ဘုန်းကြီးဝတ် အတွေ့အကြုံများ( ဆရာ၊ ဒကာ နားလည်မှု)…
လူတလုံးတယောက် ပျောက်ချက်သားကောင်းတာတော့ မပြောနဲ့တော့…
ရုံးပိတ်ရက် စကတည်းက ဘုန်းကြီးဝတ်လိုက်တာ ခုမှ ပြန်ထွက်လာတာ…
အကောင်းဆုံး သီလ စောင့်ထိန်းပြီး ဝတ်ခဲ့တဲ့အတွက် နတ်လူသာဓုခေါ်ကြပါစေသောဝ်…
ပြောချင်တာလေးကတော့ အခုမှ စတာဗျ…
ဘုန်းကြီးဝတ်တော့ ၉ရက်လောက်ဆိုတော့…
အ အားလဲ မနေချင်တော့ ဘုရားစာတွေ ပရိတ်တွေ ကျက်တယ်ပေါ့…
အဲဒါကို ကျောင်းထိုင်ဆရာတော်က သိတော့ သဘောကျတယ်ဗျ…
အဖေနဲ့ကလည်း ဆရာတော်က ဆရာတွေ ဒကာတွေဆိုတော့ လူတလုံးကို ပိုပြီး ဆရာတော်က သိတယ်ပေါ့ဗျာ…
ပြောချင်တာကတော့ အဲလို ဘုရားစာတွေလဲရ ရွတ်တတ်တော့ နှစ်ဆန်းတရက်နေ့မှာ လာပင့်တဲ့ အိမ်တွေက များတယ်ဆိုတော့ ကိုယ်တော်လည်း ကြွရမယ်ဆိုပြီး ဆရာတော်က အမိန့်ရှိတယ်…
အဲဒီမှာစတာပဲ…
ကြွရမှာက အာရုဏ်ဆွမ်းကိုပဲ ၃ခု မွန်းလတ်ဆွမ်းက တခုပေါ့..ပေါင်း ၄ခုဗျ..
ပထမဆုံးတခုကတော့ နို့စိမ်းခေါက်ဆွဲဗျ.. ပထမဆုံး အာရုဏ်ဆွမ်းကလဲဖြစ် အုန်းနို့ခေါက်ဆွဲဆို ဘာဖြစ်ဖြစ်ကြိုက်တော့ ၂ ပွဲကို ဘုန်းပေးလိုက်တယ်…
နောက်တအိမ်ကျတော့ မုန့်ဟင်းခါး အဲဒီအိမ်ရောက်တော့ နောက်တခုရှိတယ်ဆိုပြီး ဗိုက်ကိုချန်ထားတဲ့ အနေနဲ့ တပွဲပဲ ဘုန်းတယ်ဗျာ.. သူတို့က နောက်တပွဲ ဘုန်းပါဘုရားပေါ့..
အိမ်က နည်းနည်းဆင်းရဲပုံပဲဗျ..အဲဒီမှာ အတွေးက အော်..ငါမဘုန်းရင် ဘုန်းမကောင်းလို့ လျှော့ဘုန်းပါလား ထင်မှာစိုးပြီး နောက်တပွဲ ဘုန်းပေးလိုက်တယ်…
ကျောင်းကိုပြန်လာပြီး ကျောင်းရောက်တာနဲ့ နောက်တခုက စောင့်နေပြီ…
အဲဒီအိမ်ကျတော့ အသိအိမ်ဖြစ်နေတယ်…သူတို့ကို ပြောပြလိုက်တယ်..ပွဲဆက်က ၃ခုဆိုတော့ မရတော့ဘူးလို့…ကုသိုလ်ရအောင် တပွဲ ဘုန်းပေးလိုက်မယ်ဆိုတော့ သူတို့က လက်ခံတယ်…
ပြန်လာတော့ နောက်မွန်းလတ်ဆွမ်းက ထပ်ကြွရတယ်…
မွန်းလတ်က ၁ဝနာရီဆိုတော့.. ကျောင်းပြန်ရောက်တော့ ဘယ်ဘုန်းနိုင်တော့မလဲ… နေ့ဆွမ်းကို …
ညရောက်တော့ ဗိုက်တွေကိုဆာရော…ဗျာ…
ကျွန်တော်ပြောချင်တာကတော့ နှစ်ဆန်းတရက်နေ့လို ရက်မျိုးဆို အာရုဏ်ဆွမ်းကပ်မယ်ဆိုရင်.. ကိုယ်က ဦးအောင် အစောဆုံး ကပ်နိုင်ရင် ကပ်…
မဟုတ်ရင် ပွဲကျပ်ကာလမှန်း နားလည်ရမယ်လို့ပါ…
ကိုယ်ပင့်တဲ့ အချိန်က အာရုဏ်ဆို ၅နာရီ၊ ၅နာရီခွဲမရရင်.. ဘုန်းကြီးပွဲကို လျှော့ပြင်ပါဆိုတာရယ်..
