတွေ က အစစည်းမျဉ်းစည်းကမ်းတွေကို

လူတစ်ဦးခြင်းစီ လိုက်နာကြမယ် ဆိုရင်

ကျမတို့တွေမှာ အားနည်းချက်တွေရှိ့ ခဲ့ ရင်လဲ နောက်ကျတယ်မရှိ တဖြေးဖြေးနဲ့ ပြုပြင် သွားလို့ရ ပါတယ်မဟုတ်လား။

ကျမတို့ က နည်းပြ လမ်းပြ စနစ် ကောင်းပါမှ့ ကျမတို့ရဲ ့ မျိုး ဆက်သစ် (သားစဉ်မြေးဆက်။တီ။တွတ်။ကျွတ် )

တွေ က ကျမတို့ ကို အပြစ်တင်ခံရ နဲ နိုင် မယ်မဟုတ်လား။

လူတွေ ဟာ သဘာဝ တရား။စိတ်ဓာတ်။ ခံယူချက်။ဝါသနာ။ဗီဇ။တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြဘူးလေ။

မတူနိုင်တာကိုတော့ မညှို နှိုင်းလိုပေမဲ့ တစ်ချို ့ ကိတ်စ တွေ မှာ လူကောင်းဘဲဖြစ်ဖြစ်။လူဆိုးဘဲဖြစ်ဖြစ်။

လူတိုင်းလူတိုင်း။တပြေးညီထဲ လုပ်သင့်လုပ်ထိုက်တာ။ပြင်သင့်ပြင်ထိုက်တာ။

လွယ်လွယ်နဲ့ ပြင်လို့ ရ တဲ့ ကိတ်စ မျိုးတွေ ကိုတော့ ပြင်သင့်ပြီ။

မြန်မာရွှေ နိုင်ငံသားတွေ ရွှေ ရောင်အဆင်းနဲ့ အလှဝန်းစေဖို့

နိုင်ငံကြီးသားပီသသင့်ပြီလို့ ထင်ပါတယ်။

ကျမ ပထမဆုံးဆွေးနွေးချင်တဲ့ အချက်ကတော့

၁။ အမှိုက်များကို လက်လွတ်စပယ် နေရာတကာ လွှင့်ပစ်တာမျိုး။ ( လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ၊)

( အမှိုက် ( စက္ကူ တစ်ရှုး။ကြွတ်ကြွတ်အိတ်။ရေသန့်ဗူးခွံ။စားပြီးသားမုန့်အခွံ အစထားလို့ /

ကွမ်းတံတွေးထွေးတာ/ သလိပ်ဟပ်တာ/ ဆေးလိပ်တိုပစ်တာ ) အဆုံး။ လွယ်လွယ်ကူကူ ။

စည်းမရှိ။ကမ်းမရှိ လွှတ်ပစ်သင့်လား။ထွေးသင့် ပါသလား.။)

အမှိုက်ပုံးရှာပြီး အမှိုက်ပုံးထဲကို စနစ်တကျ တည့်တည့် မတ်မတ် မပစ်သင့်ဘူးလား။

ကွမ်းကြိ ုက်တတ်တဲ့လူကလဲ အမှိုက်ပုံးရှာထွေး။ဒါမှ့ မဟုတ်ကြွတ်ကြွတ်အိတ်ဆောင် ပြီးထွေး။

