အလွမ်းဇာတ်ကလေးနားထောင်ရင်းပဟေဠိဖော်လိုက်ရအောင်(အပိုင်း1)
အခုခေတ်ကြီးမှာ ဘာပဲလုပ်လုပ် ဘာပဲရောင်းရောင်းလက်ဆောင်လေး ပါမှ အလုပ်ဖြစ်တာလေ။
ဒီတော. ကျွန်တော်လဲခေတ်မှီအောင် ကျွန်တော်.မိတ်ဆွေရဲ. အလွမ်းဇာတ်လမ်းလေးကို ပြောပြရင်း ပဟေဠိဖွက်ပါမယ်။
တကယ်လို.များ အဖြေမှန်ခဲ.ရင် ထိုက်ထိုက်တန်တန် လက်ဆောင်ပေးပါမယ်၊
သူများတွေလို ပထမဆုံးမှန်တဲ.(10)ယောက်တို., ကံထူးသူ(10)ဦးတို.ဆိုပြီးတော.ကန်.သတ်မထားပါဘူး။
မှန်တဲ.လူတိုင်းကို ဆုလက်ဆောင်ပေးမှာပါ။
လိပ်စာကိုတော.အမှန်တိုင်း.ပေးထားဘို.လိုပါမယ် ဘာလို.လဲဆိုတော.အဖြေမှန်တဲ.သူတိုင်းကိုပေးမယ်.ဆုလက်ဆောင်ကို အိမ်တိုင်ယာရောက်လာပေးမှာမို.လို.ပါ။
ဘာဆုကိုပေးမယ်ဆိုတာကိုလဲဇာတ်လမ်းလေးဆုံးရင် ပြောပြပါမယ်။
ပေးမယ်.လက်ဆောင်က ဘာလဲဆိုတာက လည်း ပဟေဠိပါဘဲ။
ဒါကြောင်.ဖြေလိုက်ပါလို.ပြောရင် သူများဟာကို ခိုးထားတယ်လို.အပြောခံရမယ်။
အခုခေတ်မှာ စကားလုံးကိုယူသုံးမိရင်ပိုက်ဆံတောင်းခံရတာ ဖြေရှင်းရတာကလဲခေတ်စားနေတယ်လေ။
ဒါကြောင်. ဖော်လိုက်ပါ ဖော်လိုက်ပါ ဖော်လိုက်ပါ နော်။
နားထောင်ရင်းစဉ်းစားပေါ.နော်။
ကဲစလိုက်ကြရအောင်။
ကျွန်တော်နဲ. အကိုလိုနေတဲ.မိတ်ဆွေ “ကိုကြီးထိန်”လို.ခေါ်တဲ.လူပျိုကြီး တစ်ယောက်ရှိပါတယ်။
သူက အသစ်မရှာဘဲ အရင်ကချစ်နေတဲ. မရနိုင်တော.တဲ.သူကိုအခုထိတမ်းတနေသူပါ။
ဟန်ထွန်းလို ဟဲလိုက်ရရင်တော. “မေ.လိုက်ပါ အရင်ကဇာတ်လမ်းလေး “ပေါ.ဗျာ။
ဒါပေမဲ. သူက မမေ.တော. ဒီဇာတ်လမ်းလေးကိုကျွန်တော်သိလာရပါတယ်။
သူက ကျွန်တော်.ထက် အသက်ကြီးပါတယ်။
ဒါပေမဲ.သူနဲ.ကျွန်တော်က သူငယ်ချင်းပေါင်းပေါင်းကြတာပါ။
တစ်ရက်တော. သူရယ်ကျွန်တော်ရယ် အရမ်းကိုအေးတဲ. ဒီဇင်ဘာလတစ်ရက်မှာ မန္တလေးမြို.ရဲ. အရှေ.ဘက် မိုင်(40)လောက်သာဝေးတဲ. အေးချမ်းသော တောင်ပေါ် မြို.လေးကို နှစ်ယောက်သား ဆိုင်ကယ်တစ်စီးနဲ. ခရီးထွက်ခဲ.ကြပါတယ်။
လမ်းကလေးကသာသာယာယာ ၊တောနံ.တောင်နံ.ကလေးက တမွှေးမွှေး ၊လေပြေကလေးကလည်းတအေးအေး
ဆိုင်ကယ်ကိုလည်း ခပ်ဖြည်းဖြည်းပဲ စီးပြီး ကျွန်တော်တို.နှစ်ယောက်ကလည်းစကားတပြောပြောနဲ. တက်လာခဲ.ကြပါတယ်။
မနက်(6)နာရီလောက်မှာစတက်လာတာ (8)နာရီထိုးတော. မြို.အဝင်ဘုရားနားရောက်တော.
