ကျွန်နော်သရဲ Me, Ghost
လူတိုင်း ယုံသော်ရှိ မယုံသော်ရှိ သရဲဆိုတာ ကြားဖူးမှာပါ။ အပျော်သဘောနဲ့ ဖြစ်ဖြစ်၊ တကယ်ယုံလို့ ဖြစ်ဖြစ်၊ ဗဟုသုတဖြစ်ဖြစ် ကိုယ်တိုင်လည်းပြော၊ သူများပြောတာလည်း ကြားဖူးပါတယ်။ ခလေးဘဝမှာတုန်းက သရဲကြောက်လို့ တယောက်ထဲ အိမ်သာမသွားရဲ၊ ညအိပ်ရင် ခြေဆန့်မအိပ်ရဲ၊ တယောက်ထဲ မနေရဲ စသဖြင့် ဖြစ်လေ့ရှိပါတယ်။ မူလတန်းကျောင်းသားဘဝ ကြားဖူးတဲ့သရဲတွေက ကျောပေါက်ကြီး၊ ခေါင်းပြတ်သရဲ တို့ပါ။ သူတို့နဲ့တွေ့သူဆိုရင် မြောင်းကြီးလား၊ မြောင်းသေးလား အမေးခံရပြီး အသေးဆိုရင် နောက်ကို အလိုက်ခံရ ပါသတဲ့။ ဒီတော့ဖြေတဲ့အခါ အရွေးမမှားဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ကမေးရမှာလား၊ သရဲက မေးမှာလား၊ အသေးလား၊ အကြီးလား သေချာအောင် အတန်းထဲ လိုက်မေးတော့မှ ပိုရှုပ်ကုန်ပါတယ်။ ဒီကြားထဲ ဖြေပြီးရင် ပြန်ပြင်မရဘူးလို့ ခြောက်သူရှိလို့ ပိုကြောက်ပါတယ်။
အကောင်းဆုံး ဖြေရှင်းနည်းက ၁၂” သစ်သားပေတံ၊ သားရေကွင်း ကိုယ်နဲ့မကွာ ဆောင်ထားခြင်းပါ။ သေးကို သရဲကြောက်တယ်ဆိုလို့ သေးပေါက်တုန်း နောက်ကျောကနေ သရဲလာရင် လှည့်ပန်းနိုင်အောင်လည်း သတိနဲ့ပေါက်တတ် ရပါတယ်။ အနောက်တိုင်း ဒရက်ကူလာ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်း ကြည့်ဖူးသူများက လက်နှစ်ဖက် ကြက်ခြေခတ် ယှက်လိုက်ရင် သရဲထွက်ပြေးတယ်ဆိုလို့ ဘာမှန်းညာမှန်းမသိ လက်နှစ်ဖက်နဲ့ လက်ဝါးကပ်တိုင် အလုပ်ကျင့် ထားပါတယ်။ အဲဒီတုန်းက ဖူးမန်းချူး၊ ဦးလာဘတို့လို ကက်ဆက်ဇာတ်လမ်းများ နားထောင်ပြီး အတန်းဖော်များကို ကြောက်ကြောက်နဲ့ စိတ်ကူးတဲ့ရာတွေ ထည့်ပြောရတာ မမောနိုင်ဘူး။
ကြောက်ရတာကိုက အရသာရှိလို့ သရဲမကြောက်နဲ့ ပြောဖို့မလွယ်ပါဘူး။
အမှန်တော့ သရဲဇာတ်လမ်း တဝက်လောက်က အတု၊ တဆင့်စကား ဖြစ်ပြီး၊ ကျန်တဝက်နီးပါးက စိတ်ကခြောက်လို့ နဂိုစွဲထားတဲ့ အရှိန်နဲ့ ထင်မိထင်ရာ ထင်တာပါ။ မိမိစိတ်က ဖန်ဆင်းလိုက်တာကို အဟုတ်မှတ်ပြီး လွတ်ကုန်ပါတယ်။ ကြောက်ပေမဲ့ သရဲကား မကြည့်ရမနေနိုင်ကြည့်ပြီး အကြောက်လွန်သူများကို တွေ့ဖူးမှာပါ။ သဲအင်းဂူ ဆရာတော် သုဿန်မှာ တရားကျင့်စဉ် အရင်ကြားဖူးတဲ့ မျက်လုံးနီနီနဲ့သရဲကြီး အခေါင်းကို ခါးစောင်းတင်ပြီး လာတာကို စိတ်စွဲမိတော့ အာရုံထဲမှာ တကယ်ဖြစ်ပါတယ်။ ဆရာတော်က ရပ်စမ်းလို့ အမိန့်ပေးတော့ ရပ်ပါတယ်။ အခေါင်းဖွင့်ခိုင်းပြီး အထဲကပြာတွေကို လျှာနဲ့လျက်ခိုင်းတော့ သရဲကြီးက တကယ်လျှက်ပါတယ်။ အဲဒီအချိန်မှာ သမာဓိမခိုင်သူဆို ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ပြီး ရူးတာ၊ ထပြေးတာ ဖြစ်ကုန်ပါတယ်။
စာလေးပေလေး ဖတ်ကျင့်ရတော့မှ သရဲဆိုတာ ပြိတ္တာကိုခေါ်တယ်။ သူတို့ကိုမြင်ရတာ အကြောင်း တခုခု တိုက်ဆိုင်လို့ဆိုတာ သိလာပါတယ်။ သူတို့နဲ့ တွေ့ရင် မေတ္တာပို့၊ အမျှဝေ၊ ဘုရားစာရွတ်၊ မရလည်း ပြေးပေါ့။ ယနေ့ထိတော့ တိုက်ရိုက်မကြုံဖူးသေးပါ။ လူအများကို သရဲစီးတာတော့ မြင်ဖူးပါတယ်။ သိပ်ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါ။ တန်းစီအိပ်နေရင်းနဲ့က တယောက်ပြီးတယောက် ခွေးလိုအူတာပါ။ အသိရှိတဲ့လူက နောက်ဆုံးအော်နေတဲ့ကောင်ကို နဘန်ပစ်ကျင်းလိုက်မှ ရပ်သွားပါတယ်။ မဟုတ်ရင် ရှိသမျှလူ အကုန်ကူးတယ် ဆိုပါတယ်။
ကိုယ်တိုင်လည်း တခါတလေ သရဲဆိုတာ ဘယ်လိုမျိုးဖြစ်မလဲလို့ တွေးမိပါတယ်။ သိသလောက်တော့ သေတဲ့အခါ တခုခုစွဲပြီး အဲဒီနောက်ကို လိုက်နေ၊စောင့်နေတာပါ။ ဥစ္စာစောင့်လည်း ဒီသဘောပါပဲ။
မှတ်တမ်းတခုမှာ သီပေါမင်းလက်ထက် ထီးနန်းလုဖက် မင်းညီမင်းသားတွေကို အပြတ်ရှင်းတော့ မင်းသားကြီးတပါးနဲ့ သူ့မိသားစု ရေချပြီး အပြတ်ရှင်း ခံရပါတယ်။ သူတို့ကို ရေစိုနန်းတွင်း အဝတ်အစားဝတ်လို့ နေဝင်ရီတရောမှာ မျက်နှာညှိုးငယ်စွာနဲ့ ရေဆိပ်ကနေ တက်လာတာ မြင်သူများရှိတယ် ဆိုပါတယ်။ သဂျီးရဲ့ အာရ်အိုင်တီကျောင်း ကျောပေါက်ကြီး ဇာတ်လမ်းမှာလည်း ဆဲဗင်းဂျူလိုင် အရေးအခင်းကာလမှာ ညီမဖြစ်သူ အိမ်ပြန်နောက်ကျလို့ လိုက်ရှာရင်း ကျောကုန်း သေနတ်ထိ သေတဲ့အကိုက ကျောပေါက်သရဲအဖြစ်နဲ့ လျောက်သွားနေပါတယ်။
