Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗီယမ်နာမ် ယွန်းထည်

ဆူးJanuary 24, 201115min66822

မြန်မာပြည်မှ ယွန်းထည်များ တချိန်က နာမည်ကြီးပေမဲ့ ဗီယမ်နာမ် မှာ ယွန်းထည် ပစ္စည်းတွေကို ကြည့်မိတော့ စိတ်ထဲမှာ မနာလိုတောင် ဖြစ်မိတယ်။ ယွန်းထည်ပစ္စည်းတွေ တော်တော် လှပြီး ဆွဲဆောင်မှု ရှိတာ မြင်တွေ့ခဲ့တယ်။ မြန်မာပြည်က ယွန်းပညာရှင်တွေ လေ့လာပြီး မြန်မာယွန်းကို အဆင့်မြှင့်တင်ဖို့ အချိန်ရောက်ပြီလို့ ထင်မိတယ်။ ဗီယမ်နာမ် ယွန်းထည်ပစ္စည်းတွေ မြင်ဘူးတဲ့ လူတွေက မြန်မာယွန်းကို သိပ်သဘော ကျနိုင်ဖွယ်မရှိဘူးလို့ထင်တယ်။ အမှိုက် အစ ရွှေဖြစ်အောင် လုပ်တဲ့ နိုင်ငံ လို့ မြင်မိတယ်။ ဗီယမ်နာမ်တွေက လက်မှု ပညာ တော်တော် ထူးချွှန်ကြပါတယ်။ ဘဲဥ အခွံတွေကို အသုံးပြုပြီး ပန်းချီပညာနဲ့ ယွန်းပညာ ပေါင်းစပ်ပြီး လှပတဲ့ အသုံးအဆောင် ပစ္စည်းတွေ လုပ်ပါတယ်။ မုတ်ခွံတွေ အသုံးပြုပြီးလည်း ပြုလုပ်ထားပါတယ်။ ဆွဲဆောင်မှု ရှိတဲ့ အသုံးအဆောင် တွေပြုလုပ်တဲ့ အထဲမှာ စားပွဲ ကုလားထိုင် အိမ်အသုံး အဆောင် လူ့ အသုံးအဆောင် အိတ် ဖိနပ် ပန်းချီကားချပ် စသဖြင့် အမျိုးမျိုး ပြုလုပ်ကြပါတယ်။ ခရီးသွားတွေ အတွက်ကတော့ တော်တော်လေး မျက်စိကျစရာ ဖြစ်ပါတယ်။ သေချာ လေ့လာထားတာ မဟုတ်ပေမဲ့ ဒီပိုစ်ကို မြန်မာပြည်က ပညာရှင်တွေ ကျွှမ်းကျင်သူတွေ ဖတ်မိရင်တော့ အတွေး လမ်းစ တခု ရနိင်လေမလား ဆိုတဲ့ အတွေးနဲ့ တင်ပြလိုက်ပါတယ်။




ဘဲဥ အခွံတွေကို ဖဲ့ပြီး ကော်နဲ့ ကပ်ပြီး ပန်းချီ ပုံဖော်နေတာ ဖြစ်ပါတယ်။



ပန်းကန်လုံးကတော့ ဘဲဥ အခွံတွေ ကပ်ပြီး လုပ်ထားတာ ဖြစ်ပါတယ်။




22 comments

  • kopauk mandalay

    January 24, 2011 at 4:23 pm

    ဒီပိုစ်လေးကို မြန်မာလက်မူ့ပညာရှင်တွေဖတ်မိစေချင်ပါတယ်။
    သိသူကိုလက်တို့ပေးလိုက်စေလိုပါတယ်။
    ကျွန်တော်တို့ မြန်မာလက်မူ့ ပညာရှင်တွေက ဆန်းအောင် မထွင်ဘဲလမ်းဟောင်းမှာတင်ရပ်နေခဲ့လို့ ရယ်၊
    လက်မူ့ပညာအမွေကိုလက်ဆင့်မကမ်းခဲ့တာရယ်။
    လက်မူပညာထွန်းကားအောင် အားပေးမူ့မရှိတာကြောင့်
    ရှေ့ကသွားခဲ့ပေမယ့် နောက်မှာကျန်ခဲ့တာ ဝမ်းနည်းစရာပါ။
    အားလုံးက ပြန်ပြီးမြန်မာလက်မူ့ပညာတွေကိုုနိင်ငံတကာရောက်အောင် တွန်းအားပေးသင့်ပါတယ်၊