လမ်းမကြီးအတိုင်းမသွားဘဲ အတွင်းလမ်းကသွားရအောင်လို.သူကပြောပါတယ်။
နောက်ပြီးဈေးမရောက်ခင် နားလေးမှာ ဆိုင်ကယ်ကို ရပ်ခိုင်းလိုက်ပါတယ်။
ဆိုင်ကယ်လဲရပ်ရောသူက လမ်းအနောက်ဘက်မှာရှိတဲ. အဆောက်အဦ ဟောင်းကြီးတစ်ခုကို ဓါတ်ပုံရိုက်လိုက်ပါတယ်။
ကျွန်တော်.အထင်တော. ရုပ်ရှင်ရုံအဟောင်းကြီးဖြစ်မယ်ထင်ပါတယ်။
သူက ဒါကြီးကို တွေ.တော.သူ.စိတ်ထဲမှာ တစ်ခုခုကို နင်.နင်.နဲနဲခံစားနေရတယ်လို.ထင်ပါတယ်။
သူ.ကို.ကြည်.ရတာ တစ်ခုခုကို အရမ်းသတိရနေသလိုပါဘဲ။
ခဏနေတော.သွားကြစို. ဆိုပြီး ထွက်လာခဲ.ကြပါတယ်။
ဒါနဲ.မုန်.စားပြီးတော.ကျွန်တော်တို.တည်းမယ်. သစ်တောလမ်းက အိမ်ကိုပစ္စည်းတွေသွားထားကြပြီးတော.မှ ပြည်ချစ်ဘုရားကိုသွားဘုရားဖူးကြပါတယ်။နောက် ပွေးကောက်ရေတံခွန်ကို မဝင်ဘဲ မြို.ထဲဘက်ကိုပြန်လာကြတဲ.အခါ ဘူတာလမ်းဘက်က လှည်.သွားဘို.ပြောပါတယ်။
ဘူတာလမ်းဘက်ရောက်တော. တောင်ဘက်ကိုဆက်ပြီး ဆိုင်ကယ်စီးလာကြရင်း တစ်နေရာရောက်တော. ဆိုင်ကယ်ကိုခဏရပ်ခိုင်းပြီး လမ်းအရှေ.ဘက်က ခြံအကျယ်ကြီးထဲမှာ ရှိနေတဲ.
အိမ်နီနီအဟောင်းကြီးတစ်လုံးကိုဓါတ်ပုံရိုက်ပြန်ရောဗျာ။
နောက်ခဏလေး ငေးကြည်.ပြီးတဲ.နောက် ထမင်းဆိုင်ကိုသွားကြပါတယ်။
ဆိုင်ရောက်တော. သူက ကျွန်တော်.ကို
“မင်းဒီနေ.ငါလုပ်တာတွေကို စဉ်းစားရခက်နေလား”လို.မေးပါတယ်။
“နောက်အကုန်သိသွားရင် ရှင်းသွားမှာပါ”လို.လဲသူ.ဖာသာသူ ဖြေပြော ပြောပါတယ်။
ဒါနဲ.စားသောက်ပြီး ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်ထဲရောက်တော. ဟိုး အနောက်ဘက်ခြမ်းက လူရှင်းတဲမြက်ခင်းပြင်မှာ ထိုင်တော.မှ သူ.ရဲ. “မမေ.နိုင်သေးတဲ. အရင်ကဇာတ်လမ်းလေး “ကိုပြောပြပါတော.တယ်။
သူပြောတဲ. အတိုင်းဘဲ ပြန်ရေးပြလိုက်ပါတယ်နော်။
ကျွန်တော်ဆယ်တန်းအောင်တဲ.1975ခုနှစ်မှာ မြန်မာပြည်မှာ “တက္ကသိုလ်စာပေးစာယူသင်တန်း”က
ိုပထမဆုံ့း စဖွင်.လိုက်ပါတယ်။
အဲဒီမှာ အလုပ်လုပ်ရင်းစာသင်ချင်တဲ.သူရော၊ နေ.ကျောင်းမတက်ချင်တဲ.သူရော၊ နောက်ပြီး ဆယ်တန်းကို အသက်ကြီးမှအောင်လာလို. ကလေးတွေနဲ.နေ.ကျောင်းမှာ ရောပြီးမတက်ချင်တဲ.သူတွေ ရော ဒီစာပေးစာယူသင်တန်းကို ရောက်လာကြပါတယ်။ဒီတော. သည်သင်တန်းမှာက အသက်အရွယ်အစုံ လူတန်းစားအစုံ ရုံးဝန်ထမ်းရော ကျောင်းဆရာ ဆရာမရော ဈေးသည်ရော နပ်စ်မရော လူတန်းစားအစုံပါဘဲ။