အရိပ်အကဲ ကြည့်ပြီး.. နောက်ထပ် လိုက်ပွဲကို ကပ်သင့် မကပ်သင့် ချိန်ရမှာ…
ဆန်ဒရှိလို့ ကပ်လဲ .. တခါလောက်ကို ငြင်းရင် ဆက်ပြီး မကပ်သင့်ဘူးပေါ့…
အဲဒါလေးပြောချင်တာပါ..
ကျွန်တော်ကြုံလိုက်ရတဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက်လေးပါ…
မှားချင်လဲ မှားမယ်ပေါ့နော်..
2 comments
kai
April 21, 2010 at 7:05 am
နားလည်မှုဆိုတာက မပြောရင်သိမှာ မဟုတ်တော့ ဘုန်းကြီးကိုယ်တော်တိုင် ဒကာကို တည့်တည့်ပြောမှ ရမယ်ထင်တယ်ဗျ..။
“ဟေ့ ..အခါကြီးရက်ကြီး…ပွဲတွေများနေတယ်၊ လျှော့လုပ်ကြကွ”၊ ပေါ့..ဒါမှမဟုတ် ဆွမ်းက အများကြီးချက်ပြီးဖြစ်နေရင်လည်း နောင်ဒါမျိုးအခါကြီးရက်ကြီး များများမလုပ်ဖို ့ပြောပြီး တခြား တယောက်ယောက်..ဥပမာ။ ။ငတ်နေတဲ့လူတယောက်၊ စားချင်နေတဲ့လူတယောက်၊ သူတောင်းစားတယောက်ဆီကို ဘုန်းကြီးက ကပ်တာလက်ခံပြီးမှ ပြန်စွန် ့ခိုင်းလိုက်ရင် ကောင်းမယ်ထင်တာပါပဲ..။
ဒကာလည်း ကုသိုလ်အပြည့်ရ..ငတ်တဲ့သူလည်း ဝမ်းဝပေါ့..။
အမှန်ကတော့ ဗုဒ္ဓဘာသာမှာ ကပ်ပိယဆိုတဲ့လူက မန်နေဂျာလို အခုလိုကိစ္စတွေမှာ အလဟသမဖြစ်ရအောင် စီမံခန် ့ခွဲဖို ့ထားတာလို ့ထင်ပါတယ်။
အဲဒါမျိုးတွေအတွက် ..နောင် ၂၁ရာစု ဗုဒ္ဓဘာသာမှာ ကပ်ပိယမွန်းမံသင်တန်းလို…သင်တန်း၊ ကျောင်း..စသဖြင့်လိုမယ်ထင်ပါတယ်။
လေကန်ဝေဖန်ကြည့်တာပါနော..။
susunosuki
April 22, 2010 at 6:31 am
ပွင့်ပွင့်လင်းလင်း မိန့်လိုက်တာက ကြိတ်ဖြေရှင်းတာထက် ကောင်းပါတယ်