Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကွန်ပျူတာ ပြုပြင်သူများနှင့် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ပြဿနာ

NoMoreFebruary 6, 20111min1831

ကွန်ပျူတာများတွင် ကြုံတွေ့ရလေ့ရှိသော ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲပြဿနာများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ Authorized Service Center များမှ တာဝန်ရှိ Service Technician များအား ဆက်သွယ်မေးမြန်းခဲ့ရာဟာ့ဒ်ဝဲပိုင်းပြုပြင်ပေးရခြင်းထက် ဆော့ဖ်ဝဲပိုင်း ပြုပြင်ပေးရခြင်းက ပိုမိုများပြားကြောင်း၊ ဟာ့ဒ်ဝဲပိုင်း ပြုပြင်ပေးရာတွင်လည်း Hard Disk ၊ Battery ၊ Graphic Card အစရှိသော အစိတ်အပိုင်းများကို အသစ်လဲလှယ်တပ်ဆင်ပေးရခြင်းမျိုးသာ အတွေ့များကြောင်း သုံးသပ်ပြောကြားသည်။

Suzuki ကွန်ပျူတာ ကုမ္ပဏီမှ Technician မပွင့်သက်နွယ်က “ Suzuki Brand အနေနဲ့ကတော့ Hardware ပိုင်း ပြုပြင်ပေးရတာ နည်းပါတယ်။ ပြုပြင်ရတာရှိရင်လည်း Battery အပိုင်းမှာပဲ ဖြစ်တတ်ပါတယ်။ Software ပိုင်းနဲ့ Hardware ပိုင်းမှာ Software ပိုင်းကို ပြုပြင်ပေးရတာ များတယ်။ Virus ကြောင့် ဖြစ်တာများတယ်၊ တစ်လကို ရန်ကုန်မှာ Software ပိုင်းမှာ အလုံး (၂ဝ)လောက်၊ Hardware ပိုင်းမှာ (၁ဝ)လုံးလောက် ပြုပြင်ရပါတယ်။ နယ်မြို့တွေမှာတော့ တစ်လ (၆)လုံးလောက် ပြုပြင်ပေးရပါတယ်။ Battery ဆိုလည်း အသစ်လဲပေးတယ်။ Motherboard ဆိုလည်း အသစ်လဲပေးတယ်။ Graphic Card ဆိုလည်း အသစ်လဲပေးပြီး ပြုပြင်ပေးပါတယ်။ နောက်ပိုင်းကျတော့ အလုံးအရေအတွက် လျော့ပြီး ပြုပြင်ပေး လာရတယ်။

အခုနောက်ပိုင်း Suzuki Notebook ကို ကျပ် (၃၈ဝ,ဝဝဝ) လောက်နဲ့ Standard ပုံစံသုံးလို့ ရနေပြီ။ Netbook ဆို (၂) သိန်းကျော်ကျော်လောက်နဲ့ သုံးနိုင်ပြီး Parts Year (၁)နှစ်၊ Service Warranty (၂)နှစ် ပေးထားပါတယ်။ Brand တိုင်း ပြုပြင်ပေးရမှု အပိုင်းမှာ ကွာခြားချက် ရှိပါတယ်။ Suzuki Brand ပုံစံက ရိုးပါတယ်။ အကြမ်းခံတယ်။ Keyboard အလွှာတွေကို (၃/၄)လွှာထိ လုပ်ပေးထားတဲ့ အတွက် ရေစို ခံနိုင်ရည် ရှိပါတယ်” ဟု ပြောသည်။ Gigabyte ကွန်ပျူတာကုမ္ပဏီမှ Technician ကိုအောင်ကျော်ညွှန့်က “ များသောအားဖြင့် Motherboard တို့နဲ့ ပတ်သက်ပြီး တစ်ပတ်(၁)လုံး၊ နှစ်လုံး ပြုပြင်ပေးရပါတယ်။ ပုံမှန်တော့ မဟုတ်ပါဘူး။ တစ်လလုံးမှ (၃)လုံးလောက် ပြုပြင်ရတာလည်း ရှိပါတယ်။ တစ်လကို တစ်လုံးလောက်ကတော့ အနည်းဆုံး ပြုပြင်ပေး ရပါတယ်။ ပြုပြင်ပေးရတဲ့ အပိုင်းကတော့ နည်းပါတယ်။

