ကိုကာကိုလာနဲ. ဗမာ.ဆေး
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ ့ဂျစ်တူးအကိုရဲ
့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ ့ချစ်ဆုံးယောက်ျားဆုံးသွားလို ့အပူနဲ ့လာခဲ ့ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ ့။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို ့-
အလုပ်ထွက်ဖို ့ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို
့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို ့ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ ့ဆရာမလေးတစ်ယောက်ပျော်နေခဲ ့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ ့ပက်စီသောက်မိလို
့သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ ့ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို
့သေသွားတဲ ့မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို ့ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို ့ရပါတယ်။တစ်ယောက်ကြည့်လို ့တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် – ပြန် ့ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
အောက်ကဗွီဒီယိုကလစ်ကလေးကတော့ပူရှိမ်းသကြားလုံးကလေးတွေနဲ့ပက်စီ-ကိုကာကိုလာ-ကုတ်စတာ
တွေနဲ့စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ ့မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို ့အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
forward mail မှတဆင်.ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်
7 comments
search123
February 4, 2011 at 10:45 am
အခုလို share လုပ်ပေးတာ ကျေးဇူးပါ။
ဆူး
February 4, 2011 at 12:37 pm
အခုမှဘဲ ကြားဘူးတာပါ ကိုကာကိုလာနဲ့ ဗမာဆေး မတည့်တာ.. သူများတွေကို ဖောက်သည် ချပေးမယ်။ ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Hello Everyone
February 4, 2011 at 6:26 pm
တကယ် ဆိုရင် ကိုကာကိုလာ ကိုတရားစွဲ ပါလား။ ကိုကာကိုလာ ပေါ်နေတာကြာပါပြီ အဆိပ်အတောက် ဖြစ်တယ်လို့ ခုမှကြားဖူးတယ်။
Hello Everyone
February 4, 2011 at 6:29 pm
Video လဲ လင့် တွေ့ဘူးဝေ့။
kai
February 4, 2011 at 7:00 pm
ပေါက်တပ်ကရတွေဗျာ..။
ဒီလိုပေါက်တပ်ကရ စာကို သာမန်အတွေးနဲ့တင် မဟုတ်မှန်းစဉ်းစားလို့ရပါတယ်..။
ကိုကာကိုလာရော။ ပါရာစစ်တမောရော ဒီကမ္ဘာမြေမှာ ပေါ်နေတာ..နှစ်တရာကျော်နေပါပြီ..။
တခုစီသောက်တာရော.. တွဲသောက်နေတဲ့သူတွေရောကလည်း..လူ သန်းထောင်ပေါင်းများစွာ..။
အဲဒါတွေနဲ့ ဗမာဆေးမတဲ့ဘူးဖြစ်နေရင်လည်း..အဲဒီဗမာဆေး.. မဟုတ်တာတွေနဲ့လျှောက်လုပ်ထားတဲ့.. အတုပဲဖြစ်ရမယ်..။
the mandalay gazette
February 5, 2011 at 3:46 am
ဆေးကို ပက်(ပ)စီနဲ့ သောက်ရင် အာနိသင်ပျက်သွားတယ် လို့တော့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိ။ ဒါပေမဲ့ သတိတော့ထားဖြစ်သွားတယ်။ ဒါနဲ့ ပက်(ပ)စီက မြန်မာပြည်မှာ မရှိတော့ဘူးဟုတ်။ ကိုလာက ပုလင်းလား ဗူးလား။ ဘာဖြစ်ဖြစ် သတိပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဆေးကတော့ ဗမာဆေးတော့မသိဘူး နို်င်ငံခြားဆေးအတုနဲ့ ရက်လွန်ရယ်၊ ရက်မလွန်ပေမဲ့ ပျက်နေပြီဖြစ်တဲ့ဆေးတွေရယ်တော့ ခဏခဏမိဖူးတယ်။ ကိုယ်ညံ့လို့ ခဏခဏ အလိမ်ခံနေရလားတော့မသိဘူး။
nyimalay
February 5, 2011 at 4:09 am
တော်ပြီ ကိုကာကိုလာသောက်တော့ဘူး ဆုံးဖြတ်လိုက်ပြီ………….. 🙂
ကြောက်လို့ပါ……… ကြောက်လို့….. သေမှာတော့ကြောက်တယ်…
သေချင်သေးဘူး …ဖေ နဲ့ မေ့ ကိုလုပ်ကျွေးအုံးမှာ…