ဝန်ထမ်းနှင့် နတ်ပြည်
မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူက ” နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော ်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။
ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ရက်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။
ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီး့ပွားရေးအလုပ်တွေနဲ့ ရှုတ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။
” ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”
” အခုတလော မကြွဖြစ်ကြပါဘူး”
”ဟင် ဘာဖြစ်လို့လဲ”
” အခုတလော ရက်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”
” အို ဖြစ်မှဖြစ်ရလေ စောစောက ပြောရောပေါ့။ ဆွမ်းဒါန ကုသိုလ်ကတော့ မရလို့မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်။
အိမ်ရှင် သူဌေးကြီးက အိမ်ရှင်မကို အဲလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ဆီသွားပါတယ်။ လူငယ်လေးကို တွေ့တော့ အကျိုးအကြောင်းပြောပြပြီး
” မောင်ရင်လေးရယ် ဦးတို့တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲံအခါ တံခါးဖွင့်ပေးပြီး၊ သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေးအတွက်လည်း လခများများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။
လူငယ်ကောင်လေးကလည်း ” ကျွန်တော် ဦးတို့ စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်” လို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူရဲ့စိတ်ကို အထူးပဲစောင့်ရှောက်ထားပါတယ်။ အထူးသဖြင့် သူရဲ့ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။
ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီဆိုရင် လူငယ်လေးက ” ငါရဲ့ တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွှတ်ညွှတ်ပြီး ဖွင့်ပေးပါတယ်။ ဒီလိုပါပဲ တံခါးပြန်ပိတ်တဲ့ အခါမှာလည်း မေတ္တာစိတ်ကလေးကို သေချာညွှတ်ပြီး ပြန်ပိတ်ပါတယ်။ သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်နေတဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားပဲ၊ ကုသိုလ်တွေပဲလို့ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွှတ်ပြီး ကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံသီလပေးတဲ့အခါ ဝင်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချအမျှပေးဝေတဲ့ အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။
အလုပ်တိုင်းကို အလုပ်လို သဘောမထားပဲ ကုသိုလ်တွေလို နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲံအလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို ” ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံးရာထူးပဲ” ဆိုပြီးလည်း သိ်မ်ငယ်မနေတော့ပါဘူး။
ဒီလိုနဲ့ သေလွန်ကြတဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့်လူငယ် လေးကတော့ တာဝတိ ံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ ” ကိုကို တံခါးစောင့်နတ်သာလေး” တဲ့။ လူပြည်က တံခါးစောင့်ဘဝကနေ ရောက်လာတဲ့အတွက် ” ကိုကို တံခါးစောင့် နတ်သားလေး” လို့ ခေါ်ကြတာပါ။
ကျန်တဲ့ဝန်းကျင် နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေးလို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့်နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝစိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင်ဂုဏ်ယူပါသတဲ့။ သူရဲ့ သာမန်တံခါးစောင့်အလုပ်ကလေးက ဒီဘဝရောက်အောင် ပို့ပေးလိုက် လို့ပါတဲ့။ ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့်နတ်သားလေးကတော့ နတ်သမီးတစ်ဖက်ငါးရာနဲ့ တာဝတိ ံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်ထိ ပျော်ရွှင်ဆဲ ရှိချင်ရှိနေဦးမှာပါပဲ။
ခန္ဓာရှိနေတဲံအတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ဝန်ထမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိကဝန်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။
ဒီတော့ ကိုယ်က ဘယ်လိုဝန်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။
ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့အချိန်တွေမှာ စုစု စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣသာမစ္ဆရိယဖြစ်၊ ဝန်ထမ်းဘဝကို အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမလား ?
အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘဝကိုရထားတာပါ။ နိဗ္ဗာန်မရသေးရင်တောင် ဘဝကို အဓိပ္ပါယ်ရှိရှိလေးတော့ နေသွားဖို့ကောင်းပါတယ်။
အဲဒီအတွက် အဓိကကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ ဒီတော့ ကိုယ့်ရဲ့စိတ်ကလေးကို မြင့်မြတ်တဲ့လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။
အသိကောင်လေးတစ်ယောက်ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေလက်ကိုင်ထားပါတယ်။ သူရဲ့ဆောင်ပုဒ်က” ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့အကျိုးပေးမယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့အကျိုးပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။
ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့သုံးကြိမ်လောက်ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။ ဒီတော့ သူအနေနဲ့ ရာထူးလေးတွေ ဆင့်ကဲ ဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။ ဒါပေမယ့် သူနဲ့ အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲ သဝန်တိုနေပါသတဲ့။
အဲဒီဝန်တိုနေတဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်းဒုံရင်းအတိုင်းပါပဲတဲ့။
ဒါကိုကြည့်ပြီး သူက ဘယ်လိုထပ်နှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်တဲ့ စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးတယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့ နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ဝမ်းသာစိတ်နဲ့ နှလုံးသွင်းတာ မဟုတ်ဘဲ မကောင်းတဲ့စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်း ဆင်ခြင်တာပါတဲ့။
ကောင်လေးက သူ့ရဲ့ လက်တွေ့ဘဝနဲ့ အသုံးတည့်နေလို့ ဆင်ခြင်နေပေမယ့် သူဆင်ခြင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆို တာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာမသိတာက သိပ်ပြီး အရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘဝထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။
ဒါပေမဲ့ စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။
ကုသလံ အနဝဇ္ဇ သုခ ဝိပါက လက္ခဏံ – ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။
အကုသလံ သာဝဇ္ဇ ဒုက္ခ ဝိပါက လက္ခဏံ – အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။
ဒါက ပါဠိရှိတဲ့ အတိုင်း တိုက်ရိုက် မြန်မာပြန်ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ ရအောင်ပါ။
ဘယ်လိုပဲ ဆင်ခြင်ဆင်ခြင် ကိုယ့်ရဲ့ လက်တွေ့ဘဝထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးတယ်။
ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ်ဆိုပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယ အသိကို အခြေခံပြီး လက်တွေ့ကျင့်သုံး ကြည့်ရပါမယ်။
ကဲ— ဥပမာ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့ အတွက် တစ်ယောက်တည်းလွှင့်လို့မရပါဘူး။ အနည်းဆုံး ဝန်ထမ်းနှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာစာစုကို ကွန်ပျူတာစာစီမယ်၊ စာစီတဲ့သူကလည်း ” ငါစီလိုက်တဲံစာလေးတွေဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာဗဟုသုတလေးတွေရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွှတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေဖြစ်နေတာပါ။
ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမယ့်သူ၊ အသံဖမ်းမယ့်သူ၊ စက်ကိုကြီးကြပ်မယ့်သူ၊ မီးကိုဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ဝင်တံခါးကို စောင့်ပေးနေမယ့်သူ စသည်ဖြင့် အများကြီးပါပဲ။
အသံလွှင့်ဖို့ စီစဉ်အားထုတ်သူအားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ ” ငါတို့ထုတ်လွှင့်တဲ့ ဆေးပညာဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွှတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီးရနေတာပါပဲ။
ဒီလိုကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်နေမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက်ငါးရာက အသင့်ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ရဦးမှာပါ။
နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာသဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခုယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေးဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းအချင်းချင်း တစ်ဦးပေါ်တစ်ဦး မနာလိုဝန်တိုတတ်တဲ့ ဣဿာမစ္ဆရိယ စိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရထိုင်ရ လုပ်ရကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။
အဲဒီအရသာဟာ ဘာနဲ့မှ လဲလို့မရပါဘူး။
အလုပ်အားနေတဲ့အချိန်လေးတွေမှာလည်း တံမြက်စီးလှည်းနေမယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အဝတ်စုတ်ကလေး တစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလို်က်မယ်၊ သောက်ရေးအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ်ဆေးကြောမယ်၊ အများသုံးအိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန် ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။
နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း ” ဒီနေ့ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း၊ ဤမဟာပထဝီမြေကြီးကို စောင့်ရှောက် နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း အမျှ၊ အမျှ၊ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်း နတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။
တကယ်လို့ ဘဝမှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်း နတ်မြတ်တွေ ကလည်း ကူညီ မစမှာပါ။
ရေသောက်တဲ့အခါတိုင်း” ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ရုံးသူရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ” လို့ မေတ္တာပို့သောက်မယ်၊ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး ” ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူ ရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ” လို့ ကိုယ့်ရဲ့ရုံးသူ ရုံးသားတွေကို သီးသန့် သီးခြားလေး ဝတ်တစ်ခုလိုထားပြီး မေတ္တာပို့ပေးနေလိုက် မယ်ဆိုရင်လည်း ကုသိုလ်တွေဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။
တွေ့ကြဆုံကြတယ်ဆိုတာလည်း တကယ့်ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး၊ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက်ဆုံခိုက်လေးမှာ မေတ္တာနဲ့ နေကြတာတော့ အကောင်းဆုံးနေထိုင်မှုပါပဲ။
အဲဒီလိုမှ မဟုတ်ဘဲ မထားသင့်တဲ့စိတ်တွေထားပြီး သေသွားရင် ရောက်ရမယ့်ဂတိက သိပ်ပြီးမကောင်းနိုင်ပါဘူး။
ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်းပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ်မဟုတ်ပါဘူး၊ စားဝတ်နေရေးအတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေးပြောင်းတပ် ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။
အရာဝတ္တုတော်တော်များများကို စိတ်ကပဲ နာမည်တွေလိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ၊ ရုံးမှလုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ် တွေလို့ နာမည်ပြောင်းတပ်လိုက်ရုံပါပဲ။ မခက်ပါဘူး။
အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့ သူကို နေရာတိုင်းက လိုချင်ကြပါတယ်။
ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလိုမေတ္တာစိတ်ကလေး ညွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူရဲ့မျက်နှာဟာ ကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့ အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလိုချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။
