Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရည်မရ မဖတ်မရ

moethidasoeFebruary 3, 20111min42210

သုမောင်ကတော့ ကွမ်းစကားမှာ အရည်မရ အဖတ်မရ ပေမယ့် အရသာလေး ရှိတယ်လို့ ဆိုခဲ့ပါတယ် .. (သူ့ ကွမ်းစကား စာမူက ပိုက်ဆံရတယ်လေ)
အဲဒီအရသာ ဆိုတာ ကွမ်းရွက်ကြောင့်လား .. ကွမ်းသီးကြောင့်လား .. ထုံးကြောင့်လား .. ရှားစေး ကြောင့်လား .. ဒါမှမဟုတ် စွဲစေတတ်တဲ့ ဆေးရွက်ကြီးကြောင့်လား .. လားပေါင်းများစွာအနက်က တကယ် စွဲတတ်တာဟာ ဆေးရွက်ကြီးပါ ..
စားတဲ့အခါ ပထမ ပိုက်ဆံ ကုန်တယ် .. ပါးစပ်ညောင်းတယ် .. လျှာထူတယ် .. သွားတွေ မည်းတယ် .. တံတွေး ကုန်တယ် .. အချိန် ကုန်တယ် .. လောလောဆယ် အစားများတဲ့လူတွေ ကြည့်လိုက်တော့ .. ကားမောင်းသမားတွေ .. သူတို့ အကြောင်းပြချက်က အိပ်မငိုက်အောင် တဲ့ .. အထူးသဖြင့် အဝေးပြေး အမောင်းသမားရယ်ပါ .. နယ်ဖက်မှာဆိုရင် အမျိုးသမီးတွေတောင် စားကြတယ် .. တောင်ငူဖက်မှာဆို အမျိုးသမီးတွေ အစားများကြတယ် ..
ကွမ်းရွက်က ဆေးအဖြစ်စားရင် ဆေးဖက်ဝင်တယ် .. အဲဒါတောင်မှ များသွားရင် လျှာထူတယ် .. အာခေါင် ပေါက်တယ် .. ပါးစောင်မှာ ထူတယ် ..
ကွမ်းသီးက နုရင် မူးတတ်တယ် .. ကွမ်းတောက်တယ် ဆိုတာ ကွမ်းသီးကြောင့် ဖြစ်တတ်တာ ရှိသလို ဆေးရွက်ကြီးကို မစားဖူးသေးတဲ့လူအတွက် ဆေးရွက်ကြီးပါသွားရင် မူးပြီး အန်တတ်တယ် .. အရင်က ကွမ်းသီးကို ညှပ်တဲ့အခါ ထူထူညှပ်တယ် .. အခုတော့ ပါးပါးလေး ညှပ်တော့ သိပ် မဝါးရတော့ဘူး .. သွား အနာ သက်သာသွားတယ် ..
ထုံးက အဆင်မသင့်ရင် ထုံးပေါက်တယ်ဆိုတာ ဖြစ်တတ်တယ် .. ကွမ်းများများစားသူတွေမှာ ကျောက်ကပ် ကျောက်တည်လို့ ခွဲစိတ်ခံရတာတွေ တွေ့ရတတ်ပါတယ် .. အခု ခွဲစိတ်မယ် ဆိုရင် ၁ဝ သိန်းအထက် ကုန်မှာ ..
ရှားစေးကလဲ များရင် အာပေါက်တယ် .. ပူတယ် .. လျှာလောင်တယ် .. သွားမည်းတာ သူ့ကြောင့်အဖြစ်များတယ် ..
ဆေးရွက်ကြီးကိစ္စက လူသိများပြီးသား .. သူ့ကြောင့် ပါးစပ်ကင်ဆာဖြစ်ပြီး ပါးပေါက်နာလို့ ခေါ်တာတွေ . လျှာကင်ဆာတွေ .. သွားဖုံးကင်ဆာတွေ ကြောင့် ဆေးသွင်းရ ဓါတ်ကင်ရနဲ့ သက်တမ်းတိုသွားတဲ့လူတွေ တပုံကြီးပါ (မယုံရင် ဆေးရုံကြီး ဓါတ်ရောင်ခြည်ဌာနမှာ သွားကြည့်ကြစေချင်တယ်)
ကောင်းကျိုး တစ်ခုမှ မပေးပါဘူး . . ကွမ်းရောင်းတဲ့လူ .. ကွမ်းစိုက်တဲ့လူ .. ကွမ်းနဲ့ ဆက်စက်ပစ္စည်းတွေ ထုတ်တဲ့ .. ရောင်းတဲ့လူတွေပဲ အမြတ်ထွက်တယ် ..
ကွမ်းကို ကိုယ့်ပါးစပ်နဲ့ ကိုက်တဲ့ ဆိုင် ရှာဝယ်ရတဲ့ ဒုက္ခ .. ဝယ်ဖို့ ပိုက်ဆံ ချန်ထားရလို့ အိမ်အတွက် အပြည့် ပြန်မပေးနိုင်တဲ့ ဒုက္ခ .. စားတဲ့အခါ .. ကွမ်းသွေး ထွေးဖို့ နေရာ ရှာရတဲ့ ဒုက္ခ .. နေရာမရွေး ထွေးပြန်ရင်လဲ ညစ်ပေစေတဲ့ အပြစ် .. မတော်လို့ အခြားလူကို စွန်းပေသွားရင် အဆူအဆဲခံရတဲ့ ဒုက္ခ .. နောက်ဆက်တွဲ ရောဂါတွေ တွဲ ပါလာရင် ကုဖို့ ငွေ ထပ်ရှာရမယ့် ဒုက္ခ .. (ဘာလို့ ဆို ကျောက်တည်လို့ ခွဲရင် ၁ဝ သိန်း အထက် .. ကင်ဆာဖြစ်လို့ ဆေးသွင်းရင် တစ်ခေါက်ကို အနည်းဆုံး ၄ သိန်းနဲ့ ခြောက်ကြိမ် ..)
စားတဲ့လူတွေ .. ဘာကောင်းတာ တွေ့သလဲလို့ မေးကြည့်ချင်ပါတယ် ..

