Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိပ်ဆန်းလှတဲ့ သတင်းတော့မဟုတ်ပါဘူး

fattyFebruary 3, 20111min3217

တနေ့က ပြင်ပ သတင်းဌာနကြီးတခုက မြန်မာပြည်တွင် အရွယ်မရောက်သေးသော ၁၄ ..၁၅ ၁၆ အရွယ်များ တယ်ခိုခန်းသို့ အလာများ နေကြောင်း
ပြောသွားပါတယ်။ ပြည်တွင်းဂျာနယ်တခုကို ကိုးကားပြီး ပြောတယ်ထင်ပါရဲ့ ..။

စိတ်မကောင်းစရာပါဘဲ မိဘများအနေနဲ့ အတော်စိုးရိမ်စရာပါ ကိုယ့်သားကိုယ့်သမီးများကို အရင်ကထက် ပိုပြီး ဂရုစိုက်စေချင်ပါသဗျ။

ကျနော်တို့ငယ်ငယ် ကျောင်းသားဘဝက ကြုံတုန်းလေးတင်ပြပါရစေ။ ကျနော်တို့တုန်းက ရန်ကုန် ဝ/သ တက္ကသိုလ် မှာတက်နေစဉ်
ကျနော်မှတ်မိသလောက်ကတော့ RIT ကျောင်းသားများ လက်မှတ်များလာရောင်းပါတယ်။ တကား ၁ဝ ကျပ်ပါ။ ဘယ်သွားကြည့်ရလဲ ဆိုတော့
အင်းစိန်လမ်းမကြီးဘေး ( ယခုတော့ တိကုမွေးဌာန လားမသိဘူး ) မှာ အဆောက်အဦ အပျက်ကြီးတခုရှိပါတယ်။ အဲဒီထိသွားရပါတယ်။
နောက်ပြီး .. မြို့ထဲ အနော်ရထာလမ်းတလျှောက် မဟာဗန္ဓုလ လမ်းတလျှောက် လမ်းလျှောက်ပြီး ဟိုဆိုင်ငေးဒီဆိုင်ငေး လုပ်နေရင်
အနားကို ဖြတ်ကနဲ လူတယောက် ရောက်လာပါတယ် ..။

ကြည့်မလား … ကြည့်မလား .. ဆိုပြီး တိုးတိုးလာမေးပါတယ် ၁ဝ တဲ့ …။ ကြည့်မယ်ဆိုရင် သူ့နောက် လိုက်သွားရပါတယ်။
ခပ်လှမ်းလှမ်းမှာ pick up တစီးရပ်ထားပြီး အဲဒီပေါ် တက်ခိုင်းပါတယ်။ ကားနဲ့ လှည့်ပါတ်မောင်းပြီး တနေရာရောက်မှ အခန်း
တခန်းထဲမှာ ပိတ်ကားထောင်ပြီးပြ ပါသဗျ။ အခန်းကျဉ်းလေးထဲမှာ လူက တယာက်ပေါ် တယောက် ထပ်မတတ် ထိုင်ရပါတယ်။

ဒီကြားထဲ ဖိနပ် ခါးကြားထိုးထားရပါသေးတယ် အရေးဆိုပြေးဖို့လေ ..။

ကျနော်ပြောတာက ဟိုတခေတ်က ဒီလောက်ခဲခဲရင်းရင်း တင်းတင်းကျပ်ကျပ် ဖြစ်နေတဲ့ ကိစ္စ ကို ယနေ့ခေတ်ကတော့
သိကြတဲ့ အတိုင်းပါဘဲ။ အကောင်းအဆိုး ဒွန်တွဲပြီး လာတဲ့သဘောပေါ့။

ကဲ .. ဟိုခေတ်ကလိုပြန်လုပ်လို့တော့ မဖြစ်နိုင်ဘူးထင်ပါရဲ့။ ဒီတော့ ပညာပေးမှုတွေ အရေးတကြီးလိုအပ်လာတဲ့ သဘောပါ။
ဘာပြောပြောလေ … မိဘတွေ အရေးကြီးပါတယ် စားဝတ်နေရေး လုံးပန်းနေရတော့ ကလေးတွေ လှည့်မကြည့်နိုင်ဆိုပြီး
တော့ သတိလက်လွှတ်တော့ မနေမိကြပါနဲ့လို့ ………………။ နိုင်ငံတကာမှာရှိမဲ့ပြဿနာပါ။

