နိုင်ငံတော်သမ္မတအဖြစ် အများထင်ထားသည့်အတိုင်း ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းစိန် ကိုရွေးချယ်မည်မှာသေချာနေ
နိုင်ငံတော်သမ္မတအဖြစ် အများထင်ထားသည့်အတိုင်း ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းစိန် ကိုရွေးချယ်မည်မှာသေချာနေ
ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှ ဒုတိယ သမ္မတများအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့အား ရွေးချယ်လိုက်သော်လည်းနောက်ဆုံးစာရင်းပိတ် နိုင်ငံတော်သမ္မတ မှာ လက်ရှိဝန်ကြီးချုပ်ဦးသိန်းစိန် ကိုသာရွေးချယ် မည်မှာသေချာနေကြောင်းသိရသည်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန် ဖြစ်လာလျှင် ဒုတိယသမ္မတအဖြစ် သီဟသူရတင်အောင်မြင့်ဦးဖြစ်နိုင်ကြောင်းနိုင်ငံရေးလေ့လာ သူများ၏ အဆိုအရ သိရသည်။
လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းသည်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကိုယ်စားလှယ်များ ထဲကသာ နိုင်ငံတော်သမ္မတ အားရွေးချယ်သွားမည်ဟု လွှတ်တော် မိန့်ခွန်း၌ ပြောဆိုခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာသမ္မတ မဖြစ်နိုင်တော့ကြောင်းသိရသည်။ သို့သော် လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် မှာ နိုင်ငံတော် သမ္မ တဖြစ်နိုင်ခြေ များစွာရှိသည်ဟူသော အဆိုအား စစ် ဘက်နှင့် စီးပွားရေးအသိုင်းဝိုင်းများထံမှ ကြိုတင်ကြားသိနေပြီး ဖြစ်ကြောင်း ရန်ကုန်မြို့နေ ထိပ်တန်း စီးပွားရေးလုပ်ငန်း ရှင်ကြီးတစ်ဦး၏သုံးသပ်ချက်အရသိရသည် ။
လက်ရှိစစ်အစိုးရသည် မနက်ဖြန် (၄ ၊၂ ၊ ၂၀၁၁ )တွင် ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတကို ရွေးချယ်မည် ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း အစိုးရသစ်တရပ် ဖွဲ့စည်းကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း များ၏ ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်မည်ဖြစ်ကြောင်းသိရသည်။
3 comments
winkyawaung
February 4, 2011 at 1:36 am
ယနေ့ သမ္မတသစ် ရဲ့ အစိုးရကို စောင့်ကြည့်ရပါမည်..။
moethidasoe
February 4, 2011 at 3:42 am
ဒါဆိုရင် ထူးမခြားနား သီချင်းကို နားထောင်ရဦးမယ်လို့များ နိမိတ်ဖတ်တာလား ..
bigcat
February 4, 2011 at 6:10 am
သူတို့မဖြစ်ရင်သာ ပြောပါဗျာ။