ရွှေ ” တွေ နိုင်cံmို မaျစ်ြmတော့ဘူးလား…?
forward mail မှ့ကူးယူဖေါ်ပြတာပါ။
ရွှေ ” တွေ နိုင်cံmို မaျစ်ြmတော့ဘူးလား…?
ချောကလက်မြို့သူ မေသိမ့်သိမ့်ကျော် ရေးထားတဲ့“ ကြုံမိကြုံရာ စင်ကာပူမှာ ” ဆိုတဲ့ ဆောင်းပါးလေး ကို ဖတ်ပြီး နတ်ဆိုး လည်း ရင်ထဲမှာ နည်းနည်း မတင်မကျ ဖြစ်နေတဲ့ အကြောင်းကို ရေးချင်လာလို့ ဒီဆောင်းပါးလေးကို ရေးဖြစ်တာပါ ။ လက်ရှိ မြန်မာပြည်မှာရှိနေတဲ့ စင်ကာပူပြန် မြန်မာတွေအကြောင်းပါ ။ ဖြစ်သင့်လား မဖြစ်သင့် လားဆိုတာတော့ ဖတ်ပြီးဆုံးဖြတ်ပေးကြပါ ။
ဟိုတစ်နေ့က နတ်ဆိုးလည်း ကျောင်းကခွင့် ၁ လပေးထားလို့ ပျင်း ပျင်း ရှိတာနဲ့ အွန်လိုင်းပေါ် တက်ပြီး စာလေးဘာလေးရေးဦးမယ်ဆိုပြီး ထိုင်နေကျ အင်တာနက်ဆိုင်မှာ စက်တစ်လုံးယူတာပေါ့ ။ အဲံဒီမှာတင် ပြသနာကစတာပဲ ။ နတ်ဆိုး ထိုင်တဲ့အလုံးရဲ့ ဘေးမှာက အစ်မကြီး တစ်ယောက်စင်ကာပူ ကိုဖုန်းခေါ်နေလေရဲ့ ။ ကြည့်ရတာတော့ စင်ကာပူ က သူ့အကိုဆီ ဖုန်းခေါ်နေတာနဲ့ တူပါတယ် ။ သူ့ပုံစံ ံကြည့်ရတာလည်း စင်ကာပူ မှာ အလုပ်လုပ်ပြီး နှစ်စေ့လို့ ပြန်လာတာနဲ့တူပါတယ် ။ သူ ပြောတဲ့စကားတွေကို နတ်ဆိုး ပြန်ရေးရင် နည်းနည်း ပေါ့သွားမှာ စိုးလို့ တိုက်ရိုက်ပဲ ရေးလိုက်တယ် ။ သူပြောတာကို ကြည့်ရအောင် ။
“ ဟယ်လို ..ကိုကြီးလား ”
“ …………..”
“ အင်း ညီမလေးပါ …အခု ပြန်ထွက်ဖို့လုပ်နေတယ်လေ…အခုလေးတင် ဗီဇာရုံးက ပြန်လာတာ …အင်း အေးဂျင့်နဲ့ လည်းညှိပြီး သွားပြီ …ညီမလေးတော့ မြန်မြန် ပြန်ထွက်ချင်နေပြီ..ဒီမှာနေကို မနေချင်ဘူး ”
“……………”
“ ဒီမှာက အဲ့မှာလိုမှ မဟုတ်တာ ….စည်းကမ်းလည်း မရှိကြဘူး…..ထမင်းလား မစားရသေးပါဘူး ကိုကြီးရယ် ..ဒီရောက် မှ ဘာမှကို မစားချင်ဘူး …အစားအသောက်တွေကလည်း သန့်မှာ မသန့်တာ …အခုလည်း ဘတ်စ်ကား နဲ့ ပြန်လာတာလေ..”
“……………”
“ ဘတ်စ် ကားတွေကလည်း ကျပ်လိုက်တာ ကိုကြီးရယ်….လူစော်တွေကလည်း နံဟောင်နေတာပဲ …ခေါင်းတောင်မူးတယ်….အင်း ”
“…………..”
“ ညီမလေးလေ ဒီရောက်မှ ဒီကရေတောင်မသောက်ဘူး ….ရေသန့်ဘူးပဲ ဝယ်သောက်တယ်…ဒီကရေ တွေက သန်မှမသန့်တာ…ရွံ စရာကြီး …”
“ ………….”