နောက်ပြီး အထက်မြန်မာပြည် က စာပေးစာယူ တက်မယ်.သူအားလုံး ဒီဇင်ဘာလမှာ ဖွင်.တဲ.အနီးကပ်သင်တန်းကို မန္တလေးတက္ကသိုလ်မှာ အားလုံး လာတက်ရတယ်ဆိုတော. စာပေးစာယူသင်တန်းဖွင်.တဲ.အချိန်
မန်းတက္ကသိုလ် ထဲမှာ လူတွေအပြည်. ကိုယ်.အဖွဲ.နဲ.ကိုယ် သိပ်ပျော်ဘို. ကောင်းပါတယ်။
ဒါပေမဲ. ကျွန်တော်ကစကတဲက အပေါင်းအသင်းနည်းတော.ကျွန်တော်တစ်ယောက်ထဲဘဲ ပထမနှစ်ကိုဖြတ်သန်းလာရပါတယ်။
ဒုတိယနှစ်အရောက်မှာတော. ကျွန်တော်.ရဲ.”မ”ဖြစ်လာမယ်.သူအပါအဝင် သူငယ်ချင်း(3)ယောက်နဲ. ဆုံဆည်းခဲ.ရပါတယ်။
တစ်ရက် ဓါတုဗေဒ လက်တွေ.ခန်းမှာ ကျွန်တော်ကြောင်. ဗီကာတစ်လုံးကျကွဲသွားတော. အလျော်ပေးဘို.အတွက်ငွေစာရင်းဌာကို အရောက် ကျွန်တော်.လိုဘဲ အလျော်ပေးရမဲ. ကျောင်းသူ (4)ယောက်ကို
ကျွန်တော်က အကူအညီပေးရင်း မိတ်ဆွေဖြစ်ခဲ.ကြပါတယ်။
ဒါနဲ.ကျောင်းတောင်ဘက်က ဦးအုန်းမဲလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ကြပါတယ်။
လက်ဖက်ရည်ဆိုင်ကိုထိုင်တဲ.အချိန်မှာ ကျွန်တော.ဘဝရဲ. မမေ.နိုင်စရာ အဖြစ်ကလေး စခဲ.ပါတယ်။
ဒီအကြောင်းလေးက သူများအတွက်တော. ရီစရာလေးဖြစ်နေမှာပါ။
စားစရာတွေမှာ ကြတော. ကျွန်တော်က မြီးရှည်မှာလိုက်ပါတယ်။
မုန်.လာချပေးတဲ.အချိန်မှာ “မ”က ပန်းကန်ကိုသူ.ဘက်ဆွဲယူလိုက်ပြီး အချဉ်ထဲ.မှာလား ငရုတ်သီးထဲ.မှာလားမေးပြီး
မုန်.ကို လိုမယ်ထင်တာတွေထည်.ပြီး ကျွန်တော်အဆင်သင်.စားရအောင် သေသေချာချာ နယ်ဖတ်ပေးပြီးမှ
” ကဲ စားတော.”ဆိုပြီး ကျွန်တော်.ရှေ.ကို တူတစ်ချောင်းထဲ.ပြီးချပေးလိုက်ပါတယ်။
ကျွန်တော် က မိဘမဲ.တစ်ဦးပါ။ကျွန်တော်ခပ်ငယ်ငယ် သိတတ်စအရွယ်မှာဘဲ မိဘနှစ်ပါး ရုတ်တရက်ကွယ်လွန်သွား ကြတော. အဖေ.ရဲ. ညီ တို.လင်မယားနဲ. ကြီးပြင်းခဲ.ရပါတယ်။
သူတို.လင်မယားကလဲ ကလေးမရှိတော. ကျွန်တော်ဟာ သူတို.ဆီရောက်လာပါတယ်။
ဦးလေးက ရုံးဝန်ထမ်းပါ ဒေါ်လေးကတော. ဈေးချိုထဲမှာကုန်ခြောက်ရောင်းပါတယ်။
မနက်ဆို ဒေါ်လေးက အစောကြီး ကျွန်တော်တို.နှစ်ယောက်အတွက်ချက်ပြုတ်ပေးပြီး ဈေးကိုထွက်သွားပါတယ်။