အမှိုက်ပုံးတွေ့မှ့ လွှင့်ပစ်တာမျိုး။

အဲ့ဒီ့ လို နေရာတကာမှာ ပြစ်ချင်သလို ပြစ်တဲ့ အကျင့်ဆိုးမျိုးကို

ဖျောက်ပြစ် ဖို့ ကောင်းနေပြီ လို့ ကျမကတော့ ယူဆတယ်။

စာဖတ်ပရိတ်သတ်ကြီးကော ဘယ်လိုယူဆပါသလဲ။ ဆွေးနွေးပေးစေချင်ပါတယ်။

ရှင်ကလျှာအလွန်ရှည်တာဘဲ။ဒါက စည်ပင်အလုပ်ဗျာ့.။

ကျွန်တော်တို့က စည်ပင်ကိုသန့်ရှင်းရေးခွန် ပေးထားပြီးသားလေ။

သူတို့ အချိန်မီသန့်ရှင်းရေးမလုပ်တာလေ။

ဒီနေရာမှာ ပြောချင်တာက စည်ပင်ကို ပိုက်ဆံပေးထားတာ ပဲ

သူတို့သိမ်းမှာ ပေါ့ဆိုတဲ့ အတွေးေ တွ ပြင်သင့်ပြီ။

စည်းကမ်းရှိရင် စည်ပင်လည်း အလုပ်ရှုပ်ခံပြီး အမှိုက်လိုက်သိမ် းမနေဘဲ

တခြားအရေးကြီးတဲ ့ ကိစ္စတွေ လုပ်ဆောင်နိုင်မ ယ်။

ဒီလိုမျိုးစည်ပင်ကို တွယ်ကပ်ပြီး မိမိ အမူအကျင့် ကိုမပြင်ဘဲနေမလား။

ဖြေးဖြေးခြင်းနဲ့ ပြင်သွားမလား။

မိမိတင်မကဘဲ မိမိနဲ့ ပတ်သက်ရာ ချစ်သူ.။ခင်သူ။တွယ်တာသူတွေ။မိသားစု့ ။ အိမ်နီးနားခြင်းကိုပါ စည်းရုံ့းပြီး

အမူအကျင့်တွေ ကို စတင် ပြင်သင့်ပြီလို့ မယူဆဘူးလားမေးချင်မိပါတယ်။

ဟုတ်ပြီ။ အမှိုက်ကို လက်လွတ်စပယ်ပြစ်တော့ ဘာတွေ အကျိုးဆက်ရလဲ။

မိမိပတ်ဝန်းကျင်မှာရွံရှာစရာ ကောင်းလှပါတယ်။

အစေ့ချတိုင်းအပင်ပေါက်တဲ့ အမိမြန်မာပြည် စိုက်ပျိုးရေး နိုင်ငံ အတွက်
ပလတ်စတစ် အိတ်တွေဟာ နှစ်ပေါင်းများစွာ မဆွေးမြေ ့ ဘဲ မြေဇီလွှာကို ပျက်ဆီးစေပါတယ်။

် နောင်လာနောင်သားတွေ က ကျမ တို့ သေပြီးသွားတဲ့ အချိန်မှာ ကျမ တို့ ရဲ ့ အုတ်ဂူ ကို

သေးနဲ့ လာပန်းနိုင်သလို ။ကျမတို့ ကို ကျိန်ဆဲ နိုင်သေးတယ်နော်။

ကျမတို့ ဘိုးဘွားဘီဘင် လက်ထက်က အင်ဖက်။ငှက်ပျော်ဖက်တွေ ကို သုံးခဲ့ တာ။

ဆွေးမြေ ့ လွယ်တာ။ မြို ့ နေ လူဦးရေ လဲ သိပ် မများသေးတာဆိုတော့ အမှိုက်ရဲ ့ Side Effectsက

မသိသာပေမဲ့ အခု့ ကတော့ အလွန် သိသာလာပါပြီ။

အမှိုက်တွေဆို့ လို့ ရေမြောင်းတွေ ပိတ်။ရေတွေ လျှံ။မြေကြွက်တွေ သောင်းကျန်း။ အနံ့ ဆိုးတွေ နဲ့ ။

ဆိုးကျိုး ဘဲရှိပြီးကောင်းကျိုးမရှိတာလေ။

တစ်ချို ့ ဆိုရင် စီးလာတော့ ကားအကောင်းစား သိန်းထောင်ချီတန် . ဖတ်ကနဲ လွှတ်ပစ်လိုက်တာများ

ကားနဲ့ မလိုက်ဖက်တဲ့ အမူအကျင့်။

ဂေါက်ကွင်းလို နေရာမျိုးမှာလဲ ရေသန်းဗူးခွံ တွေများ ပစ်ချထားလိုက်တာ မြက်ခင်းပေါ်အနှံ့