ကဲ စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေးညွှတ်ပြီး လုပ်တော့နော်၊ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ်လူခင် များသွားအောင်လို့ပါ၊ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိ ံသာနတ်ပြည်မှာ ….. လို့ပါ။
ကျမ်းကိုး
(၁) ဝိမာနဝတ္တု အဌကထာ
ဒွါရပါလက ဝိမာနဝတ္တု
(၂) ဝိမာနဝတ္ထုတော်ကြီး
မြို့မိဆရာတော်
မြန်မာ့အသံ နှစ်(၆၀) ပြည့် မဂ္ဂဇင်း
၂၀၀၆။မတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူက ” နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော ်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

၂၀၀၆။
15 comments
moethidasoe
February 8, 2011 at 4:26 am
စိတ်ထားတတ်ဖို့ သတိပေးတဲ့ မနောဖြူလေး .. ဒီ့ထက် ပိုပြီး ×××××××××
bigcat
February 8, 2011 at 5:33 am
ဆရာလေး သီရိသုဓမ္မာ မနောကာရီ ပြောတာလက်ခံပါတယ်။ (စစ်မှုလည်းမထမ်း၊ ယောက်ျားလည်းမယူတော့ဘဲ သီလရှင်ဝတ်မယ်ဆိုလို့ အခုလောက်ဆို ဦးပြည်းစိမ်းနဲ့ သာသနာ့အနွယ်ဝင် မယ်သီလရှင်ဖြစ်နေလောက်ရောပေါ့)။ ရေအေး၊ပူစက်မှာ တင်ထားတဲ့ သောက်ရေသန့်ဗူးကြီးတွေ ရေကုန်သွားရင် ရုံးမှာသတိတရ တမင်တကာ အသစ်မလဲချင်ကြဘူး။ လူတွေက ကိုယ့်အလုပ်မဟုတ်ဘူးလို့ ယူဆကြဟန်ရှိပါတယ်။ လူကလည်းများတော့ တနေ့ကို တဗူးအသာလေးကုန်တယ်။ မနက်ပိုင်း ကိုယ်သောက်တဲ့အချိန်မှာ ရေကုန်နေတာတွေ့လို့ ဗူးအသစ်ကိုလဲပြီး ညနေပိုင်းလောက်ဆိုရင် ကုန်သွားပြန်ရော။ ရုံးမှာ အခြားအမျိုးသားဝန်ထမ်းတွေ ရှိရယ်သားနဲ့ အမြဲဖြစ်နေတော့ အရင်က စိတ်အနှောက်အယှက် ဖြစ်မိတယ်။ နောက်ပိုင်း ရေအကျိုးဆယ်ပါးဆိုတာကို စိတ်သွင်းပြီး ကုသိုလ်ရသကွဆိုပြီး ဝမ်းမြောက်စိတ်နဲ့ လုပ်တော့တော်တော် အဆင်ပြေသွားတယ်။ မငြီးမငြူဘဲ လုပ်နေတာတွေ့လို့ထင်တယ် နောက်ပိုင်းတော့ ကိုယ်ကချည်ပဲ ဒိုင်ခံလုပ်မနေရတော့ဘူး။ ဗော်လံတီယာတွေ များလားတယ်။ ဒါကြောင့်မနောစာထဲပါသလို ကိုယ်ကမရှောင်နိုင်ရင် စိတ်ပြောင်းထားနိုင်တာ အကောင်းဆုံးဖြေရှင်းနည်းတခုလို ထောက်ခံပါရစေ။
မနောတင်ထားတဲ့စာက တပုဒ်ထဲနှစ်ခါပြန်ထပ်နေတယ်။
Thaw Zin Loikaw
February 8, 2011 at 7:44 am
ဟုတ်တယ်ဗျာ ပြေသလိုသာ ကျင့်ကြံနေထိုင်နိုင်ကြရင် ပိုပြီးတော့ကောင်းတာပေါ့ စိတ်ထားတတ်ရင် မြတ်တယ်ဆိုတာက မှန်ပါတယ် ဒါပေမယ့်လို့ လူတိုင်း မုဒိသာမပွားနိုင်ဘူးလေ။ စိတ်ထဲနှလုံးသွင်းစရာ တစ်ခုက မိမိကိုယ်ကိုသာ ကောင်းအောင်နေနိုင်ဖို့က အဓိကဖြစ်နေတော့တာလို့ထင်ပါတယ်။ bigcatပြောသလိုပဲ စာက နှစ်ခါပြန်ထပ်နေတယ်။ ပြင်လိုက်ရင်တော့ မျက်စိရှင်းသွားတာပေါ့..။
manawphyulay
February 8, 2011 at 8:19 am
ကွန်နက်ရှင်က စာရိုက်တုန်း တက်နေပြီး တင်အချိန် ကျသွားတော့ စာတွေ ထပ်သွားတာ ဖြစ်မယ်။ ကွန်နက်ရှင်ပြန်ကောင်းလာရင် ဖျက်ပေးမယ်နော်။ မနောကာရီက မဆိုးပါဘူး။ မနော သဘောကျတယ်။ သီရိသုဓမ္မာက အတော် ကျင့်မှ ရတဲ့ဘွဲ့မလား… ကျင့်ကြံဖို့ အများကြီးလိုပါသေးတယ် ဦးကြောင်ကြီးရယ်…. မနောကာရီတောင်မဖြစ်သေးဘူး။ 😛
ဆူး
February 8, 2011 at 3:38 pm
သီရီသုဓမ္မ တော့ မသိဘူး သီရိသုဓမ္မ မဏိဇောတဠရ ဆိုရင် သဘောပေါက်မှာပေါ့.. မနောကာရီ အတွက် ကြောင်ကြီးက အတိတ်ကြီး ပေးတာ ယူထား.. မြန်မြန်တွက်ပြီး ၂လုံး ၃လုံး တွက်ထိုးလိုက်နော်။
bigcat
February 9, 2011 at 1:13 am
မနောကာရီဖြစ်ဖို့ကလွယ်ပါတယ်။ မနောရီလို့ရှိရင် လက်ဖဝါးကာပြီးရီပေါ့။
nyimalay
February 8, 2011 at 9:30 am
မမမနော ကို ကျေးဇူးတင်ပါတယ် ……… မမတင်တဲ့ပိုစ့်တွေထဲက ရှောက်ရွက် 9 ရွက်ပိုစ့်ကို print ထုတ်ပြီး သူငယ်ချင်းကိုပေးလိုက်တာ …. သူငယ်ချင်းက ပိစိကွေးကို ကျေးဇူးတွေအရမ်းတင်နေပါတယ်….. သူနဂိုကတော်တော်ကို ဝရာကနေ အခု တော်တော်ကိုယ်ရေစစ်သွားပါတယ်…… ဒီလိုပိုစ့်လေးတွေများများတင်ပေးပါနော်…. ပိစိကွေးကတော့ ဒီမှာဖတ်ရတဲ့သတင်းမှန်သမျှ သူငယ်ချင်းတွေကိုပြန် Share ပေးပါတယ်….. မမမနောတစ်ယောက်စာတွေများများရေးနိုင်ပါစေ…. အခုတင်ထားတဲ့ ပိုစ့်ထဲကလိုပဲ ကျင့်ကြံနေထိုင်သွားပါမယ်နော်မမ… 🙂
kai
February 8, 2011 at 10:23 am
အဟမ်း..
