Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှစ်ထပ်ကွမ်း ထီပေါက်တယ်ဗျို့

etoneFebruary 4, 20111min102127

မနေ့ကပေါ့ … ကျမထီပေါက်ပါတယ် … ထီတောင်မှ နှစ်ထပ်ကွမ်းတောင်ပေါက်တာပါ …။ ထီပေါက်တဲ့လူတွေကတော့ အရမ်းကို ပျော်တယ်လို့ ကြားဖူးပါတယ် ..။ သူများက ထီပေါက်အောင် ကံကို စောင့်နေရပေမဲ့ ကျမကတော့ လူက လုပ်ဆောင်ရတာပါ… နားရှုပ်သွားလား … ဆက်ဖတ်ကြည့်ပါဥိး … ။
နှစ်ထပ်ကွန်းများပေါက်လို့ကတော့ အပျော်ပေါ် အပျော်ဆင့်နေတော့တာပေါ့ လို့ မထင်လိုက်ပါနဲ့ …။ ကျမ ပေါက်တဲ့ထီက သူများလို မျက်နှာပန်းလှလှ အထက်တန်းကျကျနေနိုင်မဲ့ ထီမျိုးမထင်လိုက်ပါနဲ့ … သူများ က အသုံးမလိုလို့ထွေးထုတ်ပစ်လိုက်တဲ့ ကွမ်းတံတွေးကို စက္ကန့်ပိုင်း အတွင်း လက်နဲ့ အမိအရဖမ်းနိုင်လောက်အောင်ကို ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ထီပေါက်မှူကြီးပေါ့… ။ ရလိုက်တာကတော့ အများကြီးပါပဲ … ပြန်တွေးရင်းနဲ့တောင် အော့အန်ချင်လာတယ် ။
မနေ့က ကျမ ဖယ်ရီစီးဖို့ ကားမှတ်တိုင်မှာ စောင့်နေတာပေါ့ …… ကားတွေ၊လူတွေ ကလည်း ပျားပန်းခတ်မျှ စည်ကားပါတယ် ။ ရုံးသွားရုံးပြန်ချိန်ကိုး ။ ကျမရပ်နေတာ ပလပ်ဖောင်းပေါ်မှာပါပဲ … လူတွေ တွန်းတိုက် လောက်အောင် ရှုပ်နေတဲ့ လှည်းတန်းမှာပေါ့… ။ ကျမရှေ့ကို ဒိုင်နာတစ်စီးထိုးရပ်ပါတယ်… လူတွေ အပြည့် အသိပ် တင်ပြီး ပြန်အထွက်မှာ ဒေါင့်မှာထိုင်နေတဲ့ ငနဲက ကတ္တရာလမ်းပေါ်ကို ကွမ်းတံတွေးထွေးချလိုက်တာမြင်ရပါတယ် … ကဗျာကယာ ကိုယ့် လာစင်မှာစိုးလို့ လက်နဲ့ကာ ပြီး ရှောင်လိုက်ပါမှ လက်က သူ့ထွေးတဲ့အောက်ရောက်ပြီး ကွမ်းတွေပေကုန်ပါတယ် ..။ ခွေးမသားကတော့ သူမဟုတ်သလိုနဲ့ ကားပေါ်က ပြုံးဖြီးဖြီးကြည့်နေတာ နားရင် အုပ်စရာကောင်းနေပါတယ်… အဖြစ်ပျက်တွေက မြန်ဆန်လွန်းပြီး ကျမတုံ့ပြန်ချိန်တောင်မရခင် ကားဝူးခနဲ မောင်းထွက်သွားပါတော့တယ် ။ ဘုရှိုးရှိုးခဲ့ရတာ တစ်ခုကလွဲလျှင် သူ့ကိုကျမဘာမှ ပြန်မလုပ်နိုင်ခဲ့ဘူး .. ။ ကျမစိတ်က တစ်မျိုး … သူတပါးကို ထိခိုက်နာကျင် ၊ နစ်နာအောင် အကြောင်းမဲ့ မလုပ်တတ်သော်လည်း သူတပါးကြောင့် ထိခိုက်နစ်နာရလျှင် ထိုသူမှ ကြံရွယ်ပြီးလုပ်သည်ဖြစ်စေ၊ မကြံရွယ်ပဲ မတော်တဆဖြစ်သည်ဖြစ်စေ တောင်းပန်ပါက ကြေအေးလွယ်သော်လည်း … တစ်ချို့လူမျိုးမှာ မသိကျိုးကျွံပြု နေခြင်းများရှိပါက ထိုသူကိုလည်း တဖန်ပြန်ထိခိုက်နစ်နာအောင် လက်စားချေတတ်သေးသည် ။ မကောင်းတဲ့ စိတ်မှန်းသိပေမဲ့ ကျမအဲ့ဒီအကျင့်က အခုထက်ထိ အပြီးအပိုင် ဖြေဖျောက်မရသေး ။ စိတ်ဆတ်တဲ့ လူငယ်တစ်ယောက်ပီပီ ယခုကဲ့သို့ ဖြစ်ခြင်း အပေါ် ဆတ်ဆတ်ခုန်နေတော့တာပေါ့ ။ ဘာမှလည်း ပြန်မလုပ်နိုင်တဲ့ အခွင့်ရေးပေါ်လည်း စိတ်တိုမိတယ် …။ ဒါနဲ့ ရေသန့်ဗူးဝယ်ပြီး လက်ဆေးလိုက်ရပါတော့တယ် … ကဲ ကြည့် သူများရဲ့ မင်္ဂလာရှိရှိ နိုးထလာတဲ့ မနက်ခင်းလေး ဘာမဟုတ်တဲ့ စည်းကမ်းမဲ့ ကွမ်းစားသူ ၊ ကွမ်းတံတွေးထွေးသူများကြောင့် အကျည်းတန်ခဲ့ရပြီ။ ထို လူ သွားရာ လမ်းတစ်လျှောက်လုံးတွင်လည်း အကြိမ်မည်မျှ ဒီလို စည်းမဲ့ကမ်းမဲ့ ဗရန်းဗတာ ထွေးဦးမည် မသိ…။ နောက်ထပ် ဘယ်သူကို စိတ်ဒုက္ခရောက်စေဦးမှာလည်း မတွေးတတ်တော့ … ။