ဂေါက်ရိုက်လာတဲ့ လူတန်းစားနဲ့ မလိုက်ဖက်တဲ့ အမူအကျင့်။

ရန်ကုန်မြို ့ က တိုက်ခေါင်းမိုးတွေ ပေါ် / နောက်ဖေးလမ်းကြားတွေ/ အိမ်ရှေ ့ မျက်နှာစာတွေ မှာ

ဆိုရင်လဲ မြင်မကောင်းရှု မကောင်း ။ရန်ကုန်မြို ့ တင်မကဘူး။ နယ်တွေမှာလဲ ဆိုးဝါးတာပါဘဲ။

ဒါတွေ ဟာ လူ တစ်ဦးခြင်းစီ က ပြုပြင်ရမဲ့ အမူ အကျင့် တွေ လေ။

ဒီလို ပုံစံ မျိုးတွေ ဆက်လုပ် နေ မယ်ဆိုရင် နိုင်ငံတကာ နဲ့ ဘယ်လို ရင် ဘောင် တန်းမလဲ။

Zero quarter/miniskirt / နဲ့ ကိုရီးယားလှိုင်းလေးတွေကြားမှာ

ဂျင်းဘောင်းဘီ ၊ ဝတ်တတ်ယုံနဲ့ ခေတ်မီသွားပြီလို့ ထင်နေပါသလား။

နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ပြီလို့ ထင်မိပါသလား။

ကောင်းသော အမူ အကျင့် မှန် သမျှ ကို သင်ယူသင့် တယ်လို့ ယူဆခဲ့ ရင်

ဒီနေ့ ကစပြီး အိမ်မှာဘဲ အမှိုက်ပုံး ၂ ပုံး ( အိမ်ရှေ ့ ဧည့်ခန်းတစ်ခု့။ နောက်ဘေးမီးဖိုချေုာင် တစ်ခု့ )

အနဲဆုံး စပြီးထားလိုက်ကြပါတော့။

သန့်ရှင်းပါတယ်။စည်းကမ်းတင်းကြတ်ပါတယ်ဆိုတဲ့ Singapore လိုနိုင်ငံ မျိုးမှာတောင်

မြန်မာအများဆုံးလာတဲ့ ပင်နီဆူလာ ပလာဇာ ဟာ

အညစ်ပတ်ဆုံးလို့ ပြောလို့ ဝေဖန်လို့ ရတယ်ဆိုတာ Singapore ကို မစိမ်းတဲ့ သူ တိုင်း သိမှာ ပါနော်။

ကျမ တို့ ဟာ ( တတိယ ကမာ္ဘ ) မှာရောက် နေတယ်ဆိုပေမဲ့ ပုခုံးနှစ်ဘက်ကြားခေါင်းပေါက် ထမင်းစားနေကြတဲ့ လူတွေဖြစ် တယ်။

ကျမတို့ မြန်မာလူမျိုးဆိုတာလဲ ကူညီရိုင်းပင်းတတ်။ထောက်ထားညှာတာ။အားနာတတ်။

စေတနာထားတတ်တဲ့ မြန်မာယဉ်ကျေးမှု ကို အခြေခံပြီး ကြီးပြင်းလာကြတဲ့ သူတွေများကြတော့

လူ့ ယဉ်ကျေးမှု အခြေခံ ကောင်းပြီသားတွေ လို့ ပြောလို့ ရ ပါတယ်။

လိုအပ်နေတဲ့ အားနည်းချက် တစ်ချို ့ အခု့ က စပြီး ကြိုးစားပြင်ယူ လိုက်မယ်ဆိုရင်

မည်သူမဆို လွတ်လပ်စွာအားမနားတမ်းဝင်ရောက်ဆွေးနွေးကြပါလို့ ဒီဖိုရမ်က နေ ဖိတ်ခေါ်ပါတယ်။