“ အင်း မြန်နိုင်သမျှ မြန်မြန် ကို ထွက်ချင်နေပြီ …ဒီမှာကို မနေချင်တော့တာ…”
“…………..”
ကဲ ဘယ်လောက်များ ..စိတ်နာဖို့ ကောင်းသလဲ ။ ဒီမြေမှာနေ ဒီမြေမှာ ကြီးပြီး တိုင်းတစ်ပါးကို အထင်ကြီးနေကြတာ ။ တကယ်ဆို ဖြစ်သင့်တာက ကိုယ့်နိုင်ငံမှာ စည်းကမ်း မရှိကြ ဘူးဆို တိုင်းတစ်ပါးကို အတုယူပြီး ဘယ်လို စည်းကမ်းရှိအောင် လုပ်ရမယ် ။ လုပ်ပေးသင့်တယ် ဆိုတာ စဉ်းစား ရမှာပေါ့ ။ အားလုံး ဝိုင်းဝန်းပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်ကြရမှာပေါ့။
နတ်ဆိုးကတော့ စစ်သား ဟုတ်လို့လားတော့ မသိဘူး …ကိုယ့်နိုင်ငံကို ချစ်တယ်ဗျ ။ အဲ့တော့ အကုန်လုံးကိုလည်း နိုင်ငံကို ချစ်စေချင်တယ် ။ ကဲ ..သူတို့ပဲ မှားလား….နိုင်ငံကို ချစ်စေချင်တဲ့ နတ်ဆိုးပဲ မှားလားဆို တာ ဆုံးဖြတ်ပေးကြပါဦး ။
နိုင်ငံကို ချစ်နိုင်ကြပါစေ ။
10 comments
unclegyi1974
January 26, 2011 at 4:51 pm
မြန်မာတွေ မြန်မာပြည်မချစ်တာမဟုတ်လောက်ပါဖူး
တိုးတက်တဲ့နိုင်ငံတွေရောက်သွားကြပြီးအမြင်ကျယ်
ကုန်ကြတယ်လို့ပဲမြင်ပါတယ်
ဒီမှာသာအဲဒီနိုင်ငံတွေထက်မသာတောင်
တန်းတူဖြစ်ကြည့်ပါလား …..
leonus007
January 26, 2011 at 5:14 pm
အဲ့ဒီ အပြောမျိုး ပြောတဲ့သူ တွေ က သိပ်ကြာကြာမနေဖူးလို ့လား ဒါမှမဟုတ် မွေးကတည်းက နိုင်ငံခြားမှာနေလာလို ့လား တစ်ခုခု ဖြစ်မှာပါ။ သူ များကြား အောင် အကြွားပိုတာမျိုးလဲဖြစ်နိုင်ပါတယ်။ ကျွန်တော့်အထင် လူအများစု ရဲ ့ခံစားချက်က နိုင်ငံကို မချစ်တာတော့ မဟုတ်ပါဘူး တခြားတိုးတက်တဲ့ နိုင် ငံတွေနဲ ့နှိုင်းရင် စား ဝတ် နေ ရေး နဲ ့ အခြား ကဏ္ဍတွေ မှာ အောက်ကျနောက်ကျ ဖြစ်နေတော့ မကျေနပ်တဲ့ ခံစားချက်မျိုး ဖြစ်နေတာဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံမှ ဒီလို နေရတာမကြိုက် ပေမဲ့ ဒီလိုကြီး ပြောတာတော့ ရီချင်စရာပဲ။ နိုင်ငံခြား တစ်ပတ်လောက်သွားပြီး ငပိနံ ့မခံနိုင်တော့ဘူး ဆိုတာမျိုး ဖြစ်နေတာ။ နိုင်ငံရဲ ့အစိုးရ ကပဲ ဖြေရှင်းနိုင်မဲ ့ကိစ္စလို ့ထင်ပါတယ်။
narziparty2009
January 26, 2011 at 5:42 pm
သူပြောလည်းပြောမှာပေါ.လေဒီနိုင်ငံကနေတိုးတက်တဲ.နိုင်ငံသွားနေဖူးတာကိုးသမပြောနဲ.
