Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား?

manawphyulayFebruary 8, 20111min74119

ကြီးကြီးကျယ်ကျယ် ပြောရရင် စကားကြီး (၁ဝ) ခွန်းကိုပဲ မိန်းကလေးဘက်က ပြောချင်ပါတယ်။
အိမ်ထောင်ပြုမယ့် ယောက်ျားလေးတွေ လိုက်နာသင့်တယ်ထင်လို့ တင်ပြလိုက်တာပါနော်။
ကျေးဇူးတင်ရင် နောက်မှ မုန့်လာကျွေးပေါ့။

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ…

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက
ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို
တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ
မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား
တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှုနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့
ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။
ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။
သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့
ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊
အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။
အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက
မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက်
ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွားရှာနေသလို သူလည်း
အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ
လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ
အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် ”
မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ ” မပင်ပန်းပါဘူး.. အပြင်ထွက်
အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက
လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၄) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း
ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့်
လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ
ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို
ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။
သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း
ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ
ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး
ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊
စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က
ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။
မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို
ကြည့်ရှုခံစားသလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။
သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။
သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။
သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်
ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ… ယောက်ျားတစ်ဦးရဲ့
ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက်
ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့
သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့
နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက်
အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ
မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ
စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။
အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။
ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ
မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။
အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန် မဖြစ်ဖို့
သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု
စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ
ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ
ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို
သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။
လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့်
တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး
ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ
တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို
ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို
ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ
နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော
တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့
မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင်
မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို
ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ
အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း
လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။
အားပေးပါ။ ခွင့်လွတ်ပေးပါ။

ဒါတွေ သင်သိထားဖို့ လိုလိမ့်မယ်နော်။

19 comments

  • eros

    February 8, 2011 at 2:36 pm

    မှတ်သားသွားပါတယ်။

  • manawphyulay

    February 8, 2011 at 2:43 pm

    ကျေးဇူးတင်ပါတယ် ကိုဂရိဘာဆိုလားပဲ 😛

  • fatty

    February 8, 2011 at 2:50 pm

    ကောင်းလွန်လို့ print ကိုထုတ်ထားလိုက်ရပါတယ်။ ကျေးဖူးလဲ တင်ပါကြောင်း။

  • kopauk mandalay

    February 8, 2011 at 4:44 pm

    ကျွန်တော်အမြင်ပြောရရင်တော့ ဒီစာလေးတွေက အပျိုကြီးတစ်ယောက်ရဲ စိတ်ကူးယဉ်နိဒါန်းလို့ဆိုချင်ပါတယ်။
    တကယ့်လက်တွေ့ ဘဝမှာ ထမင်းတစ်လုပ်အတွက် ရုန်းကန်လှူပ်ယှားနေရတဲ့နေ့များစွာကိုဖြတ်သန်းရတဲ့ယောက်ျားများအဘို့ ဒီစာထဲကလို မကျင့်သုံးနိုင်မှာကတော့ ယောက်ျားတစ်ရာမှာ 90လောက်ရှိမယ်ထင်ပါတယ်။
    ကြားဘူးတဲ့ပုံပြင်လေးပြောပြချင်ပါသေးတယ် ဟာသဖြစ်အောင်ပြောထားတာလဲဖြစ်မှာပါ။
    သမီးရီးစားဖြစ်စမှာ သင်္ဘောစီးပြီးတစ်နေရာကိုသွားကြတော့ ကောင်မလေးက သင်္ဘောနောက်မှာပျံဝဲပြီးလိုက်လာတဲ့ငှက်ကလေးကိုတွေ့တော့
    ” မောင် ဘာငှက်လဲလို့ “မေးတဲ့အခါ “ကြင်ဖော်မက်တဲ့ စင်ရော်ငှက်ကလေးပေါ့ “လို့ဖြေပါသတဲ့။
    နောက်အိမ်ထောင်တွေကျလို့ နှစ်တွေကြာလာ လောကရဲ့ဒုက္ခတွေကိုခံစားလာရတဲ့အခါ စိတ်တွေလဲမာကျောလာပါသတဲ့။
    တစ်ရက်အလုပ်မှာပြဿနာတွေတက်ပြန်လာတဲ့တနေ့ မိန်းမက အိမ်ဘေးက သစ်ပင်မှာနားနေတဲ့ငှက်ကိုတွေ့တော့
    ဘာငှက်လဲလို့ မေးလဲမေးရော စိတ်တိုနေတဲ့ယောက်ျားက” လဒငှက်ဟေ့ လဒငှက်”လို့ ပြန်ဖြေလိုက်ပါသတဲ့။
    မိန်းကလေးများကို သတိထားဘို့ပြောချင်တာက ယောက်ျားတွေရဲ့စိတ်က ဒီလိုရှိတယ်ဆိုတာသိစေချင်လို့ပါ။
    မရခင်ဖျာလိုလိပ်ခါ ထိပ်ပေါ်မှာတင်ထားပေမယ့် ရပြီးရင်ဖျာကိုနင်းတတ်တယ်လို့ ရှေးသီချင်းတပုဒ်မှာ လဲကြားဘူးလို့ပါ။
    မတော်လို့များ ဒီပိုစ်ကိုဖတ်မိတဲ့ယောက်ျားက မရခင်လေးမှာ ဒီပို့စ်ထဲကအတိုင်းကျင့်သုံးပြီး ရလဲရရော ဇာတ်ိရုပ်တွေပေါ်လာမှဖြင့်
    “ယူမိတာ ဆယ်ခါပြန် ဆလံ အော်ကြောကြီးလံ ” ဆိုငိုချင်းချနေရမှာစိုးတဲ့အတွက် မိန်းကလေးများကို သတိပေးလိုက်ပါတယ်.
    ကိုပေါက်က စေတနာထားလို့ပြောပြတာနော်။
    ကြော်ငြာဝင်တယ်တော့ မထင်နဲ့ကိုပေါက်ကတော့ 90ရဲ့ဟိုဘက်မှာရှိတဲ့ ကျန်တဲ့ဆယ်ယောက်စာရင်းထဲမှာပါပါတယ်။

  • Myanmar

    February 9, 2011 at 1:56 am

    These are the ideals for a good husband. But as we all know, no man is perfect. In statistics, only 2.5% is out of 2SD on both sides. So, if you expect that much perfect guy, you will find 2.5 in 100. If your husband (or partner) fulfils all those characters, you are a lucky girl.

  • nyimalay

    February 9, 2011 at 2:41 am

    မမမနောကိုကျေးဇူးတင်ပါတယ်….. ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူ့ကိုဒီစာဖတ်ခိုင်းရမယ်…. 🙂
    ဦးပေါက်ကတော့ကြော်ငြာဝင်သွားပြီ ကျန်တဲ့ ဆယ်ယောက်ထဲမှာပါတယ်တဲ့ဘယ်သူတွေရော ဆယ်ယောက်ထဲမှာပါသေးလဲမသိဘူး… ထပ်ကြော်ငြာလို့ရတယ်နော်…. 😛

  • intro

    February 9, 2011 at 2:58 am

    ကဲ… ကိုပေါက်ကတော့ အပျိုကြီးတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုလို့ပြောနေပြီ… အစ်မ မနောကလဲ စိတ်ကူးယဉ်မှု မဟုတ်ပါဘူး၊ ကိုယ်တိုင် တွေ့ကြုံခဲ့တာတွေ ဖောက်သည်ချတာပါလို့ ပြန်ပြောသင့်နေပြီ… ဟီးဟီး.. (နောက်တာနော်၊ ချိတ်အချိုးနဲ့)

  • နွယ်ပင်

    February 9, 2011 at 3:06 am

    မနောရေ ကျေးဇူးတင်ပါတယ် မနောပြောသလို အချက် (10) ချက်လုံးကိုလိုက်လျောပေးနိုင်တယ်ဆိုရင် တော်တော်ကံကောင်းတယ်လို့ပြောရမလိုပါပဲ .. ဒါမှမဟုတ် (3) (4) (5) ချက်လောက်လိုက်လျော ပေးတယ်ဆိုလဲ မဆိုးပါဘူးဆိုပြီး ကူးယူသွားပါတယ် 😛 … ကိုပေါက်ပြောတဲ့ ဆယ်ယောက်ထဲပါရင်တော့ အတိုင်းအထက်အလွန်ပေါ့ .:P …

  • yuyu

    February 9, 2011 at 3:31 am

    ဒါတွေဟာမိန်းကလေးတွေရဲ့တကယ့်စိတ်ရင်းအမှန်တွေပါပဲ
    မိန်းကလေးရဲ့စိတ်ကိုနားလည်သည်းခံပြီးလိုက်လုပ်ပေးတဲ့ယောကျာ်းဆိုတာရှားလိမ့်မယ် ကြားဖူးတဲ့စကားတစ်ခုရှိတယ် ဘယ်သူပြောခဲ့အတိအကျမသိပါ
    ”ဆင်းရဲခြင်းတွေက အိမ်ရှေ့တံခါးပေါက်က ဝင်လာရင် အချစ်တွေက နောက်ဖေးတံခါးပေါက် ခုန်ထွက်သွားတတ်တယ်တဲ့”

  • manawphyulay

    February 9, 2011 at 5:48 am

    ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှ အချစ်တစ်ခုထဲနဲ့မပြည့်စုံပါဘူး။ နှစ်ဦးနှစ်ဖက် ခွင့်လွှတ်နားလည်မှု သည်းခံမှု သစ္စာရှိမှု ချစ်တာထက် မေတ္တာထားနိုင်တယ်ဆိုရင် ၁ဝ မပြည့်စုံလည်း ပြည့်စုံနေပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော မနောကတော့ စင်ပေါ်မှာပဲ ရှိနေပါတယ်။ 😛

  • antimoe

    February 9, 2011 at 6:23 am

    အိမ်ထောင်ပြုမယ့် ယောက်ျားလေးတွေ လိုက်နာသင့်တယ်။
    အိမ်ထောင်ပြုမယ့် မိန်းခလေးတွေလည်း လိုက်နာသင့်တယ်။
    ……
    အိမ်ထောင်သည်တွေကတော့ မီးစင်ကြည့်ကနေရတာ။
    ကွဲလို့လဲမဖြစ်သေးဘူး…..အရာရာ ငဲ့နေရတယ်။
    ပြီးတော့ ချစ်တာကိုး။
    ချစ်တဲ့သူက ပို ရှုံးနိမ့်မယ့်သူပါ…
    အချစ်နဲ့ ဘယ်အရာမဆိုသည်းညည်းခံလာနိုင်ပါတယ်။
    တကယ်တော့ …
    အသက်အရွယ်၊ အတွေ့အကြုံကနေ ဒီအိမ်ထောင်ကို ဘယ်လိုသာယာအောင်ထိန်းသိမ်းရမလဲ ဆိုတာ သိလာတာမျိုးပါ။

  • naywoonni

    February 9, 2011 at 6:58 am

    အိမ်ထောင်ပြုခါနီး မိန်းကလေးတိုင်း ဒီလိုပဲ စိတ်ကူးယဉ်တတ်ကြတာပဲ။ ဘယ်လိုပြောရမလဲ ရိုမာန်တစ် ဆန်တာပေါ့။ လက်တွေ့မှာတော့ အဲဒိလောက် နူးညံ့မယ် မထင်ပါဘူးနော်။ ကိုပေါက်လို ကိုယ်တွေ့ မကြုံဖူးသေးတော့ 90%ထဲမပါသလား 10% ထဲ ပါသလား မပြောတတ်သေးပါဘူး။ ဒါပေမဲ့ တစ်ကယ်ချစ်တဲ့သူနဲ့ ဆိုရင်တော့ 10ချက်လုံး မဟုတ်ရင်တောင် အတော်များများတော့ လိုက်နာနိုင်အောင်ကြိုးစားရမှာပေါ့..။ မသေချာဘူးနော်…. ။ အဲဒါ တစ်ဖက်သူ အပေါ်မှာလဲ % အတော်များများ မူတည်နေမှာပါ။ ကျွန်တော်ကြားဖူးတာလေး ရှိတယ်။ တပ်ရင်းတစ်ခုထဲမှာပေါ့..။ ဆာဂျင် ကလပ်တစ်ယောက်က အရာရှိရဲ့ ခယ်မကိုကြိုက်လို့ သွားတောင်းတာ..။ ထုံးစံ အတိုင်းပေါ့ … လူပျိုလူလွတ်ဆိုတော့ အရက်လေးက သောက်တတ် စားတတ်..။ နီးစပ်ရာ ဆရာကြီးတွေ ကို လိုက်တောင်းပေးဖို့ပြောတော့ ဆရာကြီးတွေက မျက်ခုန်းလှုပ်လှုပ်ပဲ ဆိုပြီး လိုက်သွားသတဲ့။ ငှက်ပျော်ပွဲကလည်း အစိမ်းမရလို့ အမည့်တွေနဲ့ ပွဲပြင်သွားတာဆိုတော့ တစ်ချို့က မလိုက်ရဲကြဘူးတဲ့။ ဘယ်လိုက်ရဲပါ့မလဲ။ သတို့သားလောင်းက မနက်စောစော စီးစီး အနံ့တွေဘာတွေ ထွက်နေတာကို။ ဟိုကျတော့ ရှေ့က ဆရာကြီးတွေက ပြောဆို ပြီးတော့ အရာရှိက မေးလိုက်ပါသတဲ့။ ” မင်း ..ငါ့ ခယ်မကို သားမှတ်မှတ် မယားမှတ်မှတ်ကော ပေါင်းမှာလား “တဲ့။ အဲဒိမှာ ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့ အကုန်ဆင်းပြေးရပါကောလား ။ ကိုယ်တော်ချောက ဘာပြန်ပြောလိုက်တယ်ထင်လဲ။ “လင်နဲ့မယား ဆိုတာ တစ်ဘက်သတ် ဆန်လို့ မရပါဘူး ။ သူကလည်း ကျွန်တော့ ကို လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းဖို့ လိုပါတယ် “တဲ့။ ကဲ ဘယ်နှဲ့ ရှိစ။ အိမ်ထောင် တစ်ခုမှာ နှစ်ယောက်လုံး အသွင်တူဖို့ အပေးအယူမျှ ကြဖို့လိုမယ်ထင်ပါတယ်လေ…….။ အထင်ပြောကြည့်တာနော်……. လက်တွေ့ မဟုတ်ဘူး ( ဟီးးး တို့လည်းကြောညာဝင်လိုက်တာ)

  • zaw min

    February 9, 2011 at 7:55 am

    ကိုပေါက် (၁၀)ထဲမှာပါတယ်ဆိုတာ လက်တွေ့ ပြနိုင်အောင် ရွာသူရွာသားတွေကို အိမ်လိပ်စာလေးပေးပြီး ကိုပေါက်တို့ အိမ်မှာ တစ်လလောက်လာနေခိုင်းလိုက်ရင်တော့ (၁၀)ထဲမှာပါလား။မပါလားဆိုတာ အားလုံးသိသွားနိုင်တာပေ့ါနော်။ရွာသူရွာသား အများကြီးမဟုတ်တောင် ၄၊၅ ယောက်လောက်ဆိုရင်လည်းရပါတယ်။
    ကဲ…ကိုပေါက်အိမ်မှာ နေစရိတ်၊စားစရိတ်ငြိမ်း တစ်လ နေနိုင်မည့်သူများ သူဂျီးထံတွင် ယခုအချိန်မှစ၍ စရင်းပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျား။

  • ကြောင်ကြီး

    July 15, 2011 at 10:17 am

    ဟင့်အင်း.. သူတို့ကိုယ်ပေါ်က အဝတ်အစားကိုပဲ ဖောက်ထွင်းမြင်ချင်တယ်။

  • နီလေး

    July 15, 2011 at 10:55 am

    မိန်းကလေးတွေကို ကြင်နာတတ်ကြပါစေ

  • hmee

    July 15, 2011 at 1:42 pm

    တကယ့်လက်တွေ့ အိမ်ထောင်ရေးမှာ ဒီအချက်တွေ အားလုံးတော့ မလိုက်နာနိုင်လောက်ဘူး။ တခါတခါတော့လည်း မီးစင်ကြည့်ကရတာတွေက ရှိတာကိုး။ လိုတိုး ပိုလျှော့ လုပ်ရတာတွေ ရှိသေးတယ်။ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စတွေထဲမှာ အိမ်ထောင်ရေးလည်း ပါတယ်ထင်တယ်။

  • king

    July 15, 2011 at 4:51 pm

    အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေဆုံးမကြတယ် … ဘယ်တတ်နိုင်မလဲ မင်းကိုလည်း ငါ့ရင်မှာ …….
    ဟူးးးးးးးး 😀 😛

  • nigimi77

    July 17, 2011 at 8:45 am

    ဘယ်သူက ကော်ပီလဲတော့ မသိဘူး။

    ယဉ်ငြိမ်းနွေး ကလဲ Creative Writing တဲ့ ။ မနောကလဲ Creative Writing တဲ့။

    လူ ့ပြည်က အပ်တစင်းနဲ ့ ဗြဟ္မာပြည်က အပ်တစင်း………..အင်းးးးးး…………။

    အတွေးအခေါ်တွေက တူပဲတူနိုင်လွန်းတယ်….။ 🙂

    သေချာတာတော့ ၂ ယောက် စလုံး ကော်ပီပဲ ဖြစ်ဖို ့များတယ်…။

    ဒါဆို အရင်က ရေးထားတာတွေ အတွက်ရော လိပ်ပြာလုံပါ့မလား။

  • victor soemoe

    July 17, 2011 at 3:36 pm

    အဲ့ လို – တစ်ဦး နဲ့ တစ်ဦး နားလည်မှု လေးတွေ ပေးတတ်မယ် ဆိုယင်တော့ –
    သိပ်ကောင်းတာပေါ့ –
    ခု တော့ လွမ်းရေး ထက် ဝမ်းရေးခက်နေမလို့ ပါ –
    နေင် ဘဝ ဆိုတာမျိုးရှိခဲ့ ယင် . . . . . . . .

Leave a Reply