နိုင်ငံခြားသားတွေ/ သူများတိုင်းပြည်တွေ ကို အထင်မကြီးပေမဲ့လဲ

နိုင်ငံကြီးသားတော့ ပီသချင်မိတာအမှန်ပါဘဲ။

တစ်ချို ့ အကြောင်းအရာတွေမှာ ကျမတစ်ယောက်ထဲ
နိုင်ငံကြီးသားပီသနေယုံနဲ့ မရဘူးလို့လဲ ယူဆမိတာကြောင့်
ဒီဖိုရမ်ကို စရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

လိုက်လုပ်ပါလို့တော့ မပြောလိုပေမဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့တော့ မြင်မိပါတယ်။

ကျမ ကိုယ်တိုင်လဲ ၁၉၉၆ မှ့ စလို့ နိုင်ငံခြားတိုင်းပြည်/ နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲလုပ်။
တိုင်းတစ်ပါးနိုင်ငံတွေ ရောက်ဘူး။မြင်ဘူး ရာကနေ

ဘယ်လို အကြောင်းအရာတွေကို အတု့ ယူသင်ယူ သင့် သလဲ ဆိုတာကို သိလာ။လေ့လာ။ခဲ့တာပါ။

ကျမလဲ ဒီလို အပြု အမူတွေကို၁၉၉၆ ကထဲက စတင်ပြုပြင်ခဲ့ပါတယ်။

မင်းကရောဘာလူမျိုးလဲ။မင်းကကော သိပ်တော်သိပ်တတ်နေလို့လား။

တိုင်းတပါးကို အထင်ကြီးနေလို့လား။

မေးစရာရှိလာပါတယ်။
ဒါကြောင့်လဲ ဒီဖိုရမ်ရဲ ့ အစမှာ ကျမချစ်တဲ့။ စာဖတ်သူများလဲ ချစ်တဲ့
ကျမတို့ အမိမြေကြီးရဲ ့ အလှတရားတွေ ကို အရင်တင်ပြထားတာပါ။
( ဒါတောင်တင်ပြချက်တွေ လိုရင်လိုနေမယ်၊ )

ကျမတို့ရဲ ့ အမိမြေကို စာဖတ်သူများချစ်သလို ကျမလဲ တကယ်ချစ်တယ်။
ကျမတို့ရဲ ့ အမိနိုင်ငံသားတွေကို လူတိုင်းက အားကျချီးကျုးခံရစေချင်တယ်။

ဒီလောက်လှပတဲ့ အမိမြေကို မျက်နှာမှာ သနပ်ခါး၊ပေါင်မှာ သေးကြောင်းအပြည့် နဲ့ မညစ်နွမ်း စေချင်ဘူး။

ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာလူတိုင်းမှာတာဝန်ရှိတယ် ( KEEP YOUR CAMPUS CLEAN ) ။

ခေတ်မီဖွံဖြိုးတိုးတက် ( တိုတက် ) နေတဲ့ ကျမတို့ ( တတိယ ကမာ္ဘ ) ကအမိနိုင်ငံသားတွေ
ဂလိုဘယ်လိုက်ဇေးရှင်း / ကမာ္ဘ ကြီး ဟာရွာဖြစ်နေတဲ့ အချိန်မှာ

အမျိုးသားတွေ ဂျင်းဘောင်းဘီ တို/ ရှည်။ အမျိုးသမီးလေးတွေ (zero quarter/ mini skirt ) ပေါင်တို တွေ ဝတ်
နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ခေတ်မီစွာ ဝတ်စားဆင်ယဉ်လာကြတာကို တွေ့လာကြပါပြီ။

shopping center ပေါ်တီကို ရှေ ့ ကိုယ်ပိုင်ကားလေးနဲ့ ပေါင်တို ဝတ်ပြီး လာတဲ့ သူတွေ ရှိသလို
တစ်ချို ့ ဆိုရင် bus car စီးပြီး တောင် သွားရဲ ကြတာ အတွင်းခံကအစ ပေါ်နေ တာတွေလဲရှိပါတယ်။

( ဖေါ်ရဲတဲ့ လူကဖေါ်၊ကြည့်ချင်တဲ့ လူကကြည့်၊
သူ့အလုပ်သူလုပ်.ကိုယ့်အလုပ် ကိုယ်လုပ်ရုံဘဲ )

