မှန်ကြည်.သလို ပြန်ကြည်.ဖြစ်ပါ်သလား?
တစ်ခါက ဆို ဟိုးရှေးရှေးကပေါ.နော်။
လူသူနည်းနည်းဝေးတဲ. တောအုပ်ကလေးနားမှာရှိတဲ. ကျောင်းသင်္ခန်းလေးမှာ ရဟန်းတစ်ပါး ဟာ တရားဓမ္မဆောက်တည်လို.တစ်ပါးတည်းသီတင်းသုံးနေပါသတဲ.။
တစ်နေ.တော. သည်ကျောင်းလေးနားကို ပြည်.တန်ဆာမ တစ်ယောက်က မလှမ်းမကမ်းမှာလာနေပါသတဲ.။
အစက အေးအေးဆေးဆေးရှိသောနေရာလေးဟာ ရုတ်တရက် ဆူညံစည်ကားလို.လာပါလေရော။
အဲဒီအချိန်မှာ ရဟန်းကြီးလဲစိတ်တွေညစ်သွားတော.တာပါဘဲ။
တစ်ရက်တစ်ရက်လာလိုက်တဲ.လူတွေ အများကြီးကို။
ဒါနဲ.ပဲ ရဟန်းကြီးမှာဒီလိုစိတ်ကူးတစ်ခုရလာပါသတဲ.။
“ဒီတကာမလေးမှာ အကုသိုလ်တွေ များလို.များမှန်းမသိတော.ဖြစ်နေပြီ သူတနေ.ထက် တနေ.အကုသိုလ် ဘယ်လောက်များတယ်ဆိုတာ သိအောင်ပြမှဖြစ်မယ် ”
ဒီစိတ်ကူးရတဲ.နေ.ကစလို.အဲဒီအိမ်ကို လူတစ်ယောက်ဝင်သွားရင်ရဟန်းက သူ.ကျောင်းဝင်းထရံနားဘေးမှာခဲလုံး တစ်လုံး ချလိုက်ပါသတ.ဲ။
ဒီလိုနဲ.လေးငါးခြောက်လ ကြာလာတော. ကျောင်းဝင်းထရံမှာ ခဲလုံးတွေအတော်လေးကိုများလာပါသတဲ.။
တစ်ရက် တိုက်ဆိုင်ချင်တော.ရဟန်းကကျောင်းရှေ.မှာထွက်လာတဲ.အခို်က် ပြည်.တန်ဆာလုပ်တဲ.မိန်းကလေးကလည်းသူ.အိမ်အပြင်ဘက်ကိုထွက်လာတာနဲ.ဆုံပါသတဲ.။
အဲဒီမှာ ရဟန်းကြီးက မိ်န်းကလေးကို လှမ်းခေါ်လိုက်ပါသတဲ.။
မိန်းကလေး အနားကိုရောက်လာတော. “ကြည်.စမ်းပါ ဒီခဲလုံးတွေက မင်းဆီကို လူတယောက်လာရင် တစလုံးချထားတာ။ဒီခဲလုံးများလေလေ မင်းကြောင်.ဖြစ်လာတဲ.အကုသိုလ်တွေ ကျူးလွန်သူများလေလေ မင်းလဲအကုသိုလ်များလေလေ။သေရင်တော. ငရဲကိုတန်းနေမှာဘဲ”လို.ပြောလိုက်ပါသတဲ.။
ဒီစကားကိုကြားလိုက်ရတဲ.အခါ မိန်းကလေးခင်မျာ အတော်ကိုဝမ်းနည်းသွားသလို အတော်ကိုလည်း တုန်လှုုပ်သွားပါသတဲ.။
ဒါနဲ.ပဲအိမ်ပြန်ရောက်တဲ.အချိန်ကစလို.” ဘဝပေး အခြေအနေမကောင်းလို.သည်လိုနိမ်.ကျတဲ.အဖြစ်ကိုရောက်နေပေမဲဒီကနေကစလို.ကောင်းမူ.ကုသိုလ်ကိုတတ်နိုင်သလောက်လုပ်မယ်”
မယ်လို.ဆုံးဖြတ်လိုက်တဲ.နေ.ကစလို. မနက်စောစောထ တတ်သလောက်လေး နဲ.ဘုရားတရားလုပ်။
ဧည်.သည်မလာတဲ.အချိန်တွေဆိုရင်လည်း တရားထို်င်လို.စိတ်ကိုတည်ငြီမ်လာအောင် နိုင်သလောက်ကလေး ကြိုးစားလို.ကောင်းအောင်နေထိုင်ပါသတဲ.။
ရဟန်းကတော. နေမြဲအတိုင်းခဲလုံးချတဲ.အလုပ်ကိုဘဲလုပ်နေပါသတဲ.။
ဒါနဲ.ပဲတစ်ချိန်မှာတော. နှစ်ယောက်စလုံးလူ.လောက ကြီးကိုကျောခိုင်းရတဲ.အချိန်မှာ နတ်ပြည်ကိုနှစ်ယောက်လုံးရောက်သွားပါသတဲ.။
ဒါပေမဲ.မိန်းကလေးက ရဟန်းထက် မြင်.သော ဘုံကိုရောက်သွားတဲ.အခါ ရဟန်းက သက်ဆိုင်ရာကို မေးခွန်းထုတ်ပါသတဲ.။တ