ကျွန်တော်ကတောကလူတစ်ယောက်တောင်ရန်ကုန်ရောက်ပြီးလပိုင်းပဲရှိသေးတယ်ပြန်လာတော.
ဖုံတွေနံတာမခံနိုင်လို.ဆိုပြီးဘယ်သွားသွားလက်ကိုင်ပဝါကြီးပိတ်လို.
ပြီးတော.ရွာမှာစားနေကျသင်္ဘောသီးတောင်ဒါဘာသီးတွေလည်းတဲ.မေးသေးတယ်
ဒါပေမဲ.စောစောကစင်္ကာပူပြောတဲ.အပြောမျိုးတော.မပြောသင်.ဘူးဗျာ။
Foreign Resident
January 26, 2011 at 10:39 pm
I think she didn’t say anything wrong.
In fact, her sayings are right.
She said,
(1) Water & food look dirty,
(2) Buses are full n tight,
(3) people have no discipline,
She didn’t say she don’t love her country.
May be, she loves Myanmar more than us,
May be, she has idea to help & sacrifice for Myanmar,
But, In Myanmar,
we cannot do or say the right things.
people are oppressed by military.
Then, we don’t want to see those suffering of people.
Seeing unfair & bad things made us “” A Ku Tho “”.
So, we have only 2 choices left,
fight against bad government or flee to Foreign country.
Actually, we don’t have enough courage
to fight against this brutal regime,
then we flee from Myanmar.
That’s simple.
That doesn’t mean we don’t love Myanmar.
In my another view,
She seems an ordinary day to day or bill to bill workers
both in Singapore & Myanmar.
I means she is neither a rich person in SGP nor in Myanmar.
If she is a rich person ( let say more than 5000 Lakh Kyats ),
then both of the countries would seem desirable.
kai
January 27, 2011 at 9:45 am
‘Join, or Die’ is a well-known political cartoon, created by Benjamin Franklin and first published in his Pennsylvania Gazette on May 9, 1754
အခုမြန်မာပြည်ပုံစံက .. Fight, or Flee ပေါ့နော..။
ထောက်ခံပါတယ်ဗျာ.။
etone
January 27, 2011 at 8:18 am
ဘာပဲပြောပြော ကြီးကျယ်တာတော့ ကြီးကျယ်တာပဲ ။
အနံကြီးကွင်းကျယ်အမျိုးစားထဲက ထင်တယ် …။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ အထဲကတော့ဖြစ်ဟန်မတူပါဘူး… ။ တစ်ဘက်နိုင်ငံကို အထင်ကြီးစိတ်တွေ တအားကြီး များနေတယ်လို့ စာဖတ်ရင်း သုံးသပ်မိတယ် ။ (သုံးသပ်ချက် လွတ်လပ်စွာကွဲလွဲနိုင်သည် ) ။
ဒီမှာက စည်းကမ်းမရှိကြဘူးလို့ပြောတာတွေ့ပါတယ်…
ဟုတ်ပါတယ် အရင်ကတည်းက စည်းကမ်းမရှိတာ အခုထိပါ ။ ၎င်းအမျိုးသမီး နိုင်ငံခြားကို ခြေမချခင်ကတည်းက စည်းကမ်းမရှိခဲ့တာ ယခုမှ အတိတ်မေ့လျှော့ပြန်ပြောနေသလား စဉ်းစားစရာပါပဲ ။
ဒီရောက် မှ ဘာမှကို မစားချင်ဘူး …အစားအသောက်တွေကလည်း သန့်မှာ မသန့်တာ ….