ဒါဆိုရင် ရှင် က ကော ဘွားတော်ကြီးလား။ ထမိန်/ ထိုင်မသိမ်း ဝတ်နေတဲ့ ဒိတ်ဆွေးကြီးလား။

မထင်နဲ့နော် ။ မှားသွားမယ်။

bikini ကို two pieces မှ့ ဝတ်တာ။ ဂျီစရင်း နဲ့ ဘောင်းဘီ ချက်ပြုတ်ဆိုတာ ၊ကျမ အတွက်မဆန်းပါဘူး။

ဘရာဇီယာ less နဲ့ တောင်လျှောက်လည်သွားခဲ့တာ
( မြန်မာပြည်မှာတော့ မဟုတ်ပါဘူး။အနောက်နိုင်ငံတွေကိုနွေဦးရာသီမှာအလည်သွားတုံးကလေ၊
သူတို့ ဆီမှာအမျိုးသမီးတော်တော်များများဒီ အတိုင်းနဲ့ ရင်အလှအပြိုင်အဆိုင်ပြကြတာလေ။

ဖေါ်ချင်သလောက်ဖေါ် ။ဘယ်လောက်လှလှ ။ ဘယ်ယောက်ကျားမှ့ သမင်လည်ပြန် နှစ်ခါပြန် မကြည့် ကြဘူး။
သိပ်ပေါ်များနေတော့ မဆန်းတော့ဘဲ ရိုးအီသွားတဲ့ သဘောရယ်။ အကြည့်မရိုင်းတာရယ်။ခံယူချက်မတူကြတာရယ်။
အလကားရတိုင်း မျက်စိအဆာမကျွေးတာရယ်။ )

သူ့နေရာနဲ့ သူ ၊ဧည့်ခံပွဲလား။ ညစာစားပွဲလား။ဘာသာရေးပွဲလား။ အသုဘလား။
နေရာအလိုက်ရွေးချယ်ဝတ်စား smart ကျနေဖို့ ယောက်ကျား၊ မိန်းမ လိုအပ်ပါတယ်။

အဓိကပြောချင်တာက ဝတ်စားဆင်ယဉ်မှုကို ရှုံချကန့်ကွက်နေတာတော့ မဟုတ်ပါဘူး။

ခေတ်မီစွာ ဝတ်စားတတ်သေးရင် ခေတ်မီတဲ့ နေထိုင်မှုတွေ။အမူအကျင့်တွေက ကော မပြုလုပ်သင့်ပေဘူးလား။

အတွေးအခေါ်ညဏ်ပညာတွေလဲ လူ တန်းစေ့ ။ဝတ်တာစားတာလဲ ခေတ်မီ ရင် ပိုမကောင်းပေဘူးလား။

ဘာဖြစ်လို့ ကျမတို့ ဝတ်ဆားဆင်ယဉ်မှုတွေ ပြောင်းလဲလာကြလဲ။
တိုင်းတပါးတွေကို အားကျလာလို့မဟုတ်လား။
ဟုတ်ပြီ။ အားကျလို့ အတု့ယူတယ်။ ဒီတစ်ခု့ ထဲကိုဘဲ အားကျမှာလား။ ကျန်တာတွေကိုကော ?
ပေါင်တိုဝတ်တတ်ယုံ။ အရက်။ဆေးလိပ်။ဘီယာ ။နဲ့ ကလပ်တက်တတ်ယုံ လောက်ဘဲ ဆိုရင်တော့

(အလကား သူများယောင်လို့ လိုက်ယောင်။ အမောင်တောင်မှန်းမြောက်မှန်း မသိတဲ့ ကိန်းဆိုက်နေတာပါဘဲ )

ဝတ်စားဆင်ယဉ်မှု တစ်ခု့ ထဲ ခေတ်မီ တို တက်နေလို့ မရဘဲ
ကိုယ်ပိုင် အသိပညာ။အတတ်ပညာ။အရည်အသွေ.။အရည်အချင်းတွေကို
နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်အောင် လုပ်ဖို့ လူတိုင်းမှာ တာဝန်ရှိ ပါတယ်။

Reply

Forward

Reply by chat to chawchawmirror

5 comments

  • koyinmaung

    January 22, 2011 at 7:35 pm

    တိုင်းပြုပြည်ပြုစာပေဆိုတာဒါမျိုးကွ စာပေစီစစ်ရေးပါလွတ်တယ် ကြေးမုံနဲ့မြန်မာ့အလင်းမှာပါထည့်ပါလို့အကြံပေးလိုက်ရပါတယ်…ချုပ်ချုပ်ကြီးတို့လဲဖတ်ရတာပေါ့….