သတ်မှတ်ကာလအတွင်း Free Service နဲ့ ပြုပြင်ပေးတာပါ။ ဒီမှာက Gigabyte Brand တစ်မျိုးတည်းပါ။ အရင်က ပြုပြင်ရတဲ့ အရေအတွက်၊ အခုပြုပြင်ပေးရတဲ့ အရေအတွက်ကတော့ ပြောဖို့ ခက်ပါတယ်။ နယ်တွေမှာရှိတဲ့ Show Room တွေမှာတော့ Software အပိုင်းကို ပြုပြင်ပေးပြီး Hardware အပိုင်းမှာတော့ ရန်ကုန်မှာ ပြုပြင်ရတာ များပါတယ်” ဟု ပြောသည်။ Toshiba Service မှ Technician ကိုနေသူရက “Adapter ကတော့ အနည်းအကျဉ်း ပြုပြင်ပေးရတာ ရှိပါတယ်။ (၁)လကို Hardware ပိုင်းအနေနဲ့ အလုံး (၂၅)လုံး၊ Software ပိုင်းကတော့ အလုံးများပါတယ်။ Service ပစ္စည်း လိုအပ်မှု ရှိရင်တော့ ရန်ကုန်မှာမရှိရင် စင်ကာပူကို ပစ္စည်းမှာပြီး ပြုပြင်ပေးပါတယ်။ သတ်မှတ်ထားတဲ့ Warranty ပစ္စည်းဆိုရင် Free Service ပါပဲ။

Toshiba Authorized ကုမ္ပဏီက ဝယ်သွားတယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံ ပြနိုင်ရင် Service ကို ပြည့်ပြည့်စုံစုံ ပေးထားပါတယ်။ နည်းပညာ ကွာခြားပြီး ပြုပြင်ပေးရတဲ့ အပိုင်းတွေ ရှိပါတယ်။ Model အလိုက် ပြောင်းလဲမှုတွေ ရှိပါတယ်။ Software နဲ့ ပတ်သက်ပြီး Complain များ ရှိပါတယ်။ ပြုပြင်ပေးမှု အပိုင်းမှာလည်း အရင်အရေအတွက်နဲ့ အခုအရေအတွက် ကွာခြားချက်များ ရှိပါတယ်။ Software ပိုင်း ပြုပြင်မှု အပိုင်းမှာ အများကြီး ကွာခြားချက်တော့ မရှိပါဘူး။ နည်းပညာတွေကို အခက်အခဲမရှိ ကူညီပြုပြင်ပေးနိုင်ဖို့ တစ်နှစ်(၂)ကြိမ် စင်ကာပူမှာ Training ပေးပါတယ်။ Toshiba Brand ဖြစ်တဲ့ Notebook ကို South East Asia မှာ ဝယ်ခဲ့တဲ့ Notebook ဆိုရင် ဒီမှာ ပြုပြင်ပေးပါတယ်။ Part Warranty 1 year ၊ Service Warranty 2 Years ပေးပါတယ်။ (၇၂) နာရီအတွင်း Service ပြုပြင်ပေးမှု အပိုင်းကို ပြည့်ပြည့်စုံစုံ ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ Notebook ဝယ်မယ်ဆိုရင် သူ့ရဲ့ဆိုးအကောင်းတွေ၊ Content တွေ၊ Warranty တွေကို ကြည့်ပြီး လုပ်ဆောင်မှုများကို သုံးသပ်ပြီးမှ ဝယ်ယူပါ ” ဟု ရှင်းပြသည်။

Acer မှ တာဝန်ရှိသူ Service Technician ဖြစ်သူ ကိုပြည့်ဖြိုးဝင်းက “ များများစားစား ပြုပြင်ပေးရမှုတော့ မရှိပါဘူး။ ပြုပြင်ပေးရတဲ့ အပိုင်းမှာတော့ Motherboard ၊ Hard disk ၊ LCD ကြိုးတွေကို ပြုပြင်ပေးရတာ များပါတယ်။ အများဆုံး ပြုပြင်ပေးရတဲ့ အပိုင်းကတော့ Hardware အပိုင်းပါ။ Virus ကြောင့်ပါ။ တစ်လမှာ ပုံမှန်ပြုပြင် ပေးရတာတော့ မရှိပါဘူး။ Software ထည့်ချင်သူတွေ ရှိတယ်။ Application လေးတွေထပ်ပြီး ထည့်ပေးရတာတွေ ရှိတယ်။ နယ်တွေက အသုံးပြုသူတွေကြတော့ သက်ဆိုင်ရာ နေရာတွေမှာ ပြုပြင်ပေး ပါတယ်။ အရင်က ကွန်ပျူတာတွေကို ပြုပြင်ပေးရတဲ့ နည်းပညာနဲ့ အခုပြုပြင်ပေးရတဲ့ နည်းပညာ ကွာခြားချက်တွေ နည်းပါတယ်။

