Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

NO LONGER A SECRET…….ဆိုဘဲ

maungmoenyoJanuary 28, 20111min2101

NO LONGER A SECRET …ဆိုဘဲ…

မနေ့ကလွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးမှာပြောသွားတဲ့ သမ္မတဆိုဘားမားရဲ့ မှတ်မှတ်ရရ စကားစုကလေးပါ။ ဒီလိုရှိပါတယ်၊ မောင်မိုးညိုဟာ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီကို ဘယ်သောအခါကမှ ထောက်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ဖြစ်ထွန်းလာမှုတွေကို လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ဆိုပါရစေ။

၂၀၀၈ ရွေးကောက်ပွဲမဝင်ခင်ကတည်းက အိုဘားမားရဲ့ အရည်အသွေးကို မျက်စေ့ကျမိရတာက ဒီလိုအကြောင်းတွေကြောင့်ပါ။ ခေတ်သစ်သမ္မတအဆက်ဆက်မှာ သူလိုငါလို သာမာန်လူတန်းစား တွေထဲကပထမမဆုံးတက်လာတဲ့ နိုင်ငံရေးသမားတက်သစ်စတွေထဲမှာ သူဟာထူးချွန်ထက်မြက်သူတယောက်ဆိုရင်မမှားပါဘူး။ Harvard Law Review ရဲ့ ဥက္ကဌဆိုတဲ့ ဒိတ်ဒိတ်ကျဲ ရာထူးအတွက်ကမ်းလှမ်းခြင်းခံခဲ့ရသူဆိုတော့ ခေသူမဟုတ်ပေါ့နော်။ သာမာန်လူတန်းစား၊ အခြေခံလူတန်းစားတွေရဲ့ နေ့တဓူဝ ခံစားနေရတဲ့ အခက်အခဲရင်ဆိုင်မှုတွေကိုကိုယ်တိုင် (သို့) မိသားစုဝင်တချိုူကတွေ့ကြုံ ခံစားရတဲ့ လူတန်းစားထဲကပေါက်ဖွားလာသူပါ။ ကိုယ်တိုင်ကလဲဘဝနာခဲ့သူတဦးဖြစ်ယုံမက ခေတ်ပညာကိုထူးချွန်ထက်မျက်စွာနဲ့ ကြီးပြင်းလာခဲ့ရသူမို့ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ Norway Nobel ဆုကော်မီတီက သမ္မတမဖြစ်ခင်လပေါင်းများစွာကတည်း ကမျက်စေ့ကျခြင်းခံရသူပါ။ သူ့လိုဘဝအခြေခံကျခဲ့သူခုနောက်ပိုင်းသမ္မတတွေထဲမှာကြည့်ကြည့်ပါ။ ကိုယ့်အမေအရင်းခေါက်ခေါက်ကဆေးရုံကုတင်ပေါ်ထိုင်ရင်း insurance company ကြီးတွေနဲ့ငြင်းရခုံရတာတွေ မျက်ဝါးထင်ထင်တွေ့ခဲ့ရသူမို့၊ သူ့တသက်တာမှာ မမေ့နိုင်တဲ့လူများစုခံစားနေရတဲ့ အခွင့်အရေးအငြင်းပယ်ခံရမှုတွေ၊ လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်တိုက်ဖျက်ဖို့ သံန္နိဌာန်ချခဲ့ပုံရပါတယ်။ တကယ်ပြောရရင် သူသမ္မတဖြစ်ပြီးနောက်တနေ့မှာတင်၊ သူလုပ်နိုင်တဲ့ပြင်ဆင်ပြောင်းလဲမှုတွေ ဇောက်ချလုပ်ခဲ့တာတွေ တသီကြီးတွေ့ရပါတယ်။ တနှစ်အောက်ကလေးတွေကိုကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝချက်ခြင်းပေးရေးဥပဒေ၊ အလယ်အလတ်တန်းစား လူတန်းစားတွေအတွက် ဘဝမြှင့်တင်ရေးလုပ်ငန်းစဉ်တွေချမှတ်ရေးကိစ္စ၊ ဘဏ်တွေကနေစားသုံးသူတွေဆီ အတိုးနှုန်းထားတွေကို စာလုံးသေးလေးတွေ (fine print) နဲ့ မတရားဒဏ်ရိုက်တာ၊ အတိုးကောက်တာတွေကိုတားဆီးဘို့၊ ငွေချေးရာမှာ စားသုံးသူတွေနားလည်လွယ်မဲ့ အချက်အလက်တွေကိုရှင်းရှင်းလင်းလင်းပီပီပြင်ပြင် နဲ့ ကြိုတင်အသိပေးဘို့၊ အိမ်ဝယ်ခွင့် အတွက်ဘဏ်ငွေချေးတဲ့ ကိစ္စတွေမှာသမရိုးကျမဟုတ်တဲ့ ငွေချေးစနစ်တွေကြောင့် အိမ်အသိမ်းခံရသူတွေရဲ့ဒုက္ခ ပင်လယ်ဝေခဲ့ကြသူတွေအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ်များ၊ ကောလိပ်တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသားတွေကို ငွေထုတ်ချေးတဲ့ဘဏ်တွေက နိုင်ထက်စီူနင်းမလုပ်နိုင်အောင် ငွေချေးစံနစ်ကြီးတခုလုံးကို အစိုးရကကြားကဝင်ကိုင်တွယ်တာတွေကို အဆက်မပြတ်လုပ်ခဲ့တာ အထင်းသားတွေ့ရပါတယ်။ အဲ့ဒီအတွက်စီးပွားရေးလုပ်ငန်းရှင်တွေ အတော်များများက မစားနိုင်မသောက်နိုင်ဖြစ်လာယုံမက အကြပ်ဆိုက်မဲ့ကိန်းမြင်လာကြပုံရပါတယ်။ ငါတို့တော့မဖြစ်ခြေဘူးဆိုပြီး လုပ်ဇာတ်တွေ စဆင်ကြရပါတော့တယ်။