  • ဖိုးသူတော်စံကျော် ဖိုးသူတော်စံကျော်

    January 24, 2011 at 4:57 pm

    ဩာ်….
    ကိုယ့်ထင်မြင်ယူဆချက်တွေကို ပြောကြပါဆွေးနွေးကြပါ
    တစ်ကယ်ဆို ဖိုးစံကျော် တို ့ကဘီလူးကျွန်းမှာနေတာကွဲ ့
    ဘီလူးတော့မရှိပါဘူး ဘီလူးက အဘခေါ်ရတဲ့ ဗမာစစ်တပ်ဘဲရှိတယ်
    ရွာလွတ်ဆိုတာ ဖိုးစံကျော်တို ့ရွာပေါ့ကွယ်
    ရွာသူတွေချောမှချော (ချောရင်ချောဒယ်မှတ်ရသကွဲ ့ ကိုက ဖိုးသူတော်ဆိုတော့ ပေါက်ကရလုပ်လို ့ရဘူး)
    ဖိုးစံကျော်တို ့ရွာမှာ ခလေးမှသည် အဖိုးကြီးအဖွားကြီးအထိ အားလုံးထုပ်လုပ်တယ်
    ဪကလေးတို ့ရယ် ကိုယ်ပိုင်လက်မှုပညာဆိုတာ ဘယ်သူကမထိန်းသိန်းဘဲရှိပါ့မလဲ
    ထိန်းသိန်းလွန်းလို ့ ကိုယ့်အသွေးသားမဟုတ်ရင် ပညာတောင်သင်မပေးဘူး
    ရွာလွတ်ဆေးတံဆိုတာ နာမည်ကြီးတယ်လေမသိဂျဘူးလား
    အံမယ်အံမယ်
    ဘိုင်စကုပ်ရုံထဲမှာ no smoking ဘဲရှိတယ်
    no smoke ရွာလွတ်ဆေးတံမရှိဘူး အိုက်လောက်ထိ အရှိန်ဝါကြီးတာ
    ခုတော့ ဆေးတံလုပ်တဲ့လူတွေကို ထိုင်းနိုင်က
    သဌေးတွေ လခကောင်းကောင်းပေးပြီး
    made in thailand ဆေးတံတွေရော ဝါးခလောက်တွေရော …..
    မပြောချင်တော့ပါဘူး ပြောရင်ငိုမိမယ်
    ဖိုးသူတော်မှာလဲ အသဲနဲ ့ပါကွယ်
    ဒါနဲ ့
    ဂျဂါးမချပ်
    ဒီရွာထဲမှာ အပျိုဂျီးတွေ ချိတလား
    လင်မယူဘာမယူ နှမြောချရာရီး…

  • kai

    January 24, 2011 at 11:00 pm

    မြန်မာ့ယွန်းကို ..အပြစ် တခု ၂ခုလောက် ပြောလိုက်ချင်တယ်..။
    ပုဂံက .. ဒေါ်လာ၂ရာနဲ့ လူကြုံမှာပြီး ..ရုံခန်းမှာ ချိပ်ဖူးတယ်..။
    ၃ပေကျော်လောက် ရွှေပြားကပ်နဲ့ ယွန်းပန်းချီပေါ့..။
    ၁) အနံ ့အရမ်းနံပါတယ်.။ အဲယားကွန်းခန်းခမြာ ..ယွန်းကထွက်တဲ့.. အပေါစားသင်္ဘောဆေးအနံ ့နဲ့ .. လနဲ့ချီ နံနေတော့တာပါပဲ..။
    ၂) ၁နှစ်လောက်တောင်မရှိဘူး..။ အက်ရာတွေပေါ်လာပါတယ်…။
    အပေါစား သုံးထပ်သားပြားကို .. သေချာပေါင်းမတင်တော့ ..သစ်သားက ရုံးပြီး..ကွေ့ကောက်တော့ ..အပေါ်က ..အပေါစားသင်္ဘောဆေးက .. ကွဲအက်တော့တာပါ..။
    နောက်တော့ .. ပန်းချီကားနောက်ကချိပ်ဖို့ထားတဲ့.. အပေါစား သံတွေသံချေးတက်ပြီး .. နံရံမှာပါ ချိပ်မရဖြစ်သွားပါတော့တယ်..။