10 comments

  • etone

    February 3, 2011 at 7:21 am

    အစ်မရေးတဲ့ ပို့စ်တွေကို မလွတ်တမ်းအားပေးနေပါတယ် ။

    ကွမ်းစားတာ ဘယ်လိုနေမလဲတော့မသိဘူး ။ အလကား ဝါးနေရတာပဲလို့ထင်တယ်။ဒီနေ့မှ ထူးထူးခြားခြား ကွမ်းယာအကြောင်းတင်မလို့ အကြံလာတူနေတယ် ။ မနက်က ကားစောင့်ရင် ကြုံခဲ့ရတဲ့ ကွမ်းယာစားသူနှစ်ယောက်အကြောင်းပေါ့ …။

    ကွမ်းစားတာ ဒီဘက်ခေတ်မှာ ကားမှတ်တိုင်မှာ ရပ်စောင့်နေတဲ့ အရိုင်စံပယ်လေးတွေလည်း ဝါးပါတယ် …သတိထားကြည့်ပါ … ဘာလို့ဝါးတာလဲဆိုတာတော့…. အတွေ့ကြုံ ရော ၊ အသက်ရွယ်ပါ ရင့်ကျက်တဲ့လူများက ဆက်ဖြေပေးလိုက်ကြပါနော် ဟီးဟီး ။

  • etone

    February 3, 2011 at 7:34 am

    အရိုင်စံပယ်မဟုတ်ပါဘူး …။ အရိုင်းစံပယ်ပါ … မန်းထားတာပြန် အက်ဒစ်လုပ်လို့မရလို့ ပြန် ရဗိုက်စ်လုပ်ရင်း တစ်ဆယ်ထပ်ယူသွားပါတယ် 😀

  • nigimi77

    February 3, 2011 at 9:57 am

    ကျုပ်လဲ တစ်ဆယ် လိုချင်ပါတယ်။ အရိုင်းစပယ်တွေ ကွမ်းဝါးရတဲ့ အကြောင်းရင်းကတော့ ကိုကိုကာလသားများရဲ ့ Lip Kiss မှ ကင်းဝေးစေရန် အတွက်ပါတဲ့ (လှည်းတန်း ကျောင်းရှေ ့မှတ်တိုင်မှာ ကိုယ်တိုင် အင်တာဗျုးသည်)

    ကွမ်းကြိုက်သူများသည် တပါးသူ၏ ကွမ်းစားသည့် ပါးစပ်အား ရွံရှာကြသည် ဟုဆိုသည်။

    nigimi77 ပါတီ အာဏာရလာရင်တော့ ကွမ်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ
    အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လ ။ ကုလားပြည်မှ ကွမ်းဆေး ကုန်စည် တင်သွင်းသူများ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ။ ကွမ်းရွက်စိုက်ပျိုးရောင်းချသူများ ကွမ်းယာ အဖြစ်ရည်ရွယ်ချက် အထောက်အထားခိုင်လုံလျင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ လ အပြင် ကွမ်းခြံအား အစားထိုးသီးနှံ ၁ နှစ် စိုက်ပျိုးစေခြင်း။ မှောင်ခိုလောက ဘယ်တော့မှ မပပျောက် သဖြင့် မှောင်ခိုနည်းလမ်းဖြင့် ဝင်ရောက်လာသော ကွမ်းယာအား စားသုံးသူတွေ ့ရှိလျင် ကြိမ်ဒဏ် ၃ ချက် ပြစ်ဒဏ်ချမှတ်ပေးမည်။ (မဲကြိုဆွယ်ခြင်း)