သေတော့မှသိတဲ့ အဖြစ်မျိုး မရောက်အောင် ကျွန်နော်လည်း တခါတရံ သရဲနေရာ ဝင်ကြည့်ပါတယ်။ ဘယ်လိုလဲဆိုတော့ ရံဖန်ရံခါ အိပ်ပျော်စဉ်မှာ မျောနေသလို၊ တခုခုကို လိုက်ရှာနေသလို၊ ခရီးတခု ဆုံးစမရှိ နှင်သလိုမျိုး ဖြစ်ဖူးမှာပါ။ အဲသလိုဖြစ်တုန်း သတိရလိုက် မရလိုက် ဖြစ်လေ့ရှိပါတယ်၊ ဘာလို့ပြောနိုင်တာလဲ ဆိုတော့ ကိုယ်က အဲဒီကနေ ရုန်းထွက်ဖို့ ကြိုးစားနေလို့ပါ။ ရုန်းလို့ရသွားရင် ဗြုန်းကနဲလန့်နှိုး ဒါမှမဟုတ် အိမ်မက်မှ လွတ်မြောက်သွားတာမျိုး ဖြစ်ပါတယ်။ သရဲတွေလည်း ဒီလိုပဲ တခုခုကိုစွဲပြီး သူတို့ပတ်ဝန်းကျင်မှာ ပင်ပင်ပန်းပန်း လှည့်လည်သွားလာ နေကြပုံရပါတယ်။ ခေါင်းဖြတ်ခံရလို့ ခေါင်းစွဲသေသူက ခေါင်းပြတ်အဖြစ်နဲ့ ပြတ်သွားတဲ့ခေါင်းကို မကျွတ်မခြင်း လိုက်ရှာနေရမှာပါ။ သရဲဖြစ်သွားပေမဲ့ ကိုယ့်ကိုပေးတဲ့ အမျှအတန်းကို သာဓုခေါ်ခွင့်ရှိသူတွေ၊ သူတော်ကောင်းကို ဆည်းကပ်ခွင့်ရပြီး သုဂတိဘုံ ရောက်သွားသူတွေဟာ လူ့ဘဝမှာ ဖြည့်ကျင့်ခဲ့တဲ့သတိ သို့မဟုတ် အသိစိတ်နဲ့ ဒုက္ခတိဘုံကနေ လွတ်မြောက် ရုန်းထွက်နိုင်သူများ ဖြစ်ပါလိမ့်မယ်။
11 comments
weiwei
April 11, 2011 at 5:30 am
ကိုကြောင်ကြီး သရဲက ကြောက်စရာလဲ မကောင်းဘူး .. 🙁
etone
April 11, 2011 at 7:11 am
ဟုတ်တယ် ….သရဲက ရင်ခုန်စရာ မကောင်းဘူး ။
ဆူး
April 11, 2011 at 7:14 am
၆တန်းလောက်တုန်း နေကြပ်တာ ကြုံတော့.. လူတွေ ကပြောတယ် ဆေးဆရာ တယောက်က ဆေးစမ်းတာ အောင်သွားလို့ သူ့သမီး စုန်းမ ဖြစ်သွားတယ်။ အနီ ရောင် ဝမ်းဆက်နဲ့.. ဟော.. နောက်တခါ အစိမ်းဝမ်းဆက် နောက်တခါ ကြားပြန်ကော အဝါ ဝမ်းဆက် တဲ့.. မြို့ထဲ ရွာထဲ သွားလာပြီး လူတွေ သတ်နေတာ.. သူကို မြင်တဲ့ လူသေတာဘဲတဲ့.. အဲဒီတုန်းကတော့ ကြောက်သလိုတော့ ဖြစ်မိတယ်။
မြောင်းကြီး မြောင်းသေး ဆိုတာ က အတန်းကျောင်းတွေမှာ တယောက်နဲ့ တယောက် ပြောကြတဲ့ ခြေကလိမ်မ သရဲ ဆိုပြီး ပြောတာဘဲ.. ခြေထောက်က ကျစ်ဆန်မြီးလို ကျစ်ထားတဲ့ပုံစံ ဖြစ်ပြီး မြောင်းကျယ် ဆိုရင် သူခြေလှမ်းနဲ့ လှမ်းမိလို့ မိသွားမယ်.. မြောင်းကျင်းဆိုပြီး အော်လိုက်ရင် မြောင်းကျင်းကျင်းလေး သူခြေထောက် နဲ့ ညပ်ပြီး လှမ်းမရဘူးလို့ ပြောတယ်။ မြောင်း က အော်လိုက်ရင် အလိုလို ပေါ်တယ် ဆိုပြီး ပြောကြတယ်။ ကလေးဘဝ တယောက်နဲ့ တယောက် လက်တို့ပြီး ခြောက်တဲ့သဘောပါဘဲ။