တကယ်တော့ .. ဝန်ထမ်းတွေ မတည့်မှ .. အထက်ကအရာရှိ.. ကအုပ်ချုပ်ရလွယ်ပါသတဲ့..။
အဲ..သူဌေးရောပေါ့လေ…။
အလုပ်လည်း ပိုတွင်ပါတယ်တဲ့..။
ဒီတော့ .. အုပ်ချုပ်မှုပညာရပ်မှာ .. ဝန်ထမ်းတွေ .. အတို်က်အထိလေးတွေ ရှိနေအောင် .. ပညာလေးတွေနည်းနည်းစီပြထားကြတတ်ပါတယ်..။
အဲဒီတော့ ..တသက်လုံးဝန်ထမ်းမလုပ်ချင်သူတွေ .. ဒါလေးနှလုံးသွင်းသားရင်ပိုကောင်းတယ်.။
ဆူး
February 8, 2011 at 3:44 pm
သဂျီး ပြောတဲ့ စကား ဆန့်ကျင်ပါတယ်။ လုပ်ငန်း အကြီးကြီးတွေ အုပ်ချုပ်တဲ့ အဆင့် မဟုတ်ပေမဲ့.. ဝန်ထမ်းတွေကို မေတ္တာထားပြီး ဆက်ဆံလေ သူတို့ စိတ်မမှန်လေ မနေနိုင်ဘဲ ထွက်ပြေးရလေဘဲ။ စိတ်ဓါတ်မှန်ပြီး စေတနာ ပါတဲ့ လူတွေ အနားမှာ ရှိလာလိမ့်မယ် ယုံကြည်တယ်။ လက်တွေ့ မဆန်ဘူး ဘဲ ပြောပြောပေါ့.. သူများ ရန်တိုက်မှ သူများ ဒေါသထွက်ပြီး နှလုံးသွေး ဆူပွက်မှ မြိန်မြိန်ကြီး စားရမဲ့ ထမင်း မသတည် စရာပါကွယ်။ ကိုယ်က စေတနာ ထားပြီး ကိုယ့်အပေါ် စေတနာ မထားနိုင်တဲ့ လူတွေ အနားမှာ ကြာကြာ မနေနိုင်ပါဘူး အဲဒါတော့ လက်တွေ့ပါဘဲ။ အေးချမ်းမှု ရှိနေရင် ဘာမဆို အဆင်မပြေဘူးလား။ အလုပ်ကို မိသားစု ဘဝ လို သဘောထားပြီး တစ်ဦးနဲ့ တစ်ဦး မေတ္တာထားပြီး ဆက်ဆံ နေရင် ပြောမနာ ဆိုမနာပေါ့။ စိတ်ဝမ်းကွဲစရာလည်း မရှိဘူး။ ဝန်ထမ်းသည် သူဌေးအား အထောက်အပံ့ ဖြစ်သလို သူဌေးသည်လည်း ဝန်ထမ်၏ အကူအညီများစွာ နှင့် သက်သာ စွာ နေထိုင်ရသည်။
weiwei
February 9, 2011 at 2:24 am
ဆူးပြောတာက လုပ်ငန်းသေးသေးတွေမှာ မှန်ပေမယ့် လုပ်ငန်းကြီးတွေမှာတော့ သူဂျီးပြောတာကို ပိုလက်ခံပါတယ်။
ဆူး
February 9, 2011 at 12:49 pm
လုပ်ငန်း ကြီးကြီး လုပ်ရင် အနားက လူကို ချော့ပေါင်း ဖြစ်ချင်တာ ပြောပြီး ကြည့်နေလိုက်.. စိတ်ချ အနားက လူက အရိုးကြေကြေ အရည်ခမ်းခမ်း အမြင်မတော် သူနိပ်ကွပ်သွားလိမ့်မယ်။
ဝန်ထမ်းကို ဝန်ထမ်းအချင်းချင်း ဆက်ဆံတာ အထိရောက်ဆုံးဘဲလေ သိတယ်မဟုတ်လား။
kopauk mandalay
February 8, 2011 at 4:14 pm
မနောပြောသလို ကျွန်တော်ဆရာတစ်ယောက်ကလဲ ပြောဘူးတယ်ဗျာ။