ဆိုရှယ်လစ်ဇမ် ဝါဒီလို့သူ့ကိုသမုတ်လာကြပါတယ်။ ဒါကတော်ခရီးရောက်တဲ့ကိစ္စပါ။ အမေရိကားဟာ ပုဂ္ဂလိကစီးပွားရေးကိုအားပေးတဲ့မြတ်နိုးတဲ့ နိုင်ငံကြီးပါ။ လွတ်လပ်သောပုဂ္ဂလိကစီးပွားရေးပြိုင်ဆိုင်မှု ဟာ အမေရိကန်ရဲ့အဓိကစီးပွားရေးမဏ္ဍိုင်ကြီးတခုပါ၊ ဒါကိုထိတော့ လူတွေကဘာမှန်းတိတိကျကျမသိရပေမဲ့ ဝိုင်းပွက်လောရိုက်ကြပါတယ်။ အထူးသဖြင့်ဆိုရှယ်လစ်စနစ်ရဲ့သားကောင်ဖြစ်ခံခဲ့ရတဲ့မြန်မာတွေအပါအဝင် အာရှသားတွေကပါ ဝိုင်းပြီးဝေလေလေကြတော့တာပါဘဲ။ အမှန်တော့ သူဟာဆိုရှယ်လစ်ဇမ်ရဲ့ဆိုးကျိုးတွေကို ကောင်းကောင်းကြီးသိတဲ့သူပါ။