ကျွန်တော်တို.နှစ်ယောက်ကလဲ ထမင်းချိုင်.တစ်လုံးစီနဲ.ရုံးကို အသီးသီးသွား၊
ညနေရောက်ပြန်တော.လည်း ကျွန်တော်က စားသောက်ပြီး စာအုပ်ဆိုင် လက်ဖက်ရည်ဆိုင်သွား
ကျွန်တော်ပြန်လာတော.သူတို.ကအိပ်ပြီ။
နောက်ဦးလေးရော ဒေါ်လေးပါ သိပ်အေးပြီး စကားနည်းကြပါတယ်။
ကျွန်တော်ကိုလည်း ဆယ်တန်းအောင်တဲ.အထိ လိုလေးသေးမရှိအောင် ပြည်.စုံအောင်ထားပေးပါတယ်။
တကယ်လို.သာ ကျွန်တော်ဆန္ဒရှိတယ်ဆိုရင်နေ.ကျောင်းကိုတက်လို.ရပါတယ်။
ဒါပေမဲ. ဒီလောက် စောင်.ရှောက်ပေးထားတာကို အားနာလှပါတယ်။
ဒါကြောင်.လဲ အလုပ်လုပ်ရင်းကျောင်းတက်နိုင်အောင် စီစဉ်လိုက်တာပါ။
ကျွန်တော်တို.မိသားစုရဲ. နေ.စဉ်ဖြတ်သန်းမှု.မှာ က ဘာသိဘာသာ ခပ်အေးအေးနေကြတာပါ။
ယုယတယ် ဂရုတစိုက်ရှိတယ်ဆိုတာ ကျွန်တော်.ဘဝမှာ မရှိခဲ.ပါဘူး။
အခုလို “မ”ရဲ. အမှတ်မထင်အပြုအမူလေးဟာ ကျွန်တော်ရင်ထဲမှာတော. ဖော်မပြနိုင်သောခံစားမှု.ကိုရလိုက်သလို
သူ.ကိုလဲစိတ်ထဲမှာ ခင်တွယ်သွားပါတယ်။
” မ”က ကျောင်းဆရာမလေးပါ။
” ထွေးထွေး”ကတော.လောလောဆယ်အလုပ်မလုပ်သေးဘူး သူက နာစ်မလုပ်ချင်တာလေ။
“ယုငယ်”ကလည်း သူတို.မြို.က ကောက်ပဲသီးနှံရုံးမှာ စာရေးမလေးပါ။
ကျွန်တော်ကလည်း အဲဒီတုန်းက ဘီယာစက်ရုံက အောက်တန်းစာရေးပေါက်စလေးပေါ.။
သူတို.က မန်းလေးမြီု.ရဲ.မြောက်ဘက် မိုးကုတ်နားက မြို.ကလေးကပါ။
အဲဒီတုန်းက သူတို.မြို.နဲ.လမ်းပန်းဆက်သွယ်ရေးခက်ပါတယ် လေယာဉ်နဲ.ဘဲသွားလို.ရပါတယ်။
တစ်ယောက်နဲ.တစ်ယောက်မိတ်ဆက်ကြရင်းသိပ္မံဘာသာတွဲချင်းတူကြတာကိုသိလာပါတယ်။
အဲဒီနေ.ကစလို. သူတို.အဖွဲ.နဲ.ကျွန်တော် တတွဲတွဲဖြစ်သွားပါတယ်။
ဒုတိယနှစ်ပြီးလို.သူတို.ပြန်သွားကြတော. ကျွန်တော်နဲ.” မ”က တစ်ယောက်နဲ.တစ်ယောက်စာအပြန်အလှန်ရေးဖြစ်ပါတယ်။
ကျွန်တော်.အကြောင်းတွေ သူကိုရင်ဖွင်.မိပါတယ်။
် ဒါပေမဲ. သူ.အကြောင်းကိုတော.အမှန်တိုင်းပြောရရင်သိပ်မမေးမိပါဘူး။
အဲတော.သူတို.ကျောင်းလာတက်မဲ.အချိန်မှာ သူတို.နေဘို.အဆောင်ငှားပေးထားတာ
ရောက်တဲ.နေ.လေဆိပ်မှာ သွားကြိုပေးရတဲ.တာဝန်တွေကို ကျေနပ်စွာထမ်းဆောင်ခဲ.ပါတယ်။
ကျွန်တော်တို.တုန်းက တတိယနှစ်မှာ မှ မေဂျာခွဲပါတယ်။
ကျွန်တော်နဲ.” မ”က ဓါတု ကျန်နှစ်ယောက်က ရူပ ဆိုတော. တတိယနှစ်ပြန်တက်ကြတော.