researcher
April 11, 2011 at 9:05 am
မြန်မာပြည်က ကလေးတွေအများစုက သရဲ ပုံပြင်တွေကို ကြားဖူကြပါတယ်။ ကြားတာနဲ့တင် ကြောက်ကြပါတယ်။ ကျွန်တော်ကတော့ ငယ်ငယ်က ကြောက်သင့်သလောက်ကြောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမက ကြောက်သင့်တာထက် ပိုကြောက်နေတော့ သူ့ကြည့်မရတာနဲ့တင် ကိုယ်က သရဲ သိပ်မကြောက်တော့ ဘူး ဖြစ်သွားတယ်။ ခုချိန်ထိလဲ သူရဲခြောက်မခံရဘူးပါဘူး။ အခြောက်မခံရဘူးတော့လဲ သူရဲဆိုတာကို အလကားနေရင်း ကြောက်မနေပါဘူး။ သရဲခြောက်တာမဟုတ်တဲ့ ကြုံဖူူးတာ တခုတော့ ရေးချင်ပါတယ်။ ကျွန်တော်တို့ အိမ်ခေါင်းရင်းက အန်တီကြီးဆုံးတော့ ရက်လည်တဲ့နေ့ ညနေမှောင်ရီဝိုးတဝါး အချိန်လောက်လဲကြရော ခွေးတွေအူကြပါလေရော။ တခုခုတော့ထူးခြားမှုရှိပြီလို့ထင်ထားတာ ထင်တဲ့ အတိုင်းပဲ သိပ်မကြာဘူး အပုတ်နံ့တွေ နံလာတော့တာပဲ။ အနံ့က တော်တော်နဲ့မ ပျောက်ဘူး။ ကျွန်တော်တို့ နားမှာက အမှိုက်ပုံတို့ မြောင်းပုတ်တို့ ရှိတာမဟုတ်လေတော့ သို့လော၊ သို့လောနဲ့ပဲ ပြီးသွားပါတယ်။ နောက်တခါ ကြုံဘူးတာက အိမ်နားက အမျိုးသမီးတယောက် နာတာရှည်ဖြစ်နေတာ ဆုံးကာနီးတပတ်လောက်ကတည်းက ဟိုနေ့လား၊ ဒီနေ့လား ဖြစ်နေရာက တည ကြတော့ ခွေးတွေအူပါလေရော။ စိတ်ထဲမှာ တခုခုတော့ ဖြစ်ပြီလားမသိဘူးဆိုပြီး မထင်ရဲ ထင်ရဲနဲ့ပဲ မနက်ကြတော့ လူမမာ သတင်းမေးလိုက်တော့ အဲဒီအမျိုးသမီး ညကဆုံးသွားကြောင်း သိလိုက်ရပါတယ်။ ခွေးတွေက ညတရေးနိုးရင် အူလေ့ရှိတယ် ဆိုပေမယ့် သာမန်အူတာမျိုးနဲ့မတူပါဘူး။ အဲဒီလိုအချိန်မှာ အူရင် ခြောက်ခြားဖို့ကောင်းနေတတ်ပါတယ်။ ကိုယ်ကပဲ အသံကို ခွဲခြားပြီး သတိထားမိနေတာလားမသိပါဘူး။ တိုက်ဆိုင်မှုလို့တော့ မပြောချင်ပါဘူး။
kai
April 11, 2011 at 9:26 am
သရဲကားမောင်းပေးနိုင်ရင်.. ဒေါ်လာ ၁သန်းရပြီ..။
နောက်ထပ် မူပိုင်ခွင့်ကနေ..သန်းပေါင်းများစွာ ခံစားနိုင်ဦးမယ်..။
ဆိုတေ့ာ… အောက်ကသတင်းသာဖတ်ကြည့်ပါ..။
အဲဒါမျိုးတွေ အများကြိးရှိတယ်..။
ဆိုတော့..