သူသမ္မတဖြစ်ချိန်ကစပြီး မအိပ်နိုင်မစားနိုင်နိုင်ဖြစ်ကြသူတွေကလဲ သမ္မတဘုရှ် လက်ထက်ကရခဲ့တဲ့ federal budget deficit ဆိုးမွေနဲ့စီးပွားပျက်ကာလရဲ့ တနေ့တခြားဆိုးရွားလာတဲ့ စီးပွားရေးအခြေအနေတွေကိုကြည့်ပြီး ဝမ်းသာလုံးဆို့ကြပါတယ်။ တကယ်တော့သမ္မတဘုရှ် ဟာ ရိုးသားပြီးအမှန်ကိုအမှန်အတိုင်းမြင်တတ်သူတဦးပါ။ သူ့အနားမှာဝိုင်းနေတဲ့ Dick Cheney, Don Rumsfeld, John Ashcroft စသူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က အစဉ်ရပ်တည်နေပြီး သူတို့အကြိုးကိုသာ အမြဲစောင်ရှောက်ခဲ့ကြသူတွေပါ။ ကြောက်စရာကောင်းလောက်အောင် စီးပွားရေးလက်တလုံးခြားမှုတွေ လုပ်ခဲ့တဲ့အစဉ်အလာရှိကြသူတွေပါ။ ကုမ္ပဏီတွင်းငွေစာရင်းလိမ်လည်မှုတွေကြောင့်ထိပ်ထိပ်ကျဲကုမ္ပဏီကြီးတွေ သူ့လက်ထက်မှာတခုပြီးတခုပြိုလဲသွားတာတွေ အမှတ်ရကြမယ်ထင်ပါတယ်။ နောက်ဆုံး Security Exchange Commission လို့ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ အတွင်းရေး၊ ငွေရေးကြေးရေးတွေကို စစ်ဆေးဘို့တာဝန်ရှိတဲ့အဖွဲ့ကြီးရဲ့ မျက်စေ့တဖက်မှိတ်ထားမှုတွေကြောင့် ဆိုပြီး အဲ့ဒီအဖွဲ့ကိုလဲလူစားလဲခဲ့ရတဲ့အထိပါ။ ငွေရှိသူတွေက သူ့ကြောင့်မို့၊ ငါ့ကြောင်မို့ ဆိုပြီး ငြင်းခုံကြချိန်မှာ သန်းပေါင်းများစွာသောပြည်သူတွေအိုးအိမ်မဲ့ခဲ့ကြရပါတယ်၊ insurance တွေမဲ့ခဲ့ကြရပါတယ်၊ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုတွေနေရာအနှံ့ဖြစ်ခဲ့ကြရပါတယ်။ ဘဝပျက်ကြတာတွေဒုနဲ့ဒေးပါ။ အိမ်အတွက်ဘဏ်ကငွေချေးရာမှာ ပြန်မဆပ်နိုင်တဲ့ငွေချေးစနစ်တွေကိုသုံးခဲ့ကြလို့ လူတွေးဒုက္ခလှလှတွေ့ကြရပါတယ်။ နှစ်နှစ်ဆယ်အစိပ်လောက်အိမ် ပိုင်နဲ့နေပြီးမှာအိမ်ယာမဲ့ဘဝရောက်သွားကြသူတွေ မနဲပါဘူး။ မလိုလားအပ်ဘဲ့အမေရိကန်ပြည်သူတွေကိုအီရတ်စစ်ထဲဆွဲခေါ်သွားလို့ တိုက်ပွဲမှာ ကျဆုံရသူတွေလဲ ရာထောကင်မကရှိခဲ့ရပါတယ်။ ဒါတွေမမေ့ကြပါနဲ့။ ဒီလိုအဖြစ်တွေကိုကြည့်ပြီးစိတ်အထိခိုက်ကြီးထိခိုက်သွားရသူတယောက်ကတော့ သမ္မတဘုရှ်ပါဘဲ။ အဲ့ဒီအတွက် လူထုရဲ့မျက်စေ့အောက်က တတ်နိုင်သမျှရှောင်နေခဲ့ရရှာတာသမ္မတဘုရှ် ပါဘဲ။

စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ထောက်ပံ့မှုနဲ့ လွှတ်တော်ထဲရောက်လာတဲ့အမတ်များ (အထူးသဖြင့် Republican) တွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းပံ့ပိုးသူတွေထိခိုက်လာမှာသိတော့ ပွက်လောရိုက်လာကြပါတယ်။ ဒါပေမဲ့သမ္မတဘုရှ် ရဲ့အမှားအယွင်းကိစ္စတွေရဲ့ လောင်းရိပ် ကြောင့် Republican ပါတီဝင်တွေဟာလဲ စည်းလုံးမှုရအောင်ဒီနေ့အထိရုန်းကန်နေကြရတုံးပါ။