နှစ်ယောက်တတွဲစီလိုဖြစ်သွားသလို ကျွန်တော်နဲ.” မ”ကပိုတွဲဖြစ်သွားပါတယ်။
ထမင်းစားချိန်နဲ. ည စာကျက်တဲ.အချိန်မှာသာ လေးယောက်ဆုံကြပေမဲ.ကျန်တဲ.အတန်းအားချိန်မှာ
ကျွန်တော်နဲ.” မ”ဘဲ အတူတူရှိနေပါတယ်။
နောက်ပြီး စာဖတ်တာ ရုပ်ရှင်ကြိုက်တာ ရောနောက်ပြီး ကြိုက်တဲ. စာရေးဆရာချင်းရော ဝါသနာတော်တော်တူတော.
သံယောဇဉ်ကလည်း သူများတွေရိပ်မိလောက်အောင်တော်တော်ကိုပိုလာပါတယ်။
ညညဆို ကျောင်းထဲမှာ သူတို.နဲ.စာအတူကျက်ပြီးတဲ.(12)နာရီလောက်မှ အိမ်ကိုပြန်တော. ဒေါ်လေးကတောင်
ကျောင်းမှာအိပ်လိုက်ပြီးရော ပြန်လာနေသေးတယ်လို. ဆူပါသေးတယ်။
” မ”ကလည်းကျွန်တော်.ကို သနားတယ်နဲ.တူပါတယ် သိပ်ကိုကြင်နာသလို သိပ်ကိုလည်းဂရုတစိုက်ရှိပါတယ်။
နောက်တစ်ချက်က ကျွန်တော်.တို.လေးယောက်မှာ ကျွန်တော်ကအသက်အငယ်ဆုံး”မ”ကအသက်အကြီးဆုံးဖြစ်ပါတယ်။
” မ”ကကျွန်တော်.ထက်(4)နှစ်ကြီးပါတယ်။ဒါကြောင်.သူတို.အားလုံးက ကျွန်တော်.ကို အငယ်လေးလို.ခေါ်ကြပါတယ်။
ကျွန်တော်သူတို.နဲ.နေရတာ သိပ်ပျော်ခဲ. စိတ်ချမ်းသာခဲ.ရပါတယ်။
ဘဝမှာ မရဘူးတဲ.ကြင်နာမှု. အလေးပေးမှု.တွေကြောင်.စိတ်ထဲမှာလည်းသာယာလာခဲ.ပါတယ်။
ဒါပေမဲ. ” မ”ကတော.ဘယ်လိုနေမယ်ဆိုတာမသိပေမဲ. ကျွန်တော်.ဘက်ကတော.”မ”ကို အမတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုရော ချစ်မိခဲ.ပါတယ်။
“မ”က မောင်လေးမရှိတော. ကျွန်တော်.ကို သူ.မောင်လေးလို သဘောထားပါသတဲ.။
ဒါထက်ပိုတဲ. အရိပ်အယောင်တွေကို မြင်သိနေရပေမဲ. စောစောက ပြောသလိုဘဲ ရှေ.ဆက်မတိုးရဲခဲ.ပါဘူး။
ဒါပေမဲ.အခင်မင်ပျက်သွားမှာရော ကြောက်တာရော ပေါင်းလို.ချစ်တဲ. အကြောင်းကိုဖွင်.ပြောဘို.မဆိုထားနဲ.