7 comments

  • nigimi77

    February 3, 2011 at 11:42 am

    ကျုပ် ငယ်ငယ်တုံးက အာတီးယား လမ်းထဲမှာ ခိုးပြတာကို သွားကြည့်တာကို မှတ်မိသား။ အဲဒီတုံးက ရှားပါးတာကို း။ ဖမ်းတယ်လေ။

    အသက် ၁၈ နှစ်မပြည့်သေးပဲ လိင်ဆက်ဆံတာက ကိုင်တွယ်ဖို ့ ဖြေရှင်းဖို ့ မလွယ်လှပါဘူး။

    တည်းခိုခန်းတွေမှာ ဟိုတယ်တွေမှာ အသက်မပြည့်သေးတာတွေ ဝင်ခွင့် မရအောင် လုပ်ရင်တော့ အနည်းအကျဉ်း အထောက်အကူပြုမှာပါ။

  • Gipsy

    February 3, 2011 at 3:49 pm

    အေးဗျာ…စိတ်မကောင်းစရာပါ….နာမည်ကြီးဟိုတယ်တွေနားသွားပီး လေ့လာကြည့်ရင်သိနိုင်ပါတယ်…
    ဝတ်ချင်စားချင်လှချင်ပချင်တာတွေကြောင့်လား…ဝမ်းရေးအတွက်ကြောင့်လား…ဝါသနာကြောင့်လား…
    ကိုဖက်တီးပြောသလို အုပ်ထိန်းသူတွေကို အပြစ်တင်ရမှာလား…
    မပြည့်စုံတဲ့ဘဝတွေအတွက် ဘယ်သူ့ကိုအပြစ်တင်ရမလဲ..???????????

  • bigcat

    February 4, 2011 at 2:51 am

    ဦးဖက်ရေ ခက်တယ်ဗျာ.. ခေတ်ကပြောင်းလာပြီကိုး။ ဒီမှာတော့ ဆယ်ကျော်သက်ဝင်တယ်ဆိုရင် ကျောင်းတွေမှာ သင်ပေးထားပြီ။ ဒီတော့ စမ်းကြလေသတည်းပေါ့။ မသင်ပေးပြန်တော့လည်း အခွင့်အရေးအယူခံရ၊ ကိုယ်ဝန်ဖျက်ရ၊ ခလေးမွေးကြ ဖြစ်ပြန်ရော။ ကွန်ဆားဗေးတစ်တွေက ဘာသာရေးရှေ့တန်းတင်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ခိုင်းပြန်တော့လည်း ခေတ်နဲ့အံမဝင်ပြန်ဘူး။ ဒီပြသနာက ပြင်ပကမာ္ဘနဲ့တံခါးဖွင့်ဆက်ဆံတဲ့ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ သူများတွေက တံခါးဖွင့်ခဲ့တာကြာတော့ ရိုးသွားကြပြီလေ။ မြန်မာပြည်ကတော့ ဖွင့်နေတဲ့တံခါး တအိအိနဲ့ မဆုံးနိုင်သေးတော့ ပိုနာမှာပေါ့။ ဖြစ်ခြင်းဖြစ် ကိုယ့်နိုင်ငံကို ဂျပန်လို ကိုရီးယားလို ကြီးပွားတိုးတက်လို့ လူမှုဓလေ့စရိုက်တွေ ပြောင်းလဲတာမျိုး ဖြစ်စေချင်ပါတယ်။ အခုပုံစံအတိုင်းကတော့ အသိပညာ အတတ်ပညာ ကျင့်ဝတ်သိက္ခာပိုင်း တိုးတက်မှု တခုမှမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ပုံတူကူးချမှုတွေနဲ့ပဲ ပြီးနေတာဆိုတော့ အင်း..ရင်လေးပါတယ်။ (၁ဝကျပ်သား ရွှေဆွဲကြိုးကြီး ရင်ဘတ်မှာ ဆွဲထားတယ်)