မနေ့က Republican ဘက်က အမတ်Paul Ryan ပါတီကိုယ်စားပြုပြီးသမ္မတအိုဘားမားရဲ့မိန့်ခွန်းကိုပြန်လည် ဆွေးနွေးတန်ပြန်ရာမှာအပြုသဘောဆောင်တဲ့ ပူးပေါင်းလုပ်ကြဘို့ အခြေခံကျကျပြောသွားတာတွေ့ရပါတယ်။ ဒါပေမဲ့ Republican ပါတီကိုအကျည်းတန်စေတဲ့အဖြစ်ကတော့ Tea Party လို့ခေါ်တဲ့ Republican ပါတီဘက်ယိမ်းတဲ့ လှီတ်တော် causus ကိုယ်စားပြု Michelle Bachmann ရဲ့ အပျက်သဘောဆောင်တဲ့ ခပ်စွာစွာတုံ့ပြန်မှု ကြောင့်  Republican ပါတီခေါင်းဆောင်ပိုင်းကစိတ်ပျက်ကြကြောင်းသိရပါတယ်။ ဒါကိုကြည့်ရင် ပါတီတွင်းညီညွတ်မှုမဲ့နေကြောင်း ထင်ရှားပါတယ်။

Healthcare ကျန်းမာရေးပြုပြင်ပြောင်းလဲမှူစနစ်ဘက်ကြည်ရအောင်။ ပြီးခဲ့တဲ့ နှစ်ဝက်ပိုင်းလောက်က အတည်ပြုပြဌာန်းလိုက်တဲ့ အဲ့ဒီဥပဒေထွက်လာချိန်မှာ အတိုက်အခံတွေဘက်က အသံဟာပိုလို့တောင်ညံလာတာကို တွေ့ရပါတယ်။ ဥပဒေကအရှင်းကြီးပါ။ ဘက်လိုက်မှုကင်းရာမှာအစဉ်အလာကြီးမားတဲ့ လွှတ်တော်ဘတ်ဂျက်ရုံး (Congressional Budget Office) က ဒီဥပဒေဟာ လာမဲ့ဆယ်စုနှစ်မှာ ဘတ်ဂျက်လိုငွေ ဘီလီယံ (၄၀) လျော့ကျစေမှာဖြစ်ကြောင်းစာရင်းဇယားများနဲ့ သက်သေထူထားပါတယ်။ ပြိုင်ဘက် Repubican ပါတီကလဲဒါဟာမဟုတ်ကြောင်း သူတို့ရဲ့တွက်ချက်ကိန်းများနဲ့ ရှင်းလင်းချေပပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဘဲ အဲ့ဒီချေပချက်ကိန်းဂဏန်းများဟာ ခေတ်မမှီတော့တဲ့ အချက်အလက်များပေါ်မှာအခြေခံထားကြောင်းသတင်း ဗူးပေါ်သလိုပေါ်လာပါတယ်။ မူလရောဂါအရင်းခံရှိသူတွေကိုကျန်းမာရေးအာမခံထားရေးကိစ္စကို အာမခံကုမ္ပဏီတွေကငြင်းပယ်ခွင့်မရှိရေး၊ ကလေးသူငယ်နှင့်မိခင်များအတွက်ကျန်းမာရေးအာမခံခွင့် အပြည့်ပေးရေးအစီအစဉ်များသတ်မှတ်ရေး၊ ကျန်းမာရေးအာမခံမရှိသူများအတွက်စနစ်တခု ထူထောင်ရေးစသည်တို့ပါဝင်သော ဥပဒေကိုသမိုင်းဝင်ပြဌာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အချို့ပြည်နယ်များရဲ့ ရှိရင်းစွဲဥပဒေများ ပြင်းထန်တဲ့တိုက်ခိုက်ဝေဖန်မှုတွေကို လိုက်လျောသောအားဖြင့် ထွက်ပေါ်လာတဲ့ဥပဒေကို နဂိုကရည်ိမှန်းသလောက်အထိ ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုရှိတဲ့ သတ်မှတ်ချက်တွေကို ဖြုတ်ချခဲ့ရပါတယ်။  သို့သော်လည်း ကျန်းမာရေးနှင့်ဆေးဝါးကုမ္ပဏီများ၏အကျိုးအမြတ်ကိုထိခိုက်လာမည်ကို မြင်ကြသော ပုဂ္ဂိုလ်ကြီးငယ်တို့က ဝိုင်းအော်ကြပြန်ပါတယ်။ အစိုးရကိုကြီးအောင်ချဲ့ထွင်နေတယ်။ အစိုးရအသုံစရိတ်ချိုးးခြံရမည့်အစားပိုမိုသုံးစွဲနေတယ်။ အစိုးရက ဘာကိစ္စမဆိုဝင်စွက်ဖက်နေသည် ဟူသောစွပ်စွဲမှုတွေလုပ်လာတယ်။ အသေအခြာကြည့်လျင် လက်ရှိသုံးစွဲနေသောအသုံစရိတ်များဟာဘယ်အစိုးရပါတီဘဲတက်တက် မဖြစ်မနေသုံရမည့် ဘတ်ဂျက်ဆိုသည်ကို အတိုက်အခံများကလည်းသိပြီးဖြစ်ပြီးသားပါ။ သမ္မတကိုဝေဖန်နေသော်လည်း Republican ပါတီဘက်မှ ဖြစ်ဖြစ်မြောက်မြောက်ရှိသောအာမခံစနစ်တခုတလေမှ တက်လာသည်ကိုမတွေ့ရပါဘူး။ ဝေဖန်တာသာရှိပြီးအဖြေမှန်ကိုရှာနိုင်သည့် အခြေအနေမရှိခဲ့ပါ။