အကျဉ်းချုံးပြောရလျှင် ကျမ ဒေါပွပွနဲ့ ဖယ်ရီစောင့် နေသော်လည်း ကားပျက်သည် ဟု သတင်းရသဖြင့် လိုင်းကားဖြင့် သွားရပေတောသည်…။ ထိုင်ခုံအပြည့်သာ လူတင်သည်ဟု ရေးထားသော စာကိုတောင် အားမနာပဲ လူအပြည့်အကြပ်(ထိုင်ခုံပြည့် ၊ မတ်တပ်ရပ်လူ အပြည့်) တင်သော အထူးကားသည် အိုက်စပ်ပူလောင်နေသည် ။ အထူးကားများသည် အဲယားကွန်းကားများဖြစ်သဖြင့် မှန်များလုံလုံခြုံ ခြုံ လှလှ ပပ တပ်ဆင်ထားသော်လည်း အဲယားကွန်းမဖွင့် နိုင်သည့်တိုင်အောင် ပြတင်းပေါက်များ ကျယ်ကျယ်ဖွင့်မရခြင်းကြောင့် ကြပ်ပိတ်သိပ်ပြီး အလွန်စိတ်ပျက်စရာကောင်းလှသည် ။ ကားမောင်းကြမ်းသဖြင့် ဒရိမ်းဒရိုင်စီးကြရသည်။ ခြေထောက်တက်နင်းသူကနင်း ၊ ထောက်လှမ်းရေးတွေကလည်း ဟိုနားကပ် ဒီနားကပ်နှင့် အလွန်ပင် စိတ်ပျက်စရာဖြစ်နေတော့သည် ။ ရုံးမတတ်တော့ဘူးဟု စိတ်ကူးမိသော်လည်း မလုပ်မဖြစ် အလုပ်လေးတွေရှိနေတာကြောင့် ရုံး ရောက်အောင် လာခဲ့ပါတယ် …။ ကားမှတ်တိုင်က ဆင်းတော့မှ စဉ်းစားမိပြန်သည် ဘာလု့ိများ ကားငှားမစီးခဲ့မိတာပါလိမ့်…ကိုယ့်ကိုယ်ကို ပိုဒေါသထွက်လာသည်…ဒီလောက်လူအများကြီးပါတဲ့ကားကို ဘယ်လို စိတ်ကူးနဲ့ တိုးဝှေးစီးခဲ့တာပါလဲပေါ့…နောက်မှ ပြန်စဉ်းစားမိတာက ကျမကားပေါ် တတ်စက ချောင်ချောင် ချိချိပါ … ။ နောက်မှ လူတွေ ထပ်တက်လာပြီး ကြပ်ကုန်တာပါ …။မနက်က ထီပေါက်ခဲ့တာနဲ့ ဒေါသအရှိန်လေး မပြေပဲ ကားစီးလာခဲ့တာ ပတ်ဝန်းကျင်တောင် သတိမရတော့တဲ့ အဖြစ်ပေ ။ စက်ရုံရောက်ဖို့ ကားပေါ်ကဆင်းပြီး ဆိုက်ကား တစ်ဆင့်စီးရသေးတယ်လေ…။ ဆိုက်ကား စီးတော့ ဆိုက်ကားသမားက စကားနည်းတယ် … ဘယ်သွားမယ်ပြောတက်ထိုင်တာနဲ့ ရှီးဆိုပြီး နင်းတော့တာ….လမ်းရောက်မှ ဒုက္ခပေးပါတယ်..ကွမ်းတဗျစ်ဗျစ်ထွေးတာပေါ့…သူ့ဘာသာစားတာ မပြောတော့ပါဘူး စဉ်းစားထားခဲ့ပေမဲ့.. လမ်းကေ ွ့ရောက်တော့ ဆိုက်ကားကို ကွေ့ပါတယ်…ပြီးတော့ကွမ်းကို ဗျစ်ခနဲ ထပ်ထွေးပါတယ်…ဆိုက်ကားက အမြန်နှုန်းရယ် ၊ လေတိုက်တာရယ်၊ လမ်းကွေ့ဖြစ်တာရယ်နဲ့ ပေါင်းပြီး ကျမရဲ့ လက်ပေါ် ကွမ်းတံတွေးအစက်လာစင်တယ်ပေါ့ … စိတ်တိုလိုက်တာ ..။ အဲ့ဒီ အခါကျမ သူက ကွမ်းဝါးတဲ့လေသံနဲ့ တောင်းပန်ပါတယ်… ။ တောင်းပန်လျှင် ကြေအေးတတ်သော်လည်း မနက်ကတည်းက အစာမကြေလာတာနဲ့ …ရုပ်က စူပုပ်နေတော့တာပေါ့ …။ စက်ရုံရှေ့ရောက်လို့ ဆိုက်ကား ခပေးပြီး ကွမ်းစားရင်လည်း စည်းမဲ့ကမ်းမဲ့ လမ်းပေါ်လျှောက်မထွေးနဲ့လို့ …နောက် ပြီး ကိုယ့်ကြောင့် သူတပါးမထိခိုက်စေနဲ့လို့ပဲ မှာလိုက်ရပါတယ်…။
ကျမကတော့ ကွမ်းမစားဘူးလို့လား မသိ… ကွမ်းယာရဲ့ အရသာ မခံစားတတ်လို့လား မသိ …ဒီ နီနီတွေထွက်အောင် ဝါးနေရတာကိုက ရုပ်ပျက်တယ်ထင်သည် ။ပြီးတော့ ဒီအရည်တွေ မျိုချလို့လည်း မရ.. ထွေးထုတ်ရတာလည်း အလုပ်ပိုနဲ့ ဘာများ ကောင်းကျိုးရှိပါလိမ့်..။ ထုံးကြောင့်လည်း ကျောက်တည်တတ်သေးဆိုတော့… ..လူတွေ ဒီအကျင့်လေး ပြင်နိုင်လျှင် ကောင်းမှာပဲလို့ တွေးမိသည် ။ ရှားစေးကြောင့်လည်း ကျောက်တည်တတ်ပါသေးသတဲ့ရှင် ..။ ဒီ အရေမရ အဖတ်မရ(ဒေါ်မိုးသီတာ အာဘော်)ကို ဘာလို့များ ဝါးနေကြတာပါလဲလို့ တွေးရင်း………………။ ။