ကိုယ်ဘယ်အဆင့် ဘယ်ရာထူးရောက်နေနေ (စိတ်ကောင်းလေးမွေးပါ။လောကမှာဘယ်နေရာကနေရ နေရ
တာဝန်ကျေရုံတင်မဟုတ်ဘူး စေတနာလေးပါထပ်ဆောင်းလို့ လုပ်ပါလို့ ) မှာဘူးပါသဗျာ။
စပြီး အလုပ်ဝင်ခါစကတော့ အဲဒီစကားလေးက နားထဲရောက်ပြီး သူပြောသလိုနေနိုင်သလိုပါဘဲ။
ဒါပေမယ့်လဲ လခပေးတဲ့ရက်လဲရောက်ရော သူဌေးပေးတဲ့ ပိုက်ဆံက အိမ်အသွားအပြန် ဘတ်စကားခလောက်တောင်မရှိတော့ အမှန်အတိုင်းပြောရင် ခင်ဗျားပြောသလို စိတ်ကောင်းမမွေးနိုင်ပြန်ပါဘူးဗျာ။
ကျွန်တော်က လူလောကကို မျက်စေ့လည်ပြီးမှားရောက်လာတဲ့သာမန်လူမို့လားတော့ မသိဘူးဗျ
ကိုယ်ပေးလိုက်ရတာနဲ့ ပြန်ရတာကို အမြဲနိုင်းနိုင်းကြည့်နေမိတယ်ဗျာ။
လောကကြီးက တော့ မမှားပါဘူး ကျွန်တော်လူဖြစ်လာတာကိုက မှားတာနေမှာပါ။
မနောတို့လို ကိုယ့်ကို ကိုယ် ထိန်းချုပ်နိုင်တဲ့စိတ်ကလေး ကျွန်တော်မှာနည်းနည်းလောက်ပါရင်သိပ်ကောင်းမှာဘဲလို့ တွေးမိတယ်ဗျာ။
ဘာလို့လဲ ဆိုတော့ မနောရေးတဲ့စာလေးတွေက လူတွေကို အသိတရားအများကြီးရအောင်ပြောပေးနေတာကိုးဗျာ။
ကျေးဇူးပါဗျာ အခုလိုပြောပေးရေးပေးနေတာကို။
နောက်လဲ ဒါမျုးိများများလေးရေးပေးပါအုံးနော်။
လင်းငယ်
February 8, 2011 at 6:18 pm
ကိုယ်က အဲဒီလို စိတ်သွင်းထားရင် နောက်ဘဝဆိုတာထက် ခုဘဝမှာ ကျွမ်းကျင်မူ၊ နေရာရမူက အရင်လာမှာပါ။
Myanmar
February 9, 2011 at 2:39 am
In Chinese tradition, when you host a guest with tea, tea cup should be two third filled, not full, for the rest third is for love, friendship and courtesy. It means that whatever you do, dress with loving kindness and cetana so that it will benefit you and others alike. In my experience, it pays whether you believe the life after death or not.
manawphyulay
February 9, 2011 at 6:12 am
ကိုပေါက်ရေ လူဖြစ်တာ မမှားပါဘူး။ လူတိုင်း တစ်နေရာထဲမှာ ရပ်တည်နေကြတာမှမဟုတ်တာ ခုချိန်မှာ နိမ့်နေပေမယ့် နောင်တစ်ချိန်မှာ မြင့်လာမှာပဲလေ… တစ်ချိန်ချိန်တော့ ကြိုးစားမှုရဲ့ရလဒ် အသီးအပွင့်ကိုတော့ ခံစားရမှာပါရှင်။