  • moethidasoe

    February 4, 2011 at 4:05 am

    တည်းခိုခန်းတွေ ဟိုတယ်တွေကို ဆင်ခြင်ခိုင်းလို့ မရတာက .. သူတို့အတွက် ဝင်ငွေ လေ .. စာရင်းမရှိ အင်းမရှိ သပိတ်ဝင် အိတ်ဝင် ရတာ .. ညအိပ်တာ မဟုတ်လို့ ဧည့်စာရင်းလဲ မတိုင်ရဘူး .. နာရီပိုင်းနဲ့ ရတာလေ ..
    တည်းခိုခန်းကို လာတိုင်း မှတ်ပုံတင် ပါသလား ဆိုတာကို စစ်ဖို့တော့ တည်းခိုခန်း စည်းကမ်းမှာ ရှိပေမယ့် .. ရမယ့် ဆင်တွေ .. ခြင်္သေ့တွေက အရေးကြီးနေလေရဲ့ ..
    ကလေးတွေကလဲ ပန်းခြံသွားရင် လူမြင်တယ် .. ဒီမှာက လေအေးစက်နဲ့ လုံခြုံတဲ့အခန်း (စပိုင် ကင်မရာ ရှိ မရှိ သူတို့ စစ်ကြမှာ မဟုတ်ဘူး .. ဂျိန်းစ်ဘွန်းမှ မဟုတ်တာ) .. ရေချိုးခန်း .. မှန် ဘီး အဆင်သင့် ဆိုတော့ ..
    နောက်ပြီး အသစ်အဆန်းဆိုတာကို စမ်းကြည့်ချင်ကြတာ လူငယ် သဘာဝ ..
    ဟိုတုန်းက ကိုဖက်တို့ နီဂျီမီတို့ ရေးထားသလို ပုန်းလျှိုးကွယ်လျှိုး ကြည့်ရတဲ့ ဘဝကနေ အိပ်ရာထက်မှာ မထစတမ်း ကြည့်နိုင်လောက်အောင် လွယ်ကူနေပြီဆိုတော့ .. တိုးတက်တာ ကောင်းလား မကောင်းဘူးလား လို့တောင် ပြောရမလို .. ဒါပေမယ့် အဓိက က အသုံးချတဲ့ လူရဲ့ ဦးနှောက်ပဲ .. ခေါင်းရှိပေမယ့် ဦးနှောက် အားနည်းနေသူတွေ အတွက်တော့ ဓါတ်ခဲ ငါးလုံးစာ ရင်ဘတ်မှာ ချိတ်ထားရသလိုပဲ (ကိုကြောင်ကြီးရေးသလို ရေးကြည့်တာနော်)

  • etone

    February 4, 2011 at 4:35 am

    ပြောရရင် အများကြီးရှိတယ် … ဖျားသွားမှာဆိုးလို့ မပြောတော့ဘူး ။
    မိဘတွေက သားသမီးတွေကို သေချာ မထိန်းသိမ်းနိုင်တာရယ် ။ မီဒီယာတွေကတဆင့် လှုံ့ဆော်မှူတွေရယ်ကြောင့် ထိန်းမနိုင်သိမ်းမနိုင်တွေဖြစ်နေကြတယ်။ ကိုယ့် သားသမီး အဲ့လိုဖြစ်ကြည့် သေအောင်ရိုက်သတ်ပစ်မယ် ဟင်း ….။ 😀
    အခုတောင် အိမ်က သားလေး ဟိုဘက်အိမ်ကို သွားစော်ကြောင်နေလို့ အခန်းထဲ ပိတ်ပိတ်ထားရတယ်… ။ သူကတော့ပြောရှာတယ်… ကြောင်လန်းကွတ်ချ်နဲ့ .. ချစ်ခြင်းကိုမခွဲပါနဲ့တဲ ့ 😀

  • နွယ်ပင်

    February 4, 2011 at 5:16 am

    နွယ်ပင် တို့ အိမ်နားမှာ နာမည်ကြီးတဲ့ ဟိုတယ်တစ်ခုရှိတယ် အဲ့ဒီဟိုတယ်ကို လာလိုက်ကြတဲ့ အတွဲတွေ ကြီးကြီးရော ငယ်ငယ်ရော စုံနေတာပဲ တစ်ခါတစ်လေ အသက်မပြည့်လောက်သေးတဲ့ အတွဲတွေတောင်ပါသေးတယ် တစ်ခါ ဟိုတယ်မှာ လူပြည့်နေတယ်ထင်ပါရဲ့ နွယ်ပင်တို့အိမ် မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေတဲ့ အတွဲတွေက (2) တွဲ (3)တွဲ အဲလို ဟိုတယ်တွေက စီးပွားဖြစ်နေတာလေ …

  • search123

    February 4, 2011 at 11:01 am

    တည်းခိုခန်းတွေ၊ဟိုတယ်တွေ မှိုလိုပေါက်လာတာလည်း ဒီအရေးကိုကြိုမြင်လို့နေမယ်။
    စီးပွါးရေးသမားတွေ ကတော့ ဘာလာလာပိုက်ဆံရပြီးရော လက်ခံမှာပါပဲ။
    ထိန်းဖို့ဆိုတာလည်း သိပ်တော့ မလွယ်လောက်ဘူးထင်ပါတယ်။

Leave a Reply