တချို့ဟာတွေမှာ မတူဘူး။ ဖြစ်နိုင်တဲ့ အရာများအပေါ် မူတည်ပြီး ပြောပေးရပါတယ်။ အရင်ကလည်း ကွန်ပျူတာတွေကို ပြုပြင်ရတာ နည်းပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ကုမ္ပဏီ Brand ဆို ဦးစားပေး ပါတယ်။ တခြား Acer ဆိုလည်း ပြုပြင်ပေးရတဲ့ အခကြေးငွေကို သင့်တင့်သလောက် ယူပါတယ်။ Brand အလိုက် ပြုပြင်ပေးရမှုမှာတော့ Battery တို့၊ Chipset တို့ ပစ္စည်းကွာခြားတာတော့ ကိုယ်စီ ရှိကြပါတယ်။ Chipset နဲ့ ပတ်သက်ပြီး လဲရမယ်ဆိုရင် Customer ကို အသိပေးပြီး လဲလှယ်ပေးပါတယ် ” ဟု ပြောသည်။

MSI\Service Technician ကိုမြတ်ဇော်ကို ကလည်း “ အသုံးပြုသူတွေ အများဆုံးဖြစ်လာတဲ့ ပြုပြင်မှု အပိုင်းကတော့ Windows အပိုင်းနဲ့ Virus ပိုင်း ပိုများပါတယ်။ Windows ပိုင်းမှာတော့ Software နဲ့ မကိုက်ညီတဲ့ အတွက် Screen ပျက်တဲ့ပြဿနာ၊ System file တွေ ပျက်သွားတဲ့ အတွက် Windows မတက်တာ၊ ဒီနောက်ပိုင်းမှာတော့ Virus ကြောင့်ဖြစ်တဲ့ ပြဿနာတွေ များပါတယ်။ Hardware ပိုင်း အနေနဲတော့ Memory တို့ Battery တို့နဲ့ ပတ်သက်တဲ့ ပြဿနာ များပါတယ်။ Laptop ဝယ်ယူသူအားလုံးကို Warranty year ပေးထားတယ်။ Warranty ကာလအတွင်းမှာတော့ Laptop အစိတ်အပိုင်း အားလုံးကို လက်ခမဲ့ ပြုပြင်ပေးပါတယ်။

နယ်က အသုံးပြုသူတွေ အနေနဲ့ကတော့ သူတို့ဝယ်ယူထားတဲ့ ဆိုင်ကနေတစ်ဆင့် Service ပြန်လည် ပေးပါတယ်။ ဒါမှမဟုတ် ရန်ကုန်က Service Centre ကို တိုက်ရိုက် ပို့ဆောင်မှု ပြုရင်လည်း လက်ခံပေးပါတယ်။ Royal Smart ကုမ္ပဏီမှ လာဝယ်တဲ့ ပစ္စည်းအားလုံးကို Service ပြုလုပ်ပေးပြီး ပြုပြင်ပေးပါတယ်။ အရင်ကထက် စာရင်တော့ Windows နဲ့ ပတ်သက်တဲ့ Service Tools တွေ ပိုများလာတဲ့အတွက် ပိုပြီး လွယ်ကူလာတယ်။ Warranty ကို (၁)နှစ်အတွင်းမှာ လက်ခမဲ့ ပြုပြင်ပေးပြီး (၁)နှစ်ကျော် သွားရင်လည်း Service လက်ခကို အထူးချိုသာစွာ ပြုပြင်လုပ်ဆောင် ပေးပါတယ်”ဟု ပြောသည်။

ASUS မှ Service Technician ကိုထင်အောင်ကျော် (Senior Technical Support) က “ Virus Definition Update၊ Virus Cleaning၊ OS installation ပြန်တင်ပေးရတဲ့ အဓိက အစိတ်အပိုင်းတွေကို ပြုပြင်ရတယ်။ တစ်လကို Hardware အတွက် တစ်လကို (၅)လုံးနီးပါးလောက် ရှိပြီး Software နှင့် Virus အတွက်တော့ (၁၅)လုံး နီးပါးလောက်ထိ Service ပြုပြင်ပေးရတယ်။ နယ်တွေက အသုံးပြုတွေကို အဆင်ပြေအောင် လျင်လျင်မြန်မြန် ဝန်ဆောင်မှု ပေးပါတယ်။ နည်းပညာအသစ်တွေ ပေါ်လာတိုင်း Technician တွေကို Training ပေးပါတယ်။ Technician တွေဟာ အသုံးပြုသူတွေကို ပြန်ပြီး အသိပညာ ဝေမျှမှု လုပ်ပေးပါတယ်။

အသုံးပြုသူတွေရဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ တိုးတက်လာပြီး နည်းလမ်းတကျ အသုံးပြုမှုကြောင့် ပြုပြင်ပေးရတာ အရမ်းနည်းသွားပါတယ်။ ASUS Laptop တွေကို (2)Year Global Warranty ထူးထူးခြားခြား ပေးထားပါတယ်။ ပြည်ပက ဝယ်လာတဲ့ Global Warranty ပစ္စည်းတွေကိုလည်း လက်ခမဲ့ လျင်လျင်မြန်မြန် ပြင်ဆင်ဆောင်ရွက် ပေးပါတယ်။ အခုဆိုရင် ASUS Product ရဲ့ Quality နဲ့ Warranty Service ကို အသုံးပြုသူတွေက ယုံကြည်စိတ်ချစွာ အသုံးပြုမှု များလာတဲ့ အတွက်ကြောင့် နောင်အနာဂတ်မှာလည်း အသုံးပြုသူတွေကို နည်းပညာ အသစ်အဆန်းတွေနဲ့ ပျော်ရွှင်ကြည်နူးမှုများကို ပေးသွားမှာ ဖြစ်ပါတယ် ”ဟု ပြောကြားသွားခဲ့သည်။

မန္တလေးမြို့တွင် Service Centre ရှိသော ကုမ္ပဏီများ အနေဖြင့် နယ်မြို့များတွင် ပြုပြင်ပေးရသော Hardware အပိုင်းကို ထိုမြို့မှာပဲ ပြုပြင်ပေးပြီး၊ ပြုပြင်ပေးရာတွင် ပစ္စည်းလိုအပ်မှု ရှိမှသာလျှင် ရန်ကုန်ရှိ သက်ဆိုင်ရာ ပင်ရင်း Service Centre များသို့ပို့ဆောင်ပြုပြင် ပေးရကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်လည်း ပြုပြင်မှုအပိုင်း ပြည့်စုံမှုမရှိပါက သက်ဆိုင်ရာဒေသ၏ Service Centre ရှိသော စင်ကာပူသို့ပို့ကာ ပြုပြင်မှုလုပ်၍ ပြည့်ပြည့်စုံစုံ ဝန်ဆောင်မှုများ ပေးကြသည်ဟု ရန်ကုန်မြို့ရှိ Authorized ကုမ္ပဏီများမှ တာဝန်ရှိ Technician များ၏ ပြောပြချက်များအရ သိရှိရသည်။

Warranty ပေးထားသော သတ်မှတ်ကာလအတွင်း Free Service အနေဖြင့် ပြုပြင်ပေးနေကြောင်း၊ အခြားသော Brand များကိုလည်း Authorized အနေဖြင့် မဟုတ်သော်လည်း ကုမ္ပဏီမှ တင်သွင်း ရောင်းချပေးထားခြင်းများ ရှိခြင်းကြောင့် မိမိဆိုင်တွင် ဝယ်ယူအားပေးသွားသော Authorized မဟုတ်သော Brand ကိုလည်း Free Service အနေဖြင့် ဝန်ဆောင်မှုများ ပေးနေကြောင်း၊ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် သင့်တင်သော နှုန်းထားဖြင့်လည်းကောင်း၊ အခကြေးငွေဖြင့်လည်းကောင်း ပြုပြင်ပေးကြောင်းကို အချို့ Authorized ကုမ္ပဏီများနှင့် Technician များ၏ ပြောပြချက်များအရ သိရှိရသည်။

One comment

  • kai

    February 8, 2011 at 12:31 am

    ကျုပ်ဆီမှာ .. လက်ပ်တော့မီမိုရီတွေ အများကြီးရှိနေတယ်..။ edo ကနေစပြီး..pc66, pc100, pc133, DDR, DDR2 အစုံပဲ..။ လက်ပ်တော့ကွန်ပျူတာ ပြင်ဖူးလို့ပါ.။
    အဲဒါ.. ebay တင်ရောင်းရမှာလည်း ပျင်းလို့.. မြန်မာပြည်က ..ဝယ်မဲ့သူရှိမရှိ..
    .. လေလံပစ်ချင်သား..။

Leave a Reply