    ဆိုတော့…။
    အပေါစားတွေမသုံးပဲ.. ပစ္စည်းကောင်းတွေသုံးပါ။ ဈေးများများယူပါလို့ပါပဲ..။
    ရုံးခန်းထားမဲ့ပစ္စည်း .. ရာဂဏန်းကွာတာလောက် .. ဘယ်သူမှ ထည့်မတွက်တတ်ပါဘူး..လို့.။

    တတ်နိုင်ရင်.. မူရင်း ရှေးက သုံးတဲ့ပစ္စည်းတွေကို သုတေသနပြု..ကြာကြာခံအောင်.. ကမ်မစ်ကယ်တွေထည့်ပြီး .. မြန်မာ့ယွန်း နှစ် ၁၀ဝ အေးဆေးခံတယ်ကွ ..ဆိုပြီး … တန်ဖိုးထားရောင်းသင့်တယ်..။

  • kopauk mandalay

    January 25, 2011 at 2:08 am

    တကယ်ရှေးက ယွန်းဆွမ်းအုပ်ကြီးတွေ ယွန်းဗျပ်တွေ ကျွန်တော်ငယ်ငယ်ကတည်းက မြင်ခဲ့ရတဲ့ယွန်းထည်အကောင်းစားရှေးဟောင်းပစ္စည်းတွေ ဘုန်းကြီးကျောင်းတွေမှာအ ခုထိ အကောင်းတိုင်းရှိပါသေးတယ်။
    ကောင်းအောင်လုပ်နိုင်ရဲ့သားနဲ့ အပေါစားလုပ်တာကြောင့် အဖိုးတန်မြန်မာလက်မူ့ပစ္စည်းတွေ တိမ်ကောပပျောက်သွားရတာပါ.

  • manawphyulay

    January 25, 2011 at 3:47 am

    ဆူးရေ ဗီယမ်နမ်လား နာမ်လားဟင် ဒီလိုလက်မှုအကြောင်းတွေကို တင်ပြပေးတဲ့အတွက် ဆူးရေ မြန်မာက လူတွေ အတုယူ လေ့လာလို့ရတာပေါ့။ အခါအခွင့်သင့်ရင် မြန်မာ လက်မှု ပညာတွေလည်း လေ့လာချင်ပါသေးတယ်။

  • မမဆူးရေ
    ခုလိုလက်မှုပညာတွေနဲ့ပက်သက်ပြီးတော့သိလိုက်ရတာကိုအရမ်းကျေးဇူးတင်ပါတယ်။
    သစ္စာကတော့လေသိချင်တာတွေကိုအချိန်မပေးနိုင်လို့ဗဟုသုတငတ်နေသူလေးပေါ့မမဆူးရယ်
    အမှိုက်ကိုရွှေဖြစ်အောင်လုပ်နိုင်တဲ့သူတို့များရဲ့စိတ်ဓာတ်ကိုအားကျမိပါကြောင်း ။