မောင်မိုးညို၏ အလုပ်မှာလည်း နှစ်သစ်နဲ့ အတူ Health Group plan နှင့်အခြား benefit များကြေငြာချိန်မှာ အများနဲ့ သံယောင်လိုက်ပြီး အိုဘားမားကြောင့် plan နှုန်းထားများမြင့်လာကြောင်း အမြီးမသိအမောက်မသိ ကြွေးကြော့်ကြသူတွေတွေ့လာရပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ ဥပဒေကပြဌာန်းတဲ့ အချက်တွေဟာအသက်ဝင်အာဏာတည်ခြင်းမရှိသေးဘူးဆိုတာ အများကမသိကြပါဘူး။ နှစ်စဉ် premium တွေတက်နေကျကိစ္စကို ခုနှစ်မှဘဲဈေးတက်သယောင်ယောင် အဖြစ်တင်လာကြတာတွေတွေ့ရပါတယ်။ သေသေချာချာတွက်ကြည့်သောအခါ မောင်မိုးညို၏ plan ကယမန်နှစ်ထက် (၇) ဒေါ်လာသာပိုပေးရကြောင်းတွေ့ရပါတယ်။ မောင်မိုးညိုကတော့ဒီလိုတွေးပါတယ်။ ကိုယ့်ဆီက (၇)ဒေါ်လာလောက် တိုးလာခြင်းအားဖြင့် သန်း(၄၀) သော အရင် insurance မဲ့သူတွေ ခံစားခွင့်တိုးတက်ရလာကြမယ်ဆိုရင် ပေးပျော်ပါတယ်ဗျာ။ စာနာစိတ်ဆိုတာလေးရဲ့အဓိပ္ပါယ်ကို နားလည်ကြပါလေစ ….လို့။

CNN ရဲ့ညွှန်ပြကိန်းတွေကတော့ သမ္မတရဲ့မိန့်ခွန်းအပြီးမှာ သူ့လုပ်ရပ်တွေမှန်ကန်မှု ရာခို်င်နှုန်း (၄၀) ကနေ (၇၇) အထိခုန်တက်သွားတာတော့ မှတ်မှတ်ရရမြင်လိုက်မိပါတယ်။ သူ့ရဲ့ healthcare reform ဥပဒေကိုတောင်ထောက်ခံမှုတွေတိုးလာတာကို ဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။

န့နhe

မေးချင်ပါတယ် –

  • ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် ဆိုတာရပိုင်ခွင့်လား အခွင့်ရေးလားဆိုတာ၊
  • လူ့ဘဝအဆင့်မြင့်မားရေးမှာ ခေတ်အဆက်ဆက် လူ့အောက်တန်ူကျနေခဲ့ကြသူတွေရဲ့ အကျိုးကိုခုအချိန်မှာမှမကြည့်ရင် ဘယ်တော့ကြည့်ကြမှာလဲ၊
  • ကျန်းမာရေး နဲ့ ပညာရေးဟာ လူသားတွေရဲ့ ခံစားခွင့်ပါ၊ ဒီခံစားခွင့်ကို အကျိုးအမြတ်ရရှိရေးပေါ်မှာအခြေခံတဲ့ အခြားစီးပွားရေးတွေနဲ့ တန်းတူထားသင့်တယ်လို့ထင်ပါသလား။
  • ဒီခံစားခွင့်အခွင့်အလမ်းတွေကို ရအောင်အစိုးရက လမ်းဖေါ်ပေးတာ ကို အစိုးရကနေရာတကာဝင်ကြိုးကိုင်ချယ်လှယ်တယ်လို့ စွပ်စွဲသင့်သလား။
  • နိုင်ငံနဲ့ပြည်သူတွေ ရဲ့လုံခြုံရေး၊ ပင်စင်ခံစားခွင့်ကိုအခြေခံတဲ့ social security system ကို စီးပွားရေးကိစ္စလိုသတ်မှတ်ရေး၊ medicare/Medicaid စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဦးစားပေးအဆင့်ကနေ ပယ်ဖျက်ပြီး၊ လက်ရှိ ကြုံတွေ့နေရတဲ့ ဘတ်ဂျက်လိုငွေ ကိစ္စကိုဖြေရှင့်မလား။

စာဖတ်သူတွေကဘဲ ကိုယ့်ကိုယ်ကိုမေးကြည့်ကြပါလို့…..။

One comment

  • kai

    February 6, 2011 at 8:48 am

    ဒါကို အခုမှသေသေချာချာဖတ်ဖြစ်ပါတယ်..။
    ဆိုတော့ …
    အမေရိကရောက် မြန်မာတွေအတွက်ပါပဲ..။ ယူအက်စ်စစ်ဒဇင်ဖြစ်နေတဲ့ မြန်မာသိန်းဂဏန်းရှိနေလောက်ပြီ မှန်းပါတယ်..။
    နောင်နှစ်သက်တန်း မဲပေးတဲ့အခါမှာလည်း .. စဉ်းစားနိုင်ဖို့ပါပဲ..။

    အပေါ်ကဆောင်းပါးမှာ ..သတင်းတက်လာတာတွေထဲက ထပ်ဖြည့်ချင်တာလေးတွေရှိပါတယ်..။
    အဲဒီလူထုကျမ်းမာရေးစောင့်ရှောက်မှုဥပဒေ(Health Care Reform)က ..ပြီးခဲ့တဲနှစ်(2010 -March)ကတည်းက ဥပဒေဖြစ်ပြီးသားပါ။
    ဒါပေမဲ့.. မနှစ်က နိုဝင်ဘာရွေးကောက်ပွဲနောက်ပိုင်း .. မဂျော်ဂတီ(အင်အားများ)စုဖြစ်သွားတဲ့..ဟောက်စ်အမတ်တွေဖြစ်တဲ့ ရီပါ့ဗလစ်ကန်တွေက .. ပြန်ဆွဲချဖို့အတွက် ဥပဒေမူကြမ်း(Health Care Repeal)ပြန်တင်ပါတယ်.။
    အနိုင်ရ(245 to 189 )တာမို ့.. အဲဒီမူကြမ်းဟာ စိနိတ်ကို ရောက်ပါတယ်.။

    စိနိတ်မှာတော့ .. ဒီမိုကရက်အမတ်တွေဟာ အင်အားအများစုဖြစ်တာကြောင့် .. အဲဒီမူကြမ်းကို ..(51 to 47)နဲ့ဖယ်ဖျက်ချလိုက်ပါတယ်..။
    တကယ်လို့ မတော်တဆလွတ်သွားရင်လည်း .. သမ္မတမှာဗီတို အာဏာရှိတာမို ့.. အဲဒီအာဏာနဲ့ဖျက်မယ်ဆိုတာ ..အသေအချာပါပဲ..။

    မြန်မာတွေအတွက်.. မြန်မာ့မီဒီယာအနေနဲ့သုံးသပ်ကြည့်ပါရစေ..။
    မြန်မာ-အမေရိကန်တွေထဲ.. အများစုဟာ ကျမ်းမာရေးစောင့်ရှောက်မှုကောင်းကောင်းရထားသူတွေမဟုတ်ပါဘူး..။
    ဒုက္ခတွေနဲ့..နဘမ်းသတ်နေရသူတော်တော်များတယ်ဆိုတာ တွေ့နေကြားနေရပါတယ်.။
    တချို ့ဆို ကျမ်းမာရေးအာမခံရှိတောင်မရှိကြပါဘူး..။
    အဲဒီတော့ ..တည့်တည့်ပြောရရင်..ဒီဥပဒေဟာ .. အမေရိကရောက် မြန်မာတွေအတွက်ကောင်းပါတယ်..။

Leave a Reply