အရိပ်အယောင်တောင်မပြရဲပါဘူး။
ရထားတဲ. အခွင်.အရေးလေးပျောက်သွားမှာကို သိပ်ကြောက်ပါတယ်။
” မ”ကဂရုတစိုက်ရှိလေ ကျွန်တော်.အပေါ်မှာ နှောင်ဖွဲ.မှု.တိုးလေ ကျွန်တော်ရဲ.စွဲလမ်းမှု.ကပိုလေပါဘဲ။
စာမေးပွဲ ပြီးကြတော. သူတို.ကလဲ လေယာဉ်လက်မှတ်စောင်.ရင်း မန္တလေးတောင်၊စစ်ကိုင် တောင်သမန်အင်း၊
ပြင်ဦးလွင် အစရှိတဲ.မန်းလေးမြို.ပါတ်ဝန်းကျင်တွေကို ကျွန်တော်တို.လေးယောက် အလည်ရောက်ခဲ.ကြပါတယ်။
သွားလေရာမှာ ဟိုနှစ်ယောက်ကတတွဲ ကျွန်တော်တို.နှစ်ယောက်ကလဲ ပြောစရာမကုန်အောင်တတွဲတွဲဆိုတော.
ယုငယ်ကတောင် “နင်တို.နှစ်ယောက်ဘယ်ဘဝကတည်းက ကွဲသွားလို.ပြောမကုန်အောင်အလွမ်းသယ်နေသလဲ”
လို.စတတ်ပါတယ်။
ထွေးထွေးကတော. အနေအေးသလိုစကားလဲသိပ်မပြောပါဘူး။
ယုငယ်ကတော.ခပ်သွက်သွက် စလိုက်နောက်လိုက်ပျော်ပျော်နေတတ်သူကလေးပါ။
“မ”ကတော. အနေအထိုင်တည်ကြည်ပေမဲ. မာနလဲမကြီးပါဘူး ဒါပေမဲ.သူ.တစ်သက်မှာ ကျွန်တော်.လို ရင်းရင်းနှီးနှီး
ပေါင်းတဲ. ယောက်ျားလေး သူငယ်ချင်းလေး မရှိပါဘူးတဲ.။
ဒါကိုသိတဲ.အခါ ကျွန်တော်မှာပိုပြီးတော.တောင် ချစ်စိတ်တွေတိုးလာပါတယ်။
“မ”ရဲ. အကြောင်းကို ကျွန်တော်သိပ်မသိပါဘူး သူပြောပြသလောက်ပါဘဲ။
“မ”မှာ ညီမလေးနှစ်ယောက်ရှိတယ်။
သူ.ဖေဖေက ဝန်ထမ်းဆိုတော. မြန်မာပြည်အနှံ.နေခဲ.ရတယ်။
“မ”ရဲ.မေမေက ကသာမြို.နားက ရေလမ်းခရီးနဲ.သာ သွားရတဲ. တောင်ပေါ်သူပါ။
အနေအထိုင်အေးဆေး ရိုးသားတဲ.မိသားစုကလေးပါ။
“မ “ကို အခုရောက်နေတဲ. မြို.ကလေးမှာ မိုးတွေအရမ်း ရွာနေတဲ.အချိန်မှာမွေးခဲ.ပါတယ်။
“မ”မေမေက ရုပ်ရှင်တအားကြိုက်တဲ.သူဆိုတော.မွေးလာတဲ.သမီးလေးနံမယ်ကိုတောင် အဲဒီအချိန်က ဒဲမြို.မှာ အလှဆုံး ခေတ်အမှီဆုံး ရုပ်ရှင်ရုံရဲ. နံမည်ကို ပေးခဲ.ပါသတဲ.။(အခုကျွန်တော်တို.ရောက်နေတဲ.မြို.ပေါ.)