  • ဆူး

    January 25, 2011 at 1:53 pm

    ဆူး အသိ ယွန်းလုပ်ငန်း ပညာရှင် တယောက် ပြောတာ ကြားမိဘူးပါတယ်။ သစ်စေး သုတ်ထားလို့ နှစ်ကြာလေ မာလေဖြစ်ပြီး ကျောက်ကဲ့သို့ ဖြစ်တယ်တဲ့။ သစ်စေးက အလွန်ဈေးကြီး နေတယ်တဲ့ အတွက် သစ်စေး အစစ် သိပ်မသုံးနိင်ဘူးလို့ ပြောတယ်။ သစ်စေးက မြန်မာပြည်မှ ထွက်တယ်တဲ့ ဘယ်နားဆိုလည်း မသိဘူး။ သစ်စေး ကတချိန်က တော်တော် ထွက်တာ အခုတော့ အလွန်ရှားပါး တဲ့ အတွက် ဈေးကြီးပေးဝယ်တဲ့ အခါမှာတောင် လိုသလောက် မရဖြစ်နေပါတယ်တဲ့။ ပေါပေါများများရှိတဲ့ သစ်စေးကို ပေါက်ဖော်ကြီးက သစ်စေးပင်တွေ ကို ပရောဂျက်အနေနဲ့ တောင်းပြီး ခုတ်ပစ်တာလို့ ပြောတယ်။ သစ်စေးထုတ်တဲ့ သစ်ပင် ဆိုတာ နှစ်၃ဝ သက်တမ်း ရှိမှ ထုတ်လို့ရတာ လို့ ပြောတယ်။ အခု သစ်စေး တွေ တဖက် နိုင်ငံကနေ လိုသလောက် မမျှတလို့ ဝယ်နေရတယ်လို့ ကြားမိပါတယ်။
    မြန်မာ ယွန်းထည် ပစ္စည်းတွေက ဝါးနဲ့ လုပ်ပြီးတော့ ဝါးပိုးမကျနိုင်အောင် က အစ သေချာ အဆင့်ဆင့် ပေါင်းတင်ပြီးမှ လုပ်တာ ဖြစ်ပါတယ်။ သစ်စေး အစစ် သုတ်ပြီး ယွန်း လက်မှု စစ်ရင် အက်ကွဲတာမျိုး မဖြစ်နိုင်ပါဘူး။ သစ်စေး မသုတ်ဘဲ ယွန်းအရည်သာ သုတ်တဲ့ အတွက် အက်ကွဲပြီး မလှ မပ ဖြစ်ကုန်တာ ဖြစ်လိမ့်မယ်လို့ ယူဆပါသည်။

    မြန်မာပြည်မှာတောင် ယွန်းပညာရှင်တွေ တော်တော် ရှားပါးနေပြီ ဖြစ်ကြောင်း ထို အသိ က ပြောဘူးတယ်။ သူတို့ မိသားစု ယွန်းထည် လုပ်ငန်းမှာ ရှားပါး ယွန်းပစ္စည်းတွေ လက်မှုတွေ စုဆောင်းပြီး ပြတိုက်လုပ်ဖို့ အတွက် ပညာရှင်တွေ စုဆောင်းတာ စိတ်တိုင်းကျ မရဘူး ဖြစ်နေတယ်လို့ ပြောတယ်။ ဆူးတော့ ထိုလူအိမ်ကို မရောက်ဘူးပေမဲ့ ရောက်ဘူးတဲ့ လူတွေ ပြောစကား အရဆိုရင် ယွန်းဘီဒိုတွေ ယွန်း နဲ့ လုပ်ထားတဲ့ ကနုတ် နတ်ရုပ် တခါမှမမြင်ဘူးတဲ့ ပစ္စည်းမျိုးတွေ တွေ့ဘူးတယ်လို့ ပြောတယ်။ အခွင့် အခါ သင့်ရင်တော့ သွားလေ့လာပြီး ဒီမှာ ပြန်တင်ပေးပါမယ်။ အဲဒီ ရွာက တရွာလုံး ယွန်းထည် လုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။

    ယွန်းထည် ပစ္စည်း စစ်ရင် ပေါ့တယ်လို့ ဂျပန်ပြန် တယောက်က ဂျပန်ယွန်း နဲ့ ချိန်ပြီး ပြောတာ ကြားဘူးသေးတယ်။ ယွန်းအတုတွေက လေးတယ်လို့ ပြောတယ်။ ပစ္စည်း ကောင်း မကောင်း စစ်မစစ် သိချင်ရင် အလေးချိန်ဆ ကြည့်လို့ ပြောပါတယ်။

  • char too lan

    January 26, 2011 at 5:15 am

    လေးပေါက်ပြောတာကိုထောက်ခံတယ် ဖိုးသူတော်ရဲ ့ကောမန့်ကိုကြိုက်တယ် လေးခိုင်ပြောတာမှန်တယ် ကျနော်တို့လဲကြုံဖူးတယ် ပီးတော့ ဆြာဆူးရဲ ့ပုံတွေနဲ့ ပိုစ့်အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ………..