    • etone

      February 4, 2011 at 4:56 am

      nigimi77 ကိုယ်ကိုယ်တိုင် အင်ဒါမဗျူးခင် တခြား ဘာတွေသွားမေးလိုက်သေးလဲ အဟီး 😀
      စဉ်းစား စရာတော့ တစ်ခုရှိတယ် … ဆိုင်တွေက ကောင်မလေးတွေက ကြွကြွရွရွလှလှပပလေးတွေ … အခု ကားမှတ်တိုင်တွေမှာက ရွက်ကြမ်းရေကြိုတွေ ၊ တိုက်ဂေါတွေ ..ဒီကြားထဲ ကွမ်းလဲဝါးနေသေးတယ်…။ တစ်ချို့ က သံပုရာသီးတွေ ဝါးနေတယ် … ။ (ဟိုရန်ကို ကာကွယ်အောင်လို့တော့ကြားဖူးတယ် ) …ဒီလို ပုံဆိုးပန်းဆိုးတွေကို ဘယ်သူကများ ခေါ်ယူ အသုံးပြုလဲ စဉ်းစားလို့တောင်မရဘူး ။

  • naywoonni

    February 3, 2011 at 3:28 pm

    ကောင်းတာပေါ့ nigimi 77 ရေ.. ခုထဲက ကြိုတင်မဲထည့်ထားပါတယ်။ တစ်မဲရပြီလို့သာ မှတ်ထားလိုက်ပါတော့

  • moethidasoe

    February 4, 2011 at 4:13 am

    nigimi77 တို့ နေဝန်းနီတို့က ကြိုတင် ဆိုတာကြီးကို သိပ် ကြိုက်နေလို့လား .. ကြိုတင် ရှုံးနေဦးမယ်
    အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • nyimalay

    February 4, 2011 at 6:54 am

    နယ်ဘက်ကသူတွေပိုစိုးတယ်…… ကွမ်းအရမ်းစားကြတယ် ပိစိကွေးတို့က ဆိုတော့ ပိစိကွေးငယ်ငယ်တုန်းက ဖေဖေလည်းကွမ်းစားတယ် …. ခုမှသာမစားတော့တာ……. ဟုတ်ပါတယ် ကွမ်းစားတာ သွားတွေကိုအရမ်းရုပ်စိုးစေတာပဲ……. ဘာတွေကောင်းလို့လည်းမသိဘူး…….. တချို့ ဆိုကောင်မလေးတွေပါစားကြတယ်နော်……….. ပိစိကွေးက တော့ ကွမ်း၊ ဘီယာ၊ အရက် စသည်ဖြင့် မကောင်းတာတစ်ခုမှမလုပ်ပါ…….. (ကြော်ငြာဝင်တာလိမ်မာတယ်ဆိုတာလူတွေသိအောင်…. ဟီးးးးးးးးးး) 🙂

    တစ်ခုလောက်မေးချင်တယ်….. ဖြေပေးကြပါနော်……..
    အရိုင်းစံပယ်ဆိုတာ ဘာလည်းဟင်………..

    • bigcat

      February 4, 2011 at 7:02 am

      ဘကြီးပုကိုမေး..

  • nyimalay

    February 4, 2011 at 7:26 am

    ဦးကြောင်ကြီးဖြေတော့ဘာလို့လည်း….. ဦးကြောင်ကြီးကမသိလို့လား….
    ပိစိကွေးထင်တာတစ်ခုတော့ရှိတယ်….. မဟုတ်မှာစိုးလို့…… ပိစိကွေးထင်တာဟုတ်တယ်ဆိုရင်မဖြေနဲ့တော့နော်……
    တကတည်း ဟိုလူ့မေးဒီလူ့မေးလုပ်နေတယ်……. တော်ပြီ ဦးကြောင်ကြီးကိုလည်းမ…. တော့ဘူး (ခင် လို့ရေးတာပါ….)ဟိ.. ဟိ…ဂျီတော့မှာကျူချင်တယ်ဆိုလို့ သူမကျူခင် ကို်ယ်ကဦးအောင် အီစီကလီလုပ်ထားမှ 😛

  • father 123

    March 19, 2014 at 12:18 pm

    ကျွန်တော်အဖေက ကျောကပ်မှာကျောက်တည်တာ ကျောက်ကိုဆေးရုံမှာဖယ်ပြီးတော့တစ်လလောက်သက်သာပြီးတော့ အရင်လက္ခဏာပြန်ပေါ်လို့ဘယ်လိုအကြောင်းကြောင့်လဲသိချင်လို့ ဖြေပေးပါခင်ဗျာ့

Leave a Reply