သရဲကရှိကောင်းရှိမယ်…။ အခုထိ… မတွေ့သေးပဲနေသလားပဲ..။ 🙂
LA to Las Vegas: one car, no driver, no remote-control
Tuesday December 16, 2003 The first automobile race was held in France in 1894, when 21 automobiles set out from Paris to Rouen and the winning automobile (a Peugeot) covered the 78 miles at an average speed of just over 10mph. An equally significant race will take place on 110 years later on March 13, 2004 when 24 vehicles will set out to travel the 250 miles from Las Angeles to Las Vegas. Like most motor racing, the rules are simple: stay on the course and finish first within ten hours – oh, and no drivers and no remote control. This is a race for robots!
http://www.gizmag.com/go/2425/
The ‘grand prix’ is certainly that – US$1 million for first place and there is no second prize, both metaphorically and literally. A win in this race will mean a place in history – a permanent spot in the annals of human achievement.Competing teams will learn the exact route of the race just two hours before race time, with 1000 way points to negotiate, some with a margin for error of no more than a metre.
Once the flag falls, no human intervention is permitted, so the robotic vehicles must be completely autonomous in navigating the course, the myriad obstacles and making all the decisions usually made in split seconds by a human being – sensing the immediate surrounds at high speed and making hundreds of decisions a minute to optimize progress at every juncture while ensuring the reliability of the vehicle. Unlike normal racing, there are no pit crews, so if a car is immobilised for any reason, the race isover for that participant.
Anyone who has ever competed in a desert race will tell you there is no more unforgiving environment – the slightest misjudgement can end your event, be it a punctured tyre, an unexpected steep drop-away or a suspension-crunching tree-stump in the tundra. The robots of course don’t have human eyes, so a vast array of innovative technology is being employed by the different teams to monitor the bush ahead, feeding information back to the decision-making module in the vehicle which is at the same time navigating the vehicle through the 1000 way-points and 250 miles of Mojave desert. Not surprisingly, the design strategy employed by the different teams varies greatly – some have opted for light, nimble and powerful purpose-built desert racing vehicles which will go faster in the open sections but be more vulnerable to having their suspension ripped off, while others have taken the heavy-duty approach, starting with a Hummer military vehicle and adding intelligence.
The race is the brainchild of the Defense Advanced Research Projects Agency (DARPA) which is already exploring robots for almost every aspect of military usage, from unmanned combat aircraft, through to wearable robots for infantrymen. Given the lessons of the Afghanistan and Iraq campaigns, DARPA wants the next ground war fought by the US to be done more with machines and less with human beings, so it has gone outside the defense industry to inject creativity into its next generation of unmanned ground combat vehicles.If you’d like to find out more, see article 2425 at Gizmo for all the links to the race organizers and the teams.
No sport drains the bank balance like motor-racing, and robot racing is a factor more expensive again – the teams which have formed to compete in this remarkable event combine expertise from a dozen fields not normal associated with racing. Team Cyberrider (main pic at top) is such a team, drawn from a dozen disciplines. Check out their web site (http://www.cyberrider.org/index.asp) and wonder where we will be in five years time when this expertise and innovative thought has some experience in the task at hand. Remember the vehicle in a controlled high speed drift above doesn’t have a driver, nor is it remotely controlled.