  • ဆူး

    January 26, 2011 at 2:03 pm

    ဗီယမ်နာမ် မှာ လက်မှုပညာတွေ ထွန်းကားပြီး သပ်ရပ် လှပနေတာ တခုတော့ စဉ်းစားမိတယ်။ အမေရိကန်နဲ့ တိုက်ပြီး စစ်ဘေး စစ်ဒဏ်ကြောင့် လူတွေ ဒုက္ခိတတွေ များတယ်။ အတိုအပြတ်တွေ ဒုက္ခိတတွေ အတွက် အလုပ်ကိုစဉ်းစားပြီး လုပ်ရင်းနဲ့ သေသပ်လှပတဲ့ လက်မှု ပညာ ပစ္စည်းတွေ ထွက်လာတာ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဥပမာ မြန်မာပြည်မှာ မျက်မမြင်ကျောင်းတွေက ကြိမ်ထည်တွေ လုပ်တာမျိုး အဲဒီ ပစ္စည်းတွေကို လုပ်တာ မျက်မမြင်ဆိုပေမဲ့ သူတို့ အာရုံစူးစိုက်မှု အရ လက်ရာကောင်းတွေ ထွက်လာတာမျိုး ဖြစ်လိမ့်မယ်။ လူတွေက အားနည်းချက်ရှိရင် တဖက်မှာ ပိုထူးချွှန်တက်တယ်။

  • shwe

    January 26, 2011 at 7:03 pm

    Dear Su ,

    Could you please confirm that some staffs are wearing tha nat kahr and longyi ? I think I saw tha nat khar in their faces at the 5th photo from the top .

    • kai

      January 26, 2011 at 9:47 pm

      အင်းဗျ..။
      ဝတ်ထားတာလည်း ထမီလိုလို ဘာလိုလိုနဲ့..။
      မြန်မာတွေများ အလုပ်သွားလုပ်နေသလား မသိ..။ 🙂

  • shwe

    January 27, 2011 at 6:39 am

    Yes Kai ,
    I think that is one of reasons Myanmar culture gradually disappear from Myanmar because I don’t think Vietnam has those culture before . However they are quite smart . How to create , and compete others ,and surely how to take place during region .

  • ဆူး

    January 27, 2011 at 2:10 pm

    မြန်မာ ထမီ လိုမျိုးတော့ သူတို့ ဝတ်တယ် သနပ်ခါးတော့ ဗီယမ်နာမ်လူမျိုးတွေ မလိမ်းတတ်လောက်ဘူး ထင်တယ်။ မြန်မာ လူမျိုးတွေ ဖြစ်လိမ့်မယ် ထင်တာဘဲ။ အလုပ်ရုံသွားကြည့်တုန်းက ပုံမရိုက်လိုက်နိုင်ဘူး သူတို့ ပေးမရိုက်လို့ ဒီမှာ အာရွီးဖို့ ပုံတွေကို ဂူဂယ်ကနေ ရှာတင်ပေးတာ။ ဆူး မြင်တဲ့တာတွေကတော့ အလုပ်ရုံမှာ လုပ်နေတာ အတိုအပြတ်တွေ ချည်းဘဲ။
    ဗီယမ်နာမ် သနပ်ခါး မသိဘူးလို့ ဘာလို့ ပြောလဲဆိုရင် ဟိုတယ်ရောက်တော့ ဆူး က သနပ်ခါးလိမ်းပြီး အောက်ဆင်းသွားပြီး ဂိုက်နဲ့ စကားပြောတော့ ဂိုက်က ဘာလဲလို့ မျက်နှာကို တောင်က ကြည့်လိုက် မြောက်ကကြည့်လိုက်နဲ့.. လိမ်းထားတာ ကျားနေတော့.. သူက ဖျက်ပေးဖို့တောင် လုပ်သေးတယ်။ အဲဒါ တမင် လိမ်းထားတာ ဆိုတော့ ဘာမှ မပြောတော့ဘူး။ ဟီးဟီး.. သနပ်ခါး အေးတော့ သဘောကျလို့.. လိမ်းတယ်။ ကျောက်ပြင် နဲ့ သနပ်ခါးတုံး ယူသွားတာ မဟုတ်ဘူးနော်။ သနပ်ခါဘူးထည့်သွားတာ။ မိတ်ကပ်တွေ လိမ်းတာများရင် အသားအရေ ပျက်စီးမှာ စိုးလို့.. လိမ်းတာ။

  • weiwei

    January 27, 2011 at 2:18 pm

    ဆူးဆီမှာ အမှတ်တရ ဝယ်လာတာမရှိဘူးလား … ကြည့်ချင်လို့ ..