27 comments

  • Gipsy

    February 4, 2011 at 9:53 am

    လူငယ်သဘောကတော့ ဘာမှန်းညာမှန်းမသိ အားကျပီးစားကြည့်ရင်း အကျင့်ရသွားကြပါတယ်….
    ကားသမားများမတော့ အိပ်ချင်ပြေအောင်စားကြတယ်..
    တချုို့က ပါးစပ် ညှီနံ့ ကာကွယ်ချင်လို့ ပြောပါတယ်…
    မကောင်းဘူး သိပေမဲ့ အနော်လဲ စားပါတယ်..
    ဒါပေသည့် ကွမ်းတံတွေး ကို စည်းကမ်းလေးနဲ့ ထွေးပါကြောင်း….

  • search123

    February 4, 2011 at 10:20 am

    ဘာကြောင့်စားလဲမသိရပေမဲ့၊နေရာတိုင်းမှာ ကွမ်းတံတွေးတွေချည်းဖြစ်နေတာတော့ တော်တော်ကြည့်ရဆိုးပါတယ်။
    ကွမ်းယာရောင်းတဲ့သူတွေတော့ တော်တော် အဆင်ပြေမယ်။

    • kai

      February 4, 2011 at 10:28 am

      သူတို့ရောင်းလို့.. မြို ့ညစ်ပတ်နေတာကိုး..။ ရောဂါတွေကူးစက်ကုန်တာကိုး..။
      အဲဒါ.. ကွမ်းယာဆိုင်တွေကို … ဆိုင်ကြေးမတရားတိုးကောက်လိုက်ဖို့ကောင်းတယ်..။
      အဲဒီငွေတွေနဲ့.. မြူနီစပယ်၊ ကျမ်းမာရေးဝန်ဆောင်မှုတွေကို .. ပြန်ပေးလိုက်သင့်တယ်..။
      နိုင်ငံတော်အဆင့်မလိုပါဘူး..။ မြို ့တော်ဝန်က တန်းလုပ်လို့ရတာပဲ..။

  • naywoonni

    February 4, 2011 at 10:23 am

    ကျေးဇူးတင်ပါတယ် အီးတုံး ရယ်။ ကတ္တရာလမ်းပေါ် ကျသွားမဲ့ ကွမ်းတံတွေးတွေကို ဆီးဖမ်းပေးလိုက်တာ။ နို့မို့ဆိုရင် သန့်ရှင်းသပ်ရပ်နေတဲ့ လမ်းလေး ရုပ်ဆိုး အကျည်းတန်သွားတော့မလို့။ ထိုပြုရသော ကုသိုလ် စေတနာ တို့ကြောင့်……. ဘာဆုတောင်းမလဲ အီးတုံး ။ လိုရာဆုပြည့်စေနော်……… ဟဲဟဲနောက်တာပါ။

    • etone

      February 5, 2011 at 2:20 am

      ဦးနီနော် အဲ့ဒီအကြောင်းပြန်တွေးရင် အီးတုံးစိတ်တိုတယ် ။
      လိုရာဆုသာပြည့်မယ်ဆိုရင် တောင်းချင်ပါတယ် … ဘယ်သူမှ လမ်းသွားရင်းကွမ်းမစားရလို့ အမိန့်ထုတ်ပါစေ 😀

  • juttue.gyi

    February 4, 2011 at 10:55 am

    အစ်မရာ နှစ်ထပ်ကွမ်း ထီပေါက်တယ်ဆိုလို့ ထီများ နှစ်ခါပေါက်တာလားလို့ အောင်မေ့တယ်။ အစ်မ ခေါင်းစဉ်လေး ပေးထားတာမိုက်တယ်ဗျို့………….:)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 4, 2011 at 11:32 am