အစားသောက်တွေ မသန့်တာ မှန်ပါတယ် ။ သန့်ပြန့်တဲ့ဆိုင်တွေလည်းရှိပါတယ် ပိုက်ဆံ ပေးနိုင်လျှင် သန့်ပြန့်ပြီး ဝန်ဆောင်မှူကောင်းသောဆိုင်တွေမှာ သွားစားလို့ရပါတယ်…။ ဒီရောက်မှ ဘာမှ မစားချင်ဘူးဆိုသောစကားက ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းလိုက်သလိုပါပဲ ။ အမေ့လက်ရာ ထမင်းဟင်းကိုရော မသန့်ရှင်းတဲ့ အစားသောက်၊ မစားချင်တဲ့ အစားသောက်စာရင်းထဲ ရောထွေးလိုက်ပြီလား ။ ပြည်ပရောက်မြန်မာ တစ်ချို့က အိမ်ထမင်း၊ အိမ်ဟင်းကို လွမ်းကြတယ်… ။ အမေကြော်ဒွေးတော်လွမ်းနေတာတွေတော့ မသိဘူးပေါ့ ..။
ဘတ်စ် ကားတွေကလည်း ကျပ်လိုက်တာ ၊လူစော်တွေကလည်း နံဟောင်နေတာပဲ …ခေါင်းတောင်မူးတယ်တဲ့လား … ။
ကြပ်တဲ့ ဘစ်စ်ကားကို တက်စီးမှတော့ကြပ်တာ မဆန်းပါဘူး…။ အခြေခံလူတန်းစား နှင့် လူလတ်တန်းစားတွေ၊ ကိုယ်ပိုင်ကားမရှိတဲ့လူတွေ ဒီလိုပဲ သည်းခံစီးကြရတာပါ ။ အေးအေးလူလူ ပရိုက်ဗိတ်လေးသွားချင်လျှင်တော့ ကားငှားစီးပေါ့ ။
ကြုံတွေ့ရတဲ့ တစ်ခဏဒုက္ခလေးကို တစ်ဘက်က အစ်ကို (ဘင်္ဂလား/ အရင်း) ကို ချွဲချင်တာနဲ့ ၊ ပဲများလိုက်တာ ကိုယ့်ကိုယ်ကို အောက်ခြေလွတ်သွားမှန်းမသိ ဖြစ်သွားတာလို့ထင်ပါတယ် ။
နိုင်ငံချစ်စိတ်ကတော့ လူတိုင်းရင်ထဲမှာ ကိန်းနေပါတယ်… ။ ဘောလုံးပွဲကိုပဲ ဥပမာကြည့် မြန်မာနဲ့ တခြား နိုင်ငံနဲ့ကန်လျှင်တောင် ကိုယ့်လူမျိုးကိုပဲ အားပေးကြတာပါ…။
မတူညီတဲ့ အတွေးများလည်း ရှိကောင်းရှိနိုင်ပါတယ် ..။ ရွာသူ ၊ရွာသားတို့ရေ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် ။
yuyu
January 27, 2011 at 9:23 am
ကိုယ်တွေလဲနိုင်ငံခြားမှာနေဖူးပါတယ် စည်းကမ်းနဲ့တိုးတက်မှု့တွေကတော့အများကြီးကွာခြားပါတယ် နိုင်ငံခြားမှာဘယ်လိုအစားအစာဘယ်လောက်ပဲကောင်းကောင်း၊ မြန်မာပြည်ကအစားအသောက်ကိုဘယ်လိုမှမမှီနီင်ပါဘူး မလေးမှာနေတုန်းကဆိုရင် ငါပြန်ရောက်ရင်ဘယ်ဟင်းချက်ခိုင်းမယ်ဘာတွေစားပစ်မယ်ဆိုပြီးအမြဲတမ်း
ကြုံးဝါးခဲ့တာပါ မြန်မာဆိုင်က အစားအစာတွေဘယ်လောက်စားရစားရ မြန်မာပြည်မှာစားရတာလောက် အာသာမပြေတာအမှန်ပါ ပြီးတော့ ကိုယ့်တိုင်းပြည်မတိုးတက်ဘူးသူများတိုင်းပြည်မှာအလုပ်သွားလုပ်တယ်ဆို်ပေ