တရားနဲ.မွေ.လျော်တဲ. ရဟန်းထက် ပြည်.တန်ဆာက ဘာလို. ပိုမြင်.နေရသလဲံပေါ.လေ။
အဲဒီအခါမှာ ရလာတဲ.အဖြေကတော. “အသင်ရဟန်းက မြင်.မြတ်တဲ. ရဟန်းဘဝကို ရနေပေမဲ. တရားဓမ္မကျင်.ကြံခြင်းမရှိဘဲံ တစ်ပါးသူရဲ.အပြစ်ကို ထိုင်ကြည်.နေတာနဲ.အချိန်ကုန်နေပါတယ်။ဟိုမိန်းကလေးကတော. လက်ရှိဘဝမှာနိမ်.ကျနေပေမဲ.တတ်နိုင်သလောက် ရသလောက်လေးကို တရားနဲ.မွေ.လျော်ခဲ.တဲ.အတွက် နောက်ဘဝမှာကောင်းသောရလဒ်ကို ပိုင်ဆိုင်ရတာပါ ”
ကဲ ကျွန်တော်ရော ခင်ဗျားတို.ရော နေ.စဉ်ဖြတ်သန်းနေကြရာမှာ ရဟန်းလိုလား မိန်းကလေးလိုလား ပြန်စဉ်းစားကြည်.ပါ။
လူဆိုတာ ကိုယ်.ရဲ.အားနည်းချက် အမှား တွေကို အလွယ်တကူမ မြင်တတ် မတွေ.တတ်ပေမဲ. အခြားသူရဲ.အားနည်းချက်ကိုတော.အလွယ်တကူမြင်တတ်တာ သဘာဝပါဘဲ။
ကျွန်တော်တို.တစ်တွေ နေ.တိုင်းနေ.တိုင်း ကိုယ်ဝလာသလား ပိန်သွားလား လှသလား သပ်ရပ်ရဲ.လား ကြည်.ကောင်းရဲ.လား
ခေါင်းမှာ ကြာဇံတွေများလာပြီလား လို. မကြာမကြာကြည်.ဖြစ်ပေမဲ.
ကိုယ်ကိုယ်ကိုတော.ကောင်းလား ဆိုးလား မဆန်းစစ်မိတာတော. ကျွန်တော်အပါအဝင်လူတိုင်းဘဲဖြစ်ပါလိမ်.မယ်။
ကဲ သည်နေ.ကစလို. မိုးမိုးသီချင်းထဲကလို ငါမှားလား မင်းမှန်လားလို. ဆန်းစစ်ကြည်.ရင်း သူများအမှားကို ထိုင်ကြည်.တတ်တဲ.အကျင်.ဆိုးလေးတွေကိုပြင်လို. ကို.ယ်ကိုယ်တိုင်ရော ကောင်းတာတွေကို လုပ်မိရဲ.လားလို.
မှန်ကြည်.သလို ပြန်ကြည်.လိုက်ကြရအောင်နော်။
3 comments
susunosuki
April 20, 2010 at 1:53 pm
ပညာရှိတွေက လူတစ်ယောက် ရဲ့စိတ်နှလုံးကို ကြည့်ပြီး
သူတို့ဘဝ ကိုတန်းဖိုးဖြတ်ကြတယ် လို့ ချားလ်အာကာရာက ဆိုတယ်
အရူးတွေသာ အပြင်ပန်းကိုကြည့်တာပါ
intro
April 21, 2010 at 10:00 am
ဟုတ်ပါတယ်ဗျာ…. ကိုယ့်စိတ်ကို ကိုယ် မြင်အောင် ကြည့်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး…
thethtet87
September 28, 2010 at 5:38 am
ဟုတ်တယ်လူတစ်ယောက်ကလက်မခံချင်ဆုံးအကြောင်း
တရားကသူ့မှာဖြစ်ပျက်နေတဲ့အမှန်တရားဘဲ။ဒါကိုလက်
မခံတတ်ကြဘူး။ဒါပေမဲ့သူများမှာဖြစ်ပျက်နေတဲ့အမှန်
တရားတွေကိုတော့အလွယ်တကူတွေတတ်ကြတယ်။
အကောင်းဆုံးကတော့ဝေဘန်မှုကိုလည်းခံနိုင်ရမယ်
ပြုပြင်ပြောင်းလဲမှုကိုလည်းစဉ်းစားတတ်ရမယ်။ပြီးပြည့်
စုံတဲ့လူသားတစ်ယောက်တော့မရှိနိုင်ပါဘူး။ဒါပေမဲ့
တန်ဖိုးရှိတဲ့လူသားတစ်ယောက်တော့ဖြစ်လာမှာပါ။ပုံပြင်
လေးကတော့ကြားဖူးပါတယ်။ဒါပေမဲ့အခုမှာအဓိပ္ပါယ်ကို
သေသေချာချာပြန်စဉ်းစားကြည့်မိတယ်။ကျေးဇူးပါ။