  • zawana

    January 22, 2011 at 11:50 pm

    အမှိုက်ပစ်တဲ့ ကိစ္စကတော့ အမှိုက်ပုံးတွေ များများ ထားပေးတာ၊ ဒါဏ်ရိုက်တဲ့ စံနစ်ကို ထိထိရောက်ရောက် ကျင့်သုံးတာတွေ လုပ်နိုင်ရင် ကောင်းသွားမယ်လို့ ထင်ရပါတယ် …. ရန်ကုန်မှာတော့ မြို့လယ်မှာတောင် အမှိုက်ပုံးက ရှာမှရှားပါပဲ … နောက်တစ်ခု လူတွေရဲ့ သဘောက ညစ်ပတ်နေတဲ့ နေရာမျိုးဆို ဂရုမစိုက် လုပ်တတ်ကြပါတယ် … ကျိုးပေါက်နေတဲ့ ပလက်ဖောင်းတွေ၊ ကျင်းချိုင့်တွေနဲ့ လမ်းတွေ၊ ဆေးရောင်မရှိတော့တဲ့ တိုက်တာတွေနဲ့ ဆိုရင်တော့ ကွမ်းတံတွေးထွေးတဲ့လူတွေ၊ အမှိုက်ပစ်တဲ့လူတွေကလည်း လွယ်လွယ်ကူကူပဲ ကျူးလွန်နေကြမယ်လို့ ထင်ပါတယ် …..

  • bigbird

    January 23, 2011 at 3:24 am

    စာရေးသူ၏ စေတနာဖြူစင်၍ လိုက်နာသင့်သည်။အားလုံးစုပေါင်းလိုက်နာကြ
    ပါခင်ဗျာ။ ကျွန်တော်ငှက်ကြီး လည်းတသွေမတိမ်းလိုက်နာပါ့မည်ဟု…..

  • meelay

    January 23, 2011 at 4:38 am

    ဒီစာလေးကို ကူးသွားပါတယ် …

  • monmon

    January 23, 2011 at 7:31 am

    အမှိုက်ပစ်တာကိုတော့ ထိန်းလို့ရပါတယ်… အခု ထိန်းဖို့ကြိုးစားနေတာက လူကူးမျဉ်းကြား၊ ကုန်းကျော်တံတားကနေ စနစ်တကျကူးဖို့…

    ပြောသာပြောရတာပါ… မျဉ်းကြားမှာ ပွိုင့်လုပ်ပေးထားလည်း အလကားပါပဲ… မျဉ်းကြားကူးချင်လည်း ပြေးပြေးလွှားလွှားပါပဲ… လှည်းတန်းဆို အရမ်းကြောက်ဖို့ကောင်းတယ်… မီးပွိုင့်မှာလည်း လူအုပ်ကြီး.. အဲဒီပွိုင့်ပြီးအောင်စောင့်မယ်ဆိုရင်လည်း အလုပ်က နောက်ကျဦးမယ်…

    ပြီးတော့ ကားတွေကလည်း စက်တပ်ထားတယ်ဆိုပြိး အသေမောင်းတယ်… လူကူးတာမြင်တာတောင် အရှိန်မလျှော့ဘူး… စင်ကာပူမှာဆို စက်တပ်ယာဉ်နဲ့ လူနဲ့ယှဉ်ရင် လူကို ဦးစားပေးတယ်… ဒီမှာများတော့…

    ဒီမိုကရေစီသာအော်နေတာ… ဒီမိုကရေစီနဲ့ မတန်သေးဘူးထင်တာပဲ…

Leave a Reply