မယ့် သူများတိုင်းပြည်မှာနေရတာ စိတ်လုံခြုံမှုမရှိပါဘူး၊ စားရင်လဲသတိ၊ သွားရင်လဲသတိ၊ အိပ်ရင်လဲသတိနဲ့အိပ်ခဲ့ရတာပါ ဒါတောင်ကိုယ်က တရားဝင်သွားအလုပ်လုပ်ခဲ့တာပါ၊ ကိုယ့်နိုင်ငံနဲ့သူများနိုင်ငံမှာ အသက်ရှုရတာချင်းတောင်မတူဘူးလို့ လက်ခံယုံကြည်မိပါတယ်
မိုက်ကယ်ဂျော်နီအောင်ပု
January 27, 2011 at 2:52 pm
ရေ ဆိုလို ့ ပြောရဦးမယ်
ရွာမှာ
ရွာကိုပြန်တုန်းက နိုင်ဂျံဂါးကနေ
ရောက်တုန်းရောက်ခိုက် လယ်ထဲတစ်ခေါက်လိုက်သွားရတယ်
နေမြင့်လာတော့ ရေဆာလာတယ်
အဘကတော့ ကုန်းပြီးသောက်နေတယ် အင်းထဲကရေတွေကို
အဘ ဒီရေတွေကို သွားမသောက်နဲ ့ ရောဂါဖြစ်လိမ့်မယ်
ဒေါသလဲထွက်ပုံရတယ် ရီချင်နေပုံလည်းရတယ်
ဟေ့ကောင်ငပု
မင်းမမွေးခင်ထဲက ဒီအင်းထဲကရေကိုသောက်ပြီး မင်းကိုမွေးထားတာ
မင်းဟိုကပြန်လာပြီး ဘာရောဂါပါလာတာလဲ
ဟုတ်ဘူးအဘ
ကိုယ်က မျက်နှာသေလေးနဲ ့ပြန်ပြောရတယ်
သူ ့စိတ်ကိုကိုယ်ကသိနေတယ် တကယ်လုပ်မဲ့ရုပ်ကြီး
အဘငယ်ငယ်တုန်းက လယ်ထဲကို မြေဩဇာရအောင် နချီး နဲ ့မြေကျက် ဘဲထည့်တာ
အခု အဘထည့်နေတဲ့ တရုပ်ပလဲဝဲတွေက ရေဖြစ်ပြီး အင်းထဲပြန်ဝင်လာတာ
ရေကြည်ဆိုပေမယ့် မသန် ့တော့ဘူးအဘရဲ ့
ခေါင်းတစ်ညိတ်ညိတ်နဲ ့ပေါ့
အဖိုးကြီးက
နောက်
အခြား အကြောင်းတွေလဲရှိသေးသပေါ့ဗျာ
zaw min
January 27, 2011 at 5:28 pm
နိုင်ငံခြားတွင်နေထိုင်သူ ရေးသွားတာ သဘာဝကျပါတယ်။
နိုင်ငံခြားမှာနေထိုင်သူတွေအားလုံး အကြောင်းအမျိုးမျိုးကြောင့် နေထိုင်နေရတာပါ။
ဟိုတချိန်က မြန်မာပြည်မှာနိုင်ငံခြားသားတွေ အလုပ်လာလုပ်ကြတာပါ။
အိမ်သာသိမ်း အလုပ်၊မြူနီစပါယ် အလုပ်ဆိုတာ ဂေါ်ဒနီကုလားတွေ လုပ်ခဲ့ကြတာပါ။
ယခု ကျွန်တော်တို့က သူတပါးတိုင်းပြည်တွေမှာ အကြောင်းအမျိုးမျိုးကြောင့်သာ နေထိုင်လုပ်ကိုင်နေကြတာပါ။
ယ္ခု မလေးရှားတို့၊စင်္ကာပူတို့ဆိုတာ မြန်မာပြည်လွတ်လပ်ရေးရပြီး၊(၁၀)နှစ်ကြာမှ လွတ်လပ်ရေးရခဲ့တဲ့ တိုင်းပြည်တွေပါ။ယနေ့ အဲဒီနိုင်ငံတွေ တိုးတက်နေတာ၊လူနေမူအဆင့်အတန်းတွေမြင့်မားနေတာ ဘာကြောင့်လဲ။ဘယ်သူတွေမှာပိုပြီးတာဝန်ရှိသလဲ။ပြည်သူတွေညံ့လို့ အသုံးမကျလို့လား။
လွတ်လပ်ရေးမရခင်က ကိုယ့်တိုင်းပြည်မှာကျွန်ခံရတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်ငံတကာကျွန် ဖြစ်ရပြန်တယ်။
အဲဒါကြောင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေဟာ အင်မတန်မှ ဝဋ်ကြွေးကြီးလှပေတယ်။
char too lan
January 28, 2011 at 5:45 am
စိတ်မကောင်းပါဘူးဗျာ………….. 🙁