    ကွမ်းတံတွေးကြတော့ သိပ်မပြောချင်ဘူး လူမုန်းများတယ်
    ဆင်ခြေများတယ်
    ယာဉ်ကျောပိတ်ဆို ့တဲ့အတွက်ကျတော့
    အောင်ပုတို ့ရွာမှာဆိုရင်
    ဒီလိုလုပ်တယ်
    ဘယ်လိုလုပ်တယ်များထင်သလဲ
    ကားဆိုတာ ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းတယ်
    ဒါကြောင့်
    ရွာတွင်းလမ်းတွေကို ကားတွေအစား
    ဆင်တွေနဲ ့ပြေးဆွဲတယ်
    ရည်ရွယ်ချက်က
    လေထုညစ်ညမ်းမှုကိုကာကွယ်ဘို ့
    နောက်တစ်ခု ဆင်ချီးဆိုတာ ဓာတ်မြေဩဇာ
    ဒါတွေနဲ ့စိုက်ပျိုးရေးလုပ်မယ်
    တရုပ်ပလဲဝဲ သနားတယ်
    နောက်
    ဒါ
    နိုင်ငံခြားသားတွေကို ဆွဲဆောင်တာ
    ဆင်တွေကို အစာကျွေးတာကို နိုင်ငံခြားသားတွေ အလွန်နှစ်သက်တယ်
    ဆင်အစာရောင်းသူ အလုပ်ရမယ်
    ဆင်အစာ စိုက်ပျိုးရေး အလုပ်ရမယ်
    တိရိစ္ဆာန်ထိန်းသိန်းရေးဆောင်ရွက်ချက်ဖြစ်တယ်
    ကြက်ငှက် တုတ်ကွေးဖြစ်လို ့ကတော့
    ဆင်တစ်ကောင်လောက် ရိုက်ချက်
    အကြိုက်စား
    ဝါသနာပါရင်
    ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေ လက်သုတ်လုပ်စားလို ့ရတယ်
    နောက်တစ်ခြားနည်းလမ်းတွေရှိသေးတယ်
    ရွာမှာပြောပါတယ်

  • zippo

    February 4, 2011 at 12:04 pm

    “အမြတ်ခွန်ဥပဒေသစ်ထုတ်ပြန်ခြင်း”
    > ကွမ်းယာဆိုင်များအခွန်တိုး ကောက်ခံမည်၊
    > စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးလျှင် ငွေတစ်သိန်း (သို့) ထောင်ဒဏ် ၁ နှစ် ကျခံရမည်၊
    > ကွမ်းစားသူများ စည်ပင်ရုံးတွင် ကွမ်းစားလိုင်စင်လုပ်ရမည်၊

    ကောင်းလေစွ ၊ ကောင်းလေစွ ၊

  • ဆူး

    February 4, 2011 at 12:28 pm

    ကွမ်းတံတွေး ထွေးတဲ့ လူတွေ စောင့်ဖမ်းတဲ့ အဖွဲ့ လုပ်ရင် ကောင်းမယ်နော်.. ဦးခိုင် ပြောသလိုပေါ့.. ကင်မရာ တယောက် တလုံးနဲ့.. စောင့်ဖမ်းပြီး လက်ထိပ်ခတ် ပြီးရင် ၁သိန်းကို အခွန်ဆောင်ခိုင် ဖမ်းပေးတဲ့လူ ၃သောင်းရမယ် ဒါဆို လုပ်ချင်တဲ့ လူတွေ ပေါပြီး လျောက်လွာ ဖောင်တွေ ဝိုင်းတင်ကြမှာ သေချာတယ်။

  • weiwei

    February 4, 2011 at 12:43 pm

    မဝေလဲ ရန်ကုန်ကို ပထမဆုံးခြေချလိုက်တဲ့နေ့မှာပဲ တစ်ထပ်ကွမ်းထီပေါက်သွားသေးတယ် … ခြေထောက်ပေါ်ကို ဖြတ်သွားတဲ့ ဘက်စ်ကားပေါ်ကနေ ကျလာတဲ့ ကွမ်းတံတွေး … ရွံဖို့တော်တော်ကောင်းတယ် …

  • ဆူး

    February 4, 2011 at 2:33 pm

    ကွမ်းတံတွေး ဆို သိပ်စိတ်ညစ်တာဘဲ အရမ်းရွံတယ်။
    ဘာမှန်းလည်း မသိဘူး။
    ထွေးတဲ့လူကလည်း ပါးစပ်ထဲက လွတ်ရင် ပြီးရော ထွေးလိုက်တာဘဲ။
    ရန်တွေ့မရတော့ ပိုဆိုးတယ်။ အရင်ကတော့ ပေဘူးတယ်။
    တခါ ကားလမ်းကူးရင် ခြေသလုံးကို ရေစင်သလို ခံစားရတယ်။ လမ်းတဖက်ရောက်တော့ ကြည့်လိုက်တော့.. ညစ်ပတ်လိုက်တာ လွန်ရော.. တစ်ရှူးနဲ့ သုတ်လို့ကို မဆုံးဘူး စိတ်ပျက်တယ်။
    ဈေးသွားရင်လည်း ဒီလိုဘဲ ဟင်းအသား ရောင်းတဲ့ အတန်းသွားရင် အရေစင်မှာ စိုးလို့ ကွယ်တဲ့ နေရာ လွတ်တဲ့ နေရာမှာ ရပ်နေရတယ်။