လင်းဝေကျော်
April 11, 2011 at 9:33 am
သရဲဆိုတာ လူတွေစိတ်ဝင်စားလို့ သရဲကားရိုက်ပြီးပိုက်ဆံရှာကြတာပါ။
သရဲမကြောက်ဘူးလားမေးရင် နည်းနည်းတော့ ခြောက်ခြားတတ်သော်လည်း မကြောက်ပါ။
သရဲရှိတယ်မယုံကြည်ပါ။ ဒါကြောင့် သရဲကားတွေ မကြိုက် ခံစားလို့မရ။
researcher
April 11, 2011 at 9:36 am
ကို kai က တခုခုပြောတော့မယ်ဆို ချက်ချင်းပဲ reference တွေ ညွှန်းနိုင်တယ်နော်။ စာဖတ်အားကောင်းတာလား၊ serarch engine တွေ ကို ကောင်းကောင်းအသုံးချနေတာလား။
kai
April 11, 2011 at 6:17 pm
အချိန်က … အတွေ့အကြုံ.. စဉ်းစားတွေးခေါ်မှုတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်..။
ကျုပ်က .. အလုပ်ချိန်အရမ်းများတယ်လေ…။ မတူတဲ့အလုပ်တွေ တပြိုင်ထဲလုပ်နေတာ ပြောတာပါ..။
ဆိုတော့…
အခုသရဲကား အတွက် … စစ်တပ်ကခေါ်တဲ့ကားပြိုင်ပွဲ.. ဝင်ပြိုင်ဖို့တောင် လုပ်ဖူးသေးတယ်..။
ဆိုတော့.. ဒါကတော့ ..လက်တွေ့ကျကျ လုပ်ပြီးမှသိတယ်ခေါ်မလားပဲ..။ 🙂
nigimi77
April 11, 2011 at 9:46 am
ငယ်ငယ်က မက္ခရာမြို ့စားကြီး သွေးစုပ်ဖုတ်ကောင် ဆိုတဲ့ ကောလိဂျင်နေဝင်း စကားပြောခွေကို နားထောင်
ပြီး သေးတောင် သွားမပေါက်ရဲဘူး။ ဝင်းဦးရဲ ့ ဆောင်းအိပ်မက် လည်း ကြိုက်ခဲ့တယ်။
သရဲဆိုတာတော့ အခုအထိ မြင်လဲမမြင်ဘူး။ ချောက်တာလဲ မခံဖူးဘူး။ ကျုပ်နေတာက ကမာရွတ်မြို ့နယ်။
စမ်းချောင်းမြို ့နယ်မှာ သူငယ်ချင်းတွေရှိတော့ သူတို ့အိမ်မှာ စာစုကျက်ရင် ညဖက်ကို
ကြံတော သင်းချိုင်းကို ဖြတ်ပြီးသွားတယ်။ နာနတ်တောလမ်းက အခုလို မဟုတ်သေးဘူးပေါ့။ ရထားလမ်းဖက်ကို ဆင်းလိုက်ရင် နာနတ်တောဈေးရှိတယ်။ အဲဒီနား တဝိုက်မှာက အရင် အခေါ် ဒွန်စန္ဒားတွေ စုရပ်ပေါ့။ ကြံတော ထဲကို ဝင်သွားလိုက်ရင် သရဲတော့ မတွေ ့ဖူးဘူး။ ကယ်ပါတွေပဲ တွေ ့ရတယ်။
cobra
April 12, 2011 at 7:20 am
သရဲရှိမရှိတော့မသိပင်မယ့်
သရဲထက်ကြောက်ဖို့ကောင်းတဲ့…သူတော့ရှိတယ်လေ
သူလဲရဲတော့ရဲပဲ…ဒါပေမယ့်ယဉ်ထိန်းရဲ…
အရမ်းအတောင်းကြမ်းတာ…။
Yin Nyine Nway
April 12, 2011 at 9:52 am
သူ့သူရဲပုံက သူများကိုမခြောက်ပဲ သူပဲကြောက်နေသလိုပဲ
လန့်နေတဲ့ပုံ
အင်…ယဉ်ထိန်းရဲက သူရဲအဟုတ်ဝူး…
သွေးစုတ်ဖုတ်ကောင်