  • k-kay

    January 27, 2011 at 2:40 pm

    ဆူးရေနင်လိုချင်ရင် အဲဒီအလုပ်ရုံပုံတွေငါ့ဆီမှာရှိတယ်။ လုံချည်လဲမဝတ်ကြ ပါဘူး။ သနပ်ခါးဆိုဝေလာဝေး။ ဗီယက်နမ်စစ်တွင်းက မသန်စွမ်းသူတွေ အတွက်
    အစိုးရက ဖွင့်ထားတဲ့ work shopပါ။ အပြင်ကထက်တော့ ဈေးကြီးတယ်။ လက်ရာတော်တော်လှတယ်။ အနံလဲမထွက်ပါဘူး။ ဟိုချီမင်းက အရမ်းလည်လို့ ကောင်းတဲ့မြိုပါ။

  • ဆူး

    January 27, 2011 at 2:40 pm

    ဝယ်လာတယ် အမှတ်တရ.. ဗီယမ်နာမ် အစတွေ ဒီမှာဝယ်ရင် တစကို ၃သောင်းရှိတယ် ဟိုမှာ ဝယ်တာ သူ့ပိုက်ဆံ ၂သိန်း ဒီက ပိုက်ဆံနဲ့ တွက်တော့ ၉၀၀ဝ လောက်ဘဲ ကျတယ်။ အများကြီးတော့ မဝယ်နိုင်ပေမဲ့ ကိုယ့်အတွက် သင့်ယုံ တော့ဝယ်လာတယ်။ ဗီယမ်နာမ် ခုံဖိနပ် တရံ ၁သိန်းရသောင်း ဒီက ၈၀၀ဝ လောက်ဘဲ ကျတယ်။ သူများပြောရင် ၁သိန်းရသောင်းနဲ့ ရီစရာကြီး မျက်လုံးပြူးသွားကြတယ်။
    ပန်ချီကားလည်းပါတယ်။ ဒုတိယ ပုံက ပန်ချီကား နဲ့ တူတူဘဲ ဝယ်လာတာ။

  • ဆူး

    January 27, 2011 at 2:49 pm

    အလုပ်ရုံက အစိုးရ မသန်မစွမ်း အတွက် ဖွင့်တဲ့ ဟာဖြစ်လို့ ဈေးကြိးတာတော့ မပြောပါနဲ့.. အပြင်က စူပါမားကတ်မှာ ၂သိန်းခွဲနဲ့ ဝယ်လာတာ ဒေါ်လာ ၁၂.၅ ကျတယ် အဲဒီမှာ ဒေါ်လာ ၃ဝ တဲ့ မျက်လုံတောင် ပြူးသွားတယ်။ ဝယ်နိုင်ဘူး အဲလောက် ဈေးကြီးတာ.. မျက်စိနဲ့ ကြည့်ပြီး ခံစားပြီး ပြန်ထွက်လာခဲ့တယ်။ ပစ္စည်းကတော့ ကွာမယ် ထင်ပါတယ်။ အနံ မထွက်တာတော့ အဟုတ်ဘဲ။

  • k-kay

    January 27, 2011 at 3:21 pm

    ဗီယက်နမ်ခံဖိနပ် ၁သိန်းရသောင်းက ဈေးကြီးတယ်ဆူးရဲ့။ ငါဝယ်လာတာ ၇၀၀၀ဝ ရယ်။ သူတို့က ဈေးဆစ်နိူင်မှ။ ဗီယက်နမ်ငွေကြေးကတော့ ဖောင်းပွသ လားမမေးနဲ့…ငါအဲဒီမသွားခင် Phnom Penh မှာဗီယက်နမ်ငွေလဲတော့ U$50 ကို ဆယ်သိန်းကျော်ရတယ်။ U$1 ကဗီယက်နမ် ဒေါင် ၂၀၀၀ဝလေ။

  • ဆူး

    January 27, 2011 at 3:28 pm

    ဖိနပ်ကတော့ ဈေးကြီးမှန်း ဝယ်ပြီး နောက်တနေ့မှ သိတယ် စိတ်တော့ မကောင်းဘူး။ ကျေနပ်လို့ ဝယ်ပြီးမှတော့ သိပ်မခံစားတော့ဘူး။ စာတိုက်ကြီးကို သွားတော့ ၇၀၀ဝ နဲ့ ရောင်းနေတာ တွေ့တယ်။ အဲဒီမှာ တချို့ ဖိနပ်ဆို ၆၀၀ဝ နဲ့တောင်ရတယ်။ ၆သောင်းနဲ့ ဖိနပ်က Vincci ဆိုတဲ့ ကုန်အမှတ်တံဆိပ် ပစ္စည်းကျနေတာဘဲ။ သစ်သားခုံဖိနပ်လေ.. ဒီဇိုင်းနဲ့ ဈေးကွက်ကို ရောင်းစားနေတာ။ အဲဒီ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ဘဲ.. ဒါပေမဲ့ တခု ဝယ်ပြီးမှတော့ နောက်ထပ် မဝယ်နိုင်တော့ဘူး။ ပိုက်ဆံက တွက်နေရသေးတယ်။
    ဒေါင် ၅၀၀ဝ ဆိုရင် ကလေးမုန့်ဖိုးပေးတာတောင် နည်းတယ်တဲ့ ဂိုက်ကပြောတယ်။
    မြန်မာငွေနဲ့ တွက်တော့ ၂၅ဝ ဘဲ ရှိတာဖြစ်နေတယ်။

  • k-kay

    January 28, 2011 at 3:38 pm

    ကလေးမုန့်ဖိုးပေးတာတောင်နည်းတယ်လို့ပြောတဲ့ဂိုက် သူ့ပေးခိုင်းလိုက်။ အဲဒီ ဒေါင် ၅၀၀ဝက ဗီယက်နမ်ကော်ဖီတစ်ခွက်ရတယ်။ နင် ကွေ့တယိုစားခဲ့ သေးလား?? သူတို့ကတော့ နားလည်ရလွယ်အောင် ဗီယက်နမ် ခေါက်ဆွဲလို့ရှင်း
    ပြမှာ။ Cao Dai Temple ရောက်ခဲ့သေးလား။ ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ကွန်ဖြူးရှပ်အတွေးအခေါ်တွေပေါင်းစပ်ထားတဲ့ ဘာသာလေ။ တစ်ကမာ္ဘလုံး အဲဒီမှာဘဲရှိတာ။

  • ဆူး

    January 28, 2011 at 4:37 pm

    ကွေ့တယိုတော့ မဟုတ်ဘူး ခေါက်ဆွဲတော့ စားခဲ့တယ်။ ဗီယမ်နာမ်မှာ အဲဒီ ဆိုင် နာမည်ကြီးတယ်တဲ့ အခုတော့ နာမည်မေ့သွားပြီ။ ခေါက်ဆွဲလေးက စားလို့ကောင်းသား ခေါက်ဆွဲပြုတ် ဆိုပေမဲ့ ခေါက်ဆွဲ အရည်ကတော့ သာမာန်ပေါ့ ခေါက်ဆွဲဖတ်က ကြိတ်သားကောင်းတော့ တော်တော် နူးညံတယ်။ ဗီယမ်နာမ် မှာ ပေါင်မုန့်တော်တော် ရောင်းတယ် ဗိုက်တင်းနေလို့ ဝယ်မစားခဲ့ဘူး။ အနောက်နိုင်ငံတွေမှာ ဗီယမ်နာမ် ပေါင်မုန့် နာမည်ကြီးတယ်လို့ ကြားမိတယ်။ ဟုတ်မဟုတ်တော့ သိဘူး။

  • ဆူး

    January 28, 2011 at 4:52 pm

    Cao Dai Temple အကြောင်းမေးတယ် သူပြောတာ သိပ်တော့ မရှင်းဘူး ဘာညာကွိကွ နဲ့ ပြောသွားတာ ဘာမှန်း တောင် မသိတော့ဘူး။ အိမ်ပေါက်ဝ အဝင် ခြံတိုင်ထိပ်တွေမှာတော့ ခွေးတွေ ကြက်တွေ ကျားတွေ အစုံလိုက် အရုပ်တွေ တင်ထား တာတွေ့တယ်။ ဘာလို့လဲ မေးတော့ ဗေဒင်ယတြာ ဆိုလား အဆောင် အစောင့်ချတယ် ဆိုလား မယောင်မလည် ဖြေရှာတယ်။

Leave a Reply