  • intro

    February 4, 2011 at 2:45 pm

    အင်း၊ ကွမ်းမစားစေချင်ရင်၊ ဒါမှ မဟုတ် ကွမ်းမထွေးစေချင်ရင် သူတို့ကို ဘာလုပ်ပေးရင် အဆင်ပြေမလဲ? ဖာဂူဆန်လို ပီကေ ဝါးခိုင်းရမှာလား? ဒါမှ မဟုတ် ကွမ်းယာဆိုင်တွေကို ကွမ်းရောင်းရင် တစ်ခါတည်း ကွမ်းထွေးအိတ်လေးပေးလိုက်ဖို့၊ ဆိုင်မှာ ကွမ်းထွေးထုတ်တွေ ပစ်ဖို့ အမှိုက်တောင်း ထားဖို့ လုပ်မယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်… မဟုတ်ရင် ကွမ်းဈေးတက်ရုံက လွဲရင် အဆင်မပြေနိုင်ဘူး… တစ်ချို့ ကွမ်းသမားတွေ တွေ့ဖူးပါတယ်… ကိုယ်ပိုင် ကျွတ်ကျွတ်အိတ်လေးတွေနဲ့… တစ်ခြားကို မထွေးဘူး၊ အိတ်ထဲပဲ ထွေးတယ်၊ ပြီးတော့ အဲ့သည့်အိတ်ကို အမှိုက်ပုံးမှာပဲ ပစ်တယ်… ဒါမျိုးကျတော့ လေးစားစရာ ကောင်းတယ်ဗျ.. ကိုယ်တိုင်က စည်းကမ်းရှိနေတာကို၊ ကြိုက်လို့ စားတယ်၊ ပြီးတော့ ကိုယ့်တာဝန်ကိုယ်ယူတယ်၊ သူများကို ဝန်မပိုစေဘူးဗျာ… လူတိုင်းကို ဒါမျိုးဖြစ်အောင် ပညာပေးသင့်တယ်၊ ခက်တာက ကျွန်တော်တို့ နိုင်ငံက အမှိုက်ဆိုလဲ လွယ်လွယ်ပစ်၊ တံတွေးဆိုလဲ ထွေးချင်သလိုထွေးဆိုတော့ အဲသည့် စိတ်ဓါတ်ကို အရင် ပြင်နိုင်အောင် ကြိုးစားကြရင် ကောင်းမယ်… မိမိကြောင့် သူတပါးအနှောင့် အယှက် မဖြစ်ပါစေနဲ့ပေ့ါဗျာ..

  • naywoonni

    February 4, 2011 at 2:51 pm

    ကျွန်တော်လည်း ကွမ်းသွေးကို ဟိုဟာထက်ရွံ့တယ်။ အဲဒါကြောင့် ကွမ်းကိုဖြတ်ပစ်လိုက်တာ ကြာပြီ။

    • zippo

      February 4, 2011 at 3:51 pm

      ကိုနေ.. ကွမ်းတံတွေး ထက်ရွံတဲ့ ( ဟိုဟာ) က ဘာကိုပြောတာလဲ ဟင်..?

  • zoe

    February 4, 2011 at 3:00 pm

    ကွမ်းစား ရင် ပါးစတ် ကင်ဆာ ဖြစ်တယ် လို့ဖတ်ဖူး တယ် ။ နောက် ပြီး ကွမ်းတံတွေး ကို စည်းကမ်း မဲ့ ထွေးတော့ ညစ်ပါတ် တယ် ကျန်မာရေး နဲ့လဲ မ ညီ ညွတ် ဖူး ။ ကွမ်းမစား ဖို့ သက် ဆိုင် ရာမှ ပညာ ပေး သင့် တယ် ။ ကွမ်းစား ခြင်း နဲ့ ပါးစတ် ကင်ဆာ ဆက်နွယ် နေ ကြောင်း လင့် တ ချို့ တင် ပေး လိုက် ပါတယ် ။

    The International Agency for Research on Cancer (IARC) regards the chewing of betel and areca nut to be a known human carcinogen.
    http://www.raysahelian.com/betelnut.html
    http://www.reuters.com/article/2007/07/11/idUSTP293101
    http://www.nature.com/bjc/journal/v85/n5/abs/6691920a.html

  • ဆူး

    February 4, 2011 at 3:19 pm

    ကွမ်းစားတဲ့ လူတွေကို မေးဘူးတယ် ပီကေ ဝါးပါလားလို့ ပြောတော့ ပီကေက ဝါးရတာ ပါးညောင်းတယ်တဲ့.. အရသာ မရှိဘူးတဲ့ ကွမ်းက ဝါးရတာကိုက အရသာတဲ့..

  • unclegyi1974

    February 4, 2011 at 3:28 pm

    ဟိုးတုန်းက ဘစ်ကားတွေပေါ်မှာ ကွမ်းမစားရ
    လက်မထုတ်ရ ခေါင်းမပြူရ ဆိုပြီး ကားတိုင်း
    စာတွေရေးထားတယ်
    ဒရိုင်ဘာ စပယ်ရာကလည်း ကားပေါ်တက်လာတဲ့
    လူတိုင်းကိုစည်းကမ်းမလိုက်နာရင်ပြောပါတယ်
    အခုခေတ်ဘစ်ကားတွေပေါ်မှာစာရေးမရေး
    ကားမစီးတာကြာတော့မသိပေမဲ့
    ကားပေါ်ကလူတွေကွမ်းတွေတပစ်ပစ်လုပ်နေ
    ကြတာကိုကြည့်ပြီး ဟိုတုန်းကဒရိုင်ဘာ စပယ်ရာ
    တွေလိုစည်းကမ်း ထိမ်းသိမ်မှုမလုပ်တော့တာကို
    သိသာစေပါတယ်
    မထသ လူကြီးမင်းများကလည်းသူတို့အူစိုဖို့ကလွဲ
    ပြီးဘာမှစိတ်မဝင်စားကြဖူးနဲ့တူပါတယ်
    ကားပေါ်မှာကွမ်းစားတာကိုအထောက်အထားနဲ့
    တိုင်နိုင်ရင်ကားစပယ်ရာကိုအဓိကထားပြီး
    ပြင်းထန်စွာအပစ်ပေးမယ်ဆိုရင်ကားပေါ်
    ကွမ်းစားခြင်းမပျောက်တောင်လျော့နည်းသွားမယ်
    ထင်ပါတယ်

