ကင်းဝန်မင်းကြီး၏ တိဏ္ဍု ကပျို့
ဒီပျို့လေးကို သဝေါ်(လ်)ဂျာနယ်ထဲ၌ ဖတ်မိလိုက်လို့ တဆင့်ပြန်လည်၍ဖောက်သည်ချခြင်းဖြစ်ပါတယ်။
ကင်းဝန်မင်းကြီးလည်း တိဏ္ဍုက ဇတ်တော်ကို ပျို့ဖွဲ့ခဲ့ရာ တိဏ္ဍုကပျို့ပိုဒ်ရေ(၉)တွင် ဇာတ်တော်၏ အဓိက အချက်ဖြစ်သော မင်းနှင့် မှီစိုးကပ်တို့မွှေ၍ ပြည်လေးမျက်နှာ သွက်သွက်ခါအောင် ပျက်ပုံကို……
” ခုနှစ်ဖြာအင်၊အကြီးတင်၍၊မင်းတွင်သေချာ၊မစေရာသား၊လူမှာလူယုတ်၊လူအစုတ်ကို၊ဥက္ကဌကြီးတင်ပြီးထိုရော ခန့်ထားသော်လည်း၊မလျှော်တုံမြို့၊မှူးမတ်တို့ကား၊ဆယ်ဖို့တဆ၊အမျှမျှဖြင့်၊သမ္မတစဉ်လျှောက်၊မြတ်ရွှေမှောက်တို့၊ခံကောက်ခွဲယူ၊နည်းရှိမူလည်း၊မထူစွာဘိ၊ရမိရစေ၊ရွှေငွေမက်မော၊ရမ္မက်ပြော၍၊ရက်ရောလှစွာ၊ကိုချမ်းသာက၊သတ္တဝါဗိုလ်ခြေ၊ညက်ကြေပြုန်းတီး၊ဆုံးရူံးကြးလျှက်၊မီးနှင်အတူ၊ပူလင့်ကစား၊စားမကဲ့သို့၊ချဲ့ချဲ့ထွင်ထွင်၊ခေါ်ငင်မင်းစေ၊ကြီမ်းများထွေဖြင့်၊မွှေမွှေနှောက်နှောက်၊ပြုတုံမြောက်၍၊တောက်လုဘနန်း၊နေရှိန်မြန်းသား၊ပန်း၏သဖွယ်၊ကွယ်ခဲ့သုခ၊ပခဲ့တရား၊ပါးခဲ့ဗြဟ္မစိုရ်၊များထိုထိုနှင့်၊ခိုရာမရ၊နေ့ကာ၌၊ဖျက်ထမင်းစေ၊ညရောက်ချေလည်း၊မွှေသည့်ခိုးသား၊လွန်မြောက်မြားလျက်၊တရားမဲ့လတ်၊ယွင်းခဲ့လွတ်မှ၊ဖွတ်ဖြစ်မိကျောင်း၊မြစ်းကြောင်းမချမ်း၊အကျင့်သွမ်းသို့၊စူးစမ်းမဲ့လတ်၊မှူးမတ်မည်မည်၊အကြီးတည်၍၊ပြည်လေးမျက်နှာ၊သွက်သွက်ခါသည်၊ချမ်းသာမယှဉ်ကွာစေတည်း” ဟူ၍ စပ်ဆိုထားပါသည်။
ရာပြည့်စာအုပ်တိုက်(၁၅)နှစ်ပြည့် အမှတ်တရစာစဉ် ၁၂ ရွှေကိုင်းသား (၁၉၁၂-၁၉၈၇)၏ ဆရာကြီးသခင်ကိုယ်တော်မိူင်းစာပေနှင့် အခြားစာတမ်းစာအုပ်များ ပထမ အကြိမ်(ဩဂုတ်လ ၂၀၁၀)ပါ၊မြန်မာစာပေနှင့်ပန်းချီအနုပညာဆောင်းပါး(စာပေ နှီးနှောဖလှယ်ပွဲစာတမ်းများ(၁၉၆၄)။မိုးဦးပန်းစာပေတိုက်၊မန္တလေး။စာ(၁၄ -၄၂) မှ ကူးယူ ဖေါ်ပြပါသည်။