နောက် နယ် အနှံ.သွားနေရင်းက ထွေးထွေးတို. မိသားစုနဲ.လဲ နှစ်အိမ်တစ်အိမ်လိုရင်းနှီးခဲ.ပါသတဲ.။
ကံဆုံချင်တော. မိသားစု နှစ်စုစလုံးက “မ”တို.အခုကျောင်းလာတက်ကြတဲ.မြို.မှာဘဲ အိမ်ချင်းကပ်ရက်
အခြေချလို.နေခဲ.ကြပါသတဲ.။
ကျွန်တော်တို.လေးယောက်ပြင်ဦးလွင်မှာ မြင်းလှည်းငှားလို. “မ”ငယ်ငယ်က နေခဲ.တယ်ဆိုတဲ.အိမ်ကိုတောင်သွားကြည်.ခဲ.ကြသေးတယ်။
သူ.မြို.ကိုသူပြန်ရောက်တော. “မ” သိပ်ပျော်နေသလိုပါဘဲ။
ဒီလိုနဲ. သူတို.ပြန်သွားကြတဲ.အခါ ကျွန်တော်တစ်ယောက်တည်း ဟာတာတာနဲ.လွမ်းကျန်ရစ်ပါတယ်။
“မ”နဲ.ကျွန်တော်က တော. ထုံးစံအတိုင်း စာတွေအပြန်အလှန်ရေးလို.နေခဲ.ကြပါတယ်။
“မ”ရဲ.စာတွေမှာ သံယောဇဉ် တွေပိုပိုလာတာကို ဖတ်ရပေမဲ. ကျွန်တော်က ဒီထက် ရှေ.ဆက်မတိုးရဲပါဘူး။
လူချင်းတွေ.မှသာ ဖွင်.ပြောမယ်လို. ဆုံးဖြတ်ချက်ချထားခဲ.ပါတယ်။
ကျွန်တော်တို.နှစ်ယောက်စာတွေရေးနေတာကို သိနေတဲ. ယုငယ် က ကျွန်တော်တို.ကို “ငှက်ခါးလေးနှစ်ကောင်”
လို.စတတ်ပါတယ်။
ဘာလို.လဲဆိုတော. အဲဒီတုန်းကခေတ်စားနေတဲ. မျိုးမြင်.လေး သီချင်းထဲကလို စာရောက်တာကို ငှက်ခါးလေးတွေ
အခါခါနားတယ်လို. ဆိုပါတယ်။ စာအိတ်ခေါင်းက ငှက်ခါးပုံလေးတွေကိုး။
ဒီလိုနဲ.ပဲ စတုတ္ထနှစ်တက်တဲ.အချိန်သူတို.လာတဲ.အချိန်မှာ မမျှော်လင်.တဲ. အဖြစ်အပျက်ကို ကြုံလာရပါတယ်။
ဒီနေရာ အရောက်မှာ ကိုကြီးထိန်က ” ကဲမှောင်လာပြီ ပြန်ကြစို.ကွာ အိမ်ကျမှဆက်ပြောမယ်ဆိုပြီး “ထလိုက်ပါတယ်။
ကဲ စာကလည်းရှည်နေပြီ ဇာတ်ကတော. အရှိန်လဲမြင်.လာပြီ။
ကိုင်ဇာ သီချင်းထဲကလို သူတို.ဘာကြောင်.ကွဲသွားကြတာလဲဆိုတာကို နောက်နေ.မှဆက်နားထောင်ရအောင်။
မေးခွန်းလေးတွေကတော. ဖြေလို.ရအောင်ပေးထားလိုက်ပါပြီ။
(1) “မ”နာမည်ဘယ်လိုခေါ်ပါသလဲ?
(2) “မ”အခုကျောင်းလာတက်တဲ. မြို.နံမည်ရယ်၊ “မ”မေမေ မွေးတဲ.မြို.နံမည်နှစ်ခုစလုံးက “မ”မွေးတဲ.မြို.ကလေး
အခုကျွန်တော်ရောက်နေတဲ.မြို.ရဲ. မသုံးရတော.တဲ.နံမယ်နဲ. အက္ခရာ နှစ်လုံးစလုံး တူနေပါသတဲ.။
တိုက်ဆိုင်လိုက်တာနော်။သူတို.ရဲ.မြို.နံမယ်တွေ ကိုဖြေပါ။
်မိ်တ်ဆွေတို.ရေ ဖတ်ပြီးရင် စဉ်းစားထားလိုက်ပါ နောက်တစ်ပါတ် မှာ ဇာတ်သိမ်း ခန်းလေးနဲ.အတူ အဖြေမှန်ကိုရော
ပေးမယ်.ဆုလက်ဆောင်ကိုရော တစ်ခါတည်းဖော်ပြပေးမယ်နော်။
ဒါဆိုအပိုင်း(2)ကိုစောင်.ပြီးဖတ်လိုက်ပါအုံးနော်