  • ဆူး

    February 4, 2011 at 3:39 pm

    အန်ကယ်ကြီး ရေ စကား မစပ် စပါယ်ယာတွေ ကွမ်း အရမ်းစားတယ်နော်။ ကားမှတ်တိုင်မှာ ရပ်တာနဲ့ ကွမ်းယာ အပြေး အလွား ဝယ်ပြီး တလမ်းလုံး မြုံပြီး ဝါးနေကြတာ။ တလောက ကားတိုင်းမှာ အမှိုက်ပုံး ထားရတယ်.. နောက်တော့ လည်း နောက်တော့.. သိတော့ပါဘူး။

    • etone

      February 5, 2011 at 2:22 am

      ဟုတ်ပါ့ အဲ့ဒီ စပယ်ယာတွေကိုယ်တိုင်တောင် တစ်ချိန်လုံးဝါးပြီး လမ်းမပေါ်ထွေးထုတ်နေတာ မုန်းစရာကောင်းတယ် ။

  • kopauk mandalay

    February 4, 2011 at 3:45 pm

    ဒီကွမ်းစားတဲ့အကြောင်းကို သိသလောက်တော့ ဇာတ်ကြောင်းလှန်ပြချင်ပါသေးတယ်။
    ကွမ်းစားတယ်ဆို တာ မြန့်မာ့ရိုးရာ ဓလေ့ထုံးစံထဲမှာပါ တာလဲအမှန်ပါဘဲ။
    (ကွမ်း၊ဆေး၊လက်ဖက် နဲ့ဧည့်ခံမှ ဧည့်ဝတ်ကြေတယ်လို့ ယူဆကြပါတယ်-ဒိုးနတ်မပေါ်သေးလို့နေမှာနော်)
    အရင်ကတည်းက လူတွေကွမ်းစားကြပါတယ်။
    ဒါပေမယ့် လူတိုင်းတော့လဲမစားပါဘူး။

    မှတ်မှတ်ရရ (တစ်ဦးက မေတ္တာ တစ်ဦးကစေတနာ)ဆိုတဲ့ရုပ်ရှင်ထဲမှာ
    အဲဒီအချိန်က လူငယ်ကြိုက်မင်းသား ကျော်ဟိန်းက ဇာတ်ကားရဲ့
    ဇာတ်ဝင်ခန်းတော်တော်များများမှာ ကွမ်းစားပြီး ကွမ်းတပျစ်ပျစ်နဲ့လုပ်ပြပါတယ်။
    ဲအဲဒီအချိန်ကစလို့ လူကြီးလူငယ်တော်တော်များများ ကျော်ဟိန်းကို အတုယူပြီး
    ကွမ်းစားလာကြတာကို တွေ့ရပါတယ်။

    အခုတော့ နေရာအသီးသီး အလွှာအသီးသီးကလူတော်တော်များများကွမ်းစား၊
    ကွမ်းသွေးကို နေရာတကာစည်းမဲ့ကမ်းမဲ့ထွေး၊
    ဘေးကလူကို မထေ့မဲ့မြင်လုပ်၊
    ဒီလိုဖြစ်နေတာကို ဘယ်သူကြောင့်ပါလို့ လက်ညှိုးထပ်မထိုးနဲ့
    သူလိုကိုယ်လိုလူတွေ စည်းကမ်းမဲ့နေလို့ အခုလိုဖြစ်နေတာအမှန်ပါဘဲ။

  • Yin Nyine Nway

    February 4, 2011 at 3:51 pm

    အမလေး ရင်ငြိမ်းနွေးတို့ ကျောင်းတက်တုန်းကဆို
    ကျောင်းက အေးသာယာမှာ တောင်ကြီးကနေ သွားရတယ် တောင်အောက်မှာပေါ့
    ဆိုင်ကယ်နဲ့ကျောင်းတက်တဲ့နေ့ဆို ရှေ့က လိုင်းကားက ထွေးလိုက်တဲ့ ကွမ်းသွေးက ပတ်ခနဲ ဆို
    ယဉ်ငြိမ်းနွေး အကျီင်္တဲ့တဲ့
    ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ
    အဖြူနဲ့ ဝက်ရတဲ့ ဝက်စုံက
    နီရဲသွားတာလေ

  • kopauk mandalay

    February 4, 2011 at 4:13 pm

    (ကားပေါ်မှာကွမ်းစားတာကိုအထောက်အထားနဲ့
    တိုင်နိုင်ရင်ကားစပယ်ရာကိုအဓိကထားပြီး
    ပြင်းထန်စွာအပစ်ပေးမယ်ဆိုရင်ကားပေါ်
    ကွမ်းစားခြင်းမပျောက်တောင်လျော့နည်းသွားမယ်
    ထင်ပါတယ်)
    ဒီအကြံပြုချက်က မှားတယ်ထင်တာဘဲ။
    မဆိုင်သူကို အပြစ်ပေးသလိုဖြစ်မှာပေါ့။
    ကားစပယ်ယာက သွားပြီးထိန်းချုပ်လို့မရဘူးလေ။
    သူကို ပြန်ကွိုင်မှာပေါ့။
    စည်းမဲ့ကမ်းမဲ့စားတဲ့လူကို လည်း အပြစ်ပေး။
    ကွမ်းမစားရတဲ့နယ်မြေတွေကို အတိအကျသတ်မှတ်။
    သတ်မှတ်တဲ့အတိုင်းမနေရင် တိတိကျကျအပြစ်ပေး၊
    ဒါဆိုရင်နည်းသွားမယ်။
    ဒီမှာက တစ်ခုဆိုးတာက အပြစ်တစ်ခုခုလုပ်မိရင် မဖြစ်စလောက်ဒဏ်ငွေလေးဘဲဆောင်ရတယ်ဆိုတော့
    လူတိုင်းက အမှားကျူးလွန်ဘို့ဝန်မလေးဘူးဖြစ်နေတယ်လေ။
    စည်းမဲ့ကမ်းမဲ့လူတွေများသထက်များလာတယ်။
    တကယ်ပြောရင် ကွမ်းစားတာက အပြစ်မဟုတ်ဘူးဗျာ၊
    စည်းကမ်းမဲ့တာက အပြစ် .
    လွတ်လပ်မူ့ကိုနားမလည်တဲ့ လူတွေရဲ့အပြစ်။
    စပယ်ယာကို ကြားက အချောင်ဒုက္ခရောက်အောင် မလုပ်လိုက်ပါနဲ့ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 4, 2011 at 4:41 pm

    ဟုတ်ပါပြီဗျာ
    ဒီလို ဝိုင်းအာကြတဲ့
    အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ
    ဟိုးအပေါ်ဆုံးက ကိုလေလွင့် ပြောတာကိုလည်းထောက်ခံပါတယ်
    တစ်ခါတစ်လေ ကွမ်းစား/ဝါး တဲ့လူတွေကို မေးကြည့်ဘူးတယ်
    ကွမ်းကိုဖြတ်မလား ရည်းစားကိုဖြတ်မလားလို ့မေးကြည့်လိုက်တော့
    ကွမ်းလဲမဖြတ်ဘူး ရည်းစားလဲမဖြတ်ဘူး
    မင်း လာအာမချောင်နဲ ့နရင်းဖုံထသွားမယ် တဲ့ခင်ဗျ
    ဒုတိယ ကိုထိပ်တုံး ( 1+2+3=6) ထိပ်တုံးမှာ အပေါက်ခြောက်ပေါက်ရှိလို ့ပါ(ဖြေရှင်းချက်)
    ပြောသလို သူတို ့ဖီးလ်းနဲ ့သူတို ့စားတာ သူတို ့အကြောင်းပါ
    ဒါပေမယ့် ပတ်ဝန်းကျင်ညစ်ပတ်တာ သူတို ့မှာ တာဝန်ရှိပါတယ်
    သင့်တော်သလို သက်ဆိုင်သူတွေကို ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပုမှ အရေးယူသွားပါမည်
    တတိယ ရွာစား ပြောတာကတော့ ငါးဆယ်ငါးဆယ်ခင်ဗျ
    (သူတို့ရောင်းလို့.. မြို ့ညစ်ပတ်နေတာကိုး..။ ရောဂါတွေကူးစက်ကုန်တာကိုး..။)
    ဒါက အားလုံးနဲ ့ဆိုင်ပြီး ဂရုတစ်စိုက် နားလည် လုပ်ဆောင်ကြရပါမယ်
    (အဲဒါ.. ကွမ်းယာဆိုင်တွေကို … ဆိုင်ကြေးမတရားတိုးကောက်လိုက်ဖို့ကောင်းတယ်..။
    အဲဒီငွေတွေနဲ့.. မြူနီစပယ်၊ ကျမ်းမာရေးဝန်ဆောင်မှုတွေကို .. ပြန်ပေးလိုက်သင့်တယ်..။
    နိုင်ငံတော်အဆင့်မလိုပါဘူး..။ မြို ့တော်ဝန်က တန်းလုပ်လို့ရတာပဲ..။)
    ဥပမာခင်ဗျ
    ရန်ကုန်မြို ့မှာဆိုရင် ရန်ကုန်မြို ့တော်ဝံဟာဆိုရင် အကြီးဆုံးဘဲခင်ဗျ ရာထူး
    ခိုးတာလည်းအများဆုံးဖြစ်တဲ့အတွက် သူခိုးအကြီးဆုံးပြောလို ့ရပါတယ် (ဒေသအလိုက်)
    ဒီကိစ္စတွေအတွက်
    မြို ့တော်ဝံဆိုရင် ဘယ်မြို ့တော်ဝံကိုမှ ငွေမအပ်ဘို ့အဆိုတင်သွင်းပြီး
    ယုံကြည်မယ်ဆိုရင် ကျွန်ုပ်မိုက်ကယ်ဂျော်နီအောင်ပု ကို အပ်ကြပါခင်ဗျ
    စတုတ္ထကဗျာဆရာကြီးကတော့ ဒေါ်အီးတုန်းကို မုနိတာပွားနေတွက်အတွက်သူတော်ကောင်းဆိုထိုက်ပါတယ်
    ပဉ္စမသရဲဂေါင်းကတော့ စာရေးသူကို ထောပဏာပြုတဲ့အတွက် ကျေးဇူးပါ
    ဆဌမ ငပေါကိုတော့ ဘေးမဲ့ပေးပါတယ် 🙂
    သတ္တမ ကိုမီးချစ်ရဲ ့အဆိုတင်သွင်းမှုကိုတော့ နောင်တက်လာမဲ့
    အောင်ပုတပည့်တွေလက်ထဲ ဥပဒေရောက်လာရင်
    ကွမ်းဥပဒေဆိုပြီးစာအုပ်ထုပ်ပါမယ်
    ကွမ်းနဲ ့ပတ်သက်သူအားလုံး မဝယ်မနေရ ရောင်းချပြီး
    အမြတ်အစွန်းများကို ကျွန်ုပ်မှ အနစ်နာခံ၍ ထိမ်းသိမ်းစောင့်ရှောက်ထားပေးပါမည်။
    ဆဌမ ဘွားတော်ဆူးမှသည်
    ကျန်သော သူများကို နောက်ထပ်တစ်ဆယ်ဘိုး ထပ်၍ ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 6:02 am

    (အရည်မရအဖတ်မရဆိုတာ ကွမ်းစားတာပဲ)
    ဒါကတော့ ကိုယ်လိုရာစွတ်ပြောတယ်လို ့ယူဆပါတယ်
    ဒဿနဆန်ဆန်လေးတွေးကြည့်မယ်ဆိုရင်
    ကိုယ်ပြောလိုက်တဲ့စကားတွေ လုပ်ရပ်တွေဟာ တစ်စုံတစ်ခုသော
    အကြောင်းအရာ ဖြစ်ရပ်ကို ဦးတည်မှုမရှိဘူးဆိုရင် ဒါဟာ တန်ဖိုးမဲ့တဲ့ လုပ်ရပ်ကိုဦးတည်သွားတဲ့သဘောရှိပါတယ်
    ဥပမာ
    အောင်ပု ပေါကြောင်ကြောင်ပြောတဲ့ပုံစံမျိုးပါ
    ဆိုတော့ကာ
    ရံခါ ကိုယ့်ရဲ ့အပြောအဆိုဟာ ကိုယ့်ရဲ ့တန်ဖိုးကို ပြတဲ့သဘောရှိတယ်လို ့ဆိုခြင်ပါတယ်ခင်ဗျ
    (ဒီနေရာမှာ လိုတဲ့အကြောင်းကို ရောက်ဘို ့ပရိယာယ်သည် တစ်မျိုးသွားပါမည်။)
    သို ့ပါ၍ ကျွန်ုပ်တို ့သည်
    ထိုသော အရည်မရ အဖတ်မရ ကွမ်းဝါးခြင်းထက်
    လုပ်ငန်းဆောင်တာတစ်ခုဆီကို ဦးတည်နိုင်သော ဆွေးနွေးမှုတို ့ကို မပြုလုပ်နိုင်ကြသည့်တိုင်
    နားထောင်ခြင်း၊ လေ့လာခြင်းများ ကို လုပ်ဆောင်ကြဘို ့
    နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်ရပါတော့သည်။
    ခေါ်..
    သာဓု သုံးခါ

  • antimoe

    February 5, 2011 at 9:35 am

    ွှThe mistress of spices ( 2005) ဆိုတဲ့ကားကို ကြည့်ပြီး ကွမ်းစားခြင်းအပေါ် အကောင်းမြင်ဖို့ကြိုးစားကြည့်ပါတယ်။
    ဘေးအန ္တရာယ်မသက်ရောက်စေရန်လို့ ဆိုပါတယ်။
    တန်ဆေးလွန်ဘေးပေါ့၊
    ဘေးအန ္တရာယ်သက်ရောက်စေရန် စားသုံးခြင်းကတော့ တားမြစ်သင့်တယ်။

    မြန်မာမင်းများလက်ထက်ကတည်းက သုံးစွဲလာခဲ့တာ။
    ဥပဒေတောင် ရှိသေး။
    တိုင်ပေါ်ထုံးသုတ်တာလေးနဲ့ ရာဇဝင်တွင်သွားတာကနေ၊
    အခုလို လူမြင်ကွင်းမှာ လုပ်နေတာ မြင်ရင်တော့
    ဘယ်လောက်တောင် အရေးယူခံရမလဲနော်။

  • moethidasoe

    February 6, 2011 at 5:08 am

    ကွမ်းကိစ္စကို ပြောရင် ဘေးဘီ ကြည့်ရတာ အမောပါ .. ဘာလို့ ဆို ရပ်ကွက်ထဲမှာ ကွမ်းယာဆိုင်က ဆေးခန်းထက် များတယ်လေ .. ကွမ်းရောင်းတဲ့ ဆိုင်ရှင်က တိုက်ခန်း (၃) ခန်းလောက် ဝယ်နိုင်ချိန်မှာ ဆရာဝန်က ရှိတဲ့ကား ပြန်ရောင်းရတဲ့ အချိန် ရောက်နေလိုပဲ ..
    သူတို့ကတော့ သူများစီးပွားရေးကို ပျက်အောင် မပြောပါနဲ့လို့ ခပ်မာမာ ပြန်ပြောနေလေတော့ .. ဘာ ဆက်ပြောရမှန်းတောင် မသိတော